ကျွန်တော်ရဲ့ blog လေးကို ကျွန်တော်သိသမျှ တတ်သမျှ ဖတ်မိ၊မှတ်မိသမျှ

ကိုအားလုံးကိုမျှဝေလိုတဲ့ ဆန္ဒလေးနဲ့လုပ်ဖြစ်တာပါ.
ကျွန်တော့်ရဲ့ post မှာ သုတ၊ရသ၊ ပညာနှင့် စာပဒေသာဆိုပြီး(၄)ပိုင်း ခွဲထားပါတယ်.
သုတမှာ သိမှတ်ဖွယ်ရာအဖြာဖြာကို ဖော်ပြထားပါတယ်.
ရသမှာတော့ ခံစားမှု တစုံတရာပေးစွမ်းနိုင်မဲ့ စာတွေကဗျာတွေဖော်ပြပေးထားပါတယ်.
ပညာမှာတော့ ဘာသာရပ်ဆိုင်ရာ တွေကိုဖော်ပြထားပြီး
စာပဒေသာမှာတော့ ဟာသ၊ဗေဒင် စတဲ့ ကဏ္ထ စုံကို ဖော်ပြထားမှာပါ.

ဆရာကြီး မင်းသုဝဏ်ရဲ့ 'စု၊တု၊ပြူ' မူအတိုင်း စု ဆောင်းထားသမျှ
တခြားသူများရဲ့စာများနှင့် သူတို့ရဲ့ စာတွေကို အတု ယူပြီး ကိုယ်တိုင်ပြု စုထားတဲ့စာတွေအစုံပါဝင်မှာပါ.
တခြားသူများရဲ့ စာတွေကိုဖော်ပြတဲ့အခါ မူရင်းရေးသူအမည်သိလျှင်
ဖော်ပြပြီး မသိခဲ့ရင်တော့ 'ဖတ်မိသမျှ၊မှတ်မိသမျှ'လို့ပဲရေးပေးထားပါမယ်.
မူရင်းရေးသူအမည်သိလျှင်လည်းပြောပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်

ဝင်ရောက်ဖတ်ရှုသောသူငယ်ချင်းများ စာပေရောင်းရင်းများ အားလုံးကို ကျေးဇူးတင်စွာဖြင့်
ဝင်းသုမွန်
(ကြိုက်တာတွေ့ရင် ကူးယူနိုင်ပါသည်။ဖတ်ဖြစ်ဖို့သာလိုရင်းပါ)

Sunday, February 6, 2011

ပြောတတ် ဆိုတတ် ဆွေးနွေးတတ်တဲ့ အရည်အချင်း

Friday, January 7, 2011
ပြောတတ် ဆိုတတ် ဆွေးနွေးတတ်တဲ့ အရည်အချင်း

မောင်ဝံသ

(၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဒီကနေ့ မီဒီယာတွေပေါ်မှာ ဆွေးနွေးနေသူများ ဆင်ခြင်ဖွယ်ရာ အချက်များနဲ့ နိုင်ငံရေး သမားဆိုသူများ အကြောင်းများ ဖြစ်ပါတယ်။ )

နိုင်ငံရေး စကားဝိုင်း တချို့ နားထောင် ဖြစ်ပါတယ်။ နိုင်ငံရေး အကြောင်း ပြောကြတာ ဆိုတော့ နိုင်ငံရေး စိတ်ဝင်စား သူတွေ နိုင်ငံရေး သမားတွေ ပါဝင်ပြောကြတာ များပါတယ်။ တချို့ပါဝင် ဆွေးနွေးသူတွေ တော်သလောက် တချို့ကျတော့ ညံ့လွန်းတယ်။ စကားဝိုင်းကို အနှောင့်အယှက် ဖြစ်စေတယ်။ သေးသိမ်စေတယ်။ ဒီလို လူမျိုးကိုများ ဖိတ်ခေါ် ဆွေးနွေးခိုင်း ရသလား ဆိုပြီး စီစဉ်တဲ့ လူကိုတောင် အပြစ်တင်စရာ ဖြစ်စေတယ်။

မှားတတ်တဲ့ အမှားများ

နိုင်ငံရေး စကားဝိုင်းတွေမှာ အများဆုံး မှားတတ်ကြတာက မလိုအပ်ဘဲ လေရှည်နေတာ ဖြစ်တယ်။ ရှေ့က လူတချို့ ပြောပြီးသား တွေကို ထပ်ပြောနေတာ။ အချိန်ကို မတွက်တတ်တာ၊ စီစဉ်သူရဲ့ အရိပ်အကဲကို နားမစွင့် ကိုယ်ပြောချင်တာ တွေကို ရေပက်မ၀င်အောင် စွတ်တင်နေတာ ဖြစ်တယ်။ ကိုယ်ညံ့တာကို အထုပ်ဖြေပြသလို ဖြစ်တတ်တယ်။ စီစဉ်သူက အတင်းကို စကားဖြတ်တောက် ခံရတာ ရှက်စရာလည်း ဖြစ်တယ်။

ဥပမာ- စီးပွားရေး အကြောင်း စကားဝိုင်း ဆိုပါစို့။ နိုင်ငံခြားကို ပို့ကုန်များများ တင်ပို့နိုင်အောင် ဘယ်လို နည်းလမ်းတွေ ရှိနိုင် မလဲဆိုတာကို ဆွေးနွေးကြပါလို့ စီစဉ်သူက လမ်းကြောင်းပေးတယ်။ ဆွေးနွေးသူတွေက ကုန်ဈေးနှုန်းတွေ ကြီးမားနေတာ၊ အလုပ်လက်မဲ့တွေ များနေတာ၊ ကုန်ထုတ်လုပ်မှုကို အထောက်အကူပြုတဲ့ ပညာရေးကို အားပေး သင့်တာတွေ လျှောက် ပြောနေရင် တလွဲတွေ ဖြစ်ကုန်ပြီ။ အဲဒါတွေဟာ မှားလားဆိုတော့ မမှားပါဘူး။ ဒါပေမယ့် အခု ဆွေးနွေးရမယ့် ခေါင်းစဉ်နဲ့ တိုက်ရိုက် မဆိုင်ဘူး။ ပြီးတော့ လူတွေ အတော်များများ သိနေပြီး ဖြစ်တဲ့ အကြောင်းတွေကို စကားဝိုင်းမှာ ပြောနေဖို့ မလိုဘူး။ တချို့က သမားဂုဏ် ပြချင်လို့ ပြောတာ တချို့က ကိုယ်က တစ်မတ်ဖိုးလောက် သိတာကို တစ်ကျပ်ဖိုးလောက် ထင်ပြီး လူတွင်ကျယ် လုပ်တာ။ တော်တော်များများ ကတော့ စကားဝိုင်းမှာ အပေးအယူ မျှမျှ ပါဝင်ပြောဆိုနည်းကို နားမလည်လို့ မှားကြတာ ဖြစ်တယ်။

သတိထားရန်

(၁) စကားဝိုင်းမှာ ပါဝင်ပြောဆိုသူဟာ အရိပ်သုံးပါး နားလည်ရမယ်။ စီစဉ်သူရဲ့ စကားကို နားစွင့်ပြီး ပြောဆိုရမယ်။ ကြားဖြတ် မေးချင်မေးမှာပေါ့။ မေးတာကို ဖြေရမယ်။

(၂) တစ်ယောက်တည်း အကြာကြီး မပြောရပါဘူး။

(၃) သူများကို အလှည့်ပေးရမယ်။ သူများ ပြောတာကို သေချာ နားထောင်ရမယ်။

(၄) မိမိ ပါဝင် ဆွေးနွေးတဲ့ ဘာသာရပ်ကို နားလည်အောင် လေ့လာပြီးမှ ပြောသင့်တယ်။

(၅) အကောင်းဆုံး ကတော့ ပြောချင်တဲ့ အချက်အလက် တွေကို မှတ်စုလေး တေးပြီး ပြောသင့်တယ်။

အရည်အချင်း လိုအပ်ချက်

ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံရေး စိတ်ဝင်စားသူ၊ နိုင်ငံရေး ပါဝင် ဆောင်ရွက်သူတွေ အရေအတွက်ကော အရည်အချင်း ကော လိုအပ်နေပါတယ်။ နိုင်ငံရေးကို ဘာသိဘာသာ နေသူတွေ များနေရင် လုံးဝ မကောင်းပါဘူး။ နိုင်ငံရေးကို ကိုယ်ကျိုး စီးပွား အတွက် ၀င်ရောတဲ့ အချောင်သမားတွေ များလာရင်လည်း လုံးဝ မကောင်းနိုင်ပါဘူး။ ကိုယ်ကျိုး မရှာတဲ့ နိုင်ငံရေးကို စိတ်ဝင်စားပြီး မိမိနိုင်ငံမှာ ဘာတွေ ဖြစ်နေလဲ၊ ဘယ်သူတွေက အုပ်ချုပ် နေတာလဲ၊ ဘာစနစ်နဲ့ အုပ်ချုပ်နေတာလဲ၊ တိုးတက် နေသလား၊ ဆုတ်ယုတ် နေသလား၊ လူအများစုကြီး စားဝတ်နေရေး ချောင်လည်သလား၊ မချောင်လည်ဘူးလား စသည်ဖြင့် အကဲခတ် လေ့လာ၊ မိမိ တတ်နိုင်တဲ့ နေရာက ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ပါဝင် ဆောင်ရွက်သူတွေကို အရေအတွက် အားဖြင့် အရင်ဆုံး လိုပါတယ်။ ပြီးတော့မှ အရည်အချင်းပိုင်း ဖြည့်ဆည်းရင် ဖြစ်ပါတယ်။

အရည်အချင်းပိုင်းမှာ ပထမ အရေးကြီးဆုံး ကတော့ ရိုးသားဖြောင့်မှန်မှု (Sincerity) ပါပဲ။ ရိုးသား ဖြောင့်မှန်မှုလို့ အပြည့်အစုံ ပြောမှ တိကျမှာပါ။ Sincerity ကို The Quality or condition of being sincere; genuineness, honesty, and freedom from duplicity လို့ The American Heritage Dictionary က အဓိပ္ပာယ် ဖွင့်တာကို သဘောကျလို့ပါ။

ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံရေး ပါတီတွေ အများကြီး ပေါ်ခဲ့ဖူးတယ်။ ဟိုး အာဏာရ ဖဆပလ ခေတ်ကနေ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် အထိ လေ့လာကြည်ရင် ရိုးသားဖြောင့်မှန်မှုနဲ့ နိုင်ငံရေး ဝင်ရောက်သူထက် အခွင့်အရေး မျှော်ကိုးပြီး ဝင်လုပ်သူတွေက အရေအတွက် များခဲ့တာ တွေ့ရမှာပါ။

လမ်းစဉ်ပါတီ စတင် တည်ထောင်ချိန်က ကျွန်တော်တို့ တက္ကသိုလ် အပြင်တောင် ရောက်နေပြီမို့ ကောင်းကောင်းကြီး သိမီ ပါတယ်။ အဲဒီ အချိန်က အလုပ်အကိုင် သိပ်မရှားပါး သေးဘူး။ တက္ကသိုလ် ဘွဲ့ရတွေဟာ ကုန်သွယ်ရေး မန်နေဂျာ၊ သစ်လုပ်ငန်း လက်ထောက်မန်နေဂျာ၊ နိုင်ငံခြားရေးရုံး တတိယ အတွင်းဝန် စသဖြင့် ရာထူးဝန် စာမေးပွဲတွေ ဝင်ဖြေနိုင်တယ်။ ရာထူးရတဲ့ လူ များတယ်။ နောက်တစ်မျိုးက ATO လို့ ခေါ်တဲ့ လက်ထောက်မြို့ပိုင် ရာထူး။ နောင် မြို့ပိုင်၊ နယ်ပိုင်၊ ခရိုင်ဝန် စသည်ဖြင့် တက်သွားတာပဲ။

မိုးထဲရေထဲမှာ

အဲဒီကာလမှာပဲ သူငယ်ချင်း တချို့က လမ်းစဉ်ပါတီ ကေဒါများ အဖြစ် ဝင်ခဲ့ကြတယ်။ လမ်းစဉ် ပါတီကို ပမညတဟောင်း နဲ့ ဗကပဟောင်းတွေ ဝင်တာများတယ်။ ဖဆပလနဲ့ ပထစဟောင်းတွေ ဝင်တာ နည်းတယ်။ ယခင် နိုင်ငံရေး မလုပ်ခဲ့ဖူးဘဲ လမ်းစဉ်ပါတီထဲ ဝင်တဲ့ လူသစ်တွေဟာ ဆိုရှယ်လစ် လစ်စဉ်ကို တကယ် ယုံကြည်လို့ ဝင်သူတွေ ရှိသလို ရေရှည် စားသာမှာ သေချာတယ် ဆိုပြီး တွက်ကိန်းနဲ့ ဝင်သူတွေ အတော်များတယ်။ ကျွန်တော်တို့ ကျောင်းမှာတုန်းက နိုင်ငံရေး စိတ်ဝင်စားဖို့ မပြောနဲ့ သမဂ္ဂထဲတောင် မရောက်ဖူးသူတွေ အတော်များများ လမ်းစဉ်ပါတီထဲ ရောက်ကုန်တယ်။ နောင် မိုးထဲရေထဲလည်း ရောက်ရော ပါတီဝင် ကတ်ပြားတွေ မီးရှို့ပြီး ကိုယ်လွတ် ရုန်းကြတဲ့အခါ သူတို့ အရှေ့ဆုံးကပဲဗျ။

ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ် နိုင်ငံရေးမှာ အဲသလို လူတွေကိုတော့ ကျပ်ကျပ်ကြီး ရှောင်ဖို့ လိုပါတယ်။ အခွင့်အရေးမျှော် နိုင်ငံရေးသမားနဲ့ ရိုးသားဖြောင့်မှန် နိုင်ငံရေးသမားကို ခွဲခြား အားပေးဖို့ကတော့ ပြည်သူများရဲ့ တာဝန်ပဲ ဖြစ်ကြောင်းပါဗျာ။

မောင်ဝံသ

Posted by ပိတောက်မြေ at 12:05:00 AM

စစ်မှုမထမ်းမနေရ ဥပဒေ

စစ်မှုမထမ်းမနေရ ဥပဒေ

Posted by SLIP in အထွေထွေ ဗဟုသုတ


စစ်မှုမထမ်းမနေရ စနစ်ဆိုသည်မှာ တပ်မတော်အတွင်းရှိ တပ်ဖွဲ့အသီးသီးတို့အတွက် အမိန့်အရ မဖြစ်မနေ ဝင်ရောက်အမှုထမ်းစေသည့် စနစ်ဖြစ်သည်။ ရှေးဟောင်း အထောက်အထားများအရ ဤသို့သော စနစ်ကို ရှေးနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပေသည်။ ရှေးအခါက ဘာသာရေးဆိုင်ရာ အဆောက်အုံများ တည်ဆောက်မှုအတွက် မဖြစ်မနေ လာရောက် လုပ်အားပေးရန်အတွက် အရွယ်ရောက်သူတိုင်း မဖြစ်မနေ လာရောက်တာဝန်ထမ်းဆောင်စေခြင်း စနစ်ကို ကျင့်သုံးခဲ့ကြပြီး နောက်ပိုင်းတွင် အစိုးရအဖွဲ့အစည်းများမှ ၎င်းတို့၏ စည်းမျဉ်းများအရ တိုင်းပြည်အတွက် လိုအပ်ချက်ကြောင့် သက်ဆိုင်ရာ တပ်မတော်များသို့ နိုင်ငံသားများအား မဖြစ်မနေ အမှုထမ်းစေခြင်း စနစ်အဖြစ် အသွင်ပြောင်း အသုံးပြုခဲ့ကြသည်။

စစ်မှုမထမ်းမနေရ စနစ်သည် ဥပဒေ (သို့) စည်းမျဉ်းစည်းကမ်း ပြဋ္ဌာန်းချက်အရ မဖြစ်မနေလုပ်ရသော အလုပ်ဖြစ်သည်။ စစ်မှုမထမ်းမနေရ စနစ်ကို အသုံးမပြုသော နိုင်ငံပေါင်းများစွာလည်ရှိသည်။ အခြား ဆင်တူရိုးမှား စနစ်များ ဖြစ်သည့် အပျော်တမ်းတပ်ဖွဲ့များ၊ အမြဲတမ်းမဟုတ်သည့် တပ်ဖွဲ့များ (စစ်ပွဲရှိချိန်မှသာ တာဝန်ထမ်းဆောင်ရသော တပ်ဖွဲ့များ) ဟူ၍လည်း ဖွဲ့စည်း ကျင့်သုံးကြသည်။

ဗြိတိန် နှင့် သြစတေးလျ နိုင်ငံများတွင် စစ်မှုမထမ်းမနေရ စနစ်ကို စစ်ပွဲဖြစ်စဉ် ကာလများတွင် ကျင့်သုံးသည်။ ဒုတိယ ကမ္ဘာစစ်ကာလတွင် ဂျပန်နိုင်ငံ၌ အမျိုးသမီးများနှင့် ကလေးများ အားလုံးကို စက်ရုံများသို့ အမှုမထမ်းမနေရ ထမ်းဆောင်စေသည့် စနစ်ကို ကျင့်သုံးခဲ့သည်။

တပ်မတော်တွင် စစ်မှုမထမ်းမနေရစနစ်ကို ပထမဆုံး ကျင့်သုံးခဲ့သူဟု ယူဆရသူမှာ ပြင်သစ်ဘုရင် နပိုလီယန် ဖြစ်သည်။ နပိုလီယန်သည် ပထမ ပြင်သစ်အင်ပါယာ၏ ဧကရာဇ်ဖြစ်ပြီး ၁၇၆၉ တွင် မွေးဖွားကာ ၁၈၂၁ တွင် ကွယ်လွန်ခဲ့သည်။ နပိုလီယန်လက်ထပ်တွင် စစ်မှုမထမ်းမနေရစနစ်ကို ကျင့်သုံးခဲ့ခြင်းကြောင့် ပြင်သစ်တပ်မတော်ကြီးသည် ဥရောပတွင် အင်အားအကြီးဆုံး ဖြစ်လာခဲ့သည်။

စစ်မှုမထမ်းမနေရ စနစ်သည် တိုင်းတပါးနှင့် စစ်ဖြစ်ပါက အကောင်းဆုံး ရလဒ်တွေကို ရရှိစေနိုင်ပြီး ဒီမိုကရေစီ သို့ အမြင့်ဆုံးနည်းနှင့် ချဉ်းကပ်ခြင်းဖြစ်သည်။ ဥပမာ ပထမ ကမ္ဘာစစ်အတွင်းက ကနေဒါ၊ အောစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတွေကို ကြည့်နိုင်သည်။ ဗီယက်နမ်စစ်ပွဲသည် အကောင်းဆုံး သာဓက ဖြစ်ပြီး ရုရှားနှင့် တရုတ်တို့လည်း ဤစနစ်ကို ကျင့်သုံးလာကြသည်။


နိုင်ငံအများစုတွင် စစ်မှုမထမ်း ဥပဒေ ကို အမျိုးသားများအတွက်သာ ပြဌာန်းခဲ့ကြသည်။ အစ္စရေးကဲ့သလို့သော အချို့နိုင်ငံများတွင်တော့ အမျိုးသမီးများကိုပါ တာဝန်ထမ်းဆောင်စေခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းတွင် ဗြိတိန်နိုင်ငံနှင့် ဆိုဗီယက်ပြည်ထောင်စုတို့တွင် စစ်မှုမထမ်းမနေရစနစ်ကြောင့် တာဝန်ထမ်းဆောင်လျှက်ရှိသော အမျိုးသမီး အများအပြားကို တွေ့နိုင်သည်။ အမေရိကန် တို့အနေနဲ့လည်း စစ်မှုမထမ်းမနေရကြောင့် ဝင်ရောက်တာဝန်ထမ်းဆောင်နေရသော အမျိုးသမီး စစ်သူနာပြု အများအပြားကို ဂျပန်နိုင်ငံသို့ စေလွှတ်ခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် တပ်မတော် စတင်ဖွဲ့စည်းစဉ်ကာလ ကတည်းက စစ်မှုမထမ်းမနေရစနစ်ကို မကျင့်သုံးခဲ့သော်လည်း ထိုအချိန်ကတည်းက မြန်မာ့တပ်မတော်ကို တည်ထောက်သူတစ်ဦးဖြစ်သည် ဗိုလ်ချုပ်အောင်ဆန်းမှ အခြေအနေအရ လိုအပ်လျှင်နိုင်ငံသားအားလုံး စစ်မှုထမ်းသင့်ပါက ထမ်းရမည်ဖြစ်ကြောင့် ပြောကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် ထိုစနစ်လည်း အကောင်အထည် မပေါ်နိုင်ခဲ့ပေ။ သို့သော် SSA ခေါ် ရှမ်းပြည် တပ်မတော် တွင် ရှမ်းပြည်သားတိုင်း အသက် ၁၈ နှစ်မှ ၄၅ နှစ်ထိ ၅ နှစ်ထိ စစ်မှုမထမ်းမနေရစနစ်ကို လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ကျင့်သုံးလျှက် ရှိသည်။ ၂၀၀၉ ခုနှစ်တွင် DKBA ခေါ် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော်မှ သထုံမြို့နယ်အတွင်းရှိ ဝင်းဒရယ်၊ ဝါးဘိုး အစရှိသည့် ရွာပေါင်း (၇၂) ရွာတွင် နေထိုင်သော ကရင်ရွာသားများကို အမိန့်ထုတ်ပြန်၍ ကျင့်သုံးခဲ့သည်။


ယေဘုယျ အားဖြင့် စစ်မှုမထမ်းမနေရ ဥပဒေမှ ကင်းလွတ်ခွင့် ရသူများမှာ

1. အချိန်ပြည့်ကျောင်းတက်နေရသူများ (ထိုသူများအနေဖြင့် ကျောင်းတက်နေစဉ် ကာလ တစ်လျှောက်တွင် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး။ ကျောင်းပြီးသွားလျှင်သော်လည်းကောင်း၊ ကျောင်းမှ ထွတ်လိုက်ရလျှင်သော်လည်းကောင်း ပြည်လည် စစ်မှုထမ်းရမည် ဖြစ်သည်။)
2. သိပ္ပံဆိုင်ရာ အဆင့်မြင့် သုတေသန လုပ်ဆောင်နေသူများ၊ ပရဂူဘွဲ့ ရရှိထားသူများနှင့် ထိုထက် မြင့်သော ဘွဲများ ရရှိသူများ။
3. ဆေးထောက်ခံချက် မရသူများ (သို့) ကျန်းမာရေးအရ ကင်းလွတ်ခွင့်ရသူများ။
4. သားသမီး နှစ်ဦးထက် ပိုသည့် မိခင်များ
5. သာသနာ့ဝန်ထမ်းများ

ဖြစ်သည်။


ကမ္ဘာပေါ်တွင် အမြဲတမ်း တပ်မတော် မရှိသော နိုင်ငံများ

* အန်ဒိုရာ
* ကော့စတာရီစာ
* မီခရိုနီးရှား
* ဂရိနေဒါ
* အိုက်စလန်
* ကီရီဘာတီ
* လိုက်ခ်ျတန်စတင်း
* မာရှယ်ကျွန်း
* မာရီယာကျုစ်
* မိုနာကို
* နာရူး
* ပလာဦး
* ပနားမား
* ဆာမိုရာ
* ဆန် မာရီနို
* ဆိုလိုမွန် ကျွန်း
* ကျူဗာလု
* ဗာတီကန်စီးတီး



စစ်မှုမထမ်းမနေရစနစ် မကျင့်သုံးသောနိုင်ငံများ

* အာဖစ်ဂန်နစ်စတန်
* အယ်ဗာနီးယား
* အန်တီဂူရာ
* အာဂျင်တီးနား
* သြောစတေးလျ
* ဘဟာမာစ်
* ဘာရိမ်း
* ဘင်္ဂလားဒေ့ရှ်
* ဘာဘာဒေါ့စ်
* ဘယ်လ်ဂျီယန်
* ဘီလီဇီ
* ဘူတန်
* ဘော့စနီးယား
* ဘော့စွနား
* ဘရုနိုင်း
* ဘူလဂေးရီးယား
* မြန်မာ
* ကင်မရွန်း
* ကနေဒါ
* ကွန်ဂို
* ခရိုအေးရှား
* ချက်စ်
* ဒီဂျီဗျူတီ
* ဒိုမီနီကန်
* ဖူဂျီ
* ပြင်သစ်
* ဂန်ဗီးယား
* ဂါနာ
* ဂျာမနီ
* ဟေတီ
* ဟွန်ဒရွက်စ်



* ဟန်ဂေရီ
* အိန္ဒိယ
* အီရက်
* အိုင်ယာလန်
* အီတလီ
* ဂျမေကာ
* ဂျပန်
* ဂျော်ဒန်
* ကင်ညာ
* လက်ဗီးယား
* လက်ဘနွန်
* လီဆိုသို
* လစ်သူရေးနီးယား
* လစ်ဗျား
* လူစင်ဘက်
* မက်ဆီတိုးနီးယား
* မာလဝီ
* မယ်လ်ဒစ်စ်
* မယ်လ်တာ
* မလေးရှား
* မော်ရိုကို
* မွန်တီနီဂရိုး
* နာမီးဗီးယား
* နီပေါ
* နယ်သာလန်
* နယူးဇီလန်
* နီကာရာဂူရာ
* နီဂရီယား
* အိုမန်
* ပါကစ်စတန်
* ပါပူးရား



* ပီရှူး
* ဖိလစ်ပိုင်
* ပိုလန်
* ပေါ်တူဂီ
* ကွာတာ
* ရိုမေးနီးယား
* အာဝမ်ဒါ
* စိမ့်ကတ်စ်
* ဆော်ဒီအာရေဗျ
* ဆားဗီးယား
* စေချီလီ
* စီယာ လီယွန်
* ဆလိုဗက်ကီးယား
* ဆလိုဗေးနီးယား
* တောင်အာဖရိက
* စပိန်
* သိရိလင်္ကာ
* ဆူရီနိမ်း
* ဆွီဒင်
* ဆွတ်ဇာလန်
* တန်ဇေးနီးယား
* တီမော
* တိုငါ
* ထရီနီဒက်
* ဒူဘိုင်း
* ဗြိတိန်
* အမေရိကန်
* ဥရုဂွေး
* ဇမ္ဘီယာ




အရေးပေါ် အခြေအနေများတွင်သာ စစ်မှုမထမ်းမနေရ စနစ် ကျင့်သုံးသော နိုင်ငံများ


* ဘီလီဇီး
* ဘိုလီးဗီးယား
* ချီလီ
* အင်ဒိုနီးရှား
* ဂျမေကာ
* အမေရိကန်ပြည်ထောင်စု

* ဥရုဂွေး




စစ်မှုမထမ်းမနေရစနစ်နှင့် ဆန္ဒအလျှောက် စစ်မှုထမ်းစေသော စနစ်နှစ်ခုလုံး ကျင့်သုံးသော နိုင်ငံများမှာ


* ဘာမြူဒါ
* ဘူရမ်ဒိုင်း
* ဂဘွန်း
* ကူဝိတ်
* မာလီ
* မာရီတင်းနီးယား
* ယူဂန်ဒါ
* ဗင်နီဇွဲလား



စိစစ်ရွေးချယ်၍သာ စစ်မှုမထမ်းမနေရ စနစ် ကျင့်သုံးသော နိုင်ငံများ


* ဘီနင်
* ကာပီ ဗာဒီ
* အလယ်ပိုင်း အာဖရိက
* ချ
* တရုတ်
* ဂူနီယာ ဗာစရု
* အီကွေဒေါ



* အဲလ် စေးလ်ဗားဒေါ
* အင်ဒိုနီးရှား
* မက္ကစီကို
* နီဂါ
* စီနီဂေါ
* တိုဂို


အရပ်သား၊ လက်နက်မဲ့နှင့် စစ်မတိုက်ရသည့် စစ်မှုတမ်း စနစ် ကျင့်သုံးသော နိုင်ငံများ


* အန်ဂိုလာ
* အယ်ဂျီးရီးယား
* သြောစတီးယား (အရပ်သား စစ်မှုထမ်း ၉ လနှင့် တပ်မတော်တွင်း ၆ လ )
* ဘီလာရုစ်
* ဘူရ်ကီနာ
* ဆိုက်ပရက်စ်
* ဒိန်းမက်
* အိစတိုးနီးယား
* ဖင်လန် (အရပ်သား စစ်မှုထမ်း ၁ နှစ် နှင့် တပ်မတော်တွင်း တစ်နှစ် )
* ဂရိ
* နော်ဝေ
* ဆွတ်ဇာလန် (အရပ်သား စစ်မှုထမ်း ၁ နှစ်နှင့် ၁ လ၊ တပ်မတော်တွင်း ၉ လ )




စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးသော နိုင်ငံများ

တစ်နှစ် အောက် စစ်မှုထမ်းရသော

* သြစတီးယား ( ၆ လ )
* ဘိုလီးဗီးယား (၁ နှစ် )
* ဘရာဇီး ( ၉ လ မှ ၁ နှစ် )
* ဒိန်းမက် ( ၄ လ မှ ၁ နှစ် )
* အိစတိုနီးယား ( ၈ လ မှ ၁၁ လ )
* ဖင်လန် ( ၆ လ မှ ၁ နှစ် )
* ဂရိ ( ၉ လ )
* ဂွာတီမာလာ ( ၁ နှစ်မှ ၂ နှစ် )
* မော်ဒိုဗာ ( ၁ နှစ် )



* မွန်ဂိုလီးယား ( ၁ နှစ် )
* နော်ဝေ ( ၆ လ မှ ၁ နှစ် )
* ပါရာဂွေး ( ကြည်းတပ်တွင် ၁ နှစ်၊ ရေတပ်တွင် ၂ နှစ် )
* ရုရှား ( ၁ နှစ် )
* ထိုင်ဝမ် ( ၁ နှစ် )
* တူနီးရှား ( ၁ နှစ် )
* တူရကီ ( ၆ လ မှ ၁၅ လ )
* ယူကရိန်း ( ၁ နှစ် )
* ဥဇဘက်ဂစ်စတန် ( ၁ နှစ် )




တစ်နှစ်ခွဲ ထမ်းဆောင်စေသော နိုင်ငံများ


* အာဇာဘိုင်ဂျန်
* ကမ်ဘောဒီးယား
* ကိုလမ္ဘီယာ
* ကုတ် ဒီယွန်း
* အီရိတီးယား
* ဂျော်ဂျီယာ
* အီရန်
* လာအို
* မာဒါဂတ်စ်ကာ



လက်နက်မဲ့မပါပဲ စစ်မှုထမ်းသီးသန့် တစ်နှစ်ခွဲ နှင့် အထက် ကျင့်သုံးသော နိုင်ငံများ

* အာမေးနီးယား ( ၂ နှစ် )
* ကျူဘား
* ကွန်ဂို
* အီကွေတိုးရီးယား
* အီဂျစ်
* ဂျီးနီးယား
* အစ္စရေး ( အမျိုးသမီးများ ၂၁ လ နှင့် အမျိုးသားများ ၃ နှစ် )
* ကာဇစ်စတန်
* ကာဂျစ်စတန်
* လစ်ဗျား
* မိုဇမ္ဘီက်ဴး



* မြောက်ကိုရီးယား
* ဆာရိုတိုမီ
* စင်္ကာပူ
* ဆိုမာလီးယား
* တောင်ကိုရီးယား
* စီးရီးယား
* ဆူဒန်
* တာဂျစ်ကစ်စတန်
* ထိုင်း
* တူမီနီစတန်



အနာဂါတ်တွင် စစ်မှုမထမ်းမနေရစနစ်ကို ဖျတ်သိမ်းဖို့ အစီအစဉ်ရှိနေသာ နိုင်ငံများ

* ထိုင်ဝမ် (၂၀၁၄)
* ယူကရိန်း


Webliography

http://en.wikipedia.org/wiki/Conscription

http://en.wikipedia.org/wiki/Military_service

http://www.google.com/