ကျွန်တော်ရဲ့ blog လေးကို ကျွန်တော်သိသမျှ တတ်သမျှ ဖတ်မိ၊မှတ်မိသမျှ

ကိုအားလုံးကိုမျှဝေလိုတဲ့ ဆန္ဒလေးနဲ့လုပ်ဖြစ်တာပါ.
ကျွန်တော့်ရဲ့ post မှာ သုတ၊ရသ၊ ပညာနှင့် စာပဒေသာဆိုပြီး(၄)ပိုင်း ခွဲထားပါတယ်.
သုတမှာ သိမှတ်ဖွယ်ရာအဖြာဖြာကို ဖော်ပြထားပါတယ်.
ရသမှာတော့ ခံစားမှု တစုံတရာပေးစွမ်းနိုင်မဲ့ စာတွေကဗျာတွေဖော်ပြပေးထားပါတယ်.
ပညာမှာတော့ ဘာသာရပ်ဆိုင်ရာ တွေကိုဖော်ပြထားပြီး
စာပဒေသာမှာတော့ ဟာသ၊ဗေဒင် စတဲ့ ကဏ္ထ စုံကို ဖော်ပြထားမှာပါ.

ဆရာကြီး မင်းသုဝဏ်ရဲ့ 'စု၊တု၊ပြူ' မူအတိုင်း စု ဆောင်းထားသမျှ
တခြားသူများရဲ့စာများနှင့် သူတို့ရဲ့ စာတွေကို အတု ယူပြီး ကိုယ်တိုင်ပြု စုထားတဲ့စာတွေအစုံပါဝင်မှာပါ.
တခြားသူများရဲ့ စာတွေကိုဖော်ပြတဲ့အခါ မူရင်းရေးသူအမည်သိလျှင်
ဖော်ပြပြီး မသိခဲ့ရင်တော့ 'ဖတ်မိသမျှ၊မှတ်မိသမျှ'လို့ပဲရေးပေးထားပါမယ်.
မူရင်းရေးသူအမည်သိလျှင်လည်းပြောပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်

ဝင်ရောက်ဖတ်ရှုသောသူငယ်ချင်းများ စာပေရောင်းရင်းများ အားလုံးကို ကျေးဇူးတင်စွာဖြင့်
ဝင်းသုမွန်
(ကြိုက်တာတွေ့ရင် ကူးယူနိုင်ပါသည်။ဖတ်ဖြစ်ဖို့သာလိုရင်းပါ)

Monday, November 15, 2010

ထူးဆန်းထွေလာ ဖတ်စရာ

ဖတ်မိတဲ့စာတွေထဲက မှတ်မိတဲ့ ထူးထွေ ဆန်းပြားတာလေးတွေစုစည်းမှုပါ.နောက်ထပ်လဲ ရှိသေးတယ်နော်..
သိတာရှိလဲ ဝေမျှပေးပါအုံး
၁။ တစ်နေ့တစ်နေ့ကို အီးမေးလ် ဘီလျံပေါင်း ၁၆၀ ပို့ကြတယ်တဲ့။ အဲဒီအထဲမှာ ၉၇ % က Spam အီးမေးတွေဖြစ်ပါတယ်တဲ့။

၂။ လူပေါင်း ၁.၈ ဘီလျံခန့် က အင်တာနက်ကို သုံးစွဲကြပြီး အဲထဲကမှ သန်း ၄၅၀က အင်္ဂလိပ်စကားပြောသူတွေပါ။

၃။ အာဖရိကဆင်တွေက အစာစားဖို့ သွား လေးချောင်းပဲပါသတဲ့။

၎။ ဒိန်းမတ်နိုင်ငံမှာ နေထိုင်တဲ့လူဦးရေထက် ဝက်ကောင်ရေက နှစ်ဆပိုများတယ်တဲ့။

၅။ ကမ္ဘာပေါ်မှာ အနှေးဆုံးငါးက ရေနဂါးဖြစ်ပြီး တစ်နာရီကို ၀.၀၁ မိုင်နှုန်းသာ ရွေ့ပါသတဲ့။

၆။ ဝေလငါးပြာတွေရဲ့ နှလုံးအရွယ်အစားက ကားအသေးစားအရွယ်လောက်ရှိသတဲ့။

၇။ ကုလားအုတ်တွေ စိတ်ဆိုးရင် လူတွေကို တံတွေးနဲ့ ထွေးပါသတဲ့။

၈။ မီလျံနာ ချမ်းသာသူတွေ ရဲ့ ၈၀ % က တစ်ပတ်ရစ်ကားတွေကို စီးပါသတဲ့။

၉။ တရုတ်နိုင်ငံမှာ တီဗီအရေအတွက်အများဆုံးတဲ့။ အလုံးပေါင်း သန်း ၃၀၀ ရှိသတဲ့။

၁၀။ အိုက်စလန်နိုင်ငံမှာ စစ်တပ်မရှိသလို စစ်ရေးအတွက်သုံးစွဲမှုလည်းမရှိဘူးတဲ့။

နွေးထွေးသော မေတ္တာအိမ်ကလေး

အမေက ကျွန်တော့်ကိုမြင်သည်နှင့်
ဈေးဗန်းနှစ်ခုကို ထပ်လိုက်သည်။ မှိုနှင့်ကန်စွန်းရွက်အထုပ် ကလေးကို
လှမ်းပေးလိုက်သော အမေသည် ကျွန်တော့်ကို တွေ့လိုက်ရသဖြင့် ပြုံးရွှင်သွားသည်။
“ သားလေး၊ မင်းလာတာ မင်းအဖေမြင်လိုက်လား။” “ဟုတ်ကဲ့အမေ၊ အဖေလည်း လာနေပါပြီ။”
အဖေလာသောအခါ ကျွန်တော်တို့မိသားတစ်စု အိမ်သို့
ပျော်ရွှင်စွာပြန်လာခဲ့ကြသည်။ ကျွန်တော် ဘ ၀၏ နေ့ရက်တော်တော်များများသည်
ချမ်းမြေ့ပျော်ရွှင်ခြင်းများဖြင့် လူလားမြောက်ခဲ့ပါသည်။ ကျွန
်တော်တို့မိသားစုသည် ပိုက်ဆံမရှိကြသော်လည်း ဘ၀ကို နွေးထွေးစွာ
ဖြတ်သန်းခဲ့ကြသူများသာ ဖြစ်သည်။
“ အမေ၊ ကျွန်တော် ကျော်ကျော်တို့ဆိုင် ခဏသွားဦးမယ်။ အေး အေး၊
မကြာစေနဲ့နော်။ သား အဖေက ဂေါ်ဖီထုပ်ကားတွေ ၀င်အလာကို သွားစောင့်မလို့တဲ့။
အိမ်မှာ အမေတစ်ယောက်တည်း ရယ်။”
“ ဟုတ်ကဲ့ အမေ၊ ကျွန်တော် စောစောပြန်လာခဲ့ ပါ့မယ်။ ” ဒီနေ့သည် အပြန်အလှန်
ချစ်ခင် နွေးထွေးခဲ့သော ကျွန်တော်တို့မိသားစုလေး၏ နွေးထွေးမှုကို
အေးစက်စေခဲ့မှန်းသာ ကြိုသိခဲ့လျှင် ကျော်ကျော့်ဆိုင်ကို ကျွန်တော်
ထွကလာခဲ့မည် မဟုတ်ပေ။
“အာကာ၊ မင်း ဒီကိုမလာရင် ကောင်းလိမ့်မယ်ကွာ။ ” ကျော်ကျော့် စကားကြောင့်
ထိုင်စ ပြုလိုက်သော ကျွန်တော်သည် အံ့သြစွာဖြင့် ကျော်ကျော့်ကို
ကြည့်လိုက်သည်။ တခြားသူငယ်ချင်း များကလည်း လမ်းမကို အဓိပ္ပါယ်မဲ့
ငေးနေကြသည်။
“ မင်း ဘာစကားပြောတာလဲ ကျော်ကျော်။” “ပြောရမှာတော့ အားနာတယ်ကွာ။ မပြော
မဖြစ်လို့သာ ပြောရမှာကွ။ ”
“ အေး ပြောမယ်၊ မင်းတစ်မျိုးတော့ မထင်နဲ့။ မင်းအဖေက ခါးပိုက်နှိုက်၊
မင်းအမေက အလစ်သုတ်တဲ့မိန်းမတဲ့။ မင်းမမွေးခင်အထိ အဲဒီလောကမှာ
ကျင်လည်းခဲ့တာ။ နာမည်ကြီးဆိုပဲတဲ့ကွ။ ကျော်စွာ့အဖေ ရဲအုပ်က ပြောပြတာ။
ငါတို့အပေါင်းအသင်းတွေအားလုံး မင်းကိုခင်ပါတယ်။ ဒါပေမဲ့ ဗီဇ ဆိုတာမျိုးက
ပြောလို့ရတာမဟုတ်ဘူး။ ပြီးတော့ အခုလည်း အမင်းအဖေနဲ့အမေ ဒီအလုပ်တွေ
ဆက်လုပ်နေကြသလားဆိုတာ။ ” “တော် တော်တော့၊ ငါ မယုံဘူး။ မင်းစကားတွေကို
ငါမယုံဘူး ကွ။”
ကျော်ကျော့်ကို ကျွန်တော် အော်ဟစ်ပြောကာ လက်ဖက်ရည်ဆိုင်ထဲက ပြေးထွက်လာခဲ့
သည်။ မဟုတ်နိုင်ဘူး၊ ဒါဟာ မဟုတ်နိုင်ဘူးဟု ကျွန်တော်
တဖွဖွငြင်းဆန်လာခဲ့သည်။ ကျော်စွာ ဆိုတာ ကျွန်တော်တို့မြို့လေးကို
ပြောင်းလာသည့် ဒုရဲအုပ်၏သားတစ်ဦးဖြစ်သည်။ အဖေနှင့်အမေ့ ကျွန်တော်ကစပြီး
ဘယ်လိုမေးရမလဲ။
“ ဟော သားပြန်လာပြီပဲ။ အမေနဲ့အဖေတို့သားကို ထမင်းစားရင်းစောင့်နေတာကွ။”
“ကျွန်တော် မစားချင်ဘူးအဖေ။ ကျွန်တော် အဖေနဲ့အမေကို မေးစရာရှိတယ်။ ” “
ဘာမေးမှာလဲ သား ” “ အမှန်အတိုင်း ဖြေမှာပေါ့ သားရယ်၊ အမေတို့မှာ
ဒီသားလေးတစ်ယောက်ပဲ ရှိတာ။ ဖုံးကွယ်ထားစရာ ဘာမှမရှိဘူး။ ”
အဖေက ကျွန်တော့်ကို သေချာစိုက်ကြည့်ကာ“ သား ဘာတွေဖြစ်လာတာလဲကွာ။ ”
အဖေနှင့်အမေကို ယုံကြည်သော်လည်း ကံကြမ္မာကိုတော့ မယုံရဲပေ။ “ပြောပါ
သားရယ်၊
အမလေး ငါ့သားက အမေတို့ကို စကားထာဝှက်မလို့လားဟင်။ ”
အမေ ကဟက်ဟက်ပက်ပက် ရယ်နေသည်။ ကျွန်တော် စကားစရမှာ ကြောက်ရွှံလာသည်။ “ အဖေက
ခါးပိုက်နှိုက်၊ အမေက လစ်သုတ်တဲ့မိန်းမလို့ ကျွန်တော့် သူငယ်ချင်း
အဖေကပြောတယ်တဲ့။ ကျွန်တော့် ဖွင့်မမေးချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်လေ
မှန်ကန်တဲ့အဖြေတစ်ခုကို အရမ်းသိချင်နေတယ်။”
ရယ်နေသောအမေ့အပြုံးတွေ ပျောက်ကွယ်သွားကာ မျက်ရည်တွေ တလိမ့်လိမ့် ကျလာသည်။
အဖေက အချိန်တော်တော်ကြာ ငြိမ်သက်ရင်း ငိုင်ကျသွားသည်။ ဒီအခြေအနေတစ်ခုက ပဲ
အမှန်တရားတစ်ခုကို သိလိုက်ရတော့သည်။ နှုတ်က ဖွင့်ပြောလိုက်ခြင်းထက်
အမူအရာများက ကျွန်တော်အဖို့ ပို၍ ခံစားရတော့သည်။ ကြမ်းပြင်ကို လက်သီးဖြင့်
ခပ်ပြင်းပြင်းထိုးရင်း ကျွန်တော် မျက်ရည်တွေ ကျလာကာ ငိုရှိုက်မိတော့သည်။
ငိုင်ကျသွားသော အဖေ့မျက်ဝန်းတွေက ရီဝေစွာဖြင့် ကျွန်တော့် ကိုကြည့်လာသည်။
“ ဘယ်သူ့ဆီက သိလာတာလဲ။ ဘယ်သူပြောလိုက်တာလဲဆိုတဲ့ စကားမျိုးတွေ အဖေ
မပြောတော့ဘူးသားရယ်။ ဒါတွေဟာ အမှန်တရားတွေဖြစ်ခဲ့တယ်။ ဒါပေမယ့်
တစ်ချိန်တုန်းကပဲ သား။ ငါ့သားကို မွေးတဲ့အချိန်ကစပြီး ငါ့သားဂုဏ်မငယ်ရအောင်
တို့ဟာ ရိုးသားဖြောင့်မတ်စွာနဲ့ အလုပ်လုပ်ပြီး နေလာခဲ့တာတော့ အဖေ
ကျိန်ပြီးပြောရဲတယ်သား။ ”
အဖေ ဘာတွေဆက်ပြောနေသည် ဆိုတာ ကျွန်တော် မကြားတစ်ချက် ကြားတစ်ချက်ဖြစ်လာကာ
ဝမ်းနည်းကြေကွဲ ၍သာ နေမိသည်။ အဲသည် နေ့သည် ကျွန်တော်တို့ မိသားစု
ငိုပွဲဆင်ခဲ့ရသောနေ့လေးဖြစ်ခဲ့ပါသည်။
အဖေနှင့်အမေ၏ ဝေယျာဝ စ္စများကို တတ်နိုင်သမျှ လုပ်ပေးသော် ကျွန်တော်တို့
မိသားစု၏ ပျော်ရွှင်ဖွယ်နေ့ရက်များကို ကျွန်တော်ကပင်
စတင်ဖျက်ဆီးလိုက်လေပြီ။
“ သား ဒီနေ့ ဘာလို့ ဈေးထဲကိုလိုက်မလာတာလဲ။ ” “ ကျွန်တော် စိတ်မပါလို့ပါ။ ”
အမေက စကားတိတ်သွားရင်း ကျွန်တော့် မျက်နှာကို စိတ်မကောင်းစွာဖြင့်
ကြည့်သည်။ “သား မန္တလေးကို ကျောင်းသွားတက်ရတော့ မယ်နော်။ ကျွန်တော်
မဖြေမိပါ။ ကျွန်တော့်ရင်ထဲက ခံစားနေရတာတွေကို ဖွင့်ပြော ၍ပင် မရနိုင်အောင်
ခက်ခဲနေမိသည်။ အပေါင်းအသင်းများ၏ အထင်သေးသော အကြည့်ကိုလည်း ကျွန်တော်
မခံစားနိုင်တာ အမှန်ပါ။
“ သားရယ်၊ ငါ့သား အခုလိုစိတ်ဆင်းရဲနေတာ အဖေ မကြည့်ရက်ဘူး။ အတိတ်ကဖြစ်
ရပ်တွေကို အဖေ ပြန်မတွေးချင်လောက်အောင်ပဲ သား။ အဖေ့မိဘတွေက
ကွယ်လွန်သွားကြတော့ မိဘမရှိတဲ့၊ ခိုကိုးရာမဲ့ခဲ့တဲ့ အဖေဟာ ၀မ်းတစ်ထွာအတွက်
ခါးပိုက်နှိုက်တစ်ယောက်ဖြစ်ခဲ့ရတယ်။ အဖေ့လိုပဲ မိဘမဲ့ရှာတဲ့ သားအမေခမျာလည်း
ထိန်းကျောင်းသူရဲ့ ခိုင်းစေမှုကြောင့် အလစ်သုတ်ပြေး တတ်တဲ့
မိန်းမတစ်ယောက်အဖြစ် အသက်ရှင်ရပ်ထည်ခဲ့ရတယ် ။
“ ဒီလိုနေရာက အဖေတို့နှစ်ယောက် ဖူးစာဆံပြီး ဘ၀တစ်ခုကို ထူထောင်ခဲ့ကြတယ်။
ရုန်းကန်ကျင်လည်ခဲ့ကြတယ်။ ဒါပေမယ့် သားရယ် သားကိုမွေးပြီးတာနဲ့
တစ်ပြိုင်နက် မိဘမေတ္တာကြောင့် အဖေတို့ဘ၀ကို ပြောင်းလဲပစ်ခဲ့ကြတယ်။
ရိုးသားဖြူစင်စွာနဲ့ ၀မ်းကျောင်းပြီး သားကို
ပြုစုစောင့်ရှောက်လာခဲ့တာပဲသား။ ”
“ သားဘ၀ကို အဖေနဲ့အမေရဲ့ အရိပ်မဲတွေ စွန်းထင်းခြင်းမရှိစေဘဲ လောကကြီးကို
ဖြူစင် ကြီးပြင်းစေချင်တယ်။ အဖေနဲ့အမေ မိဘမဲ့လို့၊ ပညာမတတ်လို့၊
အသိဥာဏ်မဲ့လို့၊ နိမ့်ကျညံ့ဖျင်းတဲ့ အလုပ်တွေလုပ်ခဲ့ရပေမဲ့
အဖေ့သားလေးကိုတော့ ပညာတတ်ကြီး ဖြစ်စေချင်လို့ အဖေတို့ဘ၀ကို
ပြောင်းလဲခဲ့တာပဲ သားရယ်။ ”
“ အမေနဲ့သားအဖေရင်ထဲက မေစေတနာတွေကို သားနားလည်ပေးပါ။
အရင်ကလိုပျော်ပျော်ပါးပါး နေကြရအောင်ပါ သားရယ်။ အမေ သစ္စာဆိုရဲပါတယ် သား။
အမေတို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နေ့ကနေပြီး ယနေ့တိုင်အောင် အမေတို့ ရိုးသားစွာ
အသက်မွေးခဲကြတယ်။ ”
အဖေနှင့်အမေတို့၏ မျက်ရည်ပေါက်များသည် ကျွန်တော့နှလုံးသားကို ပြင်းထန်စွာ
နာကျင် ထိခိုက်စေခဲ့သည်။ “ ကျွန်တော် ယုံပါပြီ အမေ။ ဘယ်သူတွေ
ဘာပဲပြောပြော
ကျွန်တော် ဂရုမစိုက်တော့ဘူး။ လောကမှာ အဖေနဲ့အမေရဲ့ ချစ်မေတ္တာတွေသာ
အရေးကြီးတယ် ” ဟု ကျွန်တော် ဆိုမိတော့သည်။
ထို့နောက် ကျွန်တော်တို့မိသားစုလေးသည် ပုံမှန် အပြန်အလှန် ဖြည့်ဆည်းယုယ
ကြင်နာခဲ့ကြပါသည်။ တက္ကသိုလ်ဖွင့်ရင်သာ ကျောင်းတက်ဖို့
ကြိုတင်ပြင်ဆင်နေခဲ့မိသည်။ “သားရေ၊ ဒီမှာကြည့်စမ်း၊
သားကျောင်းတက်ရင်ဝတ်ဖို့ အမေ အင်္ကျီတွေ ၀ယ်လာတယ်သား။ ”
“ တော်ပါပြီ အမေရယ်၊ များနေပါပြီ။ အမေကသားကို မျက်နှာမငယ်စေချင်လို့ပါ
သားရယ်။ ကျွန်တော်က ကျောင်းသွားတက်ရမှာကိုပဲ စိတ်မကောင်းဘူးအေမေ။
ကျွန်တော့် ကျောင်းစရိတ်အတွက် အမေနဲ့ဖေ အရမ်းပင်ပန်းစွာ ရှာဖွေနေရမှာပဲ။ ”
“ အမေလေးသားရယ်၊ ဒီလို အမေတို့ကိုကြည့်ပြီး စဉ်းစားပေးတဲ့ သားလေး
စိတ်ဓာတ်နဲ့ပင် လုံလောက်နေပါပြီ။ အမေတို့ သားအတွက် အားမာန်တွေ
ဖြစ်ပြီးသား။
ဟုတ်တယ် သားရေ၊ ဟိုရောက်ရင်သာ ငါ့သားက စာကြိုးစား။ အဖေနဲ့အမေက ငါတို့သားဟာ
တက္ကသိုလ်ကျောင်းသားကြီးဆိုပြီး ဘ၀တူလူတန်းစားတွေကြားမှာ ကြွားဝါ
ဂုဏ်ယူရပါစေကွာ။ ” အဖေ၏ ကြုံးဝါးသံကြီးကြောင့် ကျွန်တော် အားတက်သွားခဲ့
ရသည်။
ကျွန်တော်သည် ကျောင်းသွားမည့်နေ့က အဖေနှင့်အမေ လုံးဝ
မျက်နှာမကောင်းခဲ့ပါ။ မခွဲစဖူး ခွဲခွာရ ၍ ခံစားနေကြရသည်။
ကျွန်တော်သည်လည်း အဖေတို့၊ အမေတို့နှင့်
မခွဲချင် အောင်ဖြစ်မိသည်။ ကျွန်တော့် မျက်နှာအနေအထားကိုကြည့်၍ အဖေက
အမေ့ကို မငိုဖို့ မျက်လုံးဖြင့် တားမြစ်လိုက်သည်ကို ကျွန်တော်
မြင်လိုက်ရသည်။
“ သား ရော့၊ ဒီတစ်လလုံးလုံး သုံးဖို့ အဖေ နောက်ထပ်လာပို့အုံးမယ်။
လိုတာရှိရင်လည်း ကားကြုံနှင့်မှာလိုက်ကွာ။ စိတ်မပင်ပန်းမခံနှင့်၊
ကြားလား။
အဖေတို့၊ အမေတို့ရဲ့ ခြေလက်တွေဟာ သားအတွက်ဘဲ့ကွ။ သားလေးသာ
ဟိုဝတ်ရုံမဲကြီးဝတ်၊ ခေါင်းမှာလည်း လေးထောင့်ချွန်းအမဲအုပ် ဆောင်းကြီး
ဆောင်းနိုင်အောင် ကြိုးစား၊ ကြားလားသား။ ”
အဖေ၏စိတ်ကူးထဲမှာ ကျွန်တော့်ကို ဘွဲ့ဝတ်ရုံဝတ်ထားပြီးသည့်ပုံကို
မြင်ယောင်နေ ပြီထင်ပါ၏၊ “ ကျွန်တော် ကြိုးစားပါ့မယ့် အဖေ။ ”
အမေ့ပါးပြင်ကို
ယုယစွာနမ်းရင်း၊ ပထမဆုံး အကြိမ် ခွဲခွာခဲ့ ရလေသည်။ ကျွန်တော်သည် မိဘတွေ
ပင်ပင်ပန်းပန်းရှာဖွေ ပို့ပေးသည့် ပိုက်ဆံများကို ချွေတာနိုင်သမျှ ချွေတာ
သုံးစွဲခဲ့ရင်း ပထမစာသင်နှစ် ပြီးဆုံးခဲ့လေသည်။


ဒုတိယနှစ်စာသင်နှစ်မှာတော့ လူငယ်သာဘ၀အရ ကျွန်တော်
နှစ်သက်သော မိန်းကလေးတစ်ယောက် ရှိလာခဲ့သည်။ လှိုင်းဆိုသော မိန်း ကလေးသည်
ကျွန်တော်နှင့် အဆင့် အတန်း အဆမတန် ကွာခြားခဲ့သည်။ သူနှင့်
သွားလာသောအခါမျိုးမှာ ကျွန်တော့အတွက် အသုံးစရိတ်များ ပိုလာ ခဲ့တော့သည်။
ပို့ပေးသလောက် မငြင်းမိတော့ပေး။
အဖေနှင့်အမေ ပင်ပန်းနေတော့မှာဘဲ့။ ဒီငွေပမာဏရဖို့ ဘယ်လိုစုဆောင်းပြီး
ပို့နေခဲ့သလဲဆိုသသည့် အတွေးများ ပျောက်ကွယ်သွား ခဲ့ပါသည်။ ဒါပေမယ့်
ကျော်ကျော်တို့အုပ်စုတွေနှင့် အမှတ်မထင် ကန်တင်းမှာ စားပွဲချင်းကပ်လျက်
ဆုံမိသောအခါမှာတော့ ကျွန်တော်၏ ပျော်ရွှင်ဖွယ်နေ့ရက်များသည်
ပျက်စီးခဲ့ရပြန်ပါသည်။
“ ဒီကောင်၊ ဒီလောက်သုံးနေနိုင်တာထောက်ရင် ထူးခြားတယ်ကွာ။ ” “ အေး၊ သူ့မိဘ
အခြေအနေနဲ့ မသုံးနိုင်ပါဘူး။ အရင်က ဆို ကန်တင်းတောင် ထိုင်နိုင်တာမဟုတ်ဘူး။

“ မင်းတို့ကလည်း တုံးပါ့ကွာ၊ အလစ်သုတ်တဲ့ နေရာမှာ ၀ိဇ္ဇာလင်မယားပဲ။
ဒီအလုပ်တွေပဲ ပြန်လုပ်ပြီး သားဆီ ပို့ပေးမှာပေါ့။ ” “ အေးနော်၊
မန္တလေးတက်ပြီး တစ်ချီ၊ နှစ်ချီ ဆော်လိုက်ရင် တစ်လစာ အိုကေနေမှာပေါ့။ ”
ကျွန်တော် အသားတွေ တဆတ်ဆတ်တုန် လာသည်။ ထိခိုက်နာကျင်လာခဲ့သည်။ ပိုက်ဆံ
အမြန်ရှင်းကာကျွန်တော် ငှား၍နေထိုင် သော အဆောင်သို့ အမြန်ပြန်လာခဲ့သည်။
ကျော်ကျော်တို့အုပ်စုကို တစ်ခုခု လုပ်ပစ်ချင်မိအောင် ဒေါသထွက်ခဲ့သည်။
သွေးအေးသွားသော အခါမှာတော့ တစ်လတစ်လ အဖေလာပို့သော အစိမ်းရောင်ထောင်တန်များ၏
အရေအတွက်အပေါ် သံသယ၀င်လာခဲ့သည်။ “မဟုတ်ပါဘူး” ဟု နှလုံးသားက အကြိမ်ကြိမ်
ငြင်းဆန်နေသော်လည်း ဦးနှောက်ကတော့တွေး တော့ တွေးတောနေဆဲပင်။
ကျွန်တော် ယခုလို ခံစားနေသည့် အချိန်မှာပဲ အဖေနှင့်အမေ ပိုက်ဆံလာပို့ကြသည်။
ပိုက်ဆံ ပမာဏက များနေသည့်အပြင် အ၀တ်အစားနှင့် မုန့်များပါ
တော်တော်များများ ပါလာသောအခါ အဖေ၏ မေတ္တာမျက်ဝန်းများကို မကြည့်ချင်လောက်
သံသယဖြစ်လာခဲ့သည်။
“ ဘုရားဖူးချင်တာရေ၊ အမေ့သားလေးကို လွမ်းတာရောကြောင့် အမေလိုက်လာခဲ့တာ။ သား
မပျော်ဘူးလား။ ” ကျွန်တော် ခေါင်းညိတ်ပြမိ လိုက်သည် ထင်ပါ၏။
“ သားအကြိုက်ဟင်းတွေ အမေချက်ယူလာခဲ့တယ်။ မှိုနဲ့ကန်စွန်းရွက်ကြော်ကတော့
မပူတော့ဘူး။ ငရုတ်သီးစိမ်း မွန်မွန်လေးလည်း ထည့်ကြော်လာတယ်သား။ ” ကျွန်တော်
မပြောတော့ ပါဘူးဟု အကြိမ်ကြိမ် ဆုံးဖြတ်မိသော်လည်း၊ ရင်တွင်းဆန္ဒကိုကား
မတွန်း လှန်နိုင်တော့ ပေ။
“ အဖေနှင့်အမေယူလာခဲ့တဲ့ ပိုက်ဆံက ရိုးသားရဲ့လားဗျား။ ” “သား၊ ဘာပြောတယ်
မင်း………..။ ” အဖေက စားလုဆဲထမင်းလုတ်ကို ပြန်ချကာ လက်တစ်ဖက်က ဒေါသကြောင့်
ကျွန်တော့်ကို ရိုက်ရန် ရွယ်လိုက်သည်။ သို့သော်လည်း ကျွန်တော်
နားရင်းဆီသို့ ရောက်မလာခဲ့ပါ။ အမေ့မျက်ဝန်းများက အံ့အားသင့်ရာမှ
ဝမ်းနည်းကြေကွဲခြင်းသို့ အရောင်ပြောင်းသွားသည်။ ပျော်ရွှင်ဖွယ် အခြေနေမှ
တိတ်ဆိတ်ခြင်း၊ ကြေကွဲခြင်း သို့ရောက်အောင် ကျွန်တော်ပြုလုပ်မိသည့် အတွက်
နောင်တရသွားသည်။ ရင်တွင်းဆန္ဒကိုကား ဘာမှ ဘာမှမတတ်နိုင်တော့ပေ။
“ သား ယုံကြည့်ပါ။ အမေတို့ရဲ့ သစ္စာတရားကို သားယုံပါ။ အမေတို့ဟာ သားလေးအတွက်
ရိုးသားခြင်းဆိုတဲ့ အရာကို သေတဲ့အထိ ဖက်တွယ်ထားမှာပါ သားရယ်။ ”
အဖေသည် ကျွန်တော့်ကို ရိုက်ရန် ရွယ်လိုက်မိသည့် အတွက် အတော်နာကျင်သွားမှန်း
ကျွန်တော် နားလည်မိသည်။ အစားဖြစ်တော့သော အေးစက်စက်
ထမင်းချိုင့်ကြီးကိုပိုက်၍အဖေနှင့်အမေ ပြန်သွားရှာသည်။
ကျွန်တော်ကိုယ်တိုင်လည်း ၀မ်းနည်းနာကျင်စွာ အဆောင်ခုတင်ပေါ်မှာ
လူးလိမ့်မျက်ရည် ကျမိတော့သည်။
တစ်လတင်းတင်းပြည့်သွားသည့်တိုင်အောင် ကျွန်တော် ရင်ထဲ၍ ခံစားနေရဆဲပါ။
အဖေနှင့်အမေ တို့လည်း ကြေကွဲနာကျင်နေဆဲ ဖြစ်မည်ဆိုသော အတွေးမျိုး
ကျွန်တော့်မှာ ရှိနေပါသည်။ ၂-နာရီ ကျော်သော ကားစီးရမည့် ခရီးဖြင့်
အိမ်ရောက်နိုင်မှန်း သိသော်လည်း အိမ်ကို ကျွန်တော် မပြန်ဖြစ်တော့ပေ။
ရင်ထဲမှာရှိနေသော သံသယများ ကြောင့် ထင်ပါ၏။
“ အာကာဇော်၊ မင်း အဖေလာတယ်။ ” “ အေး-မရှိဘူး၊ အပြင်သွားတယ်လို့ ပြောလိုက်။”
ရင်ထဲက ပြင်းပြစွာ တွေ့ချင်သော်လည်း အဖေ့ကို ကျွန်တော် ဆင်းမတွေ့
ဟုဆုံးဖြတ်ပြီးသား ဖြစ်သွားသည်။ ကျွန်တော်၏ မိုက်မဲသော ဆုံးဖြစ်မှုသည်
အဖေပြန်သွားတော့မှ ပို၍နာကျင် သွားသည်။ အဆောင်အပြင်မှ ကျွန်တော့် အခန်းကို
လှမ်းကြည့်နေရှာသော အဖေ့ မျက်ဝန်းများနှင့် ဆုံတွေ့ချိန်မှာတော့ ကျွန်တတော်
တို်င်ကွယို၍ရပ်လိုက်ရင်း ပြေးခေါ်ချင်သောဆန္ဒတွေ ပြင်းပြခဲ့သည်။
သို့သောလည်း မခေါ်ခဲ့ပေ။ အဖေ့ မျက်ဝန်းများက ခွင့်လွှတ်အပြုံးမျးနှင့် အတူ
ကျွန်တော့်ကို မမြင်တွေ့လိုသည့် ဆန္ဒများ စွက်ဖက်နေမှ်း ကျွန်တော်သိသောအခါ
ဝမ်းနည်းကြေကွဲပြီး နောင်တရလာမိသည်။ “ အာကာဇော်၊ ရော့ မင်းအဖေ ပေးသွားတာ။ ”
အဆောင်မှူးထံထားခဲ့သော အရာများသည် ကျွန်တော့် သံသယစိတ်နှင့်
ရိုးသားခြင်းကို အရောင်ဆိုးဖို့ ကြိုးစားခဲ့သော အစိမ်းရောင်အရွက်များဟု
ထင်နေဆဲပင်။
“ သားကို အမေသိပ်လွမ်းတာပဲ သားရယ်၊ မှိုနဲ့ကန်စွန်းရွက်တွေလည်း
သားကိုမျှော်နေကြ သလိုပဲ။ ပြန်လာခဲ့ပါ သားရယ်။ အမေနဲ့အဖေ့ကို ယုံကြည်ရင်
သား ပြန်လာခဲ့နော်။ ဟူသော ပိုက်ဆံနှင့်အတူ ပါလာသည့် စာလုံးပေါင်းမမှန်သည့်
အမေ့စာလေးကို ရင်ခွင်မှာပိုက်ရင်း တစ်နေ့လုံး အပြင်မထွက်ဘဲ နေမိသည်။
အမေနှင့်အမေ၏ ကျွန်တော့်အပေါ် ချစ်ခင်မြတ်နိုးမှုကို
ပြန်လည်မြင်ယောင်လာခဲ့သည်။ အမေ၏သစ္စာတရားကို ကျွန်တော့်အပေါ်ထားခဲ့သော
စေတနာမေတ္တာနှင့်  နှိုင်းယှဉ်ချိန်ထိုးပြီး ကျွန်တော် ယုံကြည်ရမည်။
ကျွန်တော် အိမ်ပြန်ရမည်။ ဘာကိုမှ မတွေဝေတော့ပါ။ အမေမျက်ရည်ကျအောင်၊
အဖေစိတ်ဆင်းရဲအောင် မလုပ်တော့ဘူး။ မနက်ဖြန် ကျွန်တော် အိမ်ပြန်မည်ဟုသာ
တွေးနေမိတော့သည်။
လမ်းမှာ ကားပျက်နေတာရော၊ ကျွန်တော် အဆောင်က ထွက်လာတာ နောက်ကျတာရော
ထိုနှစ်ခုကြောင့် အဖေနှင့်အမေ ဈေးသိမ်းပြန် ချိန်လောက်ကျမှ
ကျွန်တော်တို့မြို့ ကလေး၏ ဈေးရှေ့သို့ရောက် လာခဲ့သည်။ အိမ်ရောက်တော့
သော့ခတ်ထားသော အိမ်တံခါးက ကြိုဆိုနေသည်။ ကျွန်တော် ရင်မောရသည်။
“ ဟေ့ အာကာ၊ ပြန်လာတာလား။ မောင်စိုးအောင်နဲ့ ခင်ရီ အလုပ်သွားလုပ်နေကြတယ်။
မင်း ပြန်လာမယ်မှန်း သိရင်သွားမှာ မဟုတ်ဘူး။ ”
“ ဘာအလုပ်လဲ ဘွားမေ။ ” ကားလမ်းမကြီးနားက ဈေးကြီးဆိုလား ဘာလား
မသိဘူးကွယ်။ အဲဒီ အဆောက်အအုံကြီးမှာ သွားလုပ်ကြတယ်။ ”
ဘွားမေပြောသော အဆောက်အအုံသည် ကျွန်တော်တိုကမြို့ငယ်လေးအတွင် မန္တလေးက
စူပါမာကတ်ကြီးဖွင့်ဖို့ ဆောက်နေသော အဆောက်အအုံဖြစ်သည်။ အဖေနှင့်အမေ
ဘာများလုပ်နေကြ သလဲလို့ တစ်လမ်းလုံး တွေးလာခဲ့မိသည်။
အုတ်သဲသယ်သူတွေ၊ မဆလာသယ်သူတွေ နှင့် ဆူညံအော်ဟစ်နေသော လူအုပ်ထဲသို့
ကျွန်တော် တိုးဝင်လာခဲ့သည်။ အဖေနှင့်အမေကို ပန်းရန်ဆရာက လှမ်းပြောနေသည်။
“ ကိုစိုးအောင်၊ အုတ်သယ်ပြီးရင် မဆလာဖျော်ဦးနော်၊ မခင်ရီပါ
အုတ်သယ်တာရပ်ပြီး မဆလာသယ်လိုက်။ ” “ ဟုတ်ကဲ့ ဆရာ၊ အခုပဲ လာပါပြီ။ ”
“ အဖေ ” ဟု ရေရွတ်လိုက်မိသည်။ ပန်းရန် ဆရာ၏ စကားကို ရိုကျိုးစွာဖြေကြားပြီး
ကျွန်တော်မှာရှိသော သဲနှင့်ထုံးတွေ ပုံထားရာသို့ လှမ်းလာနေသော အဖေ။
ပုဆိုးစုတ်လေး ခေါင်ပေါ်ခုလျက် အုတ်ခဲခြောက်လုံးကိုရွက်ပြီး လာနေသောအမေ။
ချွေးစက်တွေ တဒီးဒီးကျ နေသော်လည်း အမေနှင့်အမေမျက်နှာမှာ ပင်ပန်းသော
အရိပ်အယောင် လုံးဝ မတွေ့ရပေ။ သား အတွက်ဆိုသော အားမာန်တွေ နှင့် အုတ်ခဲတွေ
ရွက်သယ်နေရှာသော အမေနှင့်အမေ၏ ရိုးသားကြိုးစားခြင်းများကို ကျွန်တော်
စော်ကားလိုက်မိခဲ့သည် မဟုတ်ပါလား။
“ ဟယ် သားလေ ” အမေက ကျွန်တော့်ကိုမြင်တော့ အံ့သြခြင်း။
ပျော်ရွှင်ခြင်းတွေနှင့် အုတ်ခဲတွေကို ကိုင်းထားသောလက်ကို လွှတ်လိုက်သည်။
ယိုင်လဲလုဖြစ်သွားသော အမေ့ကိုယ်လေးကို ကျွန်တော် ပြေးထိန်းလိုက်သည်။
နေပူခံအောင် ၀တ်ထားသော အကျီပွပွကြီးကြားက သေးသွယ်ပါးလျသော အမေ့ ခန္ဓာ
ကိုယ်လေးက အမေ၏ပင်ပန်းမှုတွေကို ဖော်ပြနေသယောင်ပါ။ “ သား ပြန်လာမယ်ဆိုရင်
အဖေတို့ အလုပ်မသွားဘဲ အိမ်မှာ စောင့်နေမှာပေါ့။ ”
တဒီးဒီးကျနေသော ချွေးစက်တွေကို ပုဆိုး အဖျားစဖြင့်
ခပ်ကြမ်းကြမ်းပွတ်သပ်ရင်း အဖေက စားဆိုးသည်။ “ ခင်ရီ ငါတို့ ဒီနေ့နားမယ်
လို့ပြောခဲ့ပြီး။ ငါတို့ မိသားစု အိမ်ပြန်ကြမယ်။ ”
လမ်းတစ်လျှောက်လုံး ကျွန်တော်စကားမစ နိုင်အောင်ဆို့ နင့်ခံစားနေမိသည်။
ဘေးစကားဖြင့် ကျေးဇူးကန်းဖို့ ကြိုးစားခဲ့သည်ကို ကျွန်တော် နောင်တ
အကြိမ်ကြိမ် ရနေမိသည်။ မနက်ပိုင်း ဈေးရောင်း၊ နေ့ခင်း ပန်းရန်လုပ်ပြီ
သားကိုတက္ကသိုလ်ကျောင်းသားကြီး ဖြစ်အောင် ပံ့ပိုးခဲ့သော အဖေနှင့်အမေ၏
ကျေးဇူးတရားများကို ပြစ်မှားဖို့ကြံရွယ်ခဲ့သော သားမိုက် ကျွန်တော်ပါတကား။
ခြေလှမ်းတွေကို ရပ်ပစ်လိုက်သော အဖေနှင့်အမေ့ရှ့မှာ ပိတ်ရပ်ရင်း
ဒူးထောက်ထိုင်ချလိုက်မိသည်။ “ အဖေတစ်ခါက ရိုက်ဖို့ရွယ်ခဲ့တဲ့ လက်နဲ့
ကျွန်တော်တို့ကို ရိုက်ပစ်လိုက်စမ်းပါ အဖေရယ် ”ကျွန်တော်ဆိုလိုသော
အဓိပ္ပါယ်ကို အဖေက နားလည်ခဲ့သည်။ “ သားရယ် မသိနားမလည်လို့ ပြောခဲ့တဲ့သားကို
ရိုက်ပစ်ဖို့ ရွယ်ခဲ့မိတယ်။ အဖေ့ လက်ကိုတောင် ယနေ့တိုင် မုန်းမိပါတယ်
သားရယ် ”
“ ခွင့်လွှတ်ပါ အဖေနှင့်အမေ ကျွန်တော် ရှိခိုးပြီး တောင်းပန်းပါတယ်။
အဖေနှင့်အမေရယ် စေတနာ မေတ္တာတွေကို သိလျှက်နဲ့ ဘေးပယောက ကို ယုံစားပြီး
စော်ကားခဲ့တဲ့စကားတွေကို သံသယအတွေးတွေနဲ့ တကယ်မိုက်မဲခဲ့တဲ့သားပါ။ ”
အမေက လက်အုပ်ချီထားသော ကျွန်တော် လက်နှစ်ဖက်ကို ငြင်သာစွာ ဆွဲယူပြီး “
အမေတို့ ခွင့်လွှတ်ပြီးသားပါ သားရယ်။ ” ဟု ကြည်နူးမျက်ရည်တွေနဲ့ ဆိုခဲ့သည်။ “
သား နားမယ့်နေ့ကို အချိန်ဘယ်လောက် ကြာကြာ အဖေတို့စောင့်နေဖို့
ဆုံးဖြတ်ခဲ့ပြီးသားပါ။ ကဲ ကဲ အဖေတို့မိသားစုလေး အိမ်ပြန်ကြမယ်ကွာ။ ”
“ ကောင်းပြီ အဖေ၊ ကျွန်တော်လိမ်မ္မာပါတော့မယ်။ စာလည်း ကြိုးစားပါ့မယ်။ အမေန
ဲ့အမေ့ကိုတစ်လှည့်ပြန်ပြီး လုပ်ကျွေးနိုင်မယ့်နေ့၊
ကျေးဇူးဆပ်ခွင့်ရမယ့်နေ့ကို အမြန်ရောက်အောင်ကျွန်တော်ကြိုးစားသွားမယ်။ ”
ကျွန်တော် ရဲရဲ ကြီး ကတိစကားဆိုမိသည်။
အဖေကခေါင်းတညိတ်ညိတ်နှင့် ပြုံးရှာသည်။ အမေကတော့ မျက်ရည်ကြည်တွေ
ဝေ့၀ဲနေရင်း ခေါင်းကို ညိတ်ပြရှာသည်။
သို့လျှင် အပြုံးကိုယ်စီနှင့်အဖေရယ်၊ အမေရယ်၊ ကျွန်တော်ရယ် နေခြည်ဖြာ၍
လှပနွေးထွေးသော မေတ္တာအိမ်ကလေးဆီသို့ ဦးတည် လိုက်ပါတော့သည်။
င်္forward mail မှ ရရှိပါသည်။

Thursday, October 28, 2010

စားကြမယ်ဟေ့ကောင်းကောင်း

အခုဖော်ပြထားသော ဟင်းအမယ်နဲကချက်နည်းများကို အိန်ရှင်မ လက်ရာမှ ကူးယူဖော်ပြထားပါသည်.
အဖေပြောဖူးတာတော့ ဟင်း ကောင်းမကောင်းဆိုတာ အိမ်ရှင်မရဲ့ / ဟင်းချက်သူရဲ့ ကျွမ်းကျင်မှု ၊စေတနာနဲ့ သူ့လျှာရဲ့ အရသာ ခံမှုအာရုံအမြင့်အနိမ့်ပေါ်မူတည်ပါတယ်တဲ့...အရသာ လျှာမှာသိမဟုတ်လား..
ကျွန်တော့်အမြင်တော့ ဟင်းချက်နည်းဆိုတာ ဖတ်ပြီး သူ့အတိုင်းလိုက်ချက်စ၇ာမလိုပါဘူး သူများဘယ်လိုချက်လဲကြည့် ပြီးရင် ကိုယ်ချက်ခါနီးရှိတဲ့ ပါဝင်ပစ္စည်းပေါ်မူတည်ပြီး ချက်ရမှာပါ.
ချက်နည်းပြုတ်နည်းအတိုင်းတွေလိုက်ချက်လို့ကတော့...... အမြဲမဖြစ်နိုင်ပါဘူး. သူများချက်တာကြည့် ..ကိုယ်ချက်နိုင်တဲ့ ပုံစံပြောင်း ..ဒီ အခါ နတ်သုဒ္ဒါ ဟင်းအမယ်ပေါင်းများစွာ ပေါ်ထွက်လာမှာပါ.
ဝင်ငွေနဲ့ထွက်ငွေ လောက်ငှအောင် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်နိုင်တာ..ကိုယ်တတ်နိုင်တဲ့ ဈေးဖိုးလေးနဲကလောက်ငှအောင်...ချက်ခါနီးရှိတဲ့ အစာပလာလေးနဲ့ ကောင်းအောင်ချက်နိုင်တာ ဟင်းချက်ကောင်းတဲ့ အိမ်ရှင်မ/အိန်ရှင်ထီးတွေရဲ့ အစွမ်းပါ. မိန်၇ာဟင်းကောင်းဆိုကြတာကို..

ကက်ရင်ပုံသားအပြားကြော် (Chicken Steak )
အာလူးအစိမ်းကိတ် + ဟင်းနုနွယ်ကြော် + ဆော့စ် ။
( Italian Style Dish )


ကြက်ရင်ပုံသားအရိုးလွတ်ကိုအသားထုတဲ့တူနဲ့ ဟိုဖက်ဒီဖက်လှန်ထုပေးပြီး
...ဆား ဟင်းချိုမှုန့် အနည်းငယ် ငရုတ်ကောင်းမှုန့်  ပျားရည်အနည်းငယ်
သုတ်လိမ်းပြီး Non-stick pan မှာ သံလွင်ဆီနဲနဲလေးထည့်ပြီးဟိုဖက်ဒီဖက်
လှန်ကြော်ထားတာပါ ။ခနပဲကြော်ရပါတယ် ကြာကြာကြော်ရင်မာသွားပါတယ် ။
.....
အာလူးစိမ်းကိုဂျစ်နဲ့ ခြစ်ပါ ။ကြက်သွန်ဖြူ-နီတောက်တောက်စင်း..
တရုတ်နံနံတောက်တောက်စင်း..ငရုတ်ကောင်း..ဆားထည့်နယ်ပါ ။
Non-stick pan အသေးလေးမှာထောပတ်နဲ့ Olive oil မျှထည့်ပြီး
ဟိုဖက်ဒီဖက်လှန်ကြော်ပါ ။ကျက်မကျက် ဒါးချွန်လေးနဲ့ ထိုးကြည့်ပါ ။
.....
ဟင်းနုနွယ်ကိုရေနွေးဆူဆူမှာ ၂-၃ မိနစ်လောက်ပြုတ်..အိုးကိုချပြီး
ရေအေးပြန်စိမ်..ရေစင်အောင်ညှစ်ပစ်ပြီးတောက်တောက်စင်းပါ ။
ကြက်သွန်ဖြူ-နီတောက်တောက်စင်းကို ထောပတ်..Olive oil
ရောပြီးဆီသတ်ပါ ။ဟင်းနုနွယ်တောက်တောက်စင်းထည့်..နို့ စိမ်း
ထည့်..ဆား ငရုတ်ကောင်းထည့်ပြီးကြော်ပါ ။
.....
Sause
ကြက်သွန်နီ..ငရုတ်စိမ်းအပွ..ခရမ်းချဉ်သီး..ပင်စိမ်းရွက်တို့ ကို
တောက်တောက်စင်းထားပါ ။Pan ထဲမှာ Olive oil ဆီပူရင်ကြက်သွန်နီ
အရင်ထည့်မွှေ..နွမ်းရင် ငရုတ်ပွထည့်မွှေ..၃ မိနစ်ထားပြီးမှခရမ်းချဉ်
ထည့်မွှေ..White wine ထည့်..(မီးအေးအေးပဲထားပါ)ပင်စိမ်း..ဆား..
ငရုတ်ကောင်းတို့ ကိုနောက်ဆုံးမှထည့်..နာနာခြေပြီးမွှေပါ ။
......

ငါးသေတ္တာသုပ် ။
ငါးသေတ္တာကို ဗူးထဲပါတဲ့အဆီတွေမထည့်ပဲ ကြက်သွန်နီပါးပါးလှီး..
နံနံပင် ..ငရုတ်သီးမှုန့် ..ပုဇွန်ငံပြာရည်နဲနဲ..ဟင်းချိုမှုန့် နဲနဲ ထည့်ပြီး
သံပုရာရည်ညှစ်ပြီးသုပ်ထားတာပါ ။
ကက်ဥပြုတ်..ကြက်အူချောင်းကြော် ဆလဒ် ။
ကြက်ဥပြုတ် ကြက်အူချောင်းပြုတ် သခွားသီး ကြက်သွန်နီ ကြက်သွန်မြိတ် ။
ဥနီ မုန်ညင်းထုပ်နဲ့  baby corn လေးတွေကိုတော့ရေနွေးပူခနစိမ်ပါတယ် ။
Mayonnaise ရယ် ဆားလေးနဲနဲရယ်..အားလုံးရောနယ်လိုက်ရုံပါပဲ ။


ကြာဇံချက် ။
ပဲကြာဇံ မှိုခြောက်ပန်းခြောက် ပဲလိပ်တို့ ကိုသတ်သတ်စီ ရေစိမ်ထားပါ ။
ကြက်တကောင်လုံးကိုခုတ်ပြီးအသားတုံးကို ဟင်းချက်ဖို့ ထား..အရိုးပဲထည့်
ချက်ထားတာပါ ။ ကြက်အရိုးတုံးများကို ပုဇွန်ငံပြာရည် ဟင်းချိုမှုန့် အနည်းငယ်
တို့ နဲ့ နယ်ထားပါ ။ငရုတ်ပွ ကြက်သွန်ဖြူတို့ ကိုထောင်းပါ ။ဂျင်းကိုပါးပါးလှီးပြီး
...ငရုတ်သီးထောင်းထားတာနဲ့ ရောပြီးဆီသတ်ပါ ။အနံ့ သေရင် ကြက်ရိုးတုံးများ
( အသားထည့်လည်းပိုကောင်းပါတယ် ) နဲ့  ကြက်သွန်နီဥ ၅- ဥလောက်
လေးစိတ်ခြမ်းထားတာကိုထည့်ပြီးဆီသတ်ပါ ။ ရေလေးနဲနဲချင်းထည့်ပေးရင်း
ကြက်နူးတယ်ဆိုရင် မှိုခြောက်ပန်းခြောက်နဲ့  ပဲလိပ်ရေစိမ်ထားတာကိုထည့်ပါ ။
ကြာဇံရေစိမ်ထားတာကိုနောက်ဆုံးမှထည့်ပါ ။ရေကိုလိုသလောက်ချိန်ထည့်ပြီး
ဆား ဟင်းချိုမှုန့် ငံပြာရည်တို့ ကိုမျှတအောင်ထည့်ပါ ။ ဟင်းရည်ဆူပွက်ရင်
ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းရောထောင်းထားတာကို ထည့်မွှေပေးပါ ။
နံနံပင်လေးအုပ်..သံပုရာရည်လေးညှစ်ပြီး ငရုတ်သီးမှုန့် လေးကြိုက်တတ်ရင်
အနည်းငယ်ဖြူးစားနိုင်ပါတယ် ။


ငါးကျည်းခြောက်ငံပြာရည်ချက် ။
ပထမဆုံး ငါးကျည်းခြောက်ကိုခေါင်းဖြုတ် ..ကိုယ်နှစ်ခြမ်းခွဲ ..အရိုးလေးတွေ
ထုတ်လိုက်ရပါမယ် ။ပြီးရင် ခပ်သေးသေးအပိုင်းလေးတွေဖြစ်အောင် ..
ကတ်ကျေးနဲ့ ဖြတ်ပါတယ် ။ ပြီးရင် တစ်ရေလောက်ပြုတ်ထားပါ ။ ရေမသွန်ရပါဘူး ။ အချိုတွေပါကုန်ပါမယ် ။ရေစပ်စပ်လေးကျန်ရင်ချပါ ။
အဲဒီအရည်ပြန်ထည့်ချက်လို့ ရပါတယ် ။ ပြီးရင် ဆီအနေေ...တ်ာမှာ ငရုတ်သီးပွ..
ကြက်သွန်ဖြူ -နီထောင်းထားတာရယ်..ကြက်သွန်နီပါးပါးလှီးထားတာရယ်
ရောပြီးဆီသတ်ပါတယ် ။ဆီသေရင် ရေလေးနဲနဲလေးထည့်ပြီး ကြက်သွန်ဖတ်
လေးတွေနွမ်းပျော့အောင်လုပ်ပါ ။ရေခြောက်ပြီးဆီပြန်ရင် ပုဇွန်ခြောက်မှုန့် နဲ့ 
ငရုတ်သီးအကြမ်းဖတ်ထည့်ပါ ။မွှေးလာအောင်ကြော်ပေးပါ ။ငရုတ်သီးဖတ်
မတူးအောင်ဂရုစိုက်ပါ ။ ခနနေရင်ကျက်ပါတယ် ။ နောက်ဆုံးမှာ ငါးကျည်း
ခြောက်ထည့်ပါ ။ ဗမာငံပြာရည်..နဲ့ ဆား မျှထည့်ပါ ။သကြားအနည်းငယ်နဲ့ 
ဟင်းချိုမှုန့် အနည်းငယ်ထည့်ပေးပါ ။အရသာသမအောင်ကြာကြာကြော်ပါ ။
ခြောက်ကြွပ်မသွားပါစေနဲ့ ။မြည်းကြည့်လို့ ငါးကျည်းခြောက်ကအကျက်လို
နေရင်ရေလေးစွတ်ရုံထည့်ထည့်ပေးပါ ။စိုစိုပျော့ပျော့ပဲ ချပါ ။ အကြွပ်ြောာာ်
်နည်းမဟုတ်ပဲ စိုစိုလေးနယ်စားရမှာဖြစ်ပါတယ် ။


ဝက်သား ကြံမဆိုင် အစပ်ကြော် ။
ဝက်သား သုံးထပ်သားကို တ၀က်နူးအောင်ဆားလေးနဲ့ ပြုတ်ပြီး အတုံးသေးသေးတုံးထားပါ ။ကြံမဆိုင်ကိုရေနွေးနဲ့ တစ်ရေလောက်ပြုတ်ပြီး
ရေဆူတာနဲ့ ရေသွန်ပြီးရေဆေး ရေညှစ်ပါ ။ပြီးရင်သေးသေးတွေညှပ်ပါ ။
ဝက်သားနဲ့ ကြံမဆိုင်ကိုရောပြီး ဆား..သကြားအနည်းငယ်..ဟင်းချိုမှုန့် 
အနည်းငယ်နဲ့ နှံ့ အောင်နယ်ထားပေးပါ ။ငရုတ်သီးပွ..ကြက်သ...ွန်ဖြူ-နီ
ထောင်းထားတာကိုဆီသတ်ပြီး ငရုတ်သီးစိမ်းတောင့်လေးတွေထည့်ပါ ။
အနံ့ မွှေးပြီဆိုရင် ၀က်သားနဲု့ ကြံမဆိုင်အရောကိုထည့်ပါ ။ ချက်ချင်း
ရေမထည့်သေးပဲ ဆီသတ်နဲ့ ရောအောင်ခနမွှေပြီးမှ ရေနဲနဲချင်းထည့်လိုက်
ခန်းလိုက်ချက်ပါ ။ဝက်သားနူးရင်ဆီပြန်အောင်ထားပြီး ချလို့ ရပါပြီ ။

စိမ်းစားငပိသုပ်..ရှယ်စပ် ။

ငပိစိမ်းစား မီးဖုတ် ..ကြက်သွန်နီ ကြက်သွန်ဖြူပါးပါးလှီး .. နံနံပင် ပါးပါးလှီး ပုဇွန်ခြောက်မှုန့် ..ဟင်းချိုမှုန့် ..ငရုတ်သီးစိမ်းကို တ၀က်လှီး တ၀က်ထောင်း..
သံပုရာရည်ညှစ်..အားလုံးကိုအရသာရောနှောနှံ့ စပ်အောင် သေချာဆုပ်ညှစ်
ပြီးနယ်လိုက်ပါ ။ အလွယ်ဆုံးထမင်းမြိန်ဟင်းလေးတစ်ခွက်ပါ ။

ကြက်သားဟင်း ။
ကြက်သားတုံးတွေကို ပုဇွန်ငံပြာရည်..ဆနွင်း..ဂျင်းရည်..မဆလာတို့ နဲ့ နယ်ပြီး
နာရီဝက်လောက်နှပ်ထားပါ ။ငရုတ်သီးပွ ကြက်သွန်ဖြူ-နီထောင်းထားတာ
ကိုဆီသတ်ပါ ။ဆီသတ်ကျက်ရင် မဆလာနဲနဲထည့်မွှေပါ ။ ပြီးရင်ကြက်သား
ထည့်လိုက်ပြီး ဆီသတ်ထဲမှာ ကြာကြာလုံးပါ ။ ဆားနဲနဲ ဟင်းချိုမှုန့် နဲနဲထည့်ပါ ။
...ပြီးရင်ရေနဲနဲချင်းထည့်ပြီးနူးအောင်ချက်သွားရုံပါပဲ ။ အဆန်းတကျယ်ဘာမှ
မပါပါဘူး..။အကြာကြီးချက်ရင်တော့ ကြက်သားကမာသွားတတ်ပါတယ် ။
ဝယ်ကထဲက ကြက်နုနုရွေးပြီး ..ခနပဲချက်တာက စားကောင်းပါတယ် ။

ပဲပင်ပေါက်ချဉ်စပ်သုပ် ။
ပဲပင်ပေါက်ကို အရမ်းမနွမ်းအောင်ခနလေးပဲရေနွေးဖျောပြီးရေစစ်ထားပါ ။
ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကိုရောထောင်းထားပါ ။ ပဲပင်ပေါက် ..ကြက်သွန်
ဖြူငရုတ်သီးထောင်း ..ပုဇွန်ခြောက်မှုန့်  ..ပုဇွန်ငံပြာရည် ..ဟင်းချိုမှုန့် 
အနည်းငယ် ..ရှာလကာရည်ကို စိုစိုအိုင်အိုင်လေးဖြစ်လောက်တဲ့အထိ များများ..
...( မြည်းကြည့်..လိုရင်ထပ်ထည့် ) ..အဲဒါအားလုံးကိုရောသမနယ် ။
အရသာအလွန်ထူးပါတယ် ။


ချဉ်ပေါင်ရေထည်ဟင်းချို ။
ရေနွေးအိုးဆူအောင်တည်ပါ ။အဲဒီထဲကိုငပိစိမ်းစားနဲနဲထည့်..ကြက်သွန်ဖြူ
၎-၅မွှာထုထည့် ..ကြက်သွန်နီ ၂ ဥလောက်အဖတ်ခွာထည့်..ပုဇွန်ခြောက်မှုန့် 
ထည့် ..ငရုတ်သီးစိမ်းထည့် ..ဆား ဟင်းချိုမှုန့် ထည့် ..။အဲဒါတွေ ခပ်ကြာကြာ
ပွက်ပွက်ဆူပြီးရင်သင်ထားတဲ့ ချဉ်ပေါင်ရွက်ခပ်ပြီးတာနဲ့  အိုးချ အဖုံးပိတ်ထား
...လိုက်ပါ ။ချဉ်ပေါင်ရွက်ကို ပေးဆူထားရင် သိပ်ချဉ်သွားတတ်ပါတယ် ။


ကြက်ဥလိပ်ထမင်းကြော်..။
အထဲမှာ..ထမင်းကြော်ပါပါတယ် ။
နည်းကဘာမှမရှိပါဘူး..။ထမင်းကြော်လေးတစ်ပွဲ ကိုယ်ကြိုက်တဲ့ စတိုင်နဲ့ 
ကြော်လိုက်ပါ ။လေးထောင့်ပုံပန်းကန်ခွက်လေးထဲ လေးထောင့်တုံး
...ပုံစံရအောင်ဖိသိပ်ထည့်..ပါးပါးပြန့် ပြန့် ကြော်ထားတဲ့ ကြက်ဥကြော်အပြန့် ရဲ့ 
အလယ်ခေါင်မှာနေရာချ..ကြက်ဥကြော်အနားလေးနဲ့ ပတ်လိပ်လိုက်တာပါ ။
See more

ဘဲဥ ၀က်သားပေါင်း ။
ဝက်သုံးထပ်သားနဲနဲ ပေါင်သားများများ..စုစုပေါင်း ၃၀သားလောက် ကိုရောပြီး
တောက်တောက်စင်းပါတယ် ။ဆား သကြား ငရုတ်ကောင်း ဟင်းချိုမှုန့် အနည်း
ငယ်စီနဲ့  ကော်မှုန့် လဘက်ရည် ၂ဇွန်းလောက်ဝက်သားနဲ့ နယ်ပါတယ် ။
ကြက်သွန်ဖြူ-နီ တောက်တောက်စင်းထည့်နယ်ပါတယ် ။ဂျင်းလက်တဆစ်ကို
...ထောင်းပြီးအရည်ပဲညှစ်ထည့်ပါတယ် ။အရောင်ရအောင် ပဲငံပြာရည်အနောက်
အနည်းငယ်ထည့်ပြီး နယ်ပါတယ်။( ချိစ် ကြိုက်တတ်လို့ နဲနဲထည့်ပါတယ် ..
မထည့်လဲရပါတယ် )။ ဘဲဥ ၂လုံးပွအောင်ခေါက်ပြီးရောမွှေ ဇွန်းနဲ့ နယ်ပါတယ် ။
အပူခံတဲ့ ဖန်အုပ်ထဲထည့်ပြီး Pressure cooker မှာဇကာခံပြီးရေဆူချိန်ကနေ
၁၅ မိနစ်ကြာအထိပေါင်းပါတယ် ။


သီးရွက်စုံကြာဇံဟင်းချို ။
အဲဒိအရင်မနေ့ က ကြက်ကြော်တဲ့နေ့ မို့ ကျန်နေတဲ့ တောင်ပံရိုးကျောရိုးတွေကို
ဂျင်း..ကြက်သားမှုန့် ..ငရုတ်ကောင်းနဲ့ ပြုတ်ပြီး ဟင်းချိုရည် Base လုပ်လိုက်ပါ
တယ် ။ကျန်တာကတော့ ကြာဇံခပ်ပြီး အိမ်မှာရှိတဲ့ ပန်းငရုတ်ပွ..မုန်ညင်းထုပ်..
ငုံးဥ..ရှောက်ရွက်..ကြက်သွန်နီဥ တွေခပ်လိုက်တာပါ ။ပူပူလေးသောက်လို့ 
...ကောင်းပါတယ် ။



ဘဲသွေး ပဲပြားချဉ်စပ်ကြော် ။
ဘဲသွေးကိုတုံးပြီး ခနပြုတ်ပါတယ် ။နဲနဲနူးအောင်ရယ်..အနံ့ ပျောက်အောင်
ရယ်ပါ ။ပြုတ်ရည်ကိုသွန်..စစ်ထားပါ ။ပဲပြားကိုလည်း အတုံးတုံးပြီး ခနပြုတ်ပါ ။
ကြက်သွန်ဖြူကိုထု ကြက်သွန်နီလှီးထားတာကို ဆီသတ်ပါ ။ဘဲသွေးပဲပြားထည့်
ကြော်ပါ ။ ဆား..ဟင်းချိုမှုန့် ..ကြက်သားမှုန့် ..ဖြူးပါ ။ကိုရီးယား ငရုတ်ချဉ်ရည်
...လေးဆမ်းပြီး အသာအယာ မွှေပါ ။ခနနေရင်နံနံပင်လေးအုပ်ပြီးချလို့ ရပါပြီ ။


ကြက်ပေါင်ကြော် + Potato Mash

Mash လုပ်တဲ့အခါ အာလူးကို ပြုတ်တာထက် ပေါင်းတာ ကင်တာက အရသာ
ပိုကောင်းပါတယ်..။ အမကတော့ အလွယ်တကူ Microwave မှာပဲထည့်ဖြစ်
ပါတယ် ။အဖုံးပါတဲ့ Microwave သုံးတဲ့ဗူးနဲ့ အာလူး ၂လုံးရေဆေးထည့်..။
၎မိနစ်ထားပြီးရင်နူးအိပါပြီ ။အခွံခွာပြီးဒလိမ့်တုံးနဲ့ ပြားပါတယ် ။ ငရုတ်ဆုံမှာ
...မထောင်းရပါဘူး ။ စေးတွဲသွားပါလိမ့်မယ် ။ ကြက်သွန်နီ ၁ဥ တောက်တောက်
စင်းပြီး အာလူးထဲရောလှိမ့်ပါ ။ Mayonnaise စားပွဲတင်ဇွန်းကြီး ၁ဇွန်း..
ဆား..ငရုတ်ကောင်း..တို့ နဲ့ ဇွန်းနဲ့ နယ်ပါ ။ Non-stick pan မှာ ထောပတ်
အနည်းငယ် ( ထောပတ်နံ့ မကြိုက်ရင် Olive oil.., Vege; oil တို့ သုံးနိုင်ပါတယ်)
နဲ့ ဆီပူခနလှိမ့်ပေးပါ ။ ၂မိနစ်..၃မိနစ် ဆိုရင်ရပါပြီ ။


ပုဇွန်စိမ်း ငပိချက် ။
ပုဇွန်ဘော့ချိတ် အစိမ်းလေးတွေကို တောက်တောက်စင်းပါ ။ဆား ဆနွင်း..
ဟင်းချိုမှုန့် အနည်းငယ်နဲ့ နယ်ထားပါ ။ကြက်သွန်ဖြူ-နီတောက်တောက်စင်း
ထားတာကို ဆီသတ်ပါ ။မိုးမျှော်ငရုတ်သီးစိမ်း ( ကိုယ်အစပ်စားနိုင်သလောက် )
တောင့်လေးတွေကိုထောင်းပြီး ဆီသတ်တဲ့အထဲထည့်သတ်ပေးပါ ။ငပိစိမ်းစား
...အနည်းငယ် ရေဖျော်ပြီးထည့်ပါ ။ကြက်သွန်ဖတ်တွေကျက်ပြီး မွှေးလာ မွှန်လာရင် ဗမာငံပြာရည်အနည်းငယ်ထည့်ပါ ။ ပုဇွန်တောက်တောက်စင်း
ကိုထည့်ပါ ။ခနနဲ့ ပုဇွန်တွေကျက်ပါတယ် ။ကြာကြာထားရင်မာသွားပါမယ် ။
အပေါ့အငံမြည်း..နံနံပင်ရိတ်ရိတ်လှီးကိုအုပ်ပြီး ချနိုင်ပါပြီ ။
( နယ်စားလို့ ကောင်းအောင် အစပ် အငံ ကဲကဲလေးချက်ပါတယ် )


ကြက်ရိုး မုန်လာဥချဉ်စပ်ဟင်းရည် ။
ကြက်ရိုးကို ဆား ဟင်းချိုမှုန့် ဂျင်း ကြက်သွန်ဖြူနဲ့ ပြုတ်ပြီး အချိုရည်ကျရင်
မုန်လာဥ..နံနံပင်..ငရုတ်သီးစိမ်း..ငရုတ်အချဉ်ရည် ခတ်လိုက်ရုံပါပဲ ။


ကြက်လိမ္မော် ရို့ စ် ။
ကြက်ပေါင် ၁ပေါင်ကို သုံးတုံးတုံးတဲ့ အရွယ်ဟာ အနေတော်ပါပဲ ။
ကြက် ၂ပေါင်ကို ၆တုံး-ရအောင်တုံးပြီးကြက်သားတုံးတွေကို ဆား..ဟင်းချိုမှုန့် 
..ငရုတ်ကောင်းမှုန့် ..တို့ နဲ့ နယ်ပါတယ် ။ Vege; oil အနည်းငယ်ထဲမှာ မီးအရှိန်
Medium လောက်နဲ့ ကြော်ပါတယ်။ရွှေဝါရောင်နဲနဲသန်းလာရင် အိုးကိုချ..
...ဆီတချို့ ခပ်ဖယ်ထုတ်ပစ်ပါတယ် ။စားပွဲတင်ဇွန်း ၂ဇွန်းစာလောက်ပဲဆီချန်
ထားပြီး အိုးပြန်တင်ပါ ။ Cooking white wine စားပွဲတင်ဇွန်း ၅ ဇွန်းလောက်
ထည့်ပါ ။ကြက်သွန်နီ၎ ဥ လေးစိတ်ခြမ်းပြီးထည့်ပါ ။ မီးရှိန်မြှင့်ပါ ။
ဆူပွက်အမြှုပ်ထလာပါမယ် ။ကြက်သားတုံးတွေကို ထက်အောက်လှန်ပေးပြီး
အရည်ခန်းလာရင် လိမ္မော်ရည် အကြမ်းပန်းကန် ၁လုံးစာလောက်ထည့်ပါ ။
ဆူပွက်ပါစေ ။ဆီပြန်လာရင်ချပါ ။လိမ္မော်နံ့ မွှေးပျံ့ တဲ့ ကြက်သားရို့ စ် ရပါပြီ ။


မုန်လာဥဖြူသုပ် ။

မုန်လာဥအဖြူကိုခြစ်ပြီးဆားရေနာရီဝက်စိမ်ထားပါ။ပြီးရင် ရေစင်အောင်ညှစ်ပါ ။
ဥဖြူအခြစ်လေးတွေကို ကြက်သွန်နီစိမ်းပါးပါးလှီး..ကြက်သွန်နီဆီချက်..ပဲမှုန့် ..
ပုဇွန်ခြောက်မှုန့် ..ဗမာငံပြာရည်..ဟင်းချိုမှုန့် ..ငရုတ်သီးမှုန့် ..နံနံပင်..
ငရုတ်သီးစိမ်း..တို့ နဲ့ ရောနယ်ပါ ။အဲဒါ အဆိမ့်သုပ်စပ်စပ်ပါ ။
...( ချဉ်စပ်သုပ်ချင်ရင် ဥဖြူကိုခြစ်ပြီးတဲ့အခါ ဆားရည်မစိမ်ပဲ ရှာလကာရည်စိမ်ပြီး
ပြန်ညှစ်ပါ ။)


ကြက်ခဘတ် ။
ကြက်ရင်ပုံသားနုနုလေးကို အသားလွှာပြီး အတုံးခပ်သေးသေးတုံး..ဆား..
ကြက်သားမှုန့် .. မဆလာ..တို့ နဲ့ နယ်ပြီး နာရီဝက်ထားပါ ။ ပန်းငရုတ်ပွသီး..
ခရမ်းချဉ်သီး..တို့ ကို အတုံးလေးတွေလှီး ..ကြက်သွန်မြိတ်များများလေး ..
နံနံပင်တို့ ကိုသန့် စင်ရေစစ်ထားပါ ။ မိုးမျှော်ငရုတ်စိမ်းတောင့်အနည်းငယ်
...လှီးထားပါ ။ကြက်သွန်နီဥကြီး ၂ -ဥလောက်အခြမ်းခြမ်းပြီး အဖတ်တစ်လွှာချင်း
ခွာထားတာကို ပထမဆုံးဆီသတ်ပါ ။ ဆီသတ်တဲ့ထဲ ငရုတ်အရောင်တင်မှုန့် 
နဲနဲ မဆလာနည်းနည်းထည့်မွှေပါ ။ကြက်သွန်ဖတ်နွမ်းရုံမှာ ကြက်သားတုံးလေး
တွေထည့်ပါ ။သကြားလေး ပါလေရာလောက်ဖြူးပြီး လှိမ့်လို့ ကောင်းရုံရေလေး
တောက်ပေးပါ ။နူးအောင်ရေထည့်ဖို့ မလိုပါဘူး ။ရေထည့်ချက်ရင်စားမကောင်း
ပါဘူး ။ ကြက်နုရင် ၅မိနစ်လောက်ကြော်ရင် ရပါပြီ ။ငရုတ်ပွ..ခရမ်းချဉ်သီး
နဲ့ုငရုတ်စိမ်းတောင့်လေးတွေ အရင်ထည့်ပါ ။နွမ်းရင် ကြက်သွန်မြိတ် နံနံပင်ထည့်မွှေပြီး ချနိုင်ပါပြီ ။ပူပူလေးသုံးဆောင်မှ အရသာပိုရှိပါတယ် ။


ုဇွန်ခြောက် ငံပြာရည်ချက် ( အစို )
ကြက်သွန်နီတွေ ပါးပါးလှီး..ကြက်သွန်ဖြူတွေပါးပါးလှီး..ဆနွင်းမှုန့် ..အရောင်
တင်မှုန့် တို့ နဲ့ ကြာကြာဆီသတ်ပါတယ် ။နွမ်းပျော့အိလာရင် ရွှေဝါရောင်သန်းပြီး ကြွပ်မသွားအောင် ဗမာငံပြာရည်အနည်းငယ်ထည့်လိုက်ပါ ။အရည်ဓါတ်ပါလာ
တဲ့အတွက် နူးအိသွားပါမယ် ။ ရေလေးနဲနဲစိုရုံဖြန်း ဖြန်းပေးပါတယ် ။ မခြောက်
တခြောက် ရေ...ကျန်တုန်းမှာငရုတ်သီးအကြမ်းဖတ်မှုန့် ကိုထည့်ပါ ။
ငရုတ်သီးဖတ်ထည့်ချိန်မှန်မှ ငရုတ်ညှော်နံ့ မထွက်..အရသာလည်းမခါးမှာပါ ။
ငရုတ်သီးအကြမ်းဖတ်ဆီပြန်ပြီးကျက်ချိန်မှာ ပုဇွန်ခြောက်မှုန့် ..ဆား..သကြား
နဲနဲနဲ့ ဟင်းချိုမှုန့်  တို့ ကိုထည့်ပါ ။ရေလေးတောက်ပေးပြီး မခြောက်ပါစေနဲ့  ။
အပေါ့အငံမြည်းပြီး အငံလိုရင် ငံပြာရည်နဲနဲထပ်ထည့်ပါ ။ အချိန်ခနလေးပဲ
ကြာပါတယ် ။ အရမ်းလဲလွယ်ပါတယ် ။ ထမင်းလည်းမြိန်စေပါတယ် ။

ကိုရီးယားစတိုင်ချဉ်စပ်ထမင်းကြော်
ထမင်းကို ကိုရီးယားငရုတ်ချဉ်ရည် ချဉ်စပ်..
မုန်ညင်းထုပ်အရွက်ပါးပါးလှီး..ငရုတ်သီးစိမ်းပါးပါးလှီး..ကြက်သွန်နီတစ်ဥ
ခြမ်းပြီးအဖတ်ခွာ..မရိုးနီးစ်..ဆား..ကြက်သားမှုန့် ..ငရုတ်ကောင်းမှုန့်  တို့ နဲ့ 
နယ်ပါတယ် ။ Non-stick pan မှာ Vege oil ( သို့ ) Olive oil အပူပေးပါ ။
ဆီပူပူမှာ ကြက်ဥတစ်လုံးပွအောင်ခေါက်ကြော်မွှေပြီး ခုနထမင်းနယ်ထား
...တာတွေထည့်မွှေလိုက်ပါ ။ထမင်းကို အိုးမှာကပ်အောင်အပေါ်မျက်နှာပြင်ကို
ယောင်းမနဲ့ ဖိပြားပေးပါ ။ ကြာကြာထားပြီးထက်အောက်လှန်ပါ ။လှန်ပြီး
ရင်လည်းအိုးကပ်အောင်မျက်နှာပြင်ဖိပြားပေးပါ ။အချိန်ကြာအောင်ထား
ပေးရင် ထမင်းလေးက ကျွမ်းကျွမ်းလေးဖြစ်ပါမယ် ။ Non -stick မို့ 
မတူးကပ်ပါဘူး ။ ခြောက်လာရင် ပုံသွင်းခွက်လေးထဲထည့်ပြီးပန်းကန်မှာ
လှလှလေးမှောက်ချထည့်ပါ ။ ကြက်ကြော်..အမဲကြော်..၀က်အူချောင်းကြော် ..
အရွက်စိမ်း..နှစ်သက်ရာနဲ့ တွဲပြီးသုံးဆောင်ပါရှင် ။



ဝက်သားမျှစ်ချဉ် ။
ဝက်သုံးထပ်သားကိုအရွယ်တော်တုံးပါ ။ငရုတ်သီးပွ ကြက်သွန်ဖြူ-နီထောင်းထား
တဲ့အနှစ်..ဆား..ဟင်းချိုမှုန့် ..ဆနွင်း..ဂျင်းပါးပါးလှီး..ငပိစိမ်းစားအနည်းငယ်..
ထညက်တစ်လုံးထုခြေပြီး အားလုံးရောနယ် နာရီဝက်လောက်နှပ်ထားပါ ။
မျှစ်ချဉ်ကိုအနံ့ ပျောက်အောင်ရေများများနဲ့ တစ်ရေပြုတ် ဆူပွက်ရင်ရေသွန်ပါ ။
...၀က်သားနဲ့ မျှစ်ချဉ်ရောထည့်ပြီး Pressure cooker မှာ ရေသင့်ရုံချိန်ထည့်ပြီး
မီးပြင်းပြင်းနဲ့ ချက်ပါ ။အသံမြည်ချိန်ကနေ မိနစ် ၂၀ ဆိုရင် နူးပါပြီ ။အိုးချပြီး ရေလိုသလောက်ထပ်ထည့် အပေါ့အငံမြည်းပါ ။
ရိုးရိုးအိုးနဲ့ ချက်မယ်ဆိုရင်တော့ ၀က်သားနယ်ထားတာနဲ့ မျှစ်ချဉ်ရောပြီးရင်
ခြောက်အောင်လုံးချက်ပါ ။ဝက်သားကဆီထွက်ပြီးဆီပြန်လာရင် ရေကိုနဲနဲချင်း
နူးတဲ့အထိထည့်ချက်သွားပါ ။( ဟင်းရည်ကိုပြစ်နှစ်ပြီး အရသာပိုထူးစေချင်ရင်
လျှို့ ဝှက်ချက်ကတော့ ဆန် စတီးဇွန်း၁ဇွန်းစာလောက်ကို ဒယ်ပူပူမှာလှော်ပါ ။
မတူးပါစေနဲ့  ။ရွှေရောင်သန်းရင်ချပြီးငရုတ်ဆုံမှာ ညက်ညက်ထောင်း ..ရတဲ့
ဆန်လှော်မှုန့်ကို ၀က်သားနဲ့ မျှစ်ချဉ်ရောနယ်စဉ်မှာထည့်နယ်ပါ ။ဆန်လှော်မှုန့်
ပါရင် အိုးကပ်တတ်လို့ အိုးမကပ်အောင်ဟင်းအိုးနားက မခွာ..ကြည့်နေရပါမယ် ။
ဟင်းရည်ပိုပြစ်ပြီး အရသာပိုထူးပါတယ် ။)


မုန်ညင်းရွက်ဆီပြန်အစပ်ချက် ။
အရမ်းစားလို့ ကောင်းတဲ့ ဟင်းရံတစ်ပွဲပါ ။
မုန်ညင်းရွက်ကိုနှစ်ပိုင်းလောက်ပဲဖြတ်ပါတယ် ။ အရသာနဲ့ တော့မဆိုင်ပါဘူး..။
အမြင်လှအောင်ပါ ။ ငရုတ်သီးပွ ကြက်သွန်ဖြူ-နီထောင်းထားတာကိုဆီကြာကြာ
သတ်ပါ ။ခြောက်တောက်တောက်လေးမွှေးလာတဲ့အထိသတ်ပါ ။ခြောက်လာရင် ငပိစိမ်းစားအနည်းငယ် ရေဖျော်ထားတာကိုထည့်ပါ ။ပုဇွန်ခြောက်မှုန့် .....ဆား..
ဟင်းချိုမှုန့် ထည့်ပါ ။ စပ်စပ်လေးကြိုက်တဲ့သူဆိုရင် ငရုတ်သီးစိမ်းလေးတွေ
နဲနဲထုထည့်ပါ ။ပုဇွန်ခြောက်ကပ်မသွားအောင် ရေလေးနဲနဲချင်းတောက်ပေး
နိုင်ပါတယ် ။ အားလုံးကျက်ပြီးမွှေးနေမှ မုန်ညင်းရွက်တွေထည့်ပါ ။မုန်ညင်းရွက်
ကိုအသာအယာ ထက်အောက်လှန်ပေးပြီး နူးတဲ့ထိ ရေနဲနဲချင်းဖြန်းပေးရင်း
ချက်သွားပါ ။အရွက်နူးရင်ချလို့ ရပါပြီ ။


ပဲပြားမဆလာ ချဉ်စပ် ။
ပဲပြားလေးတွေကိုအနေတော်တုံးပါ ။ ကြက်သွန်ဖြူ-နီ-ငရုတ်ပွ ရောထောင်းပြီး
ဆီသတ်ပါ ။နဲနဲကျွမ်းပြီးမွှေးလာရင် မဆလာ..ပုဇွန်ြေုခာက်မှုန့်  နဲ့မန်ကျည်းရည်
လေး နဲနဲထည့်ပါ ။ ( စပ်ချင်ရင် ငရုတ်သီးစိမ်းထောင်းထည့်နိုင်ပါတယ် ) ဆီသတ်တာတွေကျက်ရင် ဗမာငံပြာရည် ဟင်းချိုမှုန့် သင့်ရုံထည့်ပါ ။ ပဲပြားနူးရုံ
ရေနည်းနည်းဖြန်းပေြး...ပီး ရှမ်းနံနံလေးအုပ်ပြီးချနိုင်ပါပြီ ။တခါတရံ နံနံပင်လည်း
အုပ်နိုင်ပါတယ် ။ သက်သတ်လွတ် ချက်ချင်ရင် ပုဇွန်ခြောက်မှုန့် မထည့်ပဲဆားနဲ့ 
ချက်လည်း စားကောင်းပါတယ် ။
( မိမိနှစ်သက်သလို ခရမ်းချဉ်သီးလည်းကြိုက်ရင်ထည့်ချက်နိုင်ပြီး ပဲပြားကို ပျော့ပျော့ကြိုက်ရင် အစိမ်းချက်..တင်းတင်းလေးကြိုက်ရင် ဆီပူလှိမ့်ပြီးချက်
..အမျိုးမျိုးတီထွင်ဖန်တီး ချက်နိုင်ပါတယ်ရှင် ။)


ပဲကြာဇံသုပ် ။
ပဲကြာဇံလေးကိုပြုတ်..အာလူးလေးပြုတ်ပြီးခြေ..ကြက်သွန်နီပါးပါးလှီး..ကြက်သွန်နီဆီချက် ..ပဲမှုန့်  ..ပုဇွန်ခြောက်မှုန့် ..ဟင်းချိုမှုန့် ..မန်ကျည်းရည်..
ဗမာငံပြာရည်..နံနံပင်ရိတ်ရိတ်လှီး..ငရုတ်သီးစိမ်းပါးပါးလှီး..ငရုတ်သီးမှုန့် 
အကျက်အနည်းငယ်..။အားလုံးကိုရောသုပ်လိုက်ရုံပါပဲ ။



ငါးကြင်းခေါင်း မျှစ်ချဉ် ချဉ်ရည် ။
ငါးကြင်းခေါင်းတွေကို ၂ ခြမ်း ခြမ်း..ပါးဟက်ထုတ်..ဆားရည်လေး ၁၀ မိနစ်
လောက်စိမ်ထားပါ ။မျှစ်ချဉ်နုနုလေးတွေကိုလည်း တစ်ဖတ်ချင်းခွာပြီး ရေနွေး
ပူပူ ၁၀ မိနစ်လောက်စိမ်ထားလိုက်ကပါ ။ငရုတ်ပွ ကြက်သွန်ဖြူ-နီထောင်းထား
တဲ့ အနှစ်ကိုဆီကြာကြာသတ်ပါ ။ဆနွင်းအနည်းငယ်နဲ့  ဂျင်းပါးပါးလှီးထည့်ပါ ။
...ဆီသေရင် ငပိစိမ်းစား အနည်းငယ်ကိုရေဖျော်ပြီးထည့်ပါ ။ ခြောက်လာရင်
မျှစ်ချဉ်ဖတ်တွေကိုအရင်ထည့်လုံးပါ ။မရှေးမနှောင်းမှာ ငါးခေါင်းတွေထည့်ပါ ။
ကြာကြာမွှေပြီးလုံးနေပါဦး ။ ခြောက်လာမှ ရေကိုနဲနဲလေးအရင်စ ထည့်ပါ ။
ကြာကြာဆူပွက်ပါစေ ။ဆား ဟင်းချိုမှုန့် ထည့်ပါ ။ ပန်းပွင့် ဘိုစားပဲ ရှောက်ရွက်
ထည့်ပါ ။ ( ပဲပြား ဘဲသွေး ငုံးဥ ..စသဖြင့်ထည့်နိုင်ပါတယ် )ရေလိုသလောက်
ရောပြီး အပေါ့အငံမြည်း ဗမာငံပြာရည်ထည့်ပါ ။ သကြားအနည်းငယ်မျှထည့်ပါ။
ဆူရင် နံနံပင်အုပ်ပြီးချနိုင်ပါပြီ ။



ငါးဖယ် + ပုဇွန် ပြောင်းဖူးကပ်ကြော် ။
ငါးဖယ်ကို ရျင်း ကြက်သွန်ဖြူနဲ့ တင်းတင်းလေးနေအောင်ထောင်းပါတယ် ။
ပုဇွန်အနေတော်ရွယ်လေးတွေကို ခေါင်းအမြီး အခွံအားလုံးချွှတ်ပြီးဒါးနဲ့ 
တောက်တောက်စင်းပါတယ် ။ ငရုတ်သီးစိမ်းအနည်းငယ် ..ရှောက်ရွက်
အနည်းငယ် ..မုန်ညင်းထုပ်( နဲနဲပါပဲ ) အားလုံးကြေမွအောင်တောက်တောက်
...စင်းပါတယ် ။ ပြောင်းဖူးအဖူးလိုက်ကိုပါးပါးလေးလှီးပါတယ် ။ အားလုံးကိုရော..
ဆား ..ဆနွင်းမှုန့် ..အရောင်တင်မှုန့်  ..ဟင်းချိုမှုန့် ..သကြားအနည်းငယ် ..
ကော်မှုန် (စေးတွဲတဲ့အထိလိုသလောက် ) ..တို့ နဲ့ ရောနယ်ပါတယ် ။ဆီလေး
ဆွတ်ပြီး အလုံးလုံးတဲ့အခါ သိပ်ဖေါင်းပြီးလုံးရင် အတွင်းသားကျက်မလွယ်လို့ 
အနေတော်ရုံဖေါင်းပါစေ ။ မီးအေးအေးလေးမှာ ကြာကြာလေးကြော်ပေးပါ ။
မွှေးပျံ့ ပြီး အရသာရှိလှပါတယ် ။

ပဲပင်ပေါက် ပဲပြားသုပ် ။
ပဲပြားလေးတွေ ပါးပါးလှီး .. ဆား ဟင်းချိုမှုန့် နဲ့ ဖြည်းဖြည်းနယ်ပြီး အပေါ်ယံ
တင်းရုံကြော်ပါ ။မမာပါစေနဲ့ ။ပဲပင်ပေါက်လေးတွေကိုလည်း ခပ်စိမ်းစိမ်းပဲ
ရေနွေးဖျောထားပါ ။ ပဲပြား ... ပဲပင်ပေါက်..ကြက်သွန်နီပါးပါးလှီး ..
နံနံပင်နဲ့ ငရုတ်သီးစိမ်း ပါးပါးလှီး ..ကြက်သွန်နီဆီချက် ..မန်ကျည်းရည် ..
...ပုဇွန်ခြောက်မှုန့်  ..ဗမာငံပြာရည် ..ဟင်းချိုမှုန့် ..ငရုတ်သီးမှုန့် နဲနဲ ..
အားလုံးကိုဖွဖွရောနယ်ပါ ။ အရမ်းကောင်း..ထမင်းမြိန် ..ချဉ်ငံစပ် အသုပ်
လေးပါ ။

ပုဇွန် + ပဲပြားဆီပြန် ။
ငရုတ်သီး ကြက်သွန်ဖြူ-နီထောင်းထားတာကို မဆလာလေးနဲ့ ဆီသတ်ပါတယ် ။
ဆီသေရင် ငပိစိမ်းစားနဲနဲလေးရေဖျော်ထည့်ပါ ။ များရင် နံပါမယ် ။
ပဲပြားခပ်သေးသေးတုံးထားတာလေးတွေထည့်ပြီးချက်ပါ ။ဆား ဟင်း
ချိုမှုန့် ထည့်ပါ ။ပဲပြားကျက်ရင် ခရမ်းချဉ်သီးစိတ်ထားတာလေးထည့်မွှေပါ ။ ခရမ်းချဉ်သီးနဲနဲနွမ်းရင် ပုဇွန်ထည့်ပါ ။ သကြားလေး ( နဲန...ဲကလေးမျှသာ )
ထည့်မွှေပေးပါ ။ပုဇွန်ကချက်ချင်းကျက်တာမို့  ပင်စိမ်းရွက်လေးအုပ်ပြီးချပါ ။

ဂဏန်းပျော့ မဆလာ..။
ဂဏန်းပျော့ကို အခွံပျော့လေးအသာဖယ်ပြီး အောက်ကသန့် ရှင်းစရာရှိတာ
သန့် ရှင်းဖယ်ရှားပြီး အခွံလေးကိုပြန်အုပ်ထားပါတယ် ။ ကြက်သွန်ဖြူ-နီ
ငရုတ်သီးထောင်းထားတာရယ် ဆနွင်းမှုန့် အနည်းငယ်ရယ် ဆီကြာကြာသတ်ပါ ။
ဆီသတ်တဲ့ထဲ မဆလာနဲ့ မန်ကျည်းရည်အနည်းငယ်ထည့်ပါမယ် ။ဆီသေရင်
...ငရုတ်သီးစိမ်း နဲ့ ပျဉ်းတော်သိမ်ရွက် ထည့်ပါ ။ မွှေးလာပါမယ် ။ဂဏန်းပျော့တွေ
ထည့်ပါ ။ ဆား..ဟင်းချိုမှုန့် ..ထည့် ။ရေအနည်းငယ်ထည့် ..ခနပေးဆူထားပြီး ဂဏန်းကျက်ပြီဆိုရင် ရှောက်ရွက်လေးအနည်းငယ်အုပ်ပြီးချပါမယ် ။

Monday, October 11, 2010

ငွေရှိတိုင်းမဖြစ်နိုင်သောအရာများ

လောကမှာငွေရှိရင် ဘာမဆိုဖြစ်တယ်လို့
ထင်နေကြသူတွေအတွက်…
အောက်ကအချက်(၂၀)ကို ဖတ်ကြည့်ပေးပါ…………။

1. ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊ စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။
2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။
3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်း ဝယ်နိုင်လိမ့်မယ်၊ မေတ္တာတရား (Love) ကို ဝယ်လို့မရဘူး။
4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကို မင်းဝယ်လို့ရလိမ့်မယ်၊ ကျန်းမာခြင်း (Health) ကို
ဝယ်လို့မရဘူး။
5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကို မင်းဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကို
ဝယ်လို့မရဘူး။
6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကို မင်းဝယ်လို့ရလိမ့်မယ်၊ ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home) ကို ဝယ်လို့မရဘူး။
7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကို မင်းဝယ်နိုင်လိမ့်မယ်၊ ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကို

ဝယ်လို့မရဘူး။
8. ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတစ်နေရာ (Position) ကို မင်းဝယ်လို့ရလိမ့်မယ်၊ လေးစားမှု (Respect) ကို
ဝယ်လို့မရဘူး။
9. ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter) ကို မင်းဝယ်လို့ရလိမ့်မယ်၊ လှပ တင့်တယ်မှု (Beauty)
ကို ဝယ်လို့မရဘူး။
10. ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ အချိန် (Time) ကို ဝယ်လို့မရဘူး။
11. ပိုက်ဆံပေးပြီး ဂြိုဟ်တုတစ်လုံး (Satellite) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ နည်းပညာ (Technique) ကို ဝယ်လို့မရဘူး။
12. ငွေကြောင့် အသိအကျွမ်းတွေ အများကြီး (Acquaintances) မင်း ဖန်တီးနိုင်လိမ့်မယ်၊ မိတ်ဆွေစစ်တွေ (Friends) ကို
ဝယ်လို့မရဘူး။
13. ငွေကြောင့် အချွေအရံတွေ အများကြီး (Servant) မင်း ထားနိုင်လိမ့်မယ်။ သစ္စာရှိမှု (Faithfulness) ကို
ဝယ်လို့မရဘူး။
14. အနားယူချိန်တွေ၊ အားလပ်ချိန်တွေ (Leisure) ကို မင်း ဝယ်လို့ရချင် ရလိမ့်မယ်။ ငြိမ်းချမ်းခြင်း (Peace) ကို

ဝယ်လို့မရဘူး။
15. အဖြစ်ပျက် ဟောင်းတွေကိုသတိမရအောင် ခေတ်သစ် တစ်ခု (New Age) ကို မင်း ဝယ်နိုင်လိမ့်မယ်၊ လုံးဝ မေ့ပျောက်ခြင်း (forgets) ကို ဝယ်လို့မရဘူး။

16. ငွေပုံပေးပြီး လူသတ်ခိုင်းလို့ရတယ်၊ အသက်တစ်ချောင်းကို ငွေပုံပေးပြီး ပြန်ရှင်အောင်လုပ်လို့မရဘူး။
17. ငွေပုံပေးပြီး အရှက်ကွဲအောင် လုပ်လို့ရတယ်၊ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားပြီးရင်တော့ ငွေပုံပေးပြီး
သိက္ခာဆည်လို့မရဘူး။
18. ငွေပုံပေးပြီး မလုပ်ဖြစ်အောင် မင်း တားနိုင်လိမ့်မယ်၊ လုပ်ပြီးသွားရင်တော့ ပကတိအတိုင်းဖြစ်အောင်
ပြန်ကာလို့မရဘူး။
19. ငွေပုံပေးပြီး အကောင်းပြောခိုင်းလို့ ရလိမ့်မယ်၊ အကောင်းမြင်ခိုင်းလို့မရဘူး။

20. လောကတွင် ငွေရလျှင် ဘာမဆိုလုပ်မည်၊ အရာအားလုံး ရင်းနိုင်သည်ဟူသောသူ နှစ်မျိုးသာရှိတယ်။
(1) တစ်မျိုးမှာ မွေးကတည်းက သူများသုံးသလို မသုံးရပဲ သူများသုံးသလို
သုံးချင်သူ။

(2) အသိပညာ နှင့် အတတ်ပညာ နည်းပါးပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားချင်သူ။

တို့သာဖြစ်သည်။
ဖတ်မိ မှတ်မိသမျှ

အသုံးဝင်မယ့်အရာလေးတွေပါ

၁။ ပုရွက်ဆိတ်တွေ တက်နေပါသလား။

ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။ ထို့အတွက် ပုရွက်ဆိတ်များလာလျှင် သူတို့လမ်းကြောင်းတွင် သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည်
ကြိမ်ဆဲကာ အဝေးသို့ထွက်ပြေးသွားပါလိမ့်မည် (လို့ပြောပါသည်)။

၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။

ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ (တဲ့)။ ဆိုလိုသည်မှာ ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။

၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။


မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ (တဲ့)။

၎။ အင်္ကျီမှာ ပီကေတွေပေလာလို့ ကလေးကို ရိုက်မလို့လား။

မရိုက်ပါနဲ့ဗျာ။ အဲဒီအင်္ကျီကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ပစ်ထည့်ထားလိုက်ပါ။ အိုကေမှာ စိုပြေသွားပါလိမ့်မယ် (တဲ့)။

၅။ အစ်ကိုတို့ရဲ့ ရှပ်အင်္ကျီအဖြူလေးတွေကို ဖြူဖွေးတောက်ပြောင်သွားစေလိုပါသလား။

အင်္ကျီ ကို သံပုရာသီးခြမ်းနဲ့အတူ ရေပူထဲမှာ ၁၀ မိနစ်လောက် စိမ်ပါ။ (သူတို့ရေးတဲ့အတိုင်း ပြန်ရေးပြတာပါ။ ကျွန်တော်တစ်ခါမှတောင် မစမ်းဖူးပါဘူး။
အင်္ကျီကို သံပုရာသီးကဟာတွေ စွမ်းကုန်ရင် ကျွန်တော့်ကို မေတ္တာမပို့ဘဲ
မူရင်းရေးတဲ့သူကိုပို့ပါလို့၊ အဟိ။ သြော်၊ စမ်းကြည့်ပြီး တကယ်ဟုတ်တယ်
ဆိုရင်လဲ လက်တို့လိုက်ပါဦးနော်။)

၆။ သံပုရာသီးထဲက အရည်တွေကို အကုန်ညှစ်ထုတ်လိုပါသလား။


သံပုရာသီးတွေကို ရေနွေးနဲ့ တစ်နာရီကြာစိမ်ပြီးမှ ညှစ်ပါ (တဲ့)။

၇။ ဂေါ်ဖီထုပ်ကြော်ရင် အနံ့မနံအောင် -

ကြော်နေတုံး အိုးထဲကို ပေါင်မုံ့လေးတစ်ဖဲ့ ပစ်ထည့်လိုက်ပါ (တဲ့)။

၈။ ကြက်သွန်လှီးရင် မငိုရအောင် -

ပီကေ၀ါးပါ (လို့ပြောတာပဲ)။ (မှတ်ချက်။ စင်ကာပူတွင် ပီကေမ၀ါးရန် ဥပဒေဖြင့် တားမြစ်ထားပါ၏။)

၉။ အာလူးပြုတ်တာ အမြန်နူးချင်ရင် -

အားလူးတစ်ခြမ်း(တစ်လုံးလုံး မဟုတ်) ကို အခွံနွှာပြီးမှ ပြုတ်ပါ (တဲ့)။

၁၀။ ရှပ်အင်္ကျီမှာ မင်တွေစွန်းလာလို့ ယောက်ျား (ယောင်္ကျား လို့ မရေးလိုက်ပါနဲ့။ ဟိုယောင်ယောင် ဒီယောင်ယောင်၊ ယောင်ခြောက်ဆယ်တွေ ဖြစ်ကုန်ပါ့မယ်။) ကို ရန်မလုပ်ပါနဲ့။
အလွယ်လေးပါ။


မင် (“မှင်” မဟုတ်ပါ။) စွန်းသောနေရာကို သွားတိုက်ဆေးဖြင့် ကျကျနန ပွတ်ပေးပါ။ နောက်ပြီး သွားတိုက်ဆေး လုံးဝ ခြောက်သွားပြီ ဆိုမှ ပွတ်လျှော်ပါ (တဲ့)။

၁၁။ ကစွန်းဥပြုတ် အခွံနွှာရတာ ခက်နေပါသလား။

ပြုတ်ပြီးပြီးချင်း ရေအေးနဲ့ ချက်ခြင်း စိမ်ပါ (တဲ့)။

၁၂။ ကြွက်တွေလာလို့ စိတ်ညစ်နေပါသလား။


သူတို့လာမဲ့လမ်းမှာ ငြုပ်ကောင်းမှုံ့ ဖြူးထားပါ (တဲ့)။

(သတိတော့ထားပေါ့။ တော်ကြာ ကြွက်တွေအစား ကိုယ်အရင် နှာတွေ တဖြီးဖြီး ချေနေမှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။)

ရုပ်လှစရာမလို အနေလှဖို့သာလိုသည်

မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့
ရှင်သန်သင့်တယ်။
ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့
အပြုအမူ၊
သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့
နှလုံးသားတစ်စုံရှိတဲ့
မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။
ဘ၀မှာ
လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ်တစ်ခုကို
ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို
မစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ဘူး။

တချို့က မိန်းကလေးတွေဟာ "တောင်တန်း"ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။
တချို့က မိန်းကလေးတွေဟာ "ရေ" ပါတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။

မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။
မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ
နားခိုခွင့်ပေးတယ်။
မိန်းမကောင်းဆိုတာ အရက်ဖြစ်တယ်။ မွှေးကြိုင်ခြင်းနဲ့ ပြည့်စုံတယ်။
မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။
မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။
မိန်းမကောင်းဆိုတာ ရူခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။

မိန်းမကောင်းဆိုတိုင်း ရုပ်ရှည်လှပနေမှ မဟုတ်ဘူး။ ဖြူစင်ရိုးသားတဲ့စိတ်
ရှိတယ်။ ကျော်ကြားခြင်းနဲ့
ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ
ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊
လုပ်သင့်တာကို ဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့
ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး
အပြုံးမပျက်သူဖြစ်တယ်။

ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းတစ်ပွင့်ဖြစ်တယ်။
ဘယ်သူတစ်ဦးတစ်ယောက်ကမှ
အဲဒီပန်းဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြဘူး။ မိန်းမကောင်းဆိုတာ မိခင်ကောင်း၊
ဇနီးကောင်းတစ်ဦးဖြစ်တယ်။
မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းဖြစ်တယ်။ မိန်းမကောင်းတွေဟာ
ကိုယ့်ဘ၀ခရီးတစ်လျောက်ကို ပန်းတစ်ပွင့်ရဲ့
ကြန်အင်လက္ခဏာတွေနဲ့ ပြည့်စုံစေတယ်။

မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။
ရိုးသားကြင်နာခြင်းဟာ
သာမန်မိန်းကလေးတစ်ဦးကို ပိုလှပစေတယ်။ ပိုနှစ်လိုစေတယ်။ ကိုယ့်ကိုယ်တိုင်ကို
ချစ်ခင်နှစ်သက်မယ်၊
ဆွေမျိုးသားချင်းတွေကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊
သက်ရှိအားလုံး
လောကမှာ ချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။ နှလုံးသားထဲ
ချစ်ခြင်းမေတ္တာရှိတဲ့
မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊
ကြင်နာတဲ့
အရိပ်တွေကို တွေ့နိုင်တယ်။ လင်းလက်တဲ့အပြုံးကို တွေ့မြင်နိုင်တယ်။

မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုးမဟုတ်ဘူး။ သူတစ်ပါး
တန်ဆာဆင်မှ
လှပတာမဟုတ်ဘူး။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊
ပျော့ညံ့သူမဟုတ်ဘူး။ ယောက်ျားတွေကို
မှီခိုသူမဟုတ်ဘူး။ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့တယ်။ ဧ၀ကိုလည်း
ဖန်ဆင်းခဲ့တာဟာ ယောက်ျားသားတွေနဲ့အတူ
ဒီလောကကို ကူညီထမ်းပိုးဖို့ဖြစ်တယ်။ မိန်းကလေးတိုင်း ထူးချွန်ထက်မြက်မှာ
မဟုတ်ဘူး။ ထင်ရှားမှာမဟုတ်ဘူး။
ဒါပေမဲ့ ရိုးရှင်းတဲ့ဘ၀မှာ သမီးက သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်က
မိခင်ဝတ္တရားနဲ့
ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီး
နားလည်မှုနဲ့ လေးစားမှုကို
အောင်နိုင်ရယူသူတွေဖြစ်တယ်။

မွေးဖွားရာဒေသကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။
မွေးရာပါရုပ်ရှည်လှပဖို့လည်း ကျွန်မတို့
မစွမ်းသာခဲ့ဘူး။ ဆင်းရဲသားမိသားစု၊ ချမ်းသာတဲ့မိသားစုမှာ
မွေးဖွားနိုင်ဖို့လည်း ကျွန်မတို့
ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ ရုပ်ရှည်မလှပလို့၊ မချမ်းသာလို့ ကျွန်မတို့
သိမ်ငယ်စရာမလိုဘူး။
စိတ်လှဖို့ကိုတော့ ကျွန်မတို့ကိုယ်တိုင် ဖမ်းဆုပ်နိုင်ပါတယ်။

တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ၀တာနဲ့မဆိုင်ဘူး။ မျက်နှာပေါက်
လှတယ်၊ မလှဘူးနဲ့
မဆိုင်ဘူး။ သဘာဝနဲ့ဆိုင်တယ်။ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။
ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုးတယ်၊ ၀တယ်၊
ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ခက်ပေမယ့် တကယ့်စိတ်ထဲကဖြစ်လာတဲ့
နှစ်လို့ဖွယ်အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊
ကျင့်ကြံနိုင်ပါတယ်။

(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလို
ကြည်လင်ဝင်းပတယ်။

(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်းထဲမှာ
စစ်မှန်တဲ့
ရိုးသားမှုတွေရှိတယ်။

(၃) စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေဟာ
ပန်းလေးတစ်ပွင့်နဲ့တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။

(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ်ကိုဆောင်တယ်။
ရည်မွန်ကျော့ရှင်းတယ်။

(၅) စိတ်ကြီးမ၀င်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို
အေးမြတယ်။

(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့
ပေးဆပ်တဲ့မိခင်လို
မေတ္တာရောင်ခြည်မျိုး ထွန်းတောက်တယ်။ ညှာတာကြင်နာတယ်။

(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရောကိုယ်ပါ
ကျန်းမာတယ်။

(၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ
အသားအရည်ဝင်းပပြီး တည်ကြည်တယ်။
လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ပြည့်လို့နေပါတယ်။

မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘ၀ကိုတော့ လှလှပပ
ရှင်သန်နေထိုင်သင့်တယ်။
ဖတ်မိသမျှ မှတ်မိသမျှ

Monday, September 13, 2010

ရေခဲမုန့်ကြော် လုပ်နည်း

ရေခဲ့မုန့်ကြော်လုပ်နည်းက မသိရင်သာခက်တယ်ထင်တာပါ ..တကယ့်ကိုလွယ်လွယ်လေး...
အဲ့...မြန်မြန် လုပ်တတ်ဖို့ပဲလိုပါတယ်

ရေခဲမုန့်ကြော် လုပ်ရန်အတွက် လိုအပ်သောပစ္စည်းများ

ခဲနေတဲ့ ရေခဲမုန့်
ကိတ်မုန့် တလုံး
ကြက်ဥ
အုန်းသီးမှုန့်

ပြင်ဆင်ခြင်း
အုန်းမုန့်ကို ပန်းကန်ထဲထည့်ထားပါ.
ကြက်ဥကို ပွပွလေးခေါက်ထားပါ
ကိတ် ကို ပါးနိုင် သမျှ ပါးပါးလေး လှီးပါ.

လုပ်နည်း
ရေခဲမုန့်ကို ရေခဲမုန့်ခပ်ခွက်နဲ့ အလုံးလေးရအောင် ခပ်ပါ
ကိတ်မုန့်နဲ့ ရေခဲမုန့်ကိုလုံးပါ (ရေခဲမုန့်ကို ဌာပနာထားပြီး ကိတ်မုန့်နဲ့အုပ်တာပါ)
ပြီးရင် ကြက်ဥသုတ်ပါ.
နောက်ဆုံး အုန်းမှုန့်ကပ်ပါ
ရေခဲမုန့်လုံးရတာနဲ့ ရေခဲသေတ္တာထဲမှာ ပြန်ခဲထားပါ.



ကြော်နည်း
ခဲနေတဲ့ ရေခဲမုန့်မုန့်လုံးကို ယူပါ.
ကျက်ကျက်ဆူနေတဲ့ ဆီ ပူထဲကို deep fried ( ဆီ များများထဲ နှစ်ကြော်နည်း)နဲ့ကြော်ပါ
မို့ (၅)မိနစ်တောင်မကြာပါဘူး ရွေ အိုရောင်သန်းလာပါမယ်
ရွေ အိုရောင်သန်းလာတာနဲ့ ဆယ်ပြီး အလှခွက်နဲ့ထည့်
အလှဆင်ဖို့ အေ၇ာင်နဲ့ ယို တမျိုးကို ဆမ်း.အပေါ်မှာ ပူစီနံလေးတခက် စတော်ဘယ်ရီလေး တင်ပြီး
အသင့် စားသုံးနိုင်ပါပြီ.

ချစ်ခြင်းပုံပြင်(၆)

ဒီ ချစ်ခြင်းပုံပြင်လေးကတော့တကယ့်အဖြစ်လေးပါ..

သူမကျောင်းလှေကားတွေအတိုင်း အပြေးလေးတက်နေခဲ့ပါသည်.အသက်အရွယ်အရ ဇရာရဲ့ဖိစီးမှုက ယခင်လို မသွက်လက်နိုင်တော့ပါ.
အရာရာပြောင်းလဲခဲ့ပါပြီ.ကျောင်းအဆောက်အဦးတွေသည် ယခင်လို အားမာန်အပြည့်နဲ့ ရှိနေခြင်းထက်
သစ်လွင်သော နုပျိုသော အသွင်သစ် အမြင်သစ်ဖြစ်နေခဲ့လေပြီ... နှစ်(၄၀)ကျော်ကြာခဲ့ပြီပဲ..ခေတ်တွေစနစ်တွေပြောင်းခဲ့ပြီးလေပြီ..အရာရာသည်အသစ်ဖြစ်နေလေပြီ...

သူမမှာအသစ်တွေ ကြားက အဟောင်းရဲ့ အငွေ့အသက်တွေကို ပြန်လည်ဖွေရှာရင်း...
လွန်လေပြီးသော အတိတ်ကာလကို ပြန်ပြောင်းအောင်းမေ့နေမိသည်.
သူနဲ့အတူ သူမ ဒီကျောင်းတော်ကြီးမှာ အတူတူ စာသင်ခဲ့ဖူးသည်.မတူညီတဲ့ ခံယူချက်တွေအတွက် အပြင်းအထန်ငြင်းခုန်ခဲ့ဖူးသည်
တက်ကြွတဲ့ လူငယ်တွေပီသစွာ မတူညီတဲ့ ခံယူချက်တွေသဘောထားတွေအတွက် ကွဲလွဲခဲ့ဖူးသည်.
သူနဲ့သူမ အကြား လူတန်းစားမတူညီမှုဆိုတဲ့ စကားလုံးက စည်းခြားစေခဲ့သည်.
ကျောင်းတော်ထဲမှာ သူနဲ့ သူမ အတူပျော်ခဲ့ဖူးသည်.ငိုခဲ့ဖူးသည်.သဘောထားကွဲလွဲခဲ့သည်.
ဘယ်လိုပဲ အမြင်တွေကွဲကွဲ အလွှာတွေခြားခြား ခံယူချက်တွေဆန့်ကျင်ငြားလဲ သူ့ကိုသူမအလွန်ချစ်ခဲ့သည်.
သူကလဲသူမကိုနားလည်ခဲ့သည်.သည်းခံခွင့်လွတ်ခဲ့သည်ပဲလေ..မတူညီမှုတွေကြားမှာ အတူတူ မခွဲအတူ ရှိပါမည်ဆိုတဲ့
သူတို့နှစ်ဦးရဲ့ ဆန္ဒတစုံကို ထိုင်ဝမ်နဲ့ ပြည်မကြီး နှစ်ခြမ်းကွဲခြင်းက ဖျက်ခြွေခဲ့သည်ပဲလေ...

သူမ မိသားစုနဲ့အတူ ထိုင်ဝမ်ကိုပါသွားခဲ့သည့်ထိုနေ့ရက်ထဲက သူနဲ့ ကွဲကွာခဲ့သည်.ခုအချိန် ..နှစ်(၄၀)ကျော် ကြာတဲ့တနေ့
သူနဲ့ဆုံခဲ့ရာ ဒီနေရာကို သူမပြန်ခြေချခဲ့လေပြီ..တသက်တာမှာပြန်မရောက်နိုင်တော့ဘူး ထင်ထားခဲ့သော သူမရဲ့ အမှတ်တရနေရာ
လေးကို ပြန်ရောက်ခွင့် ရခဲ့လေပြီ.သူမဖြတ်သန်းခဲ့သော နှစ်(၄၀)အတွင်း အကိုတွေအမတွေက မွေးသော သားတွေမြေးတွေ ကို စောင့်ရှောက်ရင်း တကိုယ်တည်း အပျိုကြီးဖြစ်နေခဲ့သည်.သူမကို အထီးကျန်တဲ့ ခပ်ကြောင်ကြောင်လို့အမျိုးတွေကထင်ခဲ့ကြသည်.
သူမအထီးကျန်မဆန်ခဲ့ပါ.သူမရင်ထဲမှာ သူတယောက်က အမြဲရှင်သန်နေခဲ့သည်.အမြဲအဖော်ပြုပေးနေခဲ့သည်.

သူနဲ့အတူ ပျော်ခဲ့ဖူးသော ကျောင်းတော်အနှံ့ လျှောက်ကြည့်နေရင်း သူ့အကြောင်းစဉ်းစားနေမိသည်.သူ့ကိုသတိရနေမိသည်
နှစ်(၄၀)ကြာခဲ့ပြီပဲ...
ဒီ အချိန် သူမှ အသက်ရှင်ရက် ရှိနေသေးရဲ့လား
အသက်ရှင်နေခဲ့ရင်ကော ကျန်းကျန်းမာမာရှိရဲ့လား..ဇရာတွေထောင်းတဲ့ အရွယ်ရောက်နေပြီလေ..
သူနဲ့ကွဲကွာနေခဲ့သော အချိန်အတွင်းမှာ အိမ်ထောင်ရက်သားကျလို့ မြေးတွေတောင်ရရောပေါ့လေ..
သူသာပျော်ပျော်ရွင်ရွင်နဲ့ ဘ၀ကိုဖြတ်သန်းနိုင်မယ်ဆိုရင် ကိုယ်ကျေနပ်ပါတယ်...ဒီလိုအတွေးမျိုးဆုံနဲ့ လျှောက်လာရင်း
သူ့ကိုအဖြေပေးခဲ့ရာနေရာ..ကျောင်း ဥယျာဉ်နားရောက်ခဲ့လေပြီ..
အို..လှလိုက်တာ.. သူမအလွန်ကြိုက်သော ပန်းတွေ ..တခင်းပြီးတခင်း ကြည့်နေရင်း ကြည်နူးမိသည်.
ပျော်ရွင်မိသည်. ဒီကျောင်းရဲ့ ဥယျာဉ်မှူးကို သိချင်လာသည်..ဟုတ်တယ် ..သူမ က ပန်းမကြိုက်တတ်သော မိန်းကလေးတယောက်..ခု ဒီပန်းမျိုးကလွဲရင်ပေါ့..သူမကြိုက်သော တမျိုးတည်းသောပန်း..မွှေးရနံ့ ကိုအားပါးတရ
ရှုရှိုက်ရင်း ဖြတ်သွားသော ကျောင်းသူမလေးကိုမေးမိတယ်

”သမီးလေး..ကျောင်းဥယျာဉ်မှူးကို သိလား.အဖွားသူနဲ့ တွေ့ချင်လို့ .သူဘယ်နားမှာရှိတတ်လဲ”

”ကျောင်းဥယျာဉ်ရဲ့ ဟိုဖက်ခြမ်းမှာရှိတတ်တယ် အဖွား..အဖွားတို့အရွယ် အဖိုးတယောက်ပဲ.အဲ့အဖိုးက လူတမျိုး အဖွားရဲ့
အသက်ကြီးပြီမို့ မလုပ်ဖို့ ကျောင်းအုပ်ကြီးကပြောလဲ ..လခ မပေးရင်နေပါ.ဒီ ကျောင်းမှာ ဥယျာဉ်မှူးအဖြစ်နဲ့ သူ အလုပ်လုပ်နိုင်သရွေ့ လုပ်ခွင့်ပေးပါ ဆိုပြီး ဆက်လုပ်နေတာပဲ.ကျောင်းထဲက တခြားနေရာတွေထက် ဒီ နေရာလေးကို ပဲ
ပိုပြီးဂရုစိုက်တတ်တယ် နောက် ဒီနေရာမှာ ဒီ ပန်းတမျိုးပဲစိုက်တယ် တခြားပန်းစိုက်ဖို့ ဘယ်သူကပြောပြောလက်မခံဘူးလေ..
အဖွားတွေ့ချင်ရင် ဟိုဖက်ခြမ်းသွားလိုက်ပါ”

ကျောင်းသူမလေး အဖြေ အပြီးသူမစိတ်ထဲ မျှော်လင့်ချက် တခုလင်းလက်သွားခဲ့သည်.
သူများဖြစ်နေမလား ..
လျှင်မြန်ခြင်းများစွာနဲ့ အတူ ပန်းခြံလေးရဲ့ တခြားတဖက်ခြမ်းကို သူမရောက်ရှိခဲ့ပြီ..ပန်းပင်တွေကြား အဖိုးအိုတဦးရေလောင်းနေသည်ကို သူမမြင်ရလေပြီ..အနီးနားပြေးသွားမိသည်.ဟုတ်တယ် သူမှ သူပါပဲ
သူမှသူပါ ..သို့သော် အရင်လို ဖျတ်လတ်တက်ကြွသော ဟန်ပန်များမရှိတော့ချေ
သူမ သူရှေ့ တွင် ခြေစုံရပ်ရင်း သူ့ကို မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့်ငေးကြည့်နေမိသည်.
ပြောစရာစကားအစ၇ှာမရပါ. သူ သူမကိုမော့ကြည့်သည်.
ပထမ မမှတ်မိ..နောက် အံ့သြမှုတွေနဲ့မျက်ဝန်းတစုံ..
နောက်.. ပါးစပ်ကလဲ ”မင်းပြန်လာပြီနော်..မင်းပြန်လာတဲ့အခါ မင်းကို လက်ဆောင်ပေးရအောင် မင်းကြိုက်တဲ့ပန်းတွေကို စိုက်ရင်း မင်းကိုစောင့်နေခဲ့တာ..ငါ့အိမ်မက်တွေတကယ် ဖြစ်လာခဲ့ပြီ” ဒီ တခွန်းကိုသာ အထပ်ထပ်ပြောရင်း သူမကိုဖက်ပြီး သူရှိုက်ကြီးတငင်ငိုလေပြီ..
သူသည်လဲ သူမပြန်အလာကို နှစ်(၄၀)ကျော် ကြာစောင့်နေခဲ့သည်.သူမမျက်ဝန်းမှာလဲ မျက်ရည်တွေနဲ့ပါ.

သူမရင်ထဲမှာလဲ သူအတွက် စကားတခွန်းကို ထပ်တလဲလဲ ပြောနေမိတယ် .”ဒီတခါတော့ ငါတို့ ဘယ်တော့မှ မခွဲတော့ဘူး .ငါတို့ သေသည့်တိုင် အတူတူ တယောက်ကိုတယောက် ဖေးမကြင်နာရင်း ဘ၀ရဲ့နောက်ဆုံးအချိန်တွေကို အတူတူဖြတ်သန်းကြမယ်”

<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3<3


တရုတ်ပြည်နဲ့ ထိုင်ဝမ်နဲ့ နှစ်ခြမ်းမကွဲခင်တခေတ်တခါက တရုတ်ပြည်က အဖိုးနဲ့အဖွားရဲ့ တကယ့်အချစ်စစ် အချစ်မှန်
ဖြစ်ရပ်ကလေးပါ. နှစ်(၄၀)ကျော်ကြာ ကံအကြောင်းမလှလို့ ကွဲကွာခဲ့လဲ တစ်ယောက်ကိုတယောက် သစ္စမပြယ် မေတ္တာမဖယ်ပဲ
ချစ်လျှက်ပါပဲ..
အချိန်/နေရာ ဝေးကွာခြင်းသည် မှတ်ကျောက်တင် မခံနိုင်သော အချစ်များစွာကို အဆုံးသတ်ပေးပြီး စစ်မှန်သည့် အချစ်တို့ကိုမူ ခိုင်မာရင့်ကျက် လေးနက်စေလေသည် ဆိုတဲ့ စကားလေးကို သူတို့နှစ်ဦးကသက်သေပြလိုက်တာပါပဲ
ကဲ..ဒါဆို အခြေအနေအရ ခွဲခွာနေကြရတဲ့ သူငယ်ချင်း စုံတွဲတွေရေ..
ဒီ တရုတ်အဖိုးနဲ့ အဖွားလို ချစ်နိုင်ကြပါစေလို့ တောင်းဆုပြုရင်း
ဝင်းသု

ချစ်ခြင်းပုံပြင်(၅)

ကျွန်မက ချောကလက် ကြိုက်သူ ဖြစ်တယ်။ ချောကလက် အဖြူ၊ ချောကလက် အမည်း၊ အမွှေးအကြိုင်တွေ ရောထားတဲ့ ချောကလက်၊ အစာသွပ် ချောကလက်... အိုး ဘာချောကလက်ဖြစ်ဖြစ် "ဟင့်အင်း" လို့ ကျွန်မငြင်းဆန်ဖူးတဲ့ ချောကလက် မရှိဘူး။

ကျွန်မမှာ ၁၀နှစ်ကျော် ရင်းနှီးခဲ့တဲ့ ငယ်သူငယ်ချင်း ချစ်သူတစ်ယောက်ရှိတယ်။ ချောကလက်ကို
ကျွန်မ ဘယ်လောက်ထိ ရှုးသွပ်ခုံမင်မှန်း မောင်သိတယ်။ "ချောကလက်ကို ဒီလောက်ကြိုက်ရသလား... သတိလဲ ထားဦးနော် ၀က်ကလေးလို ၀လာမယ်"

ကျွန်မခေါင်းကို အမြဲပွတ်သပ်ပြီး မောင်နောက်တိုင်း ကျွန်မက နှုတ်ခမ်းကို စူပုပ်ပြီး မောင့်ကို စိတ်ကောက်တယ်။

"မောင်က ကျွန်မကို အမြဲအနိုင်ကျင့်တယ်။ မခေါ်တော့ဘူးကွာ"

"၀က်ကလေးလို ၀နေလဲ ချစ်မှာပါ။ စိတ်မဆိုးနဲ့နော်"

မောင်က အဲဒီလိုပဲ။ ၁၀နှစ်ကျော် အကြောင်းမရှိ အကြောင်းရှာပြီး မောင့်အပေါ်နွဲ့ဆိုးဆိုးလာခဲ့တဲ့ ကျွန်မရဲ့ဒဏ်ကိုသည်းခံပြီး ချစ်ခဲ့တယ်။ တစ်ခါတလေ ဒေါသကြီး ပေါက်ကွဲရင်လဲ ကျွန်မဆံပင်ကို ပွတ်သပ်ပြီး ချော့မြူတတ်သေးတယ်။ မောင်နဲ့အတူ လျှောက်ခဲ့တဲ့ လမ်းတွေက ရှည်လျှားလာခဲ့ပေမဲ့ ကျွန်မရဲ့ နွဲ့ဆိုးဆိုးတတ်တဲ့ အကျင့်က ပြောင်းလဲမသွားခဲ့ဘူး။

တကယ်တော့ မောင်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါ။ မောင်ရဲ့သိမ်မွေ့တဲ့အကျင့်၊ ယဉ်ကျေးတဲ့ အပြုအမှု၊ ချောမောတဲ့ ရုပ်လဏ္ခာကြောင့် မောင့်ကို ရေလာမြောင်းပေး လုပ်တဲ့ မိန်းကလေးတွေ မနည်းခဲ့ဘူး။ ဒီအကြောင်းကို အခွင့်ယူပြီး မောင့်ကို ကျွန်မ သ၀န်တိုခဲ့တဲ့ အကြိမ်လည်း မနည်းလှဘူး။ ဒါပေမဲ့ မောင်လမ်းကြောင်း မပြောင်းခဲ့ဘူး။ ကျွန်မရဲ့ ကလေးဆန်တဲ့ အကျင့်တွေကို သည်းခံပြီး ကျွန်မအနားမှာပဲ ရှိနေခဲ့တယ်။

မောင့်ကို ကျွန်မအရမ်းချစ်တယ်။ ဒါပေမဲ့ တန်ဖိုးထားရကောင်းမှန်း ကျွန်မ နားမလည်ခဲ့ဘူး။
"မောင်... ကျွန်မ ကောင်းလား မကောင်းဘူးလား" ဘာမှမဟုတ်တဲ့ မေးခွန်းတွေနဲ့မောင့်ကို အပြစ်ရှာဖို့ ကျွန်မစတော့တယ်။

"ဟန်နီ ကောင်းလား မကောင်းဘူးလား ဆိုတာကို မောင့်မျက်စိထဲမှာ မမြင်ဘူး။
မောင်သိတာက ဟန်နီဟာ မောင်ရဲ့ ဒီတစ်သက် အချစ်ဆုံး မိန်းကလေးပဲ"

တည်ငြိမ်တဲ့ အသွင်နဲ့ မောင်က ကျွန်မကို စူးစိုက်ကြည့်ပြီး ပြန်ဖြေတယ်။

"မောင် နောက်နေပြန်ပြီ.. ဟန်နီမေးတာ ဒီမေးခွန်းမှ မဟုတ်တာ"

ခေါင်းငုံ့ပြီး ရှက်ကိုးရှက်ကန်းဖြစ်သွားတဲ့ ကျွန်မကို မောင်က သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။ ပူနွေးနေတဲ့ သူ့နှုတ်ခမ်းနဲ့ အေးစက်နေတဲ့ ကျွန်မနှုတ်ခမ်းကို ဖိကပ်ထားလိုက်တယ်။

နွေးထွေးသာယာတဲ့ မြင်ကွင်းက တိုတောင်းလှတယ်။ မကြာမီ ရက်အနည်းငယ်မှာပဲ မောင့်ကို
အပြစ်ရှာဖို့ ကျွန်မရဲ့မေးခွန်းဟောင်းတွေက ထွက်လာပြန်တယ်။

"မောင် .. ရှင်းရှင်းပြောနော်။ အဲဒီကောင်မလေးက ဘယ်သူလဲ"
မယ်ကုဝဏ် ဂြိုလ်ဝင်တဲ့ မျက်နှာထားနဲ့ မောင့်ကို ကျွန်မမေးလိုက်တယ်။

"မောင်တို့ ကုမ္ပဏီက ၀န်ထမ်းပါ" ကျွန်မ အမြင်ရှင်းအောင် မောင် အသေအချာ ရှင်းပြနေတယ်။

"မယုံဘူး..."

"ဟန်နီ... အကြောင်းမရှိ အကြောင်းမရှာနဲ့ကွာ"

"အကြောင်းမရှိ အကြောင်းရှာနေတာ မဟုတ်ဘူး မောင်။ ဘယ်သူအရင် စမှားတာလဲ မတောင်းပန်တဲ့အပြင်
မောင်က ဟန်နီ့ကို အော်တယ်"

နှုတ်ခမ်းကို ကိုက်ပြီး အရည်လဲ့နေတဲ့ မျက်လုံးနဲ့ မောင့်ကို ပြန်ကြည့်ပြီး ကျွန်မ အော်လိုက်တယ်။

"ဆောရီးပါ ဟန်နီရာ.. မောင်အပြောမတတ်တာ။ မငိုပါနဲ့ကွာ နော်"

"ကျွန်မကို ဂရုမစိုက်ပါနဲ့။ သူ့ကိုပဲ သွားရှာတော့" အချော့မြူခံရမှ ကျွန်မရဲ့ အကျင့်ဆိုးက ထောင်းခနဲ့ ပြန်ထွက်လာတယ်။

"ဟန်နီ...."

"မခေါ်နဲ့.." တစ်ဖက်ကို ကျွန်မလှည့်လိုက်တယ်။

"ဟန်နီ.. မောင် တောင်းပန်ပါတယ်ကွာ"

ကြိုးစားပြီး ချော့နေတဲ့ မောင့်စကားကို ကျွန်မ အရေးမစိုက်ဘဲ ကိုယ်တိုင်ကြားရင်တောင် နားခါးနိုင်တဲ့ စကားလုံးအချို့နဲ့ မောင့်ကို ကျွန်မ ရန်ရှာနေမိတယ်။

"တော်ပြီကွာ... အကျိုးအကြောင်းကို ဟန်နီ နားလည်ဖို့ကောင်းတယ်။ ကဲ မောင်သွားမယ်"

ချစ်သက်တမ်း ၁၀နှစ်ကျော် ကာလမှာ မောင်ပထမအကြိမ် ကျွန်မကို စိတ်ဆိုးခြင်းပဲ။ချာကနဲ့ လှည့်ထွက်သွားတဲ့ မောင့်ကို ကျွန်မတားဖို့ ကြိုးစားချင်ပေမဲ့ ကျွန်မရဲ့ နှုတ်ခမ်းက ရက်စက်တဲ့ စကားလုံးအချို့ ခုန်ထွက်လာခဲ့တယ်။

"မောင်နဲ့ ကျွန်မ လမ်းခွဲမယ်"

ကျွန်မတို့ ရန်ဖြစ်ပြီ။ ၁၀နှစ်ကျော်အတွင်း ပထမဆုံး ကျွန်မတို့ ရန်ဖြစ်ပြီ။ အကြောင်းမရှိ
အကြောင်းရှာပြီး မောင့်ကို ကျွန်မရန်ရှာနေမှန်း ကျွန်မကိုယ် ကျွန်မသိတယ်။ ၀န်ထမ်းကောင်မလေးနဲ့
မောင် ဘာမှ မပတ်သက်ဘူးဆိုတာလဲ သိတယ်။ ခုတစ်လော မောင်အလုပ်တွေ ရှုပ်နေလို့ ကျွန်မအတွက် အချိန်မပေးနိုင်တာကို အကြောင်းပြပြီး မောင့်ကို ကျွန်မရန်ရှာခဲ့မိတယ်။ ကျွန်မဘေးမှာ မောင်အမြဲရှိနေဖို့၊ ကျွန်မကို ပိုဂရုစိုက်လာအောင် ဒီပြဿနာကို ကျွန်မရှာခဲ့မိတယ်။

ကျွန်မမှာ အပြစ်ရှိမှန်း ကျွန်မသိပါတယ်။ ကျွန်မ မှားသွားခဲ့တယ်။ ကျွန်မကြောင့် မဖြစ်သင့်တာတွေ
ဖြစ်ခဲ့ရတယ်။ ချစ်သူများနေ့ ရောက်ခါနီးမှ ပြဿနာကို မီးထွန်းရှာခဲ့မိတဲ့ ကျွန်မကိုယ်ကျွန်မ အပြစ်တင်လို့ မဆုံးခဲ့ဘူး။

မောင်ကလဲ ကျွန်မကို လာမရှာခဲ့ဘူး။ မက်ဆေ့တစ်ခု၊ ဖုန်းတစ်ချက်တောင် မဆက်သွယ်ခဲ့ဘူး။
ကျွန်မရင်နင့်အောင် ခံစားနေရတယ်။ မောင်ထားသွားမှာကိုလဲ ကြောက်မိတယ်။ ဒါပေမဲ့ မခံချင်တဲ့မာနနဲ့ မောင်ဘက်က မခေါ်မချင်း ပြန်မခေါ်ဘူးလို့ ကျွန်မ ဆုံးဖြတ်လိုက်မိတယ်။

ချစ်သူများနေ့ကို ကျွန်မတစ်ယောက်တည်း ဖြတ်ကျော်ရမယ်လို့ ထင်ထားခဲ့မိပေမဲ့ ဖေဖော်ဝါရီ (၁၄)ရက်နေ့မှာပဲ မောင့်ဆီက ဖုန်းဝင်လာတယ်။

"ဟန်နီ.. အပြင်ခဏထွက်ခဲ့လို့ ရမလား"
ဝမ်းသာ တုန်လှုပ်နေတဲ့ အသံနဲ့ မောင်က တိုးညှင်းစွာ ဆိုတယ်။

"မရဘူး"

"ဒါဆို မောင်လာခဲ့မယ်"

"အင်း.. လာမယ်ဆို ၁၀မိနစ်အတွင်း ရောက်အောင်လာခဲ့ပါ။ မရောက်ရင်တော့ အဆိုးမဆိုနဲ့"

"၁၀မိနစ်... အင်း.. ကောင်းပြီလေ။ ၁၀မိနစ်အတွင်း မောင်ရောက်အောင် လာခဲ့မယ်"

ဖုန်းချပြီး အိမ်အောက်ထပ်ကို ကျွန်မ အပြေးဆင်းခဲ့မိတယ်။ မောင့်ကို လွမ်းတဲ့စိတ်၊ တွေ့ချင်မြင်ချင်တဲ့ စိတ်ကို ကျွန်မ တားမရခဲ့ဘူးလေ။

၁၀ မိနစ်လွန်သွားတယ် မောင်ရောက်မလာခဲ့ဘူး။ မိနစ် ၂၀... ၃၀.. ၄၀... တစ်နာရီသာ လွန်သွားတယ်။ မောင်ရောက်မလာခဲ့ဘူး။ ဂတိမတည်တဲ့ မောင်ကြောင့် ကျွန်မရင်တွေ တစ်ဆစ်ဆစ် နာကျင်လာမိတယ်။

လေးသွဲ့တဲ့ ခြေလှမ်းနဲ့ အိမ်ထဲကို ကျွန်မ၀င်လိုက်တယ်။ အက်ရှရှ ဖုန်းသံက ကျွန်မကို ဆီးကြိုလို့နေတယ်။ ဒီဖုန်းက ကျွန်မဘ၀ထဲကနေ မောင့်ကို အပြီးအပိုင် ဆွဲထုတ်လိုက်မယ်မှန်း ကျွန်မ မထင်ခဲ့မိဘူး။

"ကိုနေဒွေးဇော်ရဲ့ မိတ်ဆွေ မဟန်နီချိုလားရှင်။ ကိုနေဒွေးဇော် xxx
ဆေးရုံကအရေးပေါ်ခန်းမှာ ရောက်နေပါတယ်"

အရေးပေါ်ခန်း? မောင်ဘယ်လိုလုပ်ပြီး အရေးပေါ်ခန်း ရောက်နေပါလိမ့်? ကျွန်မ ဆေးရုံကို အပြေးလေး သွားခဲ့တယ်။ ကျွန်မရောက်အလာကို ဆီးကြိုနေတဲ့ အခန်းပြင်က ဆရာဝန်က ကျွန်မကို ခေါင်းခါပြပြီး နောက်ဆုံးအကြိမ်အဖြင့် ကျွန်မကို ၀င်တွေ့ခိုင်းတယ်။

ဖျော့တော့နေတဲ့ မျက်နှာနဲ့ ကုတင်ပေါ်မှာ လှဲလျှောင်းနေတဲ့ မောင့်ကို ကြည့်ပြီး ကျွန်မ ပျော့ခွေသွားမတတ် ချောက်ချားမိတယ်။ သွေးရောင်မဲ့ နှုတ်ခမ်း၊ တုန်ရီတဲ့ အသံနဲ့ မောင် တိုးတိုးလေး ရေရွတ်တယ်။

"ဆောရီး ဟန်နီ.. မောင်နောက်ကျသွားတယ်"

အလာနောက်ကျလို့ ကျွန်မစိတ်ဆိုးမှာစိုးခဲ့တဲ့ မောင်က နောက်ဆုံး ထွက်သက်အထိ ကျွန်မကို
ရှင်းပြနိုင်ဖို့ ကြိုးစားခဲ့တယ်။

"မပြောပါနဲ့တော့မောင်.. ဟန်နီ မကောင်းတာ"

ကျွန်မ အော်ငိုပြီး အေးစက်နေတဲ့ မောင့်လက်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။

"မငိုနဲ့ ဟန်နီ.." ကျွန်မပါးပြင်ပေါ်က စီးကျလာတဲ့ မျက်ရည်ကို မောင်သုတ်ဖို့ ကြိုးစားနေတယ်။

"မောင်တို့ ဘယ်တော့မှ လမ်းမခွဲဘူးနော် ဟန်နီ.. ဟန်နီ့ကို မောင်အရမ်းချစ်တယ်။ ဟန်နီ့အပါးမှာပဲ မောင် အမြဲရှိနေချင်ခဲ့တယ်"

"ဟန်နီတို့ ဘယ်တော့မှ မခွဲဘူးမောင်.. ဟန်နီလည်း မောင့်ကို အရမ်းချစ်တယ် မောင်"

ပါးပြင်ပေါ်ကို မျက်ရည်တွေက တလဟော သွန်ချနေတယ်။ ကျွန်မကို မောင်ခွဲသွားမှာ ကြောက်လိုက်တာ... မောင့်လက်ကို တင်းနိုင်သမျှ တင်းအောင် ကျွန်မဆုပ်ကိုင်ထားမိတယ်။

"ဟန်နီ ကြိုက်တဲ့ ချောကလက်တွေ မောင်ဝယ်ခဲ့တယ်။ ချစ်သူ..များ..နေ့မှာ ပျော်.. ရွှင်..ပါစေ ဟန်..နီ"

"မောင် ဟန်နီ့ကို ခွဲမသွားပါနဲ့ မောင်... ဟန်နီ့ကို ခွဲမသွားပါနဲ့"

တင်းတင်းဆုပ်ကိုင်ထားတဲ့ မောင့်လက်တွေ တဖြေးဖြေး ပြေလျှော့လာခဲ့တယ်။

"မောင်....." ကျွန်မ အသဲကွဲမတတ် အော်လိုက်မိတယ်။


နောက်မှ ကျွန်မသိရတာက ကျွန်မစစားဖူးပြီး အရမ်းကြိုက်ခဲ့တဲ့ ချောကလက်ကို ၀ယ်ဖို့မောင် တစ်ခြားမြို့ ရောက်သွားခဲ့တယ် ဆိုတာပါပဲ။ မောင့်အပေါ် ကျွန်မ စိတ်ဆိုး၊ စိတ်ကောက်နေတာကို ချောကလက်နဲ့ ချော့ဖို့ မောင်မမေ့ခဲ့ဘူး။ ၁၀မိနစ်အတွင်း ရောက်ရမယ်ဆိုတဲ့ ကျွန်မရဲ့ မဆင်မခြင် တောင်းဆိုမှုကြောင့် မောင် ကားအက်ဆီဒင့် ဖြစ်ခဲ့ရတယ်။

မောင်ပေးတဲ့ ကျွန်မကြိုက်တဲ့ ချောကလက်တွေကို ချစ်သူများနေ့မှာ ကျွန်မ ရခဲ့ပါတယ်...မောင်...

ချိုမြိန်တဲ့ ချောကလက်တွေ၊ ကျွန်မ အရမ်းနှစ်သက်ခဲ့ဖူးတဲ့ ချောကလက်တွေ
အခုတော့ ခါးသက်ခဲ့ပြီ မောင်...

............................
forward mail မှရပါသည်။ေ၇းသားသူမသိပါ

Tuesday, September 7, 2010

၁၀၀% မငြိမ်းချမ်းနိုင်တဲ့ သံသယ

တစ်နေ့မှာ မူလတန်းအရွယ် ကောင်လေးနဲ့ ကောင်မလေးတို့ဟာ အတူတူ ပျော်ပျော်ရွှင်ရွှင် ပြေးလွှား ဆော့ကစားနေကြပါတယ်။ ကောင်မလေးဆီမှာတော့ သကြားလုံးလေးတွေ ပါလာပြီး ကောင်လေးဆီမှာတော့ ဂေါ်လီလုံးတွေ ရှိပါတယ်။
အဲဒီမှာ ကောင်လေးက ကောင်မလေးကို ”မင်းလက်ထဲမှာရှိတဲ့ သကြားလုံး အားလုံး ငါ့ကိုပေးမယ်ဆိုရင် ငါမှာရှိတဲ့ ဂေါ်လီလုံး အားလုံး အပြန်အလှန်အဖြစ် မင်းကို ငါပေးမယ်လို့ ပြောပါတယ်။ ”
ကောင်မလေးကလဲ သဘောတူ လက်ခံလိုက်ပါတယ်။
ဒါပေမယ့် ကောင်လေးက အကြီးဆုံး အလှဆုံး ဆိုတဲ့ ဂေါ်လီလေးကို ကောင်မလေး မသိအောင် ဖွက်ထားပြီး ကျန်တဲ့ ဂေါ်လီအားလုံးကို ကောင်မလေးကို ပေးလိုက်ပါတယ်။
ကောင်မလေး ကတော့ ကနဦး သူတို့ သဘောတူ ကတိ ပြုထားခဲ့တဲ့အတိုင်းပဲ သကြားလုံး အားလုံးကို ကောင်လေးကို ပေးလိုက်ပါတယ်…

အဲဒီညမှာတော့ ကောင်မလေးဟာ ငြိမ်းငြိမ်းချမ်းချမ်း နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ခဲ့ပြီး ကောင်လေးကတော့ အိပ်လို့ မပျော်ခဲ့ပါဘူးတဲ့
သူ့စိတ်ထဲမှာ ကောင်မလေးဟာ သကြားလုံးကို အကုန်မပေးဘဲ ငါ့လိုပဲ အကောင်းဆုံး အကြီးဆုံး သကြားလုံးကိုများ ချန်ထားခဲ့လေမလား ရယ်လို့ တွေးနေမိပါတယ်တဲ့.....


ဒီပုံပြင်လေးက ပြောတဲ့ သင်ခန်းစာလေးကတော့ ”ဘယ်လို ပေါင်းသင်း ဆက်ဆံရေး မှာပဲဖြစ်ဖြစ် တကယ်လို့ သင်ဟာ ၁၀၀ရာခိုင်နှုန်း အပြည့်ပေးသူ မဟုတ်ခဲ့ဘူးဆိုရင် တစ်ဖက်လူက ၁၀၀ရာခိုင်နှုန်း အပြည့် ပြန်ပေးသော်လည်း မငြိမ်းချမ်းနိုင်တဲ့ သံသယ စိတ်တွေနဲ့ ပူလောင်နေတတ်ပါတယ်တဲ့။”

သူငယ်ချင်းတစ်ယောက်ရဲ့ forward လေးပါ.မူရင်းက ဘယ်ကဆိုတာ ကျွန်တော်မသိပါဘူး.ဒီ ပုံပြင်လေးကို လက်တွေ့ဘ၀နဲ့ ယှဉ်ပြီးဆက်တွေးကြည့်ရအောင်ဗျာ...သူပြောတဲ့ မငြိမ်းချမ်းတဲ့သံသယစိတ်တွေအကြောင်းကိုပေါ့

ဒီပုံပြင်ထဲ့ကကလေးငယ်လို အိပ်မပျော်သူတွေတကယ်ကိုရှိနေပါတယ်. ဒါကတကယ့်ကိုအမှန်တ၇ားပါပဲ .မြန်မာစကားမှာ ရှိပါတယ် ကိုယ်စိတ်နဲ့နှိုင်းတယ် ဆိုတာ ဒါကိုပြောတာပဲ ဒီအပြုအမူအတွေးလေးကိုပြောတာပါပဲ.ကိုယ်ကတဖက်သားအပေါ် စိတ်ကောင်းတကယ်မရှိပဲဟန်ဆောင် ဆက်ဆံရေးတွေ ထားတတ်ကြပါတယ် ဒီအခါ တဖက်သားရဲ့ ပွင့်လင်းမှု ခင်မင်မှုကိုလဲ ကိုယ့်လိုပဲယူဆတတ်ကြပါတယ်. ဒီလိုကိုယ်ကမဖြုလို့ သူမဖြုဘူး ထင်တတ်ကြသူတွေ ပူတတ်တာ သဘာဝကျသလို သူတို့အပူအတွက်လဲ ၀င်ကူနေစရာမလိုပါဘူး. သူ့စိတ်နဲ့သူခံရတာပဲလေ..ဒါပေမဲ့ ကိုယ်ဟာ ဒီလိုပူသူ တယောက်ဖြစ်ရလေအောင် ချစ်သူနှစ်ဦးကြားမှာ သော်လည်းကောင်း အလုပ်ရှင်နဲ့ အလုပ်သမားကြား အပြန်အလှန် ဆက်ဆံရေးကြားမှာ သော်လည်းကောင်း သူငယ်ချင်း အချင်းချင်း အစရှိတဲ့ ဆက်ဆံရေးတွေမှာ သော်လည်းကောင်း သင်တတ်စွမ်းနိုင်သမျှ ၁၀၀ ရာခိုင်နှုန်း အပြည့်သာပေးပြီး ငြိမ်းချမ်းစွာ အိပ်စက်လိုက်ပါ။

အဲ.. သံသယကြောင့်အိပ်မပျော်နိုင်တဲ့ တခြား အိပ်မပျော်ခြင်း(၂)မျိုးရှိနေပါသေးတယ်

တခါတလေ လူ့ဘ၀ကြီးမှာ ကျင်လည်လာတဲ့ဘ၀အတွေ့အကြုံတွေအရ မဖြူစင်တဲ့ကောက်ကျစ်တဲ့ သူတွေနဲ့ အတွေ့များလာခဲ့ရင်လဲ တဘက်သားကို မယုံကြည်စိတ်များတတ်ကြပါတယ်.
ဒီလိုလူမျိုးတွေက ပိုသနားစရာကောင်းပါတယ်. သူတို့ဘ၀မှာ သူများပေါ်ကောင်းခဲ့တယ်.ဒါပေမဲ့ သူတို့ပေါ်ပြန်ဆိုးတဲ့ သူတွေနဲ့ပဲတွေ့တတ်ကြတဲ့သူမျိုးတွေ(ကံမကောင်းသူတွေ)တကယ်ရှိပါတယ်.
ဒီလိုလူမျိုးတွေကလဲ တဖက်လူရဲ့ ဆက်ဆံရေးကိုအမြဲ သံသယ၀င်နေတတ်ပါတယ်.ဒါကသူ့အတွက်တော့သဘာဝလဲကျပါတယ်.သနားစရာလဲကောင်းပါတယ်
. လူတွေရဲ့ တပါးသူတွေအပေါ်မြင်ဆိုတာ သူတို့ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံပေါ်မှာအခြေခံလို့ပါ.ရိုက်ခံရတာများတဲ့ကလေးဟာ အမေ ဒုတ်ကိုင်လိုက်တာနဲ့ အလိုလို ပြေးပြီးသားဖြစ်နေတတ်တဲ့ ကလေးလိုပါပဲ.
သူတို့မှာ လဲ ဒဏ်ရာတွေနဲ့လေ.. လူတွေနဲ့ ဆက်ဆံရေးမှာ အမြဲ ဘယ်သူကငါ့ကိုချောင်းပြီးလုပ်ကြံမလဲဆိုတဲ့ သံသယကြီးနဲ့ သူတို့ဘ၀ဟာပေးချမ်းစွာမအိပ်စက်နိုင်ရှာပါဘူး


နောက်တမျိုးကတော့ စီးပွားရေးသမားတွေမှာတွေ့ရတတ်တဲ့ အတွေးမျိုးပါပဲ.တခြားသူ တယောက်ယောက်က တခုခုပြောပြီ လုပ်ပြီဆိုတာနဲ့ direct meaning တည့်တည့် ဆိုလိုရင်းကော apply meaning သွယ်ဝိုက် ဆိုလိုရင်းပါ တွေးမိတတ်တာပါ.
ဥပမာ- ပြိုင်ဘက်သူငယ်ချင်းတယောက်က ကိုယ့်ဆီလာလည်တယ်ဆိုတာနဲ့ သူက ငါ့လုပ်ငန်းကို ဘာလာလေ့လာတာလဲ ဈေးနှုန်းအတွက်လား. တခြားဝန်ဆောင်မှုကိုလာလေ့လာတာလား.ဖောက်သည်တွေကို လာကြည့်တာလား ဆိုတာ တွေးတတ်ကြပါတယ်
တခါတလေတော့လဲ သူငယ်ချင်းက ဘာမှရည်ရွယ်တာမဟုတ်ပဲ ဒီတိုင်းလာလည်တာလဲဖြစ်နေနိုင်ပါတယ်.ဒီလိုပဲ ကိုယ့်အလုပ်သမားအပေါ် ရှိရှိသမျှ တခြားသူတွေအပေါ် ဒီလိုပဲ သူငါ့ဆီက ဘာလိုချင်တာလဲ ဆိုတာအမြဲတွေးနေတတ်တဲ့ သံသယမျိုးပါ.
ဒီလိုသံသယတွေကြောင့်ပဲ သူတို့မှာ အထီးကျန်တယ်ဆိုတာ ကိုခံစားလာရပါတော့တယ်.ပိုက်ဆံချမ်းသာတဲ့သူတွေရဲ့ ၈၀% ဟာ သူတို့မှာ သူငယ်ချင်းကောင်းမရှိဘူးလို့ ပြောတတ်ကြပါတယ်.အောင်မြင်နေတဲ့သူတွေရဲ့ ၇၀ % ကမအောင်မြင်ကထက် အောင်မြင်သွားတဲ့အခါ ရင်နှီးတဲ့အတွင်းသိ သူငယ်ချင်းနည်းသွားတတ်ကြတာ ဒီ စိတ်ကြောင့်ပါ.

ဒါကြောင့် ကျွန်တော်ရဲ့ role model မာသာထရီဆာပြောဖူးတဲ့ စကားတခွန်းကဒီနေရာမှာ တော်တော် လေး တာ သွားပါတယ်
”သင်ဟာ လူတွေကို ဝေဖန်ပိုင်းခြားနေ၇င် သူတို့အပေါ်မှာ မေတ္တာထားဖို့အချိန်ရှိမှာမဟုတ်ဘူး” တဲ့. အမှန်ပါပဲ ဥပမာ- အလှူတခုအတွက် အလှူခံလာကောက်တယ် လှူတာကိုတော့ ပုဂ္ဂိုလ်ကြောင့်ပဲဖြစ်ဖြစ် စေတနာကြောင့်ပဲဖြစ်ဖြစ်လှူလိုက်တယ်
ပြီးရင်တော့ တကယ်ကော လုပ်မှာ ဟုတ်ရဲ့ လား ငါ့အလှူငွေကို သူတို့ သုံးပစ်လိုက်မှာလားမသိ ဆိုတဲ့ မယုံကြည်တဲ့ သံသယလေးတွေရှိတတ်ကြပါတယ် .ဒီလိုသံသယတွေကြောင့်ပဲ လူတွေရဲ့ ပျော်ရွင်နိုင်စွမ်းရဲ့ ၆၀% ကို ဆုံးရှုံးကြရတာပါ

ကဲဒီလိုသံသယတွေကြောင့် မငြိမ်းချမ်းတာကိုကျော်လွန်ချင်ရင် ဘယ်လိုလုပ်ရမလဲ
လွယ်ပါတယ် .reaction ကောင်းကောင်းကိုပဲလိုချင်စိတ် ကိုယ့်ကိုကိုယ် ချစ်တဲ့ စိတ်ကို နဲနဲလေး. အရင် စွန့်ရပါမယ်.(ဘာလို့လဲဆိုရင် လူတော်တော်များများက သူများအပေါ်ကောင်းကြတာဟာ သူတို့အပေါ်ပြန်ကောင်းတာလိုချင်ကြလို့ပါ.ကိုယ့်အတွက် ပဲလေ )
လူတိုင်းနီးပါးကကိုယ်ကသူများအပေါ်ကောင်းကြတယ်.ကောင်းတဲ့ ကိုယ့်အတွက်လဲ တန်ပြန်ပြီးကောင်းတာပဲလိုချင်ကြလို့ပါ တနည်းအားဖြင့် reaction တန်ပြန် သက်ေ၇ာက်မှုကိုတအားအလေးထားနေလို့ပါပဲ
ဥပမာ- ကိုယ်ကသူငယ်ချင်းတယောက်ကိုကောင်းတယ် သူကကိုယ့်ပေါ်မကောင်းရင် တအားခံရခက်တတ်ပါတယ်
နောက် ကိုယ်ကချစ်သူကို တအားချစ်တယ် သူကအေးစက်စက် လုပ်နေတဲ့အခါမျိုး တအားခံစားရတတ်ပါတယ်
ဘာကြောင့်ခံစားရလဲ ဆိုရင် လူတိုင်းနီးပါးက ကိုယ်ကကောင်းသလို ကိုယ့်အပေါ်ပြန်ကောင်းတာကိုပဲလိုချင်လို့ပါ.ကိုယ်ချစ်သလို ပြန်ချစ်စေချင်တယ်.ကိုအလေးထားသလို ပြန်အလေးထားစေချင်လို့ပါ

ဒီတော့ ကျွန်တော်တို့ က ကျွန်တော်တို့ရဲ့ ဒီ စိတ်တွေကိုပြင်ကြရအောင် ...
ဘယ်လိုပြင်မလဲ ဆိုရင် ဆက်ဆံရေးမှာ ဘယ်သူ့အပေါ်မဆို ၁၀၀% အပြည့်ကောင်းလိုက်မယ်
ကိုယ်ကောင်းတာ ကိုယ့်ဘက်အပိုင်း သူရဲ့ တုန့်ပြန်မှုကသူ့ဘက်ပိုင်းလို့တွက်ပါ.
တဖက်လူဆီက ရိုးသားမှုလိုချင်ရင် ကိုယ်ကအရင် ရိုးသားရပါမယ်.တဖက်သူရဲ့ လေးစားမှုလိုချင်ရင် သူကိုအရင်လေးစားပါ တဖက်လူရဲကအချစ်ကိုလိုချင်ရင် အ၇င် ကိုယ်ကချစ်တတ်ပါ့်မြန်မာစကားမှာ သင်ကောင်းရင် ကျွန်ုပ် မဆိုးပါ ဆိုတတ်ပါတယ်.ဒါကြောင့် တဖက်သားကကိုယ့်ပေါ်ကောင်းဖို့ ကိုယ်ကအရင်ကောင်းဖို့လိုပါတယ်


.ပြီးတော့ သူတို့ရဲ့ reaction ကကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သိပ်ဂရုစိုက်မနေပါနဲ့ ဒါဆို သင့်ရဲ့ ၁၀၀% ဆက်ဆံရေးအတွက် ၁၀၀% ပျော်ရွင်မှုကို သင် ပိုင်ဆိုင်ရမှာပါ.
ကိုယ်ကောင်းရဲ့သားနဲ့ ဆိုးတဲ့ သူကို တွေ့ရင် စေတနာနဲ့မတန်သူလို့ သာ စိတ်မှာ သဘောထားလိုက်ပါ.(ကိုယ်ဘယ်လောက်ချစ်ခင်သူဖြစ်ပါစေ... )ကိုယ်ကောင်းရဲ့သားနဲ့ ကိုယ်ရဲ့ကောင်းတာကိုမမြင်နိုင် မခံစားနိုင်တဲ့သူဆို၇င် ဒိလိုလူဟာ တကယ့်ကို သိမ်ဖျင်းသေးနုပ်သူမို့ သူ့အတွက်ခံစားမနေပဲဥပေက္ခာပြုလိုက်ပါ.
ဘာလို့ ဒီလိုပြောရလဲဆိုရင် လူမှာ တခြား သတ္တ၀ါတွေမတူ ထူးတာဆိုလို့ ကိုယ့်ပေါ်ကောင်းတဲ့သူ့ရဲ့ မေတ္တာကို နားလည်နိုင်စွမ်းတခြားသတ္တ၀ါတွေထက် မြင့်တာ၊ အပြန်အလှန်ပြန်ကောင်းတတ်တာ အဓိကမို့ပါ. (အဲ ကောက်ကျစ်မှု မာယာမှာလဲလူတွေက ပိုပါတယ်တဲ့)

ချစ်သူနှစ်ဦးကြားမှာ သော်လည်းကောင်း အလုပ်ရှင်နဲ့ အလုပ်သမားကြား အပြန်အလှန် ဆက်ဆံရေးကြားမှာ သော်လည်းကောင်း သူငယ်ချင်း အချင်းချင်း အစရှိတဲ့ ဆက်ဆံရေးတွေမှာ သော်လည်းကောင်း သင်တတ်စွမ်းနိုင်သမျှ ၁၀၀ ရာခိုင်နှုန်း အပြည့်သာပေးပြီး သူတို့ ရဲ့ တန်ပြန်သက်ေ၇ာက် မှုအပေါ် သိပ်ဂရုမစိုက်ပဲ ငြိမ်းချမ်းစွာ အိပ်စက်လိုက်ပါ။ တန်ပြန်မှုကောင်းတဲ့ သူကို ဆက်ကောင်းပြီး မကောင်းတဲ့သူကို ဥပေက္ခာပြုလို့ မပေါင်းပဲနေလိုက်ရုံပေါ့..
သံသယတွေနဲ့ ပူလောင်နေခြင်းကနေ ကင်းဝေးမှု ရလာပါလိမ့်မယ်။

Monday, September 6, 2010

လူတိုင်းဖြစ်နိုင်တဲ့စိတ်ရောဂါ(၃)schizophrenia

စိတ်ရောဂါတွေများစွာရှိတဲ့အထဲကမှ WHO-AIMS REPORT ON MENTAL HEALTH SYSTEM IN MYANMAR ရဲ့ အစီရင်ခံစာ (အောက်ကlinkတွင် ကြည့်နိုင်ပါသည်)
http://www.searo.who.int/LinkFiles/Mental_Health_Resources_WHO-AiMS_Report_MHS_Myn.pdf
The diagnosis of schizophrenia and neurotic disorders are the most frequent diagnoses in
out-patient facilities, and schizophrenia and mood disorders are the most common diagnoses
in mental hospitals. လို့ဖော်ပြထားချက်အရ မြန်မာနိုင်ငံမှာစိတ်ရောဂါအနေနဲ့ အတွေ့များတာက schizophrenia and neurotic disorders and mood disorders ဆိုတဲ့ (၃)မျိုးလောက်ပဲရှိတာ တွေ့ရပါတယ်. လူတွေပြောပြောနေတဲ့ depression လို့ခေါ်တဲ့စိတ်ကျရောဂါ
တောင် မြန် မာပြည်မှာ တွေ့ရတယ်လို့မပါဝင်ပါဘူး. မြန်မာလူမျိုးတွေရဲ့ ရောင့်ရဲတင်းတိမ်တတ်တဲ့နေထိုင်ပုံက depressionအဆင့်ထိမေ၇ာက်ပဲ stress အဆင့်နဲ့ပဲပြေပျောက်သွားတတ်တဲ့သဘောရှိလို့ပါ.တချို့နိုင်ငံတွေမှာ depression ဆိုတာစိုးရိမ်ရေမှတ် ရောက်နေချိန်မှာ မြန်မာမှာ အတွေကနည်းတာ ၀မ်းသာစရာတခုပါပဲ.

ဒီ တပတ်တော့ မြန်မာနိုင်ငံမှာ တွေ့ရတဲ့ schizophrenia ဆိုတဲ့ ရောဂါအကြောင်းတင်ပြသွားမှာပါ. ဒီရောဂါက ကျွန်တော်ရဲ့ assignment တခုလည်းဖြစ်ပါတယ်. ကွှန်တော်ရဲ့ assignment ကတော့ schizophrenia ရောဂါသည်အကြောင်းရိုက်ထားတဲ့ A BEAUTIFUL MIND ဆိုတဲ့ Nobel Prize winner, John Nash.အကြောင်းဇာတ် လမ်းကို ကြည့်ပြီး ရောဂါအကြောင်း ကို ရှင်းပြ ရတာပါ.

schizophreniaဆိုတာ မြန်မာလို လွယ်လွယ်ပြန်၇င်တော့ စိတ်ကစဥ့်ကလျားဖြစ်ခြင်းလို့ပဲဆိုပါရစေ. မြန်မာဆေးပညာအရ အခေါ်အဝေါ်နာမည် ရှိမှာပါ ကျွန်တော်ရဲ့ ဗဟုသုတနည်းမှုကြောင့် ဒီနေရာမှာမဖော်ပြနိုင်တာကို တောင်းပန်ပါတယ်.
ဒီ ဆောင်းပါးမှာတော့ ကျွန်တော့်ရဲ့ စကားလုံးဖြစ်တဲ့ စိတ်ကစဥ့်ကလျားဖြစ်ခြင်း ဆိုတာနဲ့ပဲဆက်လက် ရေးသားသွားမှာပါ.
ဒီရောဂါဟာ မြန်မာရုပ်ရှင် ကားတော်တော်များများမှာလဲပြတတ်တဲ့ ရောဂါပါပဲ. မှတ်မိသလောက်ပြောရရင် မြင့်မြတ်ရဲ့ ထပ်ခိုးကားထဲက ရောဂါ၊ လူမင်းနဲ့ နန္ဒာလှိုင်တို့ရဲ့ စိတ်ညှို့ရှင် ကားထဲက နန္ဒာလှိုင်ဖြစ်တဲ့ရောဂါ မျိုးပါ.
နောက် ခုနောက်ပိုင်းရဲတိုက်ရိုက်ထားတဲ့ ဇာတ်လမ်းတခုထဲမှာလဲ ဒီရောဂါကိုပဲ ပြထားတာပါ.မြန်မာကားတွေမှာပြသတဲ့ စိတ်ရောဂါဟာschizophrenia ရောဂါရဲ့ အဓိက လက္ခဏာတွေပါပဲ.

ရောဂါရဲ့ အဓိက လက္ခဏာအနေနဲ့ကတော့ စိတ်ထင်ယောက်ထင်မှားဖြစ်ခြင်းပါ.
မရှိကို အရှိထင်တတ်တာ.ဥပမာ- သူများတွေမမြင် တာကို မြင်တာမျိုး
မပြောတာတွေကိုကြားတတ်တာမျိုးပါ.ဥပမာ- သူများတွေမကြားတဲ့ အသံတွေကို ကြားရတာမျိုးပါ.
Delusions နဲ့ nightmare ဆိုတာ ဒီရောဂါရဲ့လက္ခဏာတွေပါပဲ.

ဒီရောဂါဖြစ်ရင် ဘာ အခက်အခဲတွေကြုံရနိုင်သလဲ


၁. Personal Problemsအနေနဲ့ ကိုယ့်စိတ်ရဲ့ထင် ယောက်ထင်မှားဖြစ်နေခြင်းကြောင့် ဘယ်အရာကအမှန် ဘယ်အရာက စိတ်ကြောင့် ထင်မြင်နေတာ ဆိုတာ မသိနိုင်ပါဘူး.ရောဂါရဲ့သက်ရောက်မှုကြောင့် ကာမစိတ်နည်းလာတာတွေ. ၀မ်းနည်းတာ တွေ စိတ်ဓာတ်ကျတာတွေ. မှတ်ဥာဏ်အားနည်းတာတွေဖြစ်လာပါတယ်.
၂. Relationship problems အနေနဲ့ရောဂါခံစားနေရသူဟာ သီးခြားနေတတ်တာ လူတွေနဲ့ ခွဲထွက်ပြီးနေတတ်တာ ဖြစ်လာပါတယ် .လူတွေကိုရှောင်လာပါတယ်
၃.Harm to normal daily activities အနေနဲ့ နေ့စဉ်လုပ်ဆောင်နေတာတွေကိုတောင် ပုံမှန်မလုပ်နိုင် ဖြစ် လာပါတယ်.တခါတလေမှာ ဘယ်အရာကအမှန်တကယ်ရှိတာ
ဘယ်အရာကတကယ်မရှိတာဆိုတာကို သူတို့မနေနဲ့ ရွေးချယ်ရခက်နေတတ်လို့ပါ.
၎.Thinking difficulties အနေနဲ့ အ၇င်က လုပ်နိုင်တဲ့အရာတွေကို မလုပ်နိုင်တော့ပါဘူး.ဥပမာ- ဆို၇င် သချာင်္ ပညာရှင်ဖြစ်ပြီး ရောဂါကြောင့် ပုဒ်စာ လွယ်လွယ်လေးကိုတောင် မတွက်နိုင်တော့ပါဘူး ဒီလောက်ထိဆိုးဝါးပါတယ်.

ဘာကြောင့်ဖြစ်ရတာလဲ
ဒီမေးခွန်းဟာ တကယ်ကိုဖြေရခက်ပါတယ် ဘာကြောင့်ဖြစ်နိုင်တယ်ဆိုတာ သေချာသိနိုင်ဖို့ခက်ပါတယ်

Genetic factors ဆိုတဲ့ မျိုးရိုးလိုက်မှုကြောင့်လဲဖြစ်တတ်ပါတယ်တဲ့.ဒီရောဂါခံစားဖူးတဲ့ မိဘမျိုးရိုးကဆိုရင် ကလေးတွေမှာ ၁၀% ရောဂါဖြစ်နိုင်ခြေရှိပါတယ်တဲ့.

ဒါကြောင့်မြန်မာစကားမှာ အရူးမျိုးလို့ပြောတတ်ကြတာပါ.



Biochemical factors ဦးနှောက် မှာdopamine ရဲ့balance မမှန်တာကြောင့်လဲဖြစ်တတ်ပါတယ်.ဒါကြောင့်လဲမြန်မာစကားမှာ ဦးနှောက်မမှန်ဘူးလို့ပြောတတ်ကြတယ်ထင်ပါတယ်



Environment factors ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကြောင့်ဖြစ်တတ်ပါတယ်.စိတ်ဖိစီးမှုများလွန်းခြင်း၊မိတ်ဆွေနည်းပါးခြင်း၊အနားယူစရာ (စိတ်ထွက်ပေါက်)မရှိခြင်းတို့က ရောဂါဖြစ်ပွားစေပါတယ်.စိတ်ရဲ့ဖိစီးမှု၊တခုခုအပေါ်ခံစားရတာများလာတဲ့အခါ စိတ်ထွက်ပေါက် အနေနဲ့ မိမိစိတ်ကဖန်တီးတဲ့ ဇာတ် လမ်းတွေဖြစ်လာတာပါ.


ဘယ်လိုကုသမလဲ


ကုသမှုမှာ လူနာရှင်ရဲ့ ပျောက်ကင်းချင်တဲ့စိတ် မိသားစုရဲ့ ပတ်ဝန်းကျင်ရဲ့ ဖေးမှု .ဆရာဝန်နဲ့ psychologists တွေရဲ့ ဆွေးနွေးမှုတွေနဲ့ လူကောင်းအတိုင်းပြန်ဖြစ်နိုင်ပါတယ်.

အဓိကကတော့လူနာနဲ့ မိသားစု ဆေးအစွမ်းနဲ့ ဆရာဝန်တွေရဲ့ ပူပေါင်းမှုပေါ်မှာ အများကြီးမူတည်နေပါတယ်


ကျွန်တော်ရဲ့ assignment အမေးအဖြေတွေကိုဖတ်ကြည့်ရင် ပိုမိုရှင်းလင်းလိမ့်မယ်ထင်ပါတယ်.ဒါကြောင့် attach တွဲပေးလိုက်ပါတယ်.
....................................

1. Provide a brief background of the person who has a mental illness, including the type of illness, how and when the illness was first manifested.

“A Beautiful Mind” is the true story of the progression of the illness in a brilliant Nobel Prize winner, John Nash. The movie starts in September 1947 at Princeton University and end in December 1994 at the Noble prize ceremony Stockholm, Sweden.

John Nash was the mysterious West Virginia genius and winner of the distinguished Carnegies scholarship. John has always believed in numbers, in equations and logic that led to reason. He did not like people much. He had no family and no friends. John Nash’s manner was unmotivated, emotionless, and reclusive. When all of his classmates had published their doctorate papers, he was still searching. He did not want to fail. He was thinking seriously about his topic for his doctorate. When he did not find the answer, he suffered great stress about his paper. Meanwhile, his hallucinations focused on an imaginary roommate named “Charles”. The illness was first manifested as schizophrenia at that time.

2. List some of the difficulties experienced by the person that arise from the illness.

Some of the difficulties experienced John that arose from the illness are:

Personal Problems- The nightmare of schizophrenia does not know what is true and what is imagined. He felt the effect of schizophrenia as low sexual interest or ability, sad or depressed mood, shyness, poor memory and increased smoking.
Relationship problems-People with schizophrenia often withdraw and isolate themselves. He displayed disorganized or bizarre behavior, impaired verbal communication and impaired emotions communication.
Harm to normal daily activities- Schizophrenia caused disruption to normal daily activities for John. John had social difficulties and felt ashamed. For example, he did not engage in normal family activities with his wife and children.
Thinking difficulties-The schizophrenic quite typically has difficulty in thinking clearly, logically and cohesively. A person’s concentration, memory, and ability to plan are affected by schizophrenia which makes it more difficult to reason, communicate, and complete daily tasks. In John’s case, he got the doctorate with mathematical but he could not answer easy mathematical questions when he suffered schizophrenia.


3. What impact has the illness had on the person’s life?

Impact on behavioral- John Nash was physically clumsy, socially clumsy and therefore, he was fundamentally alone. His low quality of life was associated with avoiding contact with others, having neither reliable friends nor daily contact with family and having few leisure activities. When he met a girl in the club, he did not show the signs of normal emotion. Poor sexual interest is one of pre-psychotic signs or ability. He was only interested in his theories.
When he was disordered, he could not concentrate on his older mathematical problems and was unable to focus attention. His behavior became weird when he stopped taking his medicine without talking with his wife.
Impact on psychological function- Delusions demonstrated that he had lost his grip on reality. Visual hallucinations were experienced as real when they (Charles, Marcie and Parcher) existed only in John’s mind. He also had difficulty handling conflict.
Impact on family life - He felt ashamed. He lost his job with Wheeler defense labs MIT Campus. He could not do his work, help with the baby or respond to his wife. He lost the normal family life style and became dependent on his wife care. He lost the normal relationship with his son.

4. What impact has the illness had on the lives of their family /friends?

Firstly, Alicia had difficulty in accepting that her husband had schizophrenia. The impact of schizophrenia on Alicia was uniquely distressing and tragic. She often thought care and support of her husband were obligation and felt guilty about wanting to leave. But she forced herself to stay. Despite unimaginable challenges Alicia’s steadfast devotion pulled her husband from the brink of madness and together they triumphed over tragedy.
Relationship impact- Alicia did not get the same happy family life style as other women because his husband felt poor sexual interest or ability.
Social impact- All family obligations were dealt with by Alicia. Moreover, she was facing a level of personal threat and unpredictability in her life.



5. What was their experience with mental health service providers?

When John Nash attended the MacArthur Psychiatric Hospital, insulin was taken five times a week for ten weeks. The delusions were controlled with medication and a low stress environment.
One year later, John Nash’s disorder had improved. John was ashamed and he stopped taking the medication without the agreement of his wife or recommendation of doctor. His disorder became worse again. He found “William Parcher” again in his mind. Unfortunately, he got to the point where he could have caused harm to his son. But his wife knew his disorder and saved the baby’s life. This showed that without treatment, the fantasies may take over-entirely and can be harmful to others in the family, friends and society. John’s disorder was wholly dependent on medical treatment.
When John could not work, help with the baby, and respond to his wife higher doses of insulin and new medication were given. John felt the side-effects of medication as movement disorder, sexual problems and poor sexual interest.
John Nash took the medication a long time but he still saw things that were not real. He just chose not to acknowledge them.
In summary, John’s illness was diagnosed quickly by his doctor, doctor Rosen and the hospital, Macarthur Psychiatric Hospital. A medical treatment was decided on and changed as needed. He was able to get help when he had difficulty coping. Although there were some side effects from the treatment, generally his experience with mental health service providers was good.

6. What have been some of the main issue the person and their family in relation to the illness?

Some of the main issue the person and their family in relation to the illness are-
a. Poor communication
b. Poor sexual and emotional intimacy
c. Lack of trust
d. Feeling threatened
e. Unpredictable relationship


7. Provide a personal reflection on the movie. Any new insights for you, broadened awareness and understanding, challenges.
I felt “A Beautiful Mind” was a very compassionate, insightful presentation of the disorder. From this movie, I broadened my awareness and understanding about schizophrenia. I think the devastation of schizophrenia is difficult to comprehend even for those who suffer its effects first-hand and also difficult for family to deal with.
The causes of schizophrenia are not fully known, but several factors are believed to contribute to the onset of schizophrenia.
Genetic factors
A predisposition to schizophrenia can run in families. If one parent suffers from schizophrenia, the children have a 10per cent chance of developing the condition. John Nash had no family history. Thus, we don’t know it genetic factors were an influence or not upon John.

Biochemical factors
An imbalance of a neurotransmitter called dopamine can cause the illness. This could have predisposed John Nash to the illness.
Environment factors
It is well recognized that stressful incidents often precede the onset of schizophrenia. John Nash had a lot of stress over his doctorate paper. He felt depressed. He had no family and intimate friends at school. He never relaxed and over concentrated on his paper. Thus, he became more anxious and irritable than others. I believe that Environment was main cause in John Nash’s case.

“A Beautiful Mind” was shown to understand the pain of schizophrenia, understand the burden and understand the intensity of the difficulties people are coping with. It may be rare, but extraordinary changes and improvements are possible. Reducing stigma and encouraging individual to seek help are very important.
There are numerous situations in which patients with schizophrenia may need help from people in their family, friend and community. More over them need help from expert mental health service providers.

Need help from family & friends
Alicia was offering love and support when John developed schizophrenia. She took her severely mentally ill husband in and sheltered him with no expectation that he’d get better. I believe that support from family is most important. Often, a person with schizophrenia will resist treatment, believing that delusions or hallucinations are real and that psychiatric help is not required. At times, family or friends may need to take an active role in having them seen and evaluated by a professional.

Need help from mental health service providers as Treatment & support
By getting medication and reliable treatment, improvements will be possible. People can get advice from doctors and psychologists to assist in understanding the disease and how to deal with it.

In conclusion, “A Beautiful Mind” seemed a remarkable way to give people knowledge about schizophrenia. John’s discoveries about managing his disease meant that he could go back to his career. Eventually he won the Nobel Prize. “A Beautiful Mind” is not only the love story of John Nash and Alicia but also the nice present about schizophrenia.


REFERENCE


MOVIE

Name Director Years

A BEAUTIFUL MIND Howard, Ron 2001



OTHER REFERENCES


BOOK
Title Writers Publication

Schizophrenia: Moate, Mary & Kingsway
Voices in the dark Enoch, David (Dr) Publication (1990)

Broachers for Mental Health Branch of the
Mental Health knowledge Department of Health and Agecare.


WEBSITES

1. www.helpguide.org
2. www.rethink.org
3. www.schizophrenia.com

Monday, August 16, 2010

ဆေးပညာနှင့်ပတ်သက်သောအယူအဆအမှားများ

ပြည်သူလူထုအတွင်းအလွယ်တကူနှင့် ဖျောက်ဖျက်၍မရနိုင်သေးသော
ဆေးပညာနှင့် ပတ်သတ်သည့် အယူအဆအမှားများ များစွာရှိပါသည်။ ထိုများစွာသော
အယူအဆအမှားများမှ အချို့ ကိုဖော်ပြသွားပါမည်။

အင်္ဂလိပ်ဆေးနှင့်သံပုရာရည်

အင်္ဂလိပ်ဆေးနှင့် သံပုရာရည် ၊သို့ မဟုတ် အချဉ်လုံးဝမတည့်ဟူသော အယူအဆအမှားမှာ လူ ၁၀၀ တွင် လူ ၉၀ ကျော်၏
စိတ်၌စွဲမြဲစွာ ယုံကြည်လျက်ရှိသည်။ အချဉ်စားမိလို့  ဆေးမသောက်ဖြစ်ဘူး
အချဉ်စားထားမိလို့ ဆေးမထိုးပေးပါနဲ့ဆရာ အချဉ်စားပြီး ဘယ်လောက်ကြာ
ဆေးသောက်ရမလဲ စသည့်စကားမျိုးမကြာခဏကြားရသည်။
မည်သူမည်ဝါဖြင့်ဆေးထိုးပြီးသံပုရာရည်သောက်မိလို့ ဆေးရုံတင်လိုက်ရတယ် ။ သေသွားပြီဆိုသော ကောလဟာလများပင်ကြားရတတ်သည်။

ရှေးနှစ်ပေါင်းများစွာက အင်္ဂလိပ်ဆေးအချို့ သည် အချဉ်နှင့်ဓာတ်မတည့်တာမျိုး ရှိကောင်းရှိခဲ့နိုင်သည်။ ယနေ့ အချိန်တွင်
အချဉ်နှင့်မတည့်သောဆေးဟူ၍ လုံးဝမရှိပါ။ ကုမ္ပဏီအမျိုးမျိုးမှ
ထုတ်လုပ်လျက်ရှိသော သောက်ဆေးထိုးဆေး အမျိုးမျိုးတွင် အချဉ်နှင့်မတည့်ပါဟု
တားမြစ်ချက်ရှိသောဆေးဟူ၍ မရှိပါ။ အချဉ်နှင့်အင်္ဂလိပ်ဆေး မတည့်ခြင်းဆိုသည်မှာ
အယူအဆမှားတစ်ခုသာဖြစ်ကြောင်း သိစေချင်သည်။



အင်္ဂလိပ်ဆေးသောက်လျှင်မစာရှိမှသောက်ရမည်

အထက်ပါယူဆချက်မှာလည်း အမြဲမှန်ကန်မှုမရှိပါ ။ လူအများစုသည် ဆေးသောက်တော့မည်ဆိုလျှင် အစာတစ်ခုခုအလျင်စားကြသည်။ ပြီးမှသောက်ကြသည်။
ဆေးများသည် အစာမစားမီသောက်ရသောဆေး၊ အစာစားပြီးသောက်ရသောဆေး
၊အစာနှင့်ဝေးအောင်နေပြီးမှသောက်ရသောဆေး ဟူ၍အမျိုးမျိုးရှိသည်။

တချို့ သောဆေးများသည် အစာနှင့်ဝေးဝေးသောက်မှ အာနိသင်ကောင်းသည်။ အထူးသဖြင့် ပဋိဇီဝပိုးသတ်ဆေးများ ဖြစ်ကြသည်။
အစားနီးလျှင်သို့ မဟုတ် အစာစားပြီးမှသောက်လျှင် ဆေးအားစုပ်ယူနိုင်မှု
စွမ်းအားမကောင်းသဖြင့် လိုသောအာနိသင်မရနိုင်ပေ ။

မည်သည့်ဆေးကို မည်သည့်အချိန်၌ သောက်ရမည်ဆိုခြင်းကို မိမိအားဆေးသောက်ရန်ညွှန်ကြားသော ဆရာဝန်၊သို့ မဟုတ်
ကျန်းမာရေးဝန်ထမ်းများအား သေသေချာချာမေးမြန်းသင့်ကြသည်။


တက်သည့်ကလေးကို ၀ိုင်းဝန်းခြေမချိုးပေးကြ၊ ခြေမလက်မချိုးကြသည့်လုပ်ဆောင်မှု


ကလေးငယ်များသည် ကိုယ်အပူကြီးလျှင် တက်တတ်ကြသည်။ ကလေးငယ်တက်လျှင် ၀ိုင်းဝန်းနှိပ်ကြသည်။ ခြေမလက်မတို့
ချိုးတတ်ကြသည်။ ကလေးငယ်သည် အလိုအလျောက်အတက်ကျသွားလျှင် နှိပ်လို့ ၊
ခြေမလက်မချိုးလို့  အတက်ကျသွားသည်ဟု ထင်နေကြသည်။ ဤသို့ သော အယူအဆသည်
မှားယွင်းပါသည်။ ကလေးငယ်တက်လျှင် နှိပ်ခြင်း ၊ခြေမလက်မချိုးခြင်း
လုံးဝမပြုလုပ်သင့်ပါ ။ အပူကြီး၍ တက်သည်ဆိုလျှင် ကိုယ်အပူချိန်ကျအောင်
လုပ်ဆောင်ပေးရန်သာဖြစ်သည်။

အကြောတက်ခြင်းနှင့်အကြောဆေးသွင်းခြင်း

အကြောတက်လျှင် အကြောဆေးသွင်းရမည် ဟူသောထင်မြင်ယူဆချက်မှာလည်း အယူအဆမှားတစ်ခုသာဖြစ်သည်။
ဆေးဝါးများကိုထုတ်လုပ်ရာတွင် စားဆေး၊ထိုးဆေး၊လိမ်းဆေး ၊ရှူဆေးစသည်ဖြင့် အမျိုးမျိုးထုတ်လုပ်ကြသည်။
ထိုဆေးများကိုပင်အသားဆေး ၊အကြောဆေး၊ အရေပြားအတွင်းထိုးဆေး၊
အရေပြားအောက်ကပ်လျက်ထိုးဆေး စသည်ဖြင့်ထိုးနည်းအလိုက် ခွဲထားပေးသည်။
အကြောဆေးကို ဆေး၏အာနိသင် လျင်မြန်စွာလိုအပ်သောအခါ သုံးတတ်ကြသည်။ အကြောဆေးသည် သွေးကြောအတွင်း
တိုက်ရိုက်ထိုးသွင်းသဖြင့် ခေါ်ဝေါ်သောအသုံးအနှုန်းဖြစ်သည်။ အကြောရောဂါများကို
ပျောက်စေသည့် သို့မဟုတ် အကြောတက်ပျောက်စေသည့်ဆေး မဟုတ်ပါ။
အကြောတက်ပျောက်ရန် လိမ်းဆေး၊ သောက်ဆေး၊အသားထိုးဆေး၊ စသည်တို့ဖြင့်လည်း ပျောက်ကင်းအောင်ကုသနိုင်သည်။
အကြောတက်လို့ အကြောဆေးထိုးပေရန် တောင်းဆိုတတ်ကြသော လူနာတစ်ချို
့သတိပြုကြရန်ဖြစ်သည်။


ခွေးကိုက်သည့်ဒဏ်ရာမန်းမှုတ်ထားလျှင်ဆေးမထည့်ရ

ဆေးခန်းသို့ ခွေးကိုက်ဒဏ်ရာဖြင့် ရောက်လာသော လူနာတချို့ သည် အနာကိုမန်းမှုတ်ထားလို့ ဆေးမထည့်ပါနဲ့ ဆေးထိုးပြီးသောက်ဆေးပဲပေးပါ ဟုတားမြစ်မှုတောင်းဆိုမှုများ
ပြုလုပ်တတ်ကြသည်။ ခွေးကိုက်ဒဏ်ရာသည် မန်းမှုတ်ရုံဖြင့် ပျောက်မည်မဟုတ်ပါ။
ဒဏ်ရာမှပိုးဝင်နိုင်သည်၊ အနာပြည်တည်နိုင်သည်။ မေးခိုင်ရောဂါလည်း
ဝင်နိုင်သေးသည်။ အနာကို စင်ကြယ်အောင်ရေဆေးပြီး ဆေးထည့်ရန် လိုမည်ဖြစ်သည်။
တစ်ခါတစ်ရံဒဏ်ရာကြီးလျှင် ချုပ်ဖို့ လည်းလိုတတ်သည်။
ဤမှားယွင်းသောအယူအဆကိုလည်း သိရှိနားလည်ပြီး ပြုပြင်ရန် လိုအပ်ပြီဖြစ်သည်။

အားဆေးမသောက်ရခြင်းများ

လူနာတချို့ သည် အားဆေးသောက်ရန် ဆရာဝန်ကညွှန်ကြားသောအခါ သွေးတိုးရှိသည်ဟူသောအကြောင်းပြချက်ဖြင့် ဆေးသောက်ရန် ငြင်းဆိုတတ်ကြသည်။ အားဆေးသောက်လျှင် သွေးတိုးပိုဆိုးစေသည်ဟု လက်ခံနေကြသည်။
အချို့ နေထိုင်မကောင်းပြီး ဖျားနေသောလူနာများသည်လည်း အားဆေးမသောက်ရဲကြချေ ။
အားဆေးသောက်လျှင် ရောဂါပိုဆိုးမည်ဟု ယူဆကြသည်။အားဆေးဟုဆိုရာတွင်
အများအားဖြင့် ဗီတာမင်များ၊ သတ္တုဓာတ်များ ၊အမိုင်နိုအက်ဆစ်များ
အဓိကပါဝင်ကြသည်။ အားဆေးတွင်ပါဝင်သော ဓာတ်ပစ္စည်းများသည် သွေးတိုးခြင်းကို
ပိုမိုမဆိုးစေနိုင်ပါ။ သတ္တုဓာတ်တစ်မျိုးဖြစ်သော ဆိုဒီယမ်သည်
သွေးတိုးနှင့်မတည့်ပါ သွေးတိုးရောဂါကို ပိုဆိုးစေသည်။
သို့သော်အားဆေးတွင်ပါဝင်သော သတ္တုဓာတ်များမှာ သံဓာတ် ၊ ဇင့် ၊ ကိုဘော့
စသည်တို့သာဖြစ်သည်။ ဆိုဒီယမ်ကို မည်သည့်အားဆေးမျိုးတွင်မှ
ထည့်သွင်းထားခြင်းမရှိပေ ။ အားဆေးကြောင့် ဖျားနာခြင်းကိုလည်း
ပိုမိုဆိုးစေခြင်းမရှိပါ။ သွေးတိုးနေလျှင်ဖြစ်စေ နေထိုင်မကောင်း ဖျားနာနေလျှင်ဖြစ်စေ ဆရာဝန်၏
ညွှန်ကြားချက်ရှိလျှင် စိတ်ချယုံကြည်စွာ အားဆေးများကိုသောက်နိုင်ကြသည်။ အန
္တရာယ် တစ်စုံတစ်ရာမရှိနိုင်ကြောင်းသိစေလိုသည်။




မူရင်း ..... ဒေါက်တာအေးကျော်၏ စာပေဗိမာန်စာမူဆုရ ဆေးပညာဗဟုသုတဒိုင်ယာရီ စာအုပ်မှ ကူးယူဖော်ပြသည်။

Sunday, August 1, 2010

ချစ်ခြင်းပုံပြင်(၄)

မြို့ငယ်ကလေးတစ်မြို့မှာ သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးရှိပါတယ်.. သို့သော်
မိန်းခလေးရဲ့ မိဘဆွေမျိုး အသိုင်းအ၀ိုင်းက ကောင်လေးနဲ့တွဲနေတာကို ပြင်းပြင်း
ထန်ထန် ဆန့်ကျင် ကန့်ကွက်ကြပါတယ်… မိန်းခလေးက ချမ်းသာတဲ့ အသိုင်းအ၀ိုင်းက
ဖြစ်တာကြောင့် ကောင်လေးနဲ့ လက်ထပ်ခဲ့မယ် ဆိုရင် မိဘဆွေမျိုး တွေရဲ့ ဂုဏ်သိက္ခာ
ကျဆင်းပြီး ၊ သူမဘ၀ တစ်လျှောက်လုံးလည်း ဆင်းရဲပင်ပန်းစွာနဲ့ စိတ်ချမ်းသာမှု
ရမှာမဟုတ်ဘူးလို့ ယူဆကြတဲ့ အတွက်ကြောင့်ပါ…



သူတို့နှစ်ဦးဟာ ဘယ်လိုပင် မြတ်မြတ်နိုးနိုး ချစ်ခင်ကြပေမဲ့
ဆွေမျိုးအသိုင်းအ၀ိုင်းရဲ့ ဖိအားပေးမှုကြောင့် အဆင်မပြေဖြစ်ပြီး မကြာခန စကားများ
ရန်ဖြစ် ရလေ့ရှိပါတယ်.. ကောင်မလေးက ကောင်လေးကို မကြာခန မေးတတ်တဲ့
စကားလေးတစ်ခွန်းက “နင် ငါ့ကို ဘယ်လောက်အထိ ချစ်လဲ” ဆိုတဲ့စကားလေးပါ.. ကောင်လေးက
စကားကို ဖွဲ့နွဲ့ပြောတတ်တဲ့သူမဟုတ်တဲ့အတွက် ကောင်မလေး စိတ်ကျေနပ်လောက်တဲ့
အဖြေစကားမျိုးကို သူ မပြောနိုင်ခဲ့ပါဘူး… မပြောတတ်ခဲ့ပါဘူး…



သူမလိုချင်တဲ့အဖြေစကား မကြားရတာကြောင့်ရော၊ မိဘတွေ သဘောမတူတာတွေကြောင့်ပါ
ပေါင်းပြီး ကောင်မလေးမှာ မကြာခန စိတ်ပျက် အားငယ်ခြင်း၊ ၀မ်းနည်းခြင်း တွေ
ဖြစ်ရပါတယ်.. ဒါကြောင့်လဲ ကောင်လေးအပေါ် ဒေါသနဲ့ဆက်ဆံမိတယ်.. ရန်လုပ်မိပါတယ်..
ကောင်လေးကတော့ သူမလေးကို ဘယ်တော့မှ ပြန်ပြီး ရန်မလုပ်ပါဘူး… မိန်းခလေးပြောသမျှ
ခေါင်းငုံ့ခံရင်း သဘောကောင်းပုံ၊ စိတ်ရှည် သီးခံပုံရတဲ့ အမူအရာလေးနဲ့သာ
ခပ်မဆိတ် နှုတ်ပိတ်လို့ ငြိမ်သက် နေခဲ့ပါတယ်..



၂နှစ်လောက်ကြာတဲ့အခါ တက္ကသိုလ်ကနေ သူတို့ဘွဲ့ရပါပြီ.. ဒီတော့ ကောင်လေးက
ပညာသင်ဆုလျှောက်ပြီး နိုင်ငံခြားမှာ ပညာဆက်လက် ဆည်းပူးဖို့ ဆုံးဖြတ်
လိုက်ပါတယ်.. သူ့ရဲ့ကြိုးစားမှုကြောင့် ပညာသင်ဆုရရှိပြီး နိုင်ငံခြားကို
ပညာသင်ဖို့ ထွက်ခွာရပါတော့မယ်.. မသွားခင်မှာ သူက ကောင်မလေးကို လက်ထပ်ခွင့်
တောင်းပါတယ်..



“ကောင်မလေးရေ.. ငါက စကားသိပ်မပြောတတ်ပါဘူး.. ဒါပေမဲ့ နင့်ကို
ငါမြတ်မြတ်နိုးနိုး ချစ်တယ် ဆိုတာ နင် ယုံကြည် ပေးပါနော်.. နင် ခွင့်ပြု
ကြည်ဖြူမယ်ဆိုရင် ငါ့ ဘ၀တစ်လျှောက်လုံး နင့်ကို ဂရုတစိုက်နဲ့
စောင့်ရှောက်သွားချင်ပါတယ်.. တစ်သက်လုံး နင့်ကို ရိုးမြေကျ ပေါင်းသင်းပါ့မယ်..
ပြီးတော့ နင့်မိဘတွေ သဘောတူ လက်ခံလာအောင်လဲ အတတ်နိုင်ဆုံး
ငါတို့ကြိုးစားကြမယ်လေ… နင် ငါ့ကို လက်ထပ်ပါနော်…”



မိန်းခလေးက ကောင်လေးကို လက်ထပ်ဖို့ သဘောတူ လက်ခံလိုက်ပါတယ်.. သူတို့၂ယောက်ရဲ့
ကြိုးပမ်းမှုကြောင့် မိဘတွေ ကလဲ သဘောတူ အသိအမှတ် ပြုလိုက်ရပါတယ်.. ဒါကြောင့်
ကောင်လေး နိုင်ငံခြား မထွက်ခွာခင်မှာ သူတို့၂ယောက် စေ့စပ် ကြောင်းလမ်း
ကြပါတယ်..



စေ့စပ်ပွဲ ပြီးတဲ့နောက် ကောင်လေးက နိုင်ငံခြားကို ပညာဆက်သင်ဖို့
ထွက်ခွာသွားပါပြီ. ကောင်မလေးကတော့ သူမလုပ်နေကျ ကုမ္ပဏီမှာ အလုပ် ဆက်လုပ်ပါတယ်…
ဝေးကွာနေကြတဲ့အခိုက်မှာ သူတို့၂ဦးဟာ အီးမေလ်း အပြန်အလှန် ပို့ကြခြင်းနဲ့
တယ်လီဖုန်း ထဲကနေ စကားပြောကြခြင်းတို့နဲ့သာ အလွမ်းဖြေကြရပါတယ်..
သူတို့၂ယောက်ရဲ့ အချစ်ခရီးလမ်းက လွယ်လွယ် ကူကူ မဟုတ်ခဲ့ပေမဲ့ လက်လျှော့
အရှုံးပေးကြဖို့တော့ ၂ယောက်လုံးက စိတ်ကူး မရှိကြပါဘူး…



တစ်နေ့… ထုံးစံအတိုင်း ကောင်မလေးက အလုပ်ဆင်းဖို့ ကုမ္ပဏီကိုအသွား မမျှော်လင့်ဘဲ
လမ်းမှာ ကားတိုက်ခံရပါတယ်.. ကားတိုက်ခံရပြီး ပလက်ဖောင်းနဲ့ သူမဦးခေါင်းတို့
ပြင်းထန်စွာ ထိခိုက်မိပြီး သတိမေ့သွားခဲ့ပါတယ်.. ကောင်မလေး ပြန်သတိရ လာတဲ့အခါ
ဦးခေါင်းတစ်ခုလုံး နာကျင်ကိုက်ခဲလို့ နေပါပြီ … သူမ ပြင်းပြင်း ထန်ထန်
ဒဏ်ရာရနေပြီ ဆိုတာ သိလိုက်ပါတယ်.. ကုတင်ဘေးမှာတော့ သူမရဲ့ မိဘနှစ်ပါး…..
ငိုကြွေးနေတဲ့ သူမအမေကို ကြည့်ပြီး နှစ်သိမ့်စကား ပြောဖို့ ပါးစပ်ကို
ကြိုစားပြီး ဖွင့်လိုက်ပါတယ်.. အသံထွက်မလာပါဘူး… အကြိမ်ကြိမ် ကြိုးစား ပါတယ်..
ထပ်ခါတစ်လဲလဲ စကား ပြောကြည့်ပါတယ်.. နောက်ဆုံးတော့ သူမ သဘောပေါက်လိုက်ပါပြီ..
ကောင်မလေးရဲ့ ပါးစပ်က လေသံ သဲ့သဲ့လေးက လွဲလို့ ဘာစကားသံကိုမှ ထွက်နိုင်စွမ်း
မရှိတော့ ပါဘူး.. သူမအသံကို ဆုံးရှုံးလိုက်ရပါပြီ.. စကားမပြောနိုင် တော့ပါဘူး..



ဦးနှောက်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေမှုက သူမရဲ့ အသံကိုပါ ဆုံးရှုံး
လိုက်ရတာဖြစ်ကြောင်း ဆရာဝန်က ရှင်းပြပါတယ်.. သူမကို နှစ်သိမ့်နေတဲ့ ဆရာဝန်နဲ့၊
မိဘရဲ့ စကားသံကို နားထောင်နေရင်း တစ်ခုခု ပြန်ပြောချင်စိတ်က ရင်ထဲမှာ
ကြီးစိုးလို့လာပါတယ်.. သို့သော်လည်း နာကျည်းဖို့ ကောင်းတာက ဘာစကားသံလေးကိုမှ
သူမ ပြောနိုင်တော့ခြင်းပါဘဲ.. အိုး.. ဘယ်လောက်များ ဆိုးဝါး ထားပါသလဲ. သူမလို
ငယ်ရွယ်တက်ကြွတဲ့ မိန်းခလေး တစ်ယောက်က စကားမှ မပြောနိုင်တာ့ဘူးဆိုရင်
ဒီလောကကြီးဟာ ဘယ်မှာများ နေပျော်စရာ ကောင်းပါဦးမလဲ… သူမရဲ့ အနာဂတ် တစ်ခုလုံး
ရိုက်ချိုး ခံလိုက်ရတာနဲ့ ဘာများထူးးဦးမှာလဲ..



ဆေးရုံမှာ ဆေးကုသမှုခံနေတဲ့တစ်လျှောက်လုံး သူမရဲ့ တိုးတိုးဖွဖွ ငိုကြွေးသံလေးကို
ကြားရသူတိုင်းက ကရုဏာ သက်ကြပါတယ် သူမမှာ ပိုင်ဆိုင်တဲ့ အသံ ဆိုလို့လဲ ဒီ
ငိုရှိုက်သံ တိုးတိုးလေးကလွဲလို့ ဘာမှမရှိတော့ပါဘူး.



ဆေးရုံကဆင်းလို့ သူမအိမ် ပြန်ရောက်တဲ့အခါ မြင်သမျှအရာရာက ဘာမှ မပြောင်းလဲပါဘူး…
ဖုန်းသံလေး တစ်ခုက လွဲလို့ ယခင်အတိုင်းပါဘဲ.. ယခင်တုန်း ခါကတော့ ဖုန်းသံလေး
မြည်သံကြားတိုင်း ချစ်သူဆီက ဖြစ်လေမလားဆိုတဲ့ မျှော်လင့်ချက် လေးနဲ့ ရွှင်လန်း
တက်ကြွစွာ အပြေးအလွှား သွားရောက်ကိုင်နေကျ… ခုချိန်မှာတော့ ထိုဖုန်းသံက သူမရဲ့
အသည်းနှလုံးကို ဓားထက်ထက်နဲ့ ထိုးနှက် နေသလိုပါဘဲ.. သူမရဲ့ သတင်းဆိုးအကြောင်း
ချစ်သူလေးကို မသိစေချင်သလို သတင်းကြားလို့ ကောင်လေး စိတ်ဆင်းရဲ ပူဆွေး
မှာကိုလည်း သူမ မလိုလားပါဘူး… ကောင်လေးအပေါ်ချစ်တဲ့ အချစ်က ပျော်ရွှင်စရာတွေကိုသာ
မျှဝေချင်ပြီး စိတ်ဆင်းရဲ ပူဆွေးစရာ သောကများကိုတော့ သူမတစ်ယောက်တည်းသာ
ကြိတ်မှိတ်လို့ ခံယူချင်တဲ့ အချစ်မျိုးနဲ့ပါ.. သူမလို စကားမပြောနိုင်တော့တဲ့
မိန်းခလေး တစ်ယောက်ကြောင့်လဲ သူမ သိပ်ချစ်ရတဲ့ကောင်လေးရဲ့ဘ၀မှာ ဆူးငြောင့်ခလုပ်
တစ်ခုလို မဖြစ်စေချင်တော့ပါဘူး…



ဒါကြောင့် မိန်းခလေးက ကောင်လေးဆီကို စာတစ်စောင်ရေးလိုက်ပါတယ်.. စာထဲမှာတော့ သူမ
ကောင်လေးကို မစောင့်နိုင် တော့တဲ့အတွက် အခြားသူ တစ်ဦးနဲ့ လက်ထပ်သွားပြီ
ဖြစ်ကြောင်း၊ သူမကို မေ့လိုက်ဖို့ အကြောင်းကို ရေးလိုက်ပါတယ်.. စာနဲ့အတူ
သူတို့၂ဦး စေ့စပ် ကြောင်းလမ်းစဉ်က ကောင်လေး ၀တ်ဆင် ပေးခဲ့တဲ့ လက်စွပ်လေးကိုပါ
ထည့်ပေးလိုက်ပါတယ်..



ကောင်လေးဆီကနေ အီမေလ်းနဲ့ရော၊ စာတိုက်ကနေပါ စာအစောင်ပေါင်း မြောက်မြားစွာ
ရောက်လာပါတယ်.. ဖုန်းအကြိမ်ပေါင်း မရေမတွက်နိုင်အောင် နေ့စဉ် နေ့တိုင်း
ခေါ်နေခဲ့ပါတယ်.. ကောင်လေး မယုံကြည်နိုင်ပါဘူး… သူ့ကို ထားခဲ့ပြီး တစ်ခြားသူ
တစ်ဦးနဲ့ ကောင်မလေး လက်ထပ်သွားမယ်ဆိုတာ သူဘယ်လိုမှကို မယုံကြည်ပါဘူး..
ရောက်လာတဲ့စာတွေ အီမေလ်းတွေကို ဖတ်တိုင်း၊ ဖုန်းခေါ်သံတွေ ကြားရတိုင်း
မိန်းခလေးမှာ အသံမထွက်ဘဲ ငိုကြွေးလို့သာ နေပါတော့တယ်.. ဒီ ဖုန်းခေါ်သံတွေ စာတွေက
သူမရင်ကို ပြင်းပြင်းထန်ထန် နှိပ်စက်လို့ နေပါတော့တယ်..



နောက်ဆုံးတော့ ကောင်လေးကို မိန်းခလေးက တစ်ဖြေးဖြေးနဲ့ မေ့သွားအောင်
တစ်ခြားမြို့ရွာကို ပြောင်းရွေ့ဖို့ မိန်းခလေးရဲ့ မိဘတွေက
ဆုံးဖြတ်လိုက်ကြပါတယ်..



နေရာအသစ်၊ ပါတ်ဝန်းကျင် အသစ်မှာ နေသားကျဖို့ ကောင်မလေး ကြိုးစားပါတယ်..
အဲဒီမြို့ကလေးမှာ သူမတို့လို ဆွံ့အ စကား မပြောနိုင်သူများအတွက် ဖွင့်လှစ်ထားတဲ့
ခြေဟန်လက်ဟန်နဲ့ စကားပြောနည်းကို လေ့လာသင်ယူခဲ့ပါတယ်.. သူမနေ့စဉ်
ရင်ထဲကပြောနေတဲ့ စကားတစ်ခွန်းက “ကောင်လေးကို ငါ မေ့ပစ်ရမယ်” ဆိုတဲ့ စကားလေးပါ..
သူမအသိဆုံးပါ ကောင်လေးကို မေ့ဖို့ဆိုတာ သူမအတွက် ဘယ်လောက် ခက်ခဲ
ပင်ပန်းတယ်ဆိုတာ..



တစ်နေ့မှာတော့ သူမနေခဲ့တဲ့ မြို့လေးက သူငယ်ချင်း မိန်းခလေးတစ်ယောက် သူမထံ အလည်
ရောက်လာပါတယ်.. အဲဒီ သူငယ်ချင်း ဆီကနေ ကောင်လေး ပြန်ရောက်နေကြောင်းကို
မမျှော်လင့်ဘဲ သိခွင့်ရလိုက်ပါတယ်.. မိန်းခလေးက သူငယ်ချင်း ဖြစ်သူကို သူမရဲ့
အဖြစ်အပျက်အားလုံး ကောင်လေးကို လုံးဝ အသိမပေးဖို့ အတန်တန် ကတိတောင်းပါတယ်..
တစ်ရက် နှစ်ရက် နေပြီးတော့ သူမ သူငယ်ချင်းလဲ ပြန်သွားပါတယ်.. အဲဒီချိန်က စလို့
ကောင်လေးရဲ့သတင်းကို မိန်းခလေး ထပ်မကြား ရတော့ပါဘူး…



တစ်နှစ်လောက်အကြာမှာ ယခင်နှစ်က အလည်ရောက်ခဲ့ဖူးတဲ့ သူမရဲ့ သူငယ်ချင်း
ပြန်ရောက်လာပါတယ်.. သူငယ်ချင်းဖြစ်သူရဲ့ လက်ထဲမှာတော့ မင်္ဂလာဆောင်
ဖိတ်စာလေးတစ်ခုပါ… ဘယ်သူ့မင်္ဂလာဆောင်လဲလို့ သူမက ခြေဟန်လက်ဟန်နဲ့ မေးလိုက်တဲ့
အခါ သူမသူငယ်ချင်းက ကောင်လေးရဲ့ မင်္ဂလာဆောင်လို့ ပြန်ဖြေပါတယ်.. ဖိတ်စာလေးက
မိန်းခလေးရဲ့ လက်ကနေ လွှတ်ကျ သွားခဲ့ပါတယ်.. တကယ်တမ်းတော့ ကောင်လေးကို သူမ
ခုချိန်ထိ မေ့လို့ မရနိုင်ခဲ့ပါဘူး… ကောင်လေး လက်ထပ်တော့မယ်လဲ ကြားရော သူမ
တင်းထားသမျှ ပြိုလဲသွားပါပြီ.. သူမပါးပြင်ပေါ်မှာ ၀မ်းနည်းခြင်း မျက်ရည်စက်များ
စီးကျလာပါတယ်..



သူမသူငယ်ချင်းက ဖိတ်စာလေးကို ပြန်ကောက်ပေးပြီး ဖွင့်ကြည့်လိုက်ဖို့
တိုက်တွန်းပါတယ်.. သူမ ဖိတ်စာလေးကို တုန်ယင်နေတဲ့ လက်အစုံနဲ့ ဖွင့်လိုက်ပါတယ်…
သတို့သားက သူမ ချစ်လှစွာသော ကောင်လေးနံမည်ပါ… သတို့သမီး နံမည်နေရာမှာတော့



အံ့သြ ထူးဆန်းပါဘိ……….. မမှားပါဘူး.. သူမ အထပ်ထပ် အခါခါ ပြန်ကြည့်မိပါတယ်..



သူမရဲ့ နံမည်ပါ…



အံ့သြစိတ်နဲ့ သူငယ်ချင်းဖြစ်သူကို မေးဖို့ ခေါင်းပြန်အမော့မှာ သူမရှေ့မှာ
ရပ်နေခဲ့သူက သူမရဲ့ ကောင်လေးပါ. ကောင်လေးက သူမသုံးနေတဲ့ ခြေဟန်လက်ဟန် အမူအရာ
စကားနဲ့ သူမကို လှမ်းပြောပါတယ်…



“ငါက တစ်နှစ်လုံးလုံး ဒီ အမူအရာ သုံးတဲ့ ဘာသာစကားကို လေ့လာနေခဲ့တာပါ.. နင့်ကို
ငါဘယ်လိုမှ မမေ့ဘူးဆိုတာ နင်သိစေချင်တယ်.. ပြီးတော့ နင့်ကို ပေးထားခဲ့တဲ့
ငါ့ရဲ့ ကတိစကားကိုလဲ ဘယ်တော့မှ မမေ့ပါဘူး… နင့်ကို တစ်သက်လုံး
စောင့်ရှောက်သွားမယ် ဆိုတာလေ…ခုချိန်မှာ နင် စကားမပြောနိုင်တော့ပေမဲ့
စိတ်မပျက်ပါနဲ့.. ငါရှိနေပါတယ်.. ငါ့ကို နင့်ရဲ့အသံလေး အဖြစ်နဲ့ နင့်ဘေးနားမှာ
တစ်သက်လုံး နေခွင့်ပေးပါနော်… ငါ နင့်ကို အရမ်း ချစ်တယ်.. တစ်ဘ၀လုံးစာ
ချစ်ပါတယ်..”



ကောင်လေးက အိတ်ထဲက လက်စွပ်လေးတစ်ကွင်းကို ထုတ်လိုက်ပြီး မိန်းခလေးရဲ့
လက်သူကြွယ်လေးမှာ ပြန်စွပ်ပေးလိုက်ပါတယ် ဒီလက်စွပ်လေးဟာ ကောင်လေးကို သူမ
ပြန်ပို့ပေးလိုက်တဲ့ လက်စွပ်လေးပါ… မိန်းခလေးရဲ့ ပါးပြင်မှာတော့ ချမ်းမြေ့ခြင်း
ပီတိတို့နဲ့အတူ မျက်ရည်စလေးများ စီးကျလာပါတယ်.. ကောင်လေးက စီးကျလာတဲ့
မျက်ရည်စတို့ကို တယုတယ ဖယ်ရှားပေးလိုက်ပါတယ်.. အသံမထွက်ဘဲ ငိုရှိုက်နေတာ
ဖြစ်ပေမဲ့ ဒီတစ်ခါတော့ မထွက်နိုင်တော့တဲ့ သူမ အသံ အတွက် ၀မ်းနည်း
ကြေကွဲမနေတော့ပါဘူး… သူမဘေးမှာ သူမရဲ့ အသံလေးအဖြစ် တစ်သက်လုံး ရှိနေတော့မဲ့
ချစ်သူကောင်လေး ရှိနေခဲ့ပြီဘဲလေ….



————————————————————————————————————————



ကိုယ့်ချစ်သူ မိန်းခလေးက စကားမပြောနိုင်တဲ့သူ တစ်ယောက်ဖြစ်သွားခဲ့တာတောင်
သစ္စာရှိစွာနဲ့ မေတ္တာမပျက် ချစ်ခင်နိုင်တဲ့ ကောင်လေးရဲ့ အချစ်ကလည်း ချီးကျူး
လေးစားစရာနော်…လူတိုင်းဟာ မိမိချစ်တဲ့သူကို စွန့်လွှတ်ခြင်း၊ ပေးဆပ်ခြင်းတို့နဲ့
ချစ်နိုင်ဖို့ဆိုတာ တကယ်တမ်းတော့ မလွယ်လှပါဘူး… အဲဒီလို မလွယ်တာကို
လုပ်နိုင်တဲ့ လူတွေကို ကျွန်မတို့က လေးစားစရာအဖြစ် တန်ဖိုးထားရမှာပါ..
မိမိချစ်သူအပေါ် ဘယ်လို စောင့်ရှောက် ဖေးမရမယ်ဆိုတဲ့ ကောင်လေးရဲ့ အချစ်ကို
အတုယူသင့်လှပါတယ်… သူရဲ့ အချစ်ကြောင့် အားငယ်နေတဲ့ ချစ်သူ မိန်းခလေး
ဘယ်လောက်တောင် ကျေနပ် ပျော်ရွှင်သွားမလဲနော်.. ဒီိလို အချစ်မျိုးတွေနဲ့သာ
လောကကို အလှဆင်ထားမယ်ဆိုရင်ဖြင့် ကမ္ဘာကြီးဟာ အချစ်ရဲ့ စွမ်းအားတို့နဲ့
သာယာလှပနေတော့မှာပါ…





မူရင်း ရေးသားသူ Cutie Mermaid ရဲ့ A Silent Love ကို ချစ်တတ်ကြသူများအတွက်
ဘာသာပြန် ဝေငှ ပါတယ်

Thursday, July 29, 2010

ချစ်ခြင်းပုံပြင်(၃)

(၁)

နင့်ကို ငါပြောတယ် "ငါ ဒီနေ့လှေကားပေါ် တံမြက်စည်းလှဲတာ.. ပြုတ်ကျခါနီးလေးပဲ"



"အိုး.. သတိထားမှပေါ့ မိန်းမရယ်" လို့ နင့်ဆီကနှစ်သိမ့်တာကို ငါမျှော်လင့်ခဲ့ပေမယ့်



"နင် ဖြေးဖြေးမလှဲတတ်ဘူးလား" ဆိုတဲ့အဖြေကိုပဲ ငါရခဲ့တယ်။

ငါဝမ်းနည်းမိတယ်၊ နင် ငါ့ကိုမချစ်ဘူး။ ဂရုမစိုက်ဘူး။



နောက်တော့ လှေကားကခါတိုင်းထက် သန့်ရှင်းနေတာကို ငါသတိထားခဲ့မိတယ်။

ငါလှဲစရာမလိုအောင် သန့်ရှင်းလွန်းခဲ့တယ်။ နောက်မှသိရတာက အလုပ်မသွားခင်

ငါးမိနစ်အချိန်ပေးပြီး ငါ့ကိုယ်စားလှဲခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို

ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။



(၂)

နင့်ကို ငါပြောတယ် "လမ်းမှာကားပျက်သွားလို့ ကားမှတ်တိုင်ရောက်ဖို့

နာရီဝက်ကြာ ငါလမ်းလျှောက်လိုက်ရတယ်"



"တက္ကစီစီးပြီး ပြန်ခဲ့ရော့ပေါ့.. ပင်ပန်းနေပြီလား" ဆိုတဲ့ ဂရုစိုက်သံကို

နင့်ဆီက ကြားချင်ခဲ့ပေမယ့်



"သိပ်မှမဝေးတာ.. လျှောက်ပေါ့။ ဝိတ်လျှော့တာနဲ့ တူတူပဲ" လို့

နင်ပြောခဲ့တယ်။ နင့်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး

ငါစိတ်တိုမိခဲ့တယ်။



နောက်တစ်နေ့မနက် စားပွဲပေါ်မှာ နင့်ကားသော့ကို ငါတွေ့လိုက်တယ်။ ငါ့အတွက်

မနက်စာကို နင်စီစဉ်ခဲ့သေးတယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊

ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။



(၃)

နင့်ကို ငါပြောတယ် "ဟင်းကြော်တာ နည်းနည်းတူးသွားတယ်၊ နင်သည်းခံပြီး စားပေးနော်"



"အင်း.. ကိစ္စမရှိဘူး။ နင်ဘယ်လိုချက်ချက် ငါကြိုက်တယ်" ဆိုတဲ့ ကြင်နာသံကို

နင့်ဆီက ကြားချင်ခဲ့ပေမယ့်



"ကြည့်ရုံနဲ့ မစားချင်တော့ဘူး.. စားချင်စိတ်လဲ မရှိတော့ဘူး" လို့

နင်ပြောခဲ့တယ်။ နင့်ငါ့ကို နားမလည်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး

ငါဝမ်းနည်းခဲ့မိတယ်။



နောက်တော့ သွန်ပစ်မယ်လို့ စိတ်ကူးထားတဲ့ဟင်းတွေ ပျောက်ပျောက်နေတာကို

သတိထားလိုက်မိတယ်။ နောက်တော့ နင့်နှုတ်ခမ်းဘေးမှာ၊ နင့်အနံ့အသက်မှာ

ဟင်းနံ့တွေ ငါရခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊

နားလည်မှုပေးတယ် ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၄)

နင့်ကို ငါပြောတယ် "ငါ့ဆံပင်တွေ ကျွတ်လိုက်တာ.. ဆရာကတော့ စိတ်မပူနဲ့လို့

ပြောတာပဲ။ ဂတုံးဖြစ်သွားမှာတောင် စိုးတယ်"



"စိတ်မပူပါနဲ့.. နင့်ဆံပင်တွေများနေတာပဲ။ ဂတုံးဖြစ်လောက်တဲ့အထိ

မကျွတ်နိုင်ဘူး" ဆိုတဲ့ အားပေးသံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်



"ကိုယ့်ဆံပင်ကျွတ်တာကို ခုမှသိတာလား၊ ကြမ်းပြင်ပေါ်မှာ

နင့်ဆံပင်မွေးတွေချည်းပဲ၊ ညစ်ပတ်တယ်" လို့ နင်ပြောခဲ့တယ်။ နင်

ကိုယ်ချင်းမစာဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။



နောက်တော့ အိမ်ကကြမ်းပြင်ပေါ်မှာ ငါ့ဆံပင်မွေးတွေ အတွေ့နည်းသွားတယ်။

ဆံပင်မကျွတ်တော့ဘူးလို့ ငါဝမ်းသာနေတုန်း နင်ခရီးထွက်ရတယ်။ နင်မရှိမှ

ကြမ်းပြင်ပေါ်က ဆံပင်မွေးတွေများခဲ့တယ်။ နောက်မှ ငါမသိအောင်

ဆံပင်မွေးတွေကို နင်လှဲခဲ့တယ်ဆိုတာကို ငါသိလိုက်ရတယ်။ တကယ်တော့

နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ငါ့စိတ်ချောက်ချားမှာကို

နင်စိုးခဲ့တယ်၊ ဒါက တစ်ခြားလူတွေနဲ့ မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။





(၅)

နင့်ကို ငါပြောတယ် "သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ ဒီညအိမ်ပြန်နောက်ကျမယ်နော်"



"ဘယ်သူတွေပါလဲ? သတိထားနော်.. စောစောမပြန်နိုင်ရင်

ဖုန်းမကြာမကြာဆက်ခဲ့နော်" ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက

ကြားချင်ခဲ့ပေမယ့်



"နင့်သဘောပဲ.. စိတ်ချမ်းသာသလိုလုပ်" လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို

မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။



နောက်တော့ စိတ်တိုတိုနဲ့ နင့်ကိုရွဲပြီး မနက် ၃နာရီမှ ငါအိမ်ပြန်ခဲ့တယ်။

ဆိုဖာပေါ်မှာ ခွေခွေလေးအိပ်နေတဲ့ နင့်ကိုမြင်မှ တကယ်တော့ နင့်ငါ့ကို

ဂရုစိုက်တယ်၊ ချစ်တယ်ဆိုတာကို ငါသိလိုက်တယ်။ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့

နင်ရဲ့ချစ်နည်းပေါ့။

(၆)

နင့်ကို ငါပြောတယ် "ဒါနင့်အတွက် ငါရွေးဝယ်ထားတဲ့ အနွေးထည်၊ နွေရာသီမှာ

လျှော့ဈေးနဲ့ရောင်းလို့ ဝယ်ခဲ့တာ၊ ခုဆောင်းရောက်ပြီဆိုတော့

ဝတ်လိုက်ပါနော်၊ နင့်အတွက် ငါရဲ့ဆောင်းရာသီ လက်ဆောင်ပေါ့"



"ကျေးဇူးတင်ပါတယ်၊ နင့်အချစ်ကြောင့် ဒီဆောင်းမှာ ငါပိုနွေးထွေးတော့မယ်"

ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်



"ရာသီပြောင်းလျှော့ဈေးမှာ ဝယ်ခဲ့တဲ့ အပေါစားပဲ" လို့ နင်ပြောခဲ့တယ်။

နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။



နောက်တော့ ဆောင်းကုန်လို့ နွေရောက်တဲ့အထိ အဲဒီအင်္ကျီကို နင်မချွတ်ခဲ့ဘူး။

ရုံးတက်၊ ရုံးဆင်း နေ့တိုင်းနင်ဝတ်ခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို

ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၇)

နင့်ကို ငါပြောတယ် "လမ်းထိပ်က ခေါက်ဆွဲသုပ်က အရမ်းစားလို့ကောင်းတယ်"



"ဟုတ်လား.. မနက်ဖြန်ကျရင် ငါတို့အတူတူသွားစားမယ်လေ" ဆိုတဲ့ ဂရုစိုက်သံကို

နင့်ဆီက ကြားချင်ခဲ့ပေမယ့်



"တစ်ချိန်လုံး စားဖို့ချည်းတွေးနေတယ်၊ နင့်ကိုယ်လုံးကို

နင်ပြန်အားနာအုန်း" လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊

ဂရုမစိုက်ဘူးဆိုပြီး ငါစိတ်တိုခဲ့မိတယ်။



နောက်တော့ အဲဒီခေါက်ဆွဲသုပ်ကို မကြာခဏ နင်ဝယ်လာတတ်တာကို

ငါသတိထားခဲ့မိတယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက

တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၈)

နင့်ကို ငါပြောတယ် "နင်နဲ့ရခဲ့လို့ ငါဝမ်းသာတယ်။ နင်ဟာ ငါရဲ့

ခင်ပွန်းကောင်းတစ်ဦးပါ"



"အင်း.. ငါလည်း ဝမ်းသာတယ်။ နင်က ငါရဲ့ဇနီးကောင်းတစ်ဦးပါ" ဆိုတဲ့

ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်



"ယူတောင်ယူပြီးပြီပဲ မကောင်းတော့ ဘယ်လိုလုပ်မလဲ" လို့ နင်ပြောခဲ့တယ်။

နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါစိတ်တိုခဲ့မိတယ်။



နောက်တော့ ညညမအိပ်ခင် တစ်ရူးနဲ့ ၄ဝလက်မရှိတဲ့ မင်္ဂလာဓာတ်ပုံကို

နင်ပွတ်တိုက်တတ်တာကို ငါသတိထားခဲ့မိတယ်။ ဓာတ်ပုံကိုကြည့်ပြီး

နင်ပြုံးနေခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက

တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။



နောက်ဆုံး ငါသဘောပေါက် နားလည်ခဲ့ပါတယ်၊ အေးတိအေးစက် ဂရုမစိုက်တတ်တဲ့

နင့်ခန္ဓာအောက်မှာ စကားလုံးတွေနဲ့ မဖော်ပြတတ်တဲ့ နွေးထွေးတဲ့၊

ငါ့အတွက်အချစ်တွေပြည့်နေတဲ့ အသဲနှလုံးတစ်စုံ ရှိတယ်ဆိုတာကို

ငါနားလည်ခဲ့တယ်။ ငါ့ကိုနင်ချစ်တယ် ဒါပေမယ့် နင်ဖွင့်မပြောတတ်ခဲ့ဘူး၊

ဒါကလည်း လူများနဲ့မတူတဲ့ ငါ့ကိုချစ်တဲ့

နင်ရဲ့ချစ်နည်းတစ်မျိုးပေါ့နော်...




မှတ်ချက် - forward mail message ထဲမှ ပြန်လည်ဖော်ပြခြင်းဖြစ်သည်။