ကျွန်တော်ရဲ့ blog လေးကို ကျွန်တော်သိသမျှ တတ်သမျှ ဖတ်မိ၊မှတ်မိသမျှ

ကိုအားလုံးကိုမျှဝေလိုတဲ့ ဆန္ဒလေးနဲ့လုပ်ဖြစ်တာပါ.
ကျွန်တော့်ရဲ့ post မှာ သုတ၊ရသ၊ ပညာနှင့် စာပဒေသာဆိုပြီး(၄)ပိုင်း ခွဲထားပါတယ်.
သုတမှာ သိမှတ်ဖွယ်ရာအဖြာဖြာကို ဖော်ပြထားပါတယ်.
ရသမှာတော့ ခံစားမှု တစုံတရာပေးစွမ်းနိုင်မဲ့ စာတွေကဗျာတွေဖော်ပြပေးထားပါတယ်.
ပညာမှာတော့ ဘာသာရပ်ဆိုင်ရာ တွေကိုဖော်ပြထားပြီး
စာပဒေသာမှာတော့ ဟာသ၊ဗေဒင် စတဲ့ ကဏ္ထ စုံကို ဖော်ပြထားမှာပါ.

ဆရာကြီး မင်းသုဝဏ်ရဲ့ 'စု၊တု၊ပြူ' မူအတိုင်း စု ဆောင်းထားသမျှ
တခြားသူများရဲ့စာများနှင့် သူတို့ရဲ့ စာတွေကို အတု ယူပြီး ကိုယ်တိုင်ပြု စုထားတဲ့စာတွေအစုံပါဝင်မှာပါ.
တခြားသူများရဲ့ စာတွေကိုဖော်ပြတဲ့အခါ မူရင်းရေးသူအမည်သိလျှင်
ဖော်ပြပြီး မသိခဲ့ရင်တော့ 'ဖတ်မိသမျှ၊မှတ်မိသမျှ'လို့ပဲရေးပေးထားပါမယ်.
မူရင်းရေးသူအမည်သိလျှင်လည်းပြောပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်

ဝင်ရောက်ဖတ်ရှုသောသူငယ်ချင်းများ စာပေရောင်းရင်းများ အားလုံးကို ကျေးဇူးတင်စွာဖြင့်
ဝင်းသုမွန်
(ကြိုက်တာတွေ့ရင် ကူးယူနိုင်ပါသည်။ဖတ်ဖြစ်ဖို့သာလိုရင်းပါ)

Thursday, March 18, 2010

မိန်းကလေးများသိမှတ်စရာ သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုကာကွယ်မလဲ
သားအိမ်ခေါင်းကင်ဆာဆိုတာ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေအတွက် ဒုတိယ အဖြစ်အများဆုံး ကင်ဆာတစ်ခုလို့ ဆိုကြပါတယ်။ အာရှမှာဆိုရင် ၄ မိနစ်တိုင်း သားအိမ်ခေါင်းကင်ဆာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးနေရတယ်လို့ စစ်တမ်းများကဖော်ပြထားပါတယ်။ သားအိမ်ခေါင်းကင်ဆာဟာ ရုတ်တရက်ချက်ချင်းထဖြစ်တဲ့ရောဂါ မဟုတ်ပါဘူး။ ကင်ဆာမဖြစ်ခင် ကင်ဆာရှေ့ပြေးအဆင့်တွေအဖြစ်နဲ့ နှစ်ပေါင်း များစွာ ကြာအောင်နေပြီးမှ ကင်ဆာဆိုတဲ့အဆင့်ကို ရောက်တာပါ။ ဒါကြောင့် ကာကွယ်လို့ ရပါတယ်။ ဒါ့အပြင် သားအိမ်ခေါင်းကင်ဆာကို အဓိက ဖြစ်စေတဲ့ HPVဆိုတဲ့ ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်တဲ့ဆေးတွေလည်း ပေါ်ခဲ့ပါပြီ။ ဘယ်လိုကာကွယ်ရမလဲဆိုတော့ လက်ထပ်ပြီး ဒါမှမဟုတ် လိင်ဆက်ဆံမှုကို စတင်ပြီးတဲ့ အချိန်ကစလို့ ၃ နှစ်ကနေစပြီး အသက် ၆၄ နှစ်မတိုင်ခင်အထိ ၂ နှစ်တစ်ကြိမ်လောက် တော့ သားအိမ်ခေါင်းအချွဲကိုယူပြီး စစ်ဆေးသင့်ပါတယ်။ ပြီးတော့ ကာကွယ်ဆေးကိုလည်း ထိုးနိုင်ပါတယ်။ နိုင်ငံတကာမှာတော့ အသက် ၁၂ နှစ်ကနေ ၂၅ နှစ်ထိ ထိုးကြပါတယ်။ သူတို့ဆီမှာက လိင်ဆက်ဆံမှုက မြန်မာပြည်မှာ ထက်စောတဲ့အတွက် ဒီလို သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ မြန်မာပြည်အနေနဲ့ကတော့ အသက်အရွယ်မရွေးထိုးလို့ ရပါတယ်။ လိင်ဆက်ဆံမှု မတွေ့ကြုံရသေးခင် ထိုးထားတာ ပိုကောင်းပါတယ်။ ပို ပြီး အကျိုးသက်ရောက်မှုကောင်းတယ် လို့ ဆိုထားပါတယ်။ မြန်မာပြည်မှာတော့ cevarix ဆိုတဲ့ဆေး ရောက်နေပါပြီ။ ဆေးတစ်လုံးကို အရင်က တစ်သိန်းခွဲလောက်ကနေ အခုတော့ ကျပ်ငွေ ၅၀၀၀၀ လောက်ပဲ ရှိပါတော့တယ်။ နောက်ကာလ တွေကျ ရင်တော့ပိုပြီးဈေးသက်သာလာပြီး လူတိုင်းလက်လှမ်းမီတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဆေးထိုးရင် လက်မောင်းမှာထိုးရတာဖြစ် ပြီး ပထမဆုံးစထိုးတဲ့အချိန်ကစလို့ ၁ လမြောက်နဲ့ ၆ လမြောက်မှာ ထပ်ထိုးရပါတယ်။ စုစုပေါင်း ၃ ကြိမ်ဖြစ်ပါတယ်။ ဆေးရဲ့ကာကွယ်နိုင်စွမ်းက ၁၀ နှစ်ကနေ နှစ်ပေါင်း ၃၀ ထိဖြစ်တယ်လို့ စစ်တမ်းတွေအရ သိရှိရပါတယ်


ဖတ်မိသမျှ၊မှတ်မိသမှ

1 comment:

  1. သားအိမ်ခေါင်းကင်ဆာနဲ့ပတ်သက်တဲ့ ရောဂါလက္ခဏာများ သိလို့ရနိုင်မလားရှင်...

    ReplyDelete