ကျွန်တော်ရဲ့ blog လေးကို ကျွန်တော်သိသမျှ တတ်သမျှ ဖတ်မိ၊မှတ်မိသမျှ

ကိုအားလုံးကိုမျှဝေလိုတဲ့ ဆန္ဒလေးနဲ့လုပ်ဖြစ်တာပါ.
ကျွန်တော့်ရဲ့ post မှာ သုတ၊ရသ၊ ပညာနှင့် စာပဒေသာဆိုပြီး(၄)ပိုင်း ခွဲထားပါတယ်.
သုတမှာ သိမှတ်ဖွယ်ရာအဖြာဖြာကို ဖော်ပြထားပါတယ်.
ရသမှာတော့ ခံစားမှု တစုံတရာပေးစွမ်းနိုင်မဲ့ စာတွေကဗျာတွေဖော်ပြပေးထားပါတယ်.
ပညာမှာတော့ ဘာသာရပ်ဆိုင်ရာ တွေကိုဖော်ပြထားပြီး
စာပဒေသာမှာတော့ ဟာသ၊ဗေဒင် စတဲ့ ကဏ္ထ စုံကို ဖော်ပြထားမှာပါ.

ဆရာကြီး မင်းသုဝဏ်ရဲ့ 'စု၊တု၊ပြူ' မူအတိုင်း စု ဆောင်းထားသမျှ
တခြားသူများရဲ့စာများနှင့် သူတို့ရဲ့ စာတွေကို အတု ယူပြီး ကိုယ်တိုင်ပြု စုထားတဲ့စာတွေအစုံပါဝင်မှာပါ.
တခြားသူများရဲ့ စာတွေကိုဖော်ပြတဲ့အခါ မူရင်းရေးသူအမည်သိလျှင်
ဖော်ပြပြီး မသိခဲ့ရင်တော့ 'ဖတ်မိသမျှ၊မှတ်မိသမျှ'လို့ပဲရေးပေးထားပါမယ်.
မူရင်းရေးသူအမည်သိလျှင်လည်းပြောပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်

ဝင်ရောက်ဖတ်ရှုသောသူငယ်ချင်းများ စာပေရောင်းရင်းများ အားလုံးကို ကျေးဇူးတင်စွာဖြင့်
ဝင်းသုမွန်
(ကြိုက်တာတွေ့ရင် ကူးယူနိုင်ပါသည်။ဖတ်ဖြစ်ဖို့သာလိုရင်းပါ)

Monday, March 22, 2010

ကဗျာ

mail ကနေ ဖတ်မိသမျှမှတိမိသမျှ ကဗျာတွေပါ
ကဗျာဆရာနာမည်တွေတော့မသိလို့မထည့်ထားတာပါ
သိခဲ့ရင်..ကိုယ့်ကဗျာပါခဲ့ရင်ပြောကြပါ.နာမည်ပြန်တပ်ပေးပါမယ်.

သံယောဇဉ်

အလျားအနံ မရှိပေမယ့်
အသွားအပြန်နဲ့ စီးဆင်းတတ်တယ်
ကြိုးနဲ့ နှောင်ခြင်းမရှိပေမယ့်
နှောင်ကြိုးတွေ တသီကြီးနဲ့ ရစ်တွဲနေတတ်တယ်
သံသယဖြစ်စရာမလိုပါဘူး…..
မေတ္တာတရား ရဲ့ နက်ရှိုင်းတဲ့
သဘောတရားတွေရဲ့နောက်..မှာ
သံယောဇဉ်တွေ
တကောက်ကောက်လိုက်နေကြတာပေါ့….
..........................................



အိမ်လွမ်းသူ
အချိန်တွေ ကုန်နေပေမယ့်
နာရီတွေ လည်နေပေမယ့်
အိမ်ပြန်ချိန်ဆိုတာ ငါမသိသေးဘူး
မိသားစုဆုံတဲ့ အချိန်ဆိုရင်တောင်
အခုအချိန်မှာ ငါမရှိဘူး ။

တစ်ယောက်တစ်နေရာနဲ့
နေလာခဲ့တဲ့ ဘ၀တစ်လျှောက်
ငါတစ်ယောက်က အဝေးဆုံးလို့
တစ်ယောက်တည်း ယူဆ
မတူမျှတဲ့ ကံကြမ္မာကြောင့်လား
ဒဏ်ရာတွေ အမြောက်အများနဲ့
မိသားစုဆိုတဲ့ အေးရိပ်လေး ကို
အရောက်သွားချင်ပါရဲ.
ပျော်ရာနဲ့ တော်ရာကို ငါ မသိချင်ဘူး
ကြည့်မြင်ဘူး သလောက်နဲ့
အေးရိပ်အောက်ရောက်ချင်ပြီ
ဘ၀အမောတွေ ရေတွက်လို့
အိမ်ပြန်ရက်ဆိုတာကို တောင့်တမိပါတယ်
ကြောင့်ကြမူတွေနဲ့အတူ
အဝေးရောက်နေတဲ့ ငါတစ်ယောက်တည်း
ပေါက်ကွဲချင် စရာ အဆင်မပြေမူတွေကြောင့်
အိမ် ခဏလောက်ရောက်ပါရစေ..........
..................................................


အချို့က ချစ်လျက်နဲ့ကွဲကြတယ်...
ဒါပေမယ့်.... မုသားတွေပါတယ် ...။
အချို့က ကွဲရက်နဲ့ ချစ်ကြတယ်...
ဒါပေမယ့် .....မာနတွေပါတယ် ....။
အချို့က ဝေးလျက်နဲ့ နားလည်ကြတယ်..
. ဒါပေမယ့်.... အချစ်ဆိုတာပါတယ်....။

..................................
ကျေးဇူးပါ....မေမေ
လောကပင်လယ်တောမှာ
ဒုက္ခမုန်တိုင်း ထန်တိုင်း
ပြိုယိုင်လဲချင်ခဲ့ စိတ်ဓာတ်တို့
အရောင်ပျယ်စေခဲ့တာမို့
အရာရာအတွက်
ကျေးဇူးပါ....မေမေ။
လူ့ဘ၀က ရေပွက်ပမာဆိုပေမယ့်
ထွေရာလေးပါးနဲ့ ရောနစ်တဲ့ လု့လောက
တွယ်တာစရာကပေါများလိုက်ပါဘိနှယ်
အတုအယောင်တွေကြား
တုနိုင်းမဲ့ အဖြူရောင်သက်သက်
ပေးဆပ်ခြင်းမေတ္ကာ... အတွက်လည်း
ကျေဇူးပါ......မေမေ။
အယောင်ဆောင်
အငွေ့အသက်တွေကြား ရှင်သန်ရတာ
မောပန်းနွမ်းနှယ်နေပြီမို့
အေးမြတဲ့...အမေ့ရင်ခွင်ကြား
ပြန်လည်တိုးဝှေ့လို့ နေပါရစေတော့လား
မြစ်ရေလို အစုန်သာရှိပြီး
အဆန်မရှိတဲ့ ဂရုဏာ အတွက်
ထာဝရ .......
ကျေးဇူးပါတင်လျှက်ပါ......မေမေ။
============================================================

ငါ့အိမ်မက်.......
မင်းရဲ့ အထိတွေ့လေးတွေကို
အိပ်မက်မိတယ်
မင်းကတော့ အဝေးမှာပဲလေ....

မင်းအပြုံးတွေကို အိပ်မက်မိတယ်
မင်းပြုံးပြခဲ့တဲ့ နေ့က စလို့ပေါ့
မင်းကတော့ အဝေးမှာပဲလေ....

မင်းနဲ့အတူနေရတဲ့ ရက်တွေကို
အိပ်မက်မိတယ်
မင်းကချစ်တယ်လို့ ပြောခဲ့တဲ့နေက စလို့ပေါ့
မင်းကတော့ အဝေးမှာပဲလေ.......

မင်းရဲ့ ပါရမီ ဖြည့်ဘက်အဖြစ်
အိပ်မက်မိတယ်
နှစ်ကိုယ်တူ ဘဝလေး
တည်ဆောက်ချင်တယ်လို့ မင်းပြောတဲ့နေ့ကစလို့ပေါ့
မင်းကတော့အဝေးမှာပဲလေ.....

မင်းရဲ့ အထိတွေ့
မင်းရဲ့အပြုံး
မင်းနဲ့ အတူနေရတဲ့နေ့ရက်
မင်းရဲ့ပါရမီ ဖြည့်ဘက်အဖြစ်နဲ့
နှစ်ကိုယ်တူ ဘဝလေး တည်ဆောက်နေတဲ့
ဒို့နှစ်ယောက်
အဲဒီအိမ်မက်
ငါ ညတိုင်းမက်တယ်
မင်းကတော့ အဝေးမှာပဲ..........။
=====================================================

အမည်မဲ့--------
အတူပျော်ဖူးတဲ့
အတိတ်ရဲ့
နေ့များထဲ
မင်းနဲ့တို့
အချစ်တွေ
ဟိုဒီကျဲပြန့်လို့
အရာရာဟာ
တစ်ကယ်ကို
အသက်ဝင်..........
ခုတော့လဲ
မင်းထွက်ပြေး
တို့ရဲ့အဝေးသို့
မင်းနဲ့တို့
အချစ်တွေ
ဘယ်ဆီကွယ်ပျောက်လို့
အရာရာဟာ
တစ်ကယ်ကို
အသက်မဲ့...........
မင်းကျောခိုင်းခဲ့ ပြီဆိုရင်
နောက်လှည့်မကြည့်ပါနဲ့
တို့ရဲ့စိတ်တွေ
ယိင်းယိုင်မှာဆိုး..........
=====================================================

အချစ်တစ်ခုနှင့် တိုက်မိခြင်း---

ပျာလောင်ခတ်နေတဲ့ ဘ၀ထဲကို အချစ်က တံခါးခေါက်လာခဲ့တယ်
ဗီဇာမပါဘဲ ၀င်လာတယ်ဆိုပြီး ဘယ်သူ့ကို တိုင်လို့ ရမလဲ
ငါ့ရင်ဘတ်ထဲက အသဲနှလုံးဟာ ကျောက်တုံးမဟုတ်လို့ပါ
အကြိမ်များစွာ မတွန်းတိုက်ပါနဲ့ ကောင်မလေးရယ်
လူပျိုကြီးလည်း ချစ်တတ်ပါတယ်။

စာအုပ်ပုံတွေကြားကနေ ခေါင်းမော့ ကြည့်မိတော့
ရွှန်းရွှန်းလဲ့လဲ့ ပြုံးနေတဲ့ မင်းကလေးကို မြင်ရတယ်
ခုတော့ မင်းကလေးဟာ ငါ့ရဲ့ မီးအိမ်လေးပေါ့

ငါ ဒီစာတွေကို မကြည့်ချင်တော့ဘူး
ကလေးငယ်တစ်ယောက် လမင်းကြီးကို
ငေးကြည့်ရင်းတွေးမိတွေးရာ တွေးနေတတ်သလိုမျိုး
ငါလည်း ချစ်ရသူရဲ့ မျက်ဝန်းလေးကိုပဲ ငေးနေချင်တော့တယ်

မှတ်တိုင်မရှိတဲ့ အချစ်တွေနဲ့ ဂိတ်ဆုံးတဲ့ အထိ ချစ်နေချင်တယ်
အွန်းလိုင်းပေါ်မှာ လေထဲက ချစ်တဲ့ အချစ်မျိုးကို
မယုံနိုင်ဘူးလို့ မငြင်းချင်ပါနဲ့ကွာ

ရင်ထဲကလာတဲ့ စကားတွေက လက်ထဲကို စီးဆင်းနေတာပါ
ဖုန်းသံ မကြားရတဲ့ ရက်တွေမှာဆို
ဘဝဟာ ဥသြတွန်သံလေးကို
တမ်းတနေတတ်တဲ့ နွေနေပူထဲက
ညောင်ညိုပင်လို ခြောက်ခြောက်သွေ့ သွေ့ နဲ့ ပေါ့

လူပျိုကြီးတွေ သဘောကောင်းတယ်ဆိုတာ
လျှို့ဝှက်ချက်တွေရှိတယ်လို့မထင်လိုက်ပါနဲ့ ။

သိပ်ချစ်သွားလို့ ပါ။
=================
အချစ်
အချစ်တခုက လူကိုရူးစေတယ်
နှလုံးသားထဲ မရောက်စေနဲ့
မေ့ဖို့ခတ်နေလိမ့်မယ်
အရမ်းချစ်နေရင်
မေ့ဖို့မကြိုးစားပါနဲ့
အချိန်တိုင်းလွမ်းနေလိုက်ပါ
ညတိုင်းသူ့အကြောင်းတွေးနေလိုက်ပါ
အလွမ်းတွေကို ကျေနပ်နေလိမ့်မယ်
လွမ်းနေတဲ့ ညတွေမှာ
တယောက်ထဲ
တားဆီးမဲ့တဲ့ မျက်ရည်တွေနဲ့
အချစ်တခုကို
ပိုင်ဆိုင်ထားခွင့်ရလို့
ကျေနပ်နေတဲ့ စိတ်က
ငါ့အလွမ်းတွေကို
ထာဝရရှင်သန်စေလိမ့်မယ်
အမြဲရှင်သန်နေမဲ့
အလွမ်းတွေ အတွက်
ကျေနပ်ခြင်းများစွာနဲ့ .....ငါ....
..................

ဘ၀နေကွယ်ချိန်

တစ်နေကွယ်၊
သေနယ်သို.တစ်ခါကူး၊
နေကွယ်တာအချိန်များရင်လ၊
သေနယ်ရွာတစ်ကြိမ်သွားရမယ်၊
တားမရဘူး။

No comments:

Post a Comment