ကျွန်တော်ရဲ့ blog လေးကို ကျွန်တော်သိသမျှ တတ်သမျှ ဖတ်မိ၊မှတ်မိသမျှ

ကိုအားလုံးကိုမျှဝေလိုတဲ့ ဆန္ဒလေးနဲ့လုပ်ဖြစ်တာပါ.
ကျွန်တော့်ရဲ့ post မှာ သုတ၊ရသ၊ ပညာနှင့် စာပဒေသာဆိုပြီး(၄)ပိုင်း ခွဲထားပါတယ်.
သုတမှာ သိမှတ်ဖွယ်ရာအဖြာဖြာကို ဖော်ပြထားပါတယ်.
ရသမှာတော့ ခံစားမှု တစုံတရာပေးစွမ်းနိုင်မဲ့ စာတွေကဗျာတွေဖော်ပြပေးထားပါတယ်.
ပညာမှာတော့ ဘာသာရပ်ဆိုင်ရာ တွေကိုဖော်ပြထားပြီး
စာပဒေသာမှာတော့ ဟာသ၊ဗေဒင် စတဲ့ ကဏ္ထ စုံကို ဖော်ပြထားမှာပါ.

ဆရာကြီး မင်းသုဝဏ်ရဲ့ 'စု၊တု၊ပြူ' မူအတိုင်း စု ဆောင်းထားသမျှ
တခြားသူများရဲ့စာများနှင့် သူတို့ရဲ့ စာတွေကို အတု ယူပြီး ကိုယ်တိုင်ပြု စုထားတဲ့စာတွေအစုံပါဝင်မှာပါ.
တခြားသူများရဲ့ စာတွေကိုဖော်ပြတဲ့အခါ မူရင်းရေးသူအမည်သိလျှင်
ဖော်ပြပြီး မသိခဲ့ရင်တော့ 'ဖတ်မိသမျှ၊မှတ်မိသမျှ'လို့ပဲရေးပေးထားပါမယ်.
မူရင်းရေးသူအမည်သိလျှင်လည်းပြောပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်

ဝင်ရောက်ဖတ်ရှုသောသူငယ်ချင်းများ စာပေရောင်းရင်းများ အားလုံးကို ကျေးဇူးတင်စွာဖြင့်
ဝင်းသုမွန်
(ကြိုက်တာတွေ့ရင် ကူးယူနိုင်ပါသည်။ဖတ်ဖြစ်ဖို့သာလိုရင်းပါ)

Wednesday, July 21, 2010

English Idioms

1.Apple-pie order = သယ်ယပ်စွာ ၊ နေသားတကျ။
The housewife keeps the kitchen in apple-pie order.

အိမ်ရှင်မသည် မီးဖိုချောင်ကို သပ်ရပ်စွာ ထားသိုသည်။

2.Bring to mind = သတိရစေသည်
That Story brings to mind a similar experience.

ထိုဖြစ်ရပ်က အလားတူ အတွေ့အကြုံကို စိတ်ထဲတွင် ပြန်သတိရစေသည်။


3. Call a spade a spade = ဘွင်းဘွင်းပြောသည်။ အရှိကို အရှိအတိုင်းဖော်ပြသည်။

Call a spade a spade if you want to be honest.

ရိုးဖြောင့်မှုလိုပါလျှင် အရှိကို အရှိအတိုင်းပြောဆိုပါ။


4.Die away = အသံပျောက်သွားသည်

The noise died away.

ဆူညံသံများ ပျောက်သွားသည်။


5. Earn one's salt= ထိုက်တန်သော လခရသည်

I earned my salt regularly.

ကျွန်တော် ထိုက်တန်သော လစာကို ပုံမှန်ရနေသည်။


6.Fool around = အချိန်ဖြုန်းသည်

Don't fool around . You have to finish it up in one hour.

အချိန်ဖြုန်းမနေပါနှင့်. သင်အလုပ်ကို တစ်နာရီနှင့် အပြီးလုပ်ရဦးမည်။


7. Lead on = ကျီစယ်သည်.

Don't take it seriously; he is just leading you on.

အလေးအနက်သဘောမထားပါနှင့်၊ သူက ခင်ဗျားကို ကျီစားတာပါ.


8. On the fritz = ဖရိုဖရဲဖြစ်သည်

The book are on the fritz after the student are gone.

ကျောင်းသားတွေပြန်ပြီးနောက် စာအုပ်များ ဖရိုဖရဲ ဖြစ်ကျန်ခဲ့သည်.


9. Next of kin = အနီးစပ်ဆုံး ဆွေမျိုး

He died without leaving any next of kin.

သူသည် အနီးစပ်ဆုံးဆွေမျိုးမကျန်ခဲ့ဘဲ သေဆုံးသွားသည်.


10. Queer fish = စိတ်မနှံ့သူ

Your brother is a queer fish.

မင်းအကို က စိတ်မမှန်တဲ့လူပဲ.


11. In a jiffy = တစ်ပြိုင်တည်း

The cried our in a jiffy.

သူတို့ တစ်ပြိုင်တည်း ဟစ်အော်သည်။


12. Needful =ငွေ

He wants to go to the cinema but he has not the needful.

သူ ရုပ်ရှင်သို့သွားချင်သည်. သို့သော် သူ့မှာ ငွေမရှိပါ.


13. Mean well= အကောင်းပြောခြင်းဖြစ်သည်.

Don't be angry: he means well.

စိတ်မဆိုးပါနှင့် သူ က အကောင်းပြောတာပါ.


14. Well off = ချမ်းသာသည်. တောင့်တသည် အပူအပင်မရှိနေသည်. .

The owner of this store is well off.

ဤကုန်တိုက်ပိုင်ရှင်မှာ ငွေကြေးတောင့်တင်းသည်။


15. Stay up = မအိပ်ပဲ နေသည်

The children want to stay up late.

ကလေးများသည် ညဥ့်နက်သည့်တိုင် မအိပ်ဘဲ နေချင်ကြသည်.

No comments:

Post a Comment