ကျွန်တော်ရဲ့ blog လေးကို ကျွန်တော်သိသမျှ တတ်သမျှ ဖတ်မိ၊မှတ်မိသမျှ

ကိုအားလုံးကိုမျှဝေလိုတဲ့ ဆန္ဒလေးနဲ့လုပ်ဖြစ်တာပါ.
ကျွန်တော့်ရဲ့ post မှာ သုတ၊ရသ၊ ပညာနှင့် စာပဒေသာဆိုပြီး(၄)ပိုင်း ခွဲထားပါတယ်.
သုတမှာ သိမှတ်ဖွယ်ရာအဖြာဖြာကို ဖော်ပြထားပါတယ်.
ရသမှာတော့ ခံစားမှု တစုံတရာပေးစွမ်းနိုင်မဲ့ စာတွေကဗျာတွေဖော်ပြပေးထားပါတယ်.
ပညာမှာတော့ ဘာသာရပ်ဆိုင်ရာ တွေကိုဖော်ပြထားပြီး
စာပဒေသာမှာတော့ ဟာသ၊ဗေဒင် စတဲ့ ကဏ္ထ စုံကို ဖော်ပြထားမှာပါ.

ဆရာကြီး မင်းသုဝဏ်ရဲ့ 'စု၊တု၊ပြူ' မူအတိုင်း စု ဆောင်းထားသမျှ
တခြားသူများရဲ့စာများနှင့် သူတို့ရဲ့ စာတွေကို အတု ယူပြီး ကိုယ်တိုင်ပြု စုထားတဲ့စာတွေအစုံပါဝင်မှာပါ.
တခြားသူများရဲ့ စာတွေကိုဖော်ပြတဲ့အခါ မူရင်းရေးသူအမည်သိလျှင်
ဖော်ပြပြီး မသိခဲ့ရင်တော့ 'ဖတ်မိသမျှ၊မှတ်မိသမျှ'လို့ပဲရေးပေးထားပါမယ်.
မူရင်းရေးသူအမည်သိလျှင်လည်းပြောပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်

ဝင်ရောက်ဖတ်ရှုသောသူငယ်ချင်းများ စာပေရောင်းရင်းများ အားလုံးကို ကျေးဇူးတင်စွာဖြင့်
ဝင်းသုမွန်
(ကြိုက်တာတွေ့ရင် ကူးယူနိုင်ပါသည်။ဖတ်ဖြစ်ဖို့သာလိုရင်းပါ)

Monday, March 22, 2010

သင်တို့ကြိုက်သော သစ်သီးများနဲ့ သင်တို့ရဲ့ အိမ်ထောင်ရေး

ဘာသာပြန်လေး တစ်ခုကပါ... ဆိုင်ချင်မှတော့ ဆိုင်မယ် ... အပျော်သဘောလေးပေါ့
... သင်တို့ကြိုက်သော သစ်သီးများနဲ့ သင်တို့ရဲ့ အိမ်ထောင်ရေး ... တဲ့ ...
ကဲ ... အောက်က ရေးပြထားတဲ့ သစ်သီးတွေထဲက ... ဘယ်အသီးကို အကြိုက်ဆုံးလဲ
သရက်
ဖရဲ
သေဘာၤ
ဒူးရင်း
လိမ္မော်
စပျစ်
... ခင်ဗျားတို့ရဲ့ အကြိုက်ဆုံးတစ်မျိုးလောက် ... ပြောပြပါလား ..
ပြီးမှ အဖြေကို ၀င်ကြည့်ပေးပါနော်..
အရင် အသီးတစ်ခုခု ကို ရွေးပြီးပြီ ဆိုမှ အဖြေကိုကြည့်နော်...


------------------------------------------------------


အဖြေ

ဖရဲသီးကို စွဲစွဲလန်းလန်းနဲ့ စားတတ်ကြသူတွေက ... အိမ်ထောင်ဖက်နဲ့
ချစ်သူတစ်ယောက်ထဲ ... ဖြစ်တတ်ကြပါသတဲ့လေ
သရက်သီးကို စွဲစွဲလန်းလန်း ကြိုက်သူတွေရဲ့ အိမ်ထောင်ရေး အခြေအနေကတော့
မိဘစီမံရာကို နာခံတတ်ကြသတဲ့လေ ... ကိုယ်ကြိုက်ကြိုက် မကြိုက်ကြိုက်ပေါ့
လိမ္မော်သီး ကြိုက်တတ်သူများကတော့ ... အိမ်ထောင်တစ်ဆက်ထက်ပိုမယ် ဖြစ်ပါကြောင်း
သဘောင်္သီး ကြိုက်တတ်တဲ့ သူတွေကတော့ ... အိမ်ထောင်ကျရင် သူငယ်ချင်းနဲ့
ကျတတ်ပါသတဲ့
စပျစ်သီးကြိုက်တဲ့သူတွေ ... သူ့ အတွက်အဖြေကတော့ အားလုံးအိုကေပါတဲ့ ...
မိဘတွေ စီစဉ်ပေးတဲ့ သဘောတူတဲ့ အိမ်ထောင်ဖက်ကို ... ကိုယ်တိုင်ကလဲ
အရမ်းချစ်မိနေပါသတဲ့ လေ ...
ဒူး ရင်း သီး... ကိုယ့်ရဲ့ရွေးချယ်မှု့ကို ... မိဘက သဘောမတူ ... တတ်ပါဘူးတဲ့

No comments:

Post a Comment