ကျွန်တော်ရဲ့ blog လေးကို ကျွန်တော်သိသမျှ တတ်သမျှ ဖတ်မိ၊မှတ်မိသမျှ

ကိုအားလုံးကိုမျှဝေလိုတဲ့ ဆန္ဒလေးနဲ့လုပ်ဖြစ်တာပါ.
ကျွန်တော့်ရဲ့ post မှာ သုတ၊ရသ၊ ပညာနှင့် စာပဒေသာဆိုပြီး(၄)ပိုင်း ခွဲထားပါတယ်.
သုတမှာ သိမှတ်ဖွယ်ရာအဖြာဖြာကို ဖော်ပြထားပါတယ်.
ရသမှာတော့ ခံစားမှု တစုံတရာပေးစွမ်းနိုင်မဲ့ စာတွေကဗျာတွေဖော်ပြပေးထားပါတယ်.
ပညာမှာတော့ ဘာသာရပ်ဆိုင်ရာ တွေကိုဖော်ပြထားပြီး
စာပဒေသာမှာတော့ ဟာသ၊ဗေဒင် စတဲ့ ကဏ္ထ စုံကို ဖော်ပြထားမှာပါ.

ဆရာကြီး မင်းသုဝဏ်ရဲ့ 'စု၊တု၊ပြူ' မူအတိုင်း စု ဆောင်းထားသမျှ
တခြားသူများရဲ့စာများနှင့် သူတို့ရဲ့ စာတွေကို အတု ယူပြီး ကိုယ်တိုင်ပြု စုထားတဲ့စာတွေအစုံပါဝင်မှာပါ.
တခြားသူများရဲ့ စာတွေကိုဖော်ပြတဲ့အခါ မူရင်းရေးသူအမည်သိလျှင်
ဖော်ပြပြီး မသိခဲ့ရင်တော့ 'ဖတ်မိသမျှ၊မှတ်မိသမျှ'လို့ပဲရေးပေးထားပါမယ်.
မူရင်းရေးသူအမည်သိလျှင်လည်းပြောပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်

ဝင်ရောက်ဖတ်ရှုသောသူငယ်ချင်းများ စာပေရောင်းရင်းများ အားလုံးကို ကျေးဇူးတင်စွာဖြင့်
ဝင်းသုမွန်
(ကြိုက်တာတွေ့ရင် ကူးယူနိုင်ပါသည်။ဖတ်ဖြစ်ဖို့သာလိုရင်းပါ)

Wednesday, March 17, 2010

လူတိုင်းဖြစ်နိုင်တဲ့ စိတ်ရောဂါ(၁)

ကျွန်တော် ဒီပို့ကို မတင်ခင် ပထမဆုံးပြောချင်ပါတယ်.ကျွန်တော်ကဆရာဝန်တစ်ယောက်မဟုတ်သလို၊ စိတ်ပညာရှင်တစ်ယောက်လည်းမဟုတ်ပါဘူး....

ကျွန်တော်က CIT(Canberra Institute of Technology) မှာ Community service ပညာသင်ကြားနေတဲ့ကျောင်းသူတစ်ယောက်သာဖြစ်ပါတယ်.ကျောင်းစာမှာ Subject တခုအနေနဲ့ ပါဝင်တဲ့ Mental Health Basic အကြောင်းဖတ်မိသမျှ ကို ပြန်လည်ဝေမျှခြင်းသာဖြစ်ပါတယ်.မှားတာပါခဲ့ရင်ထောက်ပြဆွေးနွေးနိုင်သလို နားလည်ပေးဖို့ ပထမ ဦးစွာ အသိပေးလိုပါတယ်.

ခုပထမဦးဆုံးပြောချင်တဲ့အကြောင်းတွေကတော့...

What is Mental illness?
Mental illness is one of a group of illness that are known, or thought, to affect the brain causing changes in thinking,emotion and behaviour.

စိတ်ရောဂါဆိုတာဘာလဲ?
စိတ်ရောဂါအဓိပာယ် ကိုတော့ စိတ်ရဲ့ လှုပ်ရှားမှု(ခံစားမှု)၊လူရဲ့ အတွေးအခေါ်၊အလေ့အကျင်းတွေကို ပြောင်းလဲစေတတ်သောရောဂါလို့ပဲ ဆိုထားပါတယ်.
ဒီနေရာမှာအလွယ်ပြောရရင်တော့ တခါတလေ မှာ စိတ်ရောဂါဆိုတဲ့အတိုင်းစိတ်ရဲ့ ခံစားနိုင်မှု၊ခံနိုင်ရည်အားကို ကျော်လွန်သွားတဲ့အခါမှာ စိတ်ထိခိုက်မှုကြောင့် ဖြစ်နိုင်သလို ဦးနှောက်ထိခိုက်မှုကြောင့်လညိ့းဖြစ်နိုင်ပါတယ်.


Are Mental illnesses incurable and lifelong?
No, When treated appropriately and early,many people recover fully.A mental illness is like many physical illness which require on- going treatment (such as diabetes and heart disease).A mental illness can come and go in people's lives. Some people have only one episode and recover completely.For,other it recurs throughout theit lives and requires on-going treatment.


စိတ်ရောဂါကိုတသက်လုံးခံစားရမှာလား?
မခံစားရပါဘူး.တခြားရောဂါတွေ(ဥပမာ-ဆီးချို၊နှလုံး)လိုပဲ ဆေးကုသမှုခံယူရင် စောစောသိလို့စောစောကုနိုင်တာနဲ့အမျှ
လူကောင်းအတိုင်းပြန်ဖြစ်နိုင်ပါတယ်.တချို့စိတ်ရောဂါတွေဟာ တခဏတာကုသမှုခံယူယုံမျှနဲ့ သက်သာပျောက်ကင်းနိုင်သလို
တချို့ စိတ်ရောဂါသည်တွေကတော့ တစ်သက်လုံးစိတ်ရောဂါခံစားနေရပြီး ကုသမှုခံယူဖို့လိုတဲ့ အခြေအနေလည်းဖြစ်နိုင်ပါတယ်.
(ရောဂါအမျိုးအစားနဲ့ အနုအရင့်ပေါ်မှာမူတည်ပါတယ်)

Are people born with a mental illness?
The cause of mental illness are unclear. A predisposion tosome mental illness,auch as schizophrenia, can run in families.Many other factors such as street, bereavement, relationship breakdown,child abuse, unemployment, social isolation and times of accidents and life- threatening illness can contribute to the onset of a mental illness.

စိတ်ရောဂါဆိုတာမွေးရာပါရောဂါလား?
သေချာမသိနိုင်ပါဘူး. schizophrenia(စိတ်ပြန့်ကျဲခြင်း) လိုမျိုးရောဂါတွေကမျိုးရိုးပါတတ်ပါတယ်.ဒါပေမဲ့ စိတ်ဖိစီးမှုများခြင်း၊
ပူဆွေးသောကရောက်ခြင်း၊မိသားစုပြိုကွဲခြင်း(ရည်းစားကွဲခြင်း)၊ကလေးဘ၀ကနှိပ်စက်ခံရခြင်း၊အလုပ်လက်မဲ့ဖြစ်ခြင်း၊အထီးကျန်ခြင်း၊
မတော်တဆမှု ဖြစ်ပွားခြင်း၊ဆိုးရွားတဲ့ခြိမ်းခြောက်မှုကြုံတွေ့ခြင်းတို့ကလည်း စိတ်ရောဂါကိုဖြစ်စေနိုင်ပါတယ်.

Should people with a mental illness be isolated from the community?
No, Most people with a mental illness recover quickly and do not need hospital care.A small number of people with a mental illness need hospital care.The attitudes of family, friends and the community towards people with mental illness play a critical part in determining their quality of life.
One of the biggest hurdles for people trying to get well is confornting the attitudes that their family, friends, employers and neighbours hold towards them because of their illness.

စိတ်ရောဂါဝေဒနာသည်ကို သီးခြားခွဲထားသင့်ပါသလား?
စိတ်ရောဂါဝေဒနာသည်ကို သီးခြားခွဲထားဖို့မလိုအပ်ပါဘူး.တချို့ စိတ်ရောဂါမျိုးက ဆေးရုံတက် ကုသစရာမလိုပါဘူး.
အနည်းငယ်သောလူမာတွေသာဆေးရုံတက်ကုသရတာပါ.ရောဂါပျောက်ကင်းဖို့အတွက် မိသားစုဝင်တွေ၊မိတ်ဆွေအပေါင်းအ သင်းတွေ၊ပတ်ဝန်းကျင်ရဲ့ သဘောထားတွေ.ဆက်ဆံရေးတွေက အရေးကြီးလှပါတယ်.မိသားစုဝင်တွေ၊မိတ်ဆွေအပေါင်းအသင်း တွေ၊အလုပ်ရှင်တွေ ပတ်ဝန်းကျင် ရဲ့ ပုံမှန်ဆက်ဆံရေး ပြန်ရရှိဖို့ က စိတ်ရောဂါခံစားဖူးသူတွေအတွက် အကြီးဆုံးအတားအဆီးပါပဲ.

How do we prevent?
Encourage research into mental illness to assist understanding of how these affect people and how they can be prevented.
Assist friends and relative with mental illness to obtain care and treatment.

ဘယ်လိုကာကွယ်ကြမလဲ?
စိတ်ရောဂါနဲ့ ပတ်သက်တဲ့ သုသေတနတွေများများလုပ်ပေးရန်လိုသလို စိတ်ရောဂါအကြောင်း အသိပညာပေးဖို့လိုအပ်ပါတယ်.
စိတ်ဝေဒနာသည်တွေကို စောင့်ရှောက်ဖို့.ဆေးဝါးကုသပေးဖို့ လည်းလိုအပ်ပါတယ်.


ဒီတော့ဒီတပတ်ပြောချင်တာကတော့ စိတ်ရောဂါဆိုတာ.စိတ်ထိခိုက်ရင်(သို့) ဦးနှောက်ထိခိုက်ရင် ဖြစ်တတ်တဲ့ရောဂါဆိုတာပါပဲ.
ဒါကြောင့် စိတ်ရောဂါ မဖြစ်အောင်
၁. စိတ်ကိုထားတတ်ဖို့လိုပါတယ်.positive attitute ဆိုတဲ့အကောင်းမြင်ဝါဒကစိတ်ရောဂါဖြစ်နိုင်ခြေကိုနည်းစေပါတယ်.

၂.စိတ်ရောဂါတွေအကြောင်း သိထားဖို့ လိုပါတယ်.ဒီခေတ်လို အပြိုင်အဆိုင်တွေ၊ဖိအားတွေများတဲ့ခေတ်ကြီးမှာ
စိတ်ဖိဆီးမှုဆိုတာလူုတိုင်းခံစားနေရတာပါပဲ.ကိုယ့်ရဲ့စိတ်အခြေအနေ ပုံမှန်ဟုတ်မဟုတ် ကိုယ်တိုင်ဆန်းစစ်ဖို့ စိတ်ရောဂါတွေအ ကြောင်း ဗဟုသုတရှိဖို့ လိုလာပါပြီ.

၃.စိတ်ရောဂါဆိုတာ ဘယ်သူမဆို အချိန်အခါမရွေး ဖြစ်ပွားနိုင်သလို ကုသပျောက်ကင်းနိုင်တာကြောင့်
ရောဂါဖြစ်တာဟာ ရှက်စရာမဟုတ်ပါဘူး.ဒါကြောင့်မိမိစိတ်ဟာပုံမှန်အခြေအနေမဟုတ်ခဲ့ရင် စိတ်ပညာရှင်တွေနဲ့ ဆွေးနွေးသင့်ပါတယ်.စိတ်ဓာတ်မကျပဲ .အရမ်းကြီးမစိုးရိမ်ပဲ ကုသမှုတွေခံယူသင့်ပါတယ်.

စိတ်ရောဂါ ဝေဒနာသည်တွေကိုလည်း ခွဲခြားဆက်ဆံခြင်းမပြုသင့်ပါဘူး..ကိုယ်လည်းတနေ့မဟုတ်တနေ့ စိတ်ရောဂါခံစားရ နိုင်ပါတယ်.


နောက်တပတ်မှာတော့ စိတ်ရောဂါအမျိုးအစားတွေနဲ့ ကုသကာကွယ်မှုတွေအကြောင်းတင်ပြသွားပါမယ်.

ဝင်းသု

No comments:

Post a Comment