ကျွန်တော်ရဲ့ blog လေးကို ကျွန်တော်သိသမျှ တတ်သမျှ ဖတ်မိ၊မှတ်မိသမျှ

ကိုအားလုံးကိုမျှဝေလိုတဲ့ ဆန္ဒလေးနဲ့လုပ်ဖြစ်တာပါ.
ကျွန်တော့်ရဲ့ post မှာ သုတ၊ရသ၊ ပညာနှင့် စာပဒေသာဆိုပြီး(၄)ပိုင်း ခွဲထားပါတယ်.
သုတမှာ သိမှတ်ဖွယ်ရာအဖြာဖြာကို ဖော်ပြထားပါတယ်.
ရသမှာတော့ ခံစားမှု တစုံတရာပေးစွမ်းနိုင်မဲ့ စာတွေကဗျာတွေဖော်ပြပေးထားပါတယ်.
ပညာမှာတော့ ဘာသာရပ်ဆိုင်ရာ တွေကိုဖော်ပြထားပြီး
စာပဒေသာမှာတော့ ဟာသ၊ဗေဒင် စတဲ့ ကဏ္ထ စုံကို ဖော်ပြထားမှာပါ.

ဆရာကြီး မင်းသုဝဏ်ရဲ့ 'စု၊တု၊ပြူ' မူအတိုင်း စု ဆောင်းထားသမျှ
တခြားသူများရဲ့စာများနှင့် သူတို့ရဲ့ စာတွေကို အတု ယူပြီး ကိုယ်တိုင်ပြု စုထားတဲ့စာတွေအစုံပါဝင်မှာပါ.
တခြားသူများရဲ့ စာတွေကိုဖော်ပြတဲ့အခါ မူရင်းရေးသူအမည်သိလျှင်
ဖော်ပြပြီး မသိခဲ့ရင်တော့ 'ဖတ်မိသမျှ၊မှတ်မိသမျှ'လို့ပဲရေးပေးထားပါမယ်.
မူရင်းရေးသူအမည်သိလျှင်လည်းပြောပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်

ဝင်ရောက်ဖတ်ရှုသောသူငယ်ချင်းများ စာပေရောင်းရင်းများ အားလုံးကို ကျေးဇူးတင်စွာဖြင့်
ဝင်းသုမွန်
(ကြိုက်တာတွေ့ရင် ကူးယူနိုင်ပါသည်။ဖတ်ဖြစ်ဖို့သာလိုရင်းပါ)

Monday, March 22, 2010

ချစ်ခြင်းလက်ဆောင် ရွေးရအောင်

လက်ဆောင်တွေမှာ အဓိပ္ပါယ်ကိုယ်စီရှိပါတယ်... ကိုယ်မြတ်နိုးတဲ့သူတွေကို အဓိပ္ပါယ်ရှိတဲ့လက်ဆောင်တွေပေးနိုင်ပါစေ...

ကိုယ့်ကိုအမြဲသတိရနေပါ….. please miss me for ever
အလှစိုက်သစ်ပင် (boy to girl) ဦးထုပ် (girl to boy)
ရည်မှန်းချက်တွေ အောင်မြင်အောင်ဆုတောင်းပေးနေမယ် I hope U success
စက္ကူကြိုးကြာရုပ်တစ်ထောင် (boy to girl) စက္ကူရောင်စုံကြယ်ပွင့်တစ်ထောင် (girl to boy)
ကိုယ့်ကိုမေ့ပစ်လိုက်ပါတော့ pls forget me
မီးခြစ် (boy to girl) ပြာခွက် (girl to boy)
ရက်ရှည်လများ ခွဲခွာရခါနီးတွင် အနေဝေးလို့ မေ့မသွားနဲ့နော် we r away but pls don’t forget me
ဒိုင်ယာရီစာအုပ် (boy to girl) ဖောင်တိန်၊ ဘောပင် (girl to boy)
ကိုယ့်ချစ်သူ၏အောင်မြင်မှုတစ်ခုခုအတွက် ဂုဏ်ယူပါတယ် pl congratulation 4 ur sucess
ဓါတ်ပုံမှန်ဘောင်လှလှလေး (boy to girl) ၀ိုင်ပုလင်း (girl to boy)
ကွဲကွာနေရာမှ ပြန်လည်ဆုံတွေ့ကြရသည့်အခါ ကတောက်ကဆဖြစ်ပြီးပြန်ပြေလည်သွားသည့်အခါ လွမ်းခဲ့ရသမျှတွေ မေ့ပစ်လိုက်ကြစို့ သို့မဟုတ် ငိုကြွေးခဲ့ရသောကာလများ ပြီးဆုံးပြီ end of sadness
လက်ကိုင်ပုဝါ (boy to girl) စားပွဲတင်ပြက္ခဒိန် (girl to boy)


ချစ်သူနှစ်ဦး စိတ်ကောက်ပြီး မခေါ်မပြောဖြစ်နေရာမှ စိတ်ဆိုးပြေအောင် ချော့မော့လိုသည့်အခါ
Apologies to anger lover
အ၀ါရောင်ပန်းပွင့်၊ ပန်းစည်း (boy to girl) သီချင်းဓာတ်ပြားအယ်လ်ဘမ် (girl to boy)
နေမကောင်းဖြစ်နေသော အမျိုးသမီး for illness women
သစ်သီးနှင့်စိတ်ရွှင်လန်းမည့်ပန်းများ
ချစ်သူမိန်းကလေးနေမကောင်းဖြစ်လျှင် if your lover ill
အဖြူရောင်ပန်းများ
ကွယ်ရာမှာ သစ္စာမဖောက်နဲ့နော် don’t be untruthful
ကြည့်မှန်သေးသေးလေးတစ်ချပ် (boy to girl) သော့ချိတ် (girl to boy)
လက်ထပ်ချင်ပါပြီ Want to be marriage
လက်စွပ်တစ်ကွင်း (boy to girl) လက်ပတ်နာရီ (girl to boy)
သစ္စာမဲ့တယ်လို့ အထင်မလွဲပါနဲ့ don’t be think ‘I m not untruth’
နှုတ်ခမ်းနီဆိုးဆေး (boy to girl) အင်္ကျီအ၀တ်အစား (girl to boy)
အချစ်တည်တံ့ခိုင်မြဲပါစေ hoping our love long lasting
ဖဲကြိုးလှလှချည်ထားတဲ့ပန်းစည်း (boy to girl) ချောကလက်ဘူး (girl to boy)
ချစ်တယ်လို့ဖွင့်ပြောဖို့မ၀ံ့မရဲဖြစ်နေရင် if u don’t dare to talk ‘I love U’
အမွှေးပွပွ ၀က်ဝံရုပ်ကလေး (boy to girl) ရေမွှေးပုလင်း (girl to boy)

ဖတ်မိသမျှ၊မှတ်မိသမျှ

No comments:

Post a Comment