ကျွန်တော်ရဲ့ blog လေးကို ကျွန်တော်သိသမျှ တတ်သမျှ ဖတ်မိ၊မှတ်မိသမျှ

ကိုအားလုံးကိုမျှဝေလိုတဲ့ ဆန္ဒလေးနဲ့လုပ်ဖြစ်တာပါ.
ကျွန်တော့်ရဲ့ post မှာ သုတ၊ရသ၊ ပညာနှင့် စာပဒေသာဆိုပြီး(၄)ပိုင်း ခွဲထားပါတယ်.
သုတမှာ သိမှတ်ဖွယ်ရာအဖြာဖြာကို ဖော်ပြထားပါတယ်.
ရသမှာတော့ ခံစားမှု တစုံတရာပေးစွမ်းနိုင်မဲ့ စာတွေကဗျာတွေဖော်ပြပေးထားပါတယ်.
ပညာမှာတော့ ဘာသာရပ်ဆိုင်ရာ တွေကိုဖော်ပြထားပြီး
စာပဒေသာမှာတော့ ဟာသ၊ဗေဒင် စတဲ့ ကဏ္ထ စုံကို ဖော်ပြထားမှာပါ.

ဆရာကြီး မင်းသုဝဏ်ရဲ့ 'စု၊တု၊ပြူ' မူအတိုင်း စု ဆောင်းထားသမျှ
တခြားသူများရဲ့စာများနှင့် သူတို့ရဲ့ စာတွေကို အတု ယူပြီး ကိုယ်တိုင်ပြု စုထားတဲ့စာတွေအစုံပါဝင်မှာပါ.
တခြားသူများရဲ့ စာတွေကိုဖော်ပြတဲ့အခါ မူရင်းရေးသူအမည်သိလျှင်
ဖော်ပြပြီး မသိခဲ့ရင်တော့ 'ဖတ်မိသမျှ၊မှတ်မိသမျှ'လို့ပဲရေးပေးထားပါမယ်.
မူရင်းရေးသူအမည်သိလျှင်လည်းပြောပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်

ဝင်ရောက်ဖတ်ရှုသောသူငယ်ချင်းများ စာပေရောင်းရင်းများ အားလုံးကို ကျေးဇူးတင်စွာဖြင့်
ဝင်းသုမွန်
(ကြိုက်တာတွေ့ရင် ကူးယူနိုင်ပါသည်။ဖတ်ဖြစ်ဖို့သာလိုရင်းပါ)

Wednesday, July 7, 2010

လေဖြတ်ခြင်း, အပူရှပ် မေ့မျောသွားခြင်း

လေဖြတ်ခြင်းဟာ ဦးနှောက်ကြွက်သားတွေကိုထောက်ပံ
့နေတဲ့သွေးကြော ပေါက်ခြင်း(သို့)ပိတ်ခြင်းကြောင့်ဖြစ်ရပါတယ်။

လေဖြတ်ခြင်းရဲ့  ဆိုးကျိုးတွေနောက်ဆက်တွဲတွေကို အားလုံးသိကြမှာပါ။လူတစ်ယောက်ဟာ ပုံမှန်မသန်စွမ်းတော့ဘဲ အိပ်ရာပေါ်မှာနေသွားရဖို့ များပါတယ်။အိပ်ရာပေါ်မလဲတောင် ပုံပျက်ပန်းပျက်နဲ့ 
အသက်ရှင်သွားရမှာပါ။ဖြစ်ပြီးမကြာခင်မှာလဲ အသက်ဆုံးနိုင်ပါတယ်။ဒါကြောင့်လေဖြတ်မှန်းသိပြီး ချက်ချင်းကုနိုင်ရင်ဖို့  အောက်ပါရိုးရှင်းတဲ့  အချက်ကလေးတွေကို မှတ်ထားစေချင်ပါတယ်။

ကိုယ်တွေ့ ဖြစ်ရပ်တစ်ခု
အကင်မျိုးစုံကျွေးတဲ့  ဧည့်ခံပွဲတစ်ခုမှာ ကျွန်မသူငယ်ချင်းမတစ်ယောက်ဟာ ခလုတ်တိုက်ပြီး လဲကျသွားပါတယ်။အားလုံးကဆေးရုံကားခေါ်ပေးမယ်လုပ်တော့ သူမက ဘာမှမဖြစ်ပါဘူး၊အုတ်ခဲကိုခလုတ်တိုက်မိလို့  လဲသွားတာပါလို့ ပြောပြီး စားစရာဆက်စားပါတယ်။သူမကြည့်ရတာ မူပျက်နေတယ်ထင်ရပေမယ့် ဧည့်ခံပွဲပြီးတဲ့ အထိနေသွားပါတယ်။ညကျမှ သူ
့အမျိုးသားလှမ်းဖုန်းဆက်လို့  ကျွန်မတို့ သိလိုက်ရတာက သူမကို ညနေ ၆
နာရီမှာဆေးရုံတင်လိုက်ရပြီး ဘာမှမလုပ်ရသေးခင်မှာပဲ
ဆုံးသွားပြီဆိုတာပါပဲ။တကယ်ဝမ်းနည်းစရာကောင်းတဲ့  အဖြစ်ပါ။သူမဟာဧည့်ခံပွဲမှာကတည်းက လေဖြတ်ခြင်းကို စခံစားခဲ့ ရတာဖြစ်ပါတယ်။ဘေးနားကလူတွေကသာ လေဖြတ်ခြင်းရဲ့ 
လက္ခဏာတွေကို ခွဲခြားသိနိုင်ခဲ့ မယ်ဆိုရင် သူမဟာဒီနေ့ ထိလူ
့လောကမှာရှိနေဦးမှာ ဖြစ်ပါတယ်။ဒါဟာကျွန်တော်တို့ အတွက် သင်ခန်းစာပါပဲ။


လူတိုင်းသိသင့်
ဦးနှောက်နဲ့  အာရုံကြော အထူးကုဆရာဝန်ကြီး တစ်ယောက်ကတော့ လေဖြတ်တယ်လို့  သိသိရခြင်း ၃
နာရီအတွင်းလူနာဟာ ဆရာဝန်နဲ့ တွေ့ ခွင့်ရမယ်ဆိုရင် ပြန်ကောင်းနိုင်ပါတယ်လို
့ ပြောပါတယ်။ ဆရာဝန် တစ်ယောက်သာဆို ဒီလိုဘာဖြစ်လို
့ဖြစ်မှန်းမသိဖြစ်တာကို လေဖြတ်တာလို့  ချက်ချင်းသိနိုင်လို့ 
ချက်ချင်းစမ်းသပ် အတည်ပြုနိုင်ပါမယ်။ ပြီးတော့ အနည်းဆုံး ၃နာရီအတွင်းမှာ
လူနာကို ဆေးကုသမှု ခံယူစေနိုင်ရင် လူနာဟာ ဝေဒနာမျိုးစုံ ခံစားရတော့မှာ
မဟုတ်ပါဘူး။ ဒါပေမယ့် မနားမှာ ဆရာဝန်တစ်ယောက်မှ မရှိဘူးဆိုရင်
ဘယ်လိုလုပ်ကြမလဲ။ ဒါကြောင့် အားလုံးအတွက်ရော၊ ကိုယ့်အတွက်ပါ
လူတိုင်းသိသင့်တဲ့ လေဖြတ်ခြင်း ဟုတ်မဟုတ်ခွဲနိုင်တဲ့ 
အချက်လွယ်လွယ်လေးတွေကို ဆရာဝန်ကြီးက ပြောပြပေးခဲ့ ပါတယ်။


လေဖြတ်ခြင်းရဲ့  ရုတ်တရက်လက္ခဏာများ
Stroke လို့ ခေါ်တဲ့  လေဖြတ်ခြင်းဟာ ဦးနှောက်အတွင်းပိုင်း သွေးကြော
တစ်ခုခုပေါက်လို့ ၊ ဒါမှမဟုတ် ပိတ်သွားလို့  ဦးနှောက်တစ်နေရာမှာ
သွေးမရတော့ဘဲ အလုပ်မလုပ်နိုင်တဲ့  အတွက် ခန္ဒာကိုယ် ထိခိုက်သွားတာ
ဖြစ်ပါတယ်။ ဦးနျောက်မှာဖြစ်တဲ့ နေရာတွေက တစ်ယောက်နဲ့ တစ်ယောက် မတူတဲ
့အတွက် လေဖြတ်ခြင်းရဲ့ လက္ခဏာတွေက တစ်ခါတစ်လေမှာ ခွဲခြားရခက်ပါတယ်။
ကံဆိုးချင်လို့ ဘေးလူတွေက မသိ နားမလည်ရင်တော့ သေပြီပေါ့ဗျာ။
ဒီတော့လေဖြတ်တာရဲ့  လက္ခဏာတွေ၊ လုပ်ရမှာတွေကို အင်္ဂလိပ်လို
အတိုကောက်မှတ်ချင်ရင် သူ့ ရောဂါရဲ့ နာမည်အတိုင်း STROKE လို
့မှတ်နိုင်ပါတယ်။ မြန်မာလိုသိထားလဲ တူတူပါပဲ။ အရင်ဆုံး လူနာကို S,T,R
ဆိုပြီး ၃ခုခိုင်းကြည့်ပါ။

(S=Smile) လူနာကိုပြုံးခိုင်းပါ။ (ပုံမှန်ပြုံးသလိုဖြစ်ရဲ့ လား၊ရွဲ့ နေစောင်းနေလားကြည့်ပါ)
(T=Talk) စကားပြောခိုင်းပါ။
(R=Raise both arms) လက်နှစ်ဖက်မြှောက်ခိုင်းပါ။ ဒါတွေအကုန် ချောချောမွေ့ မွေ
့လုပ်နိုင်တယ်ဆိုရင်တော့ STR ပြီးလို့  OK ပေါ့။ တစ်ခုခုကို မလုပ်နိုင်ခဲ
့ဘူးဆိုရင်တော့ (E=Emergency) အရေးပေါ်ဖြစ်လို့  ဆေးရုံတင်မှရပါမယ်။
နောက်ထပ် လက္ခဏာတစ်ခုကိုလဲ ထပ်ကြည့်နိုင်ပါသေးတယ်။ လူနာကို
လျှာထုတ်ခိုင်းပါ။ လျှာဟာ လိမ်ခေါက်ပုံပျက်ပြီး တစ်ဖက်ဖက်ကို
စောင်းနေမယ်ဆိုရင်တော့ လေဖြတ်တာ သေချာပါတယ်။ ဒါဆိုရင်တော့ လူနာဟာ
အရမ်းစိုးရိမ်ရလို့  အမြန်ဆုံး ဆေးကုသမှုခံယူရအောင် လုပ်ပေးပါ။
ဒီတော့ဒီဆောင်းပါးမှာပါတဲ့ အချက်တွေကို သင်ကိုယ်တိုင်လဲ
မှတ်သား၊လက်လှမ်းမီသမျှလဲ ပြောပြမယ်ဆိုရင် သင်အပါအ၀င် လူပေါင်းများစွာရဲ့ 
အသက်တွေကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။ S,T,R,O,K,E မမေ့ နဲ့  နော်။
................................................................
Heat Stroke သို့မဟုတ် အပူရှပ် မေ့မျောသွားခြင်းကို အသက်ကယ်ခြင်း

ဒီနှစ်နွေရာသီရဲ့ အပူချိန်ဟာ မြန်မာနိုင်ငံအလယ်ပိုင်းက တချို့
မြို့တွေမှာဆို ၄၃ ဒီဂရီဆဲစီးယက် ကျော်တဲ့အထိ အရမ်းပြင်းထန်လွန်းလှပါတယ်။
မကြုံစဖူး ပူပြင်းတဲ့ နှစ်တစ်နှစ်ဆိုရင်
မမှားပါဘူး။ ဒီလို တစ်ရက်နဲ့ တစ်ရက်တောင် မတူဘဲ အပူချိန် အရမ်းပြင်းလာတဲ့
အချိန်မှာ ခန္စာကိုယ်က အပူချိန်ထိန်းညှိပေးတဲ့ စနစ် (Thermoregulatory
Mechanism) က ချက်ချင်း အလိုက်သင့် အဆင်မပြေနိုင်သေးတဲ့အချိန်မှာ
အပူဒဏ်ကြောင့် Heat Stroke (အပူရှပ် မေ့မျောသွားခြင်း) ဆိုတာ
ခံစားရတတ်ပါတယ်။

ဒါဟာ အရည်ဓာတ်တွေ ဆုံးရှုံးလို့ ရှော့ရခြင်း၊ နေရာအနှံ့ သွေးကြောတွင်း
သွေးခဲခြင်း၊ ကြွက်သားတွေ ပျက်စီးကုန်ခြင်း၊
အသည်းနဲ့ ကျောက်ကပ် အလုပ်မလုပ်တော့ခြင်း နဲ့ ဦးနှောက် ဖောယောင်ခြင်းတွေ
ဖြစ်စေနိုင်လို့ အသက်အန္တရာယ်ရှိတဲ့ အရေးပေါ် အခြေအနေတစ်ရပ်ဖြစ်လို့
အဲဒီလူရဲ့ အသက်ဟာ ဘေးနားက လူတွေဆီမှာသာ ရှိပါတယ်။

အထူးသဖြင့် အ၀လွန်သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ အရက်သေစာ အလွန်အကျွံ
သောက်စားထားသူတွေ၊
ဖျားနေတဲ့ သူတွေ၊ ပင်ပန်းစွာ အလုပ်လုပ်နေသူတွေ၊ အထူးသဖြင့် နေပူထဲမှာ
အ၀တ်အစား လုံခြုံစွာ မ၀တ်ထားဘဲ အလုပ်ကြမ်းလုပ်သူတွေ(ဥပမာ
လယ်ယာအလုပ်သမားများ) ဟာ Heat Stroke ရဖို့ အရမ်းနီးစပ်ပါတယ်။

ဖြစ်ရတဲ့
အကြောင်းအရင်းက အရမ်းပူတဲ့ အခြေအနေမှာ ခန္စာကိုယ်ကို အကြာကြီး ထားတဲ့အတွက်

ခန္စာကိုယ်က ပြင်ပကနေ အပူတွေစုပ်ယူကာ ကိုယ်အပူချိန်တက်တာ

အရမ်းမြန်လွန်းစေကာ ခန္စာကိုယ်ရဲ့ အပူချိန်ထိန်းညှိပေးတဲ့ စနစ်

(Thermoregulatory Mechanism) က ကိုယ်အပူချိန်ကို မြန်မြန်

ပြန်မချနိုင်ခင်မှာ ကိုယ်အပူချိန်က ၄၀ ဒီဂရီ ဆဲစီးယက်ကျော်သွားပြီး

အပူချိန်ထိန်းညှိပေးတဲ့ စနစ်ပါ ယာယီပျက်သွားတဲ့ အတွက် ဖြစ်ရတာ ဖြစ်ပါတယ်။

ဒီစနစ်ရဲ့ ကိုယ်အပူချိန်ကို အဓိက ချပေးတဲ့ နည်းလမ်းက ချွေးထွက်စေခြင်းနည်း

ဖြစ်ပါတယ်။ ဒီစနစ် ပျက်သွားတဲ့အတွက် ဝေဒနာခံစားရသူရဲ့ လက္ခဏာတွေက ………..

ခေါင်းကိုက်ခြင်း၊
ပျို့ခြင်း၊ အန်ခြင်း၊
အသားများတဆတ်ဆတ် တုန်ကာ ချွေးမထွက်ခြင်း၊
အသားက
အလွန်ပူခြစ်နေခြင်း၊
ဒေါသထွက် စိတ်ရှုပ်ထွေး နေခြင်း၊
လုံးဝ သတိလစ်
မေ့မျောသွားခြင်း တို့ကို ခံစားရတတ်ပါတယ်။

ဒီလို ဖြစ်နေတဲ့
ဝေဒနာရှင်ကိုတွေ့ရင် အသက်ကယ်ဖို့ ဘာတွေလုပ်ပေးသင့်သလဲ ဆိုတော့

(၁)
လူနာဟာ နေပူကျဲတောက် ကွင်းပြင်မှာ လဲနေတာ ဖြစ်ရင် အရင် အရိပ်ထဲကို ရွှေ့ပါ။

(၂)
ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ဗလာကျင်း ဖြစ်နေရင် ရေစိုဝတ်နဲ့ ပတ်ပေးထားပါ။

(၃) လူနာဟာ အမြန်ဆုံး အအေးခံဖို့ လိုအပ်နေတာမို့ ရေပတ်တိုက်ပေးပြီး
ယပ်တောင်လေ သို့မဟုတ် ပန်ကာလေ ခံပေးပါ။

(၄) ပေါင်ကြားနဲ့
ချိုင်းကြားမှာ ရေဖတ်ဝတ် ထားပေးပါ။ လဲပေးပါ။ ဖြစ်နိုင်ရင် ရေခဲကို
အ၀တ်နဲ့ထုပ်ပြီး ထားပေးပါ။

(၅)
ရေဓာတ်တွေ အများကြီး ဆုံးရှုံးသွားပြီး သွေးပေါင်ပါ ကျသွားတဲ့ အတွက်

အကြောကနေ ရေဓာတ်အမြန် ဖြည့်တင်းပေးဖို့နဲ့ အသားတွေတုန်ခြင်း၊ သွေးကြောတွေ

ကျဉ်းသွားခြင်း စတာတွေကို တားဆီးဖို့ အတွက် ဖြစ်နိုင်ရင် နီးစပ်ရာ ဆေးရုံ

သို့မဟုတ် ဆေးခန်းကို ပို့ပေးသင့်ပါတယ်။ (အကယ်၍ လူနာက လုံးဝ သတိမလစ်ဘဲ

ရေကို သောက်နိုင်တယ်ဆိုရင်တော့ မဆိုးပါဘူး။ ဒါတောင် ဖြစ်နိုင်ရင် ဓာတ်ဆား

တိုက်သင့်ပါတယ်။ မရနိုင်တော့လဲ ရရာ အရည် တစ်မျိုးမျိုးပေါ့။

တကယ်သာ ဂရုတစိုက်လုပ်ပေးရင် ၁ နာရီကနေ ၂ နာရီအတွင်း အသက်အန္တရာယ်ကနေ
လွတ်ကင်းပြီး အကောင်းပကတိ ပြန်ဖြစ်နိုင်ကြောင်းပါ။
ဒီနည်းလမ်းတွေဟာ
ဆေးပညာနဲ့ အညီ စနစ်တကျ နည်းလမ်းများ ဖြစ်လို့ စိတ်ချလက်ချ သုံးနိုင်ပါတယ်။

အယူသည်းပြီး ယုံမှားသံသယ ရှိရန်မလိုကြောင်း တင်ပြပေးလိုက်ပါတယ်။
ဖတ်မိသမျှ မှတ်မိသမျှ

No comments:

Post a Comment