ကျွန်တော်ရဲ့ blog လေးကို ကျွန်တော်သိသမျှ တတ်သမျှ ဖတ်မိ၊မှတ်မိသမျှ

ကိုအားလုံးကိုမျှဝေလိုတဲ့ ဆန္ဒလေးနဲ့လုပ်ဖြစ်တာပါ.
ကျွန်တော့်ရဲ့ post မှာ သုတ၊ရသ၊ ပညာနှင့် စာပဒေသာဆိုပြီး(၄)ပိုင်း ခွဲထားပါတယ်.
သုတမှာ သိမှတ်ဖွယ်ရာအဖြာဖြာကို ဖော်ပြထားပါတယ်.
ရသမှာတော့ ခံစားမှု တစုံတရာပေးစွမ်းနိုင်မဲ့ စာတွေကဗျာတွေဖော်ပြပေးထားပါတယ်.
ပညာမှာတော့ ဘာသာရပ်ဆိုင်ရာ တွေကိုဖော်ပြထားပြီး
စာပဒေသာမှာတော့ ဟာသ၊ဗေဒင် စတဲ့ ကဏ္ထ စုံကို ဖော်ပြထားမှာပါ.

ဆရာကြီး မင်းသုဝဏ်ရဲ့ 'စု၊တု၊ပြူ' မူအတိုင်း စု ဆောင်းထားသမျှ
တခြားသူများရဲ့စာများနှင့် သူတို့ရဲ့ စာတွေကို အတု ယူပြီး ကိုယ်တိုင်ပြု စုထားတဲ့စာတွေအစုံပါဝင်မှာပါ.
တခြားသူများရဲ့ စာတွေကိုဖော်ပြတဲ့အခါ မူရင်းရေးသူအမည်သိလျှင်
ဖော်ပြပြီး မသိခဲ့ရင်တော့ 'ဖတ်မိသမျှ၊မှတ်မိသမျှ'လို့ပဲရေးပေးထားပါမယ်.
မူရင်းရေးသူအမည်သိလျှင်လည်းပြောပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်

ဝင်ရောက်ဖတ်ရှုသောသူငယ်ချင်းများ စာပေရောင်းရင်းများ အားလုံးကို ကျေးဇူးတင်စွာဖြင့်
ဝင်းသုမွန်
(ကြိုက်တာတွေ့ရင် ကူးယူနိုင်ပါသည်။ဖတ်ဖြစ်ဖို့သာလိုရင်းပါ)

Monday, March 22, 2010

valuable words သူတို့စာနဲ့သူတို့စကား

အောင်မြင်သူတို့ရဲ့စကား
(၁)လူတစ်ယောက်ရဲ့ အပြောင်းအလဲက ဘုရားပေးတဲ့အခွင့်အရေးကို စောင့်နေတာမျိုးမဟုတ်ဘဲ ကိုယ့်ကိုယ်စေ့ဆော် တိုက်တွန်းမှုကြောင့် ဖြစ်လာတာဖြစ်တယ်။

(၂)အဆိုးဝါးဆုံး ဒုက္ခအခက်အခဲနဲ့ ရင်ဆိုင်ရလေ ကိုယ့်လက်ထဲမှာ အကောင်းဆုံးအမဲလိုက်သေနတ်ကို ဆုပ်ကိုင်ထားတယ်လို့ ယုံကြည်ရလေဖြစ်တယ်။

(၃)ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်တစ်ကြိမ်ခွင့်လွတ်တာဟာ နောက်တစ်ကြိမ် အမှားကြီးကြီးလုပ်ဖို့အတွက် အခွင့်ပေးလိုက်တာနဲ့ အတူတူပဲ။

(၄) စကားအပြောအဆိုကလည်း အောင်မြင်ဖို့အတွက် အရင်းအနှီးတစ်ခုလို့ သင် သင်ယူတတ်မြောက်တဲ့နေ့မှာ အောင်မြင်ဖို့က လူတွေထင်သလို မခက်ခဲဘူးဆိုတာကို သင်နားလည်လာပါလိမ့်မယ်။

(၅)မနက်ကညအထိ တစ်နေ့တာ ကိုယ်ဘာလုပ်ခဲ့သလဲဆိုတာကို ကိုယ့်ကိုယ်မေးကြည့်ခြင်းအားဖြင့် နောက်တစ်ရက်အတွက် တက်ကြွလှုပ်ရှားမှုမျိုးကို သင်တွေ့လာပါလိမ့်မယ်။

(၆) လူအများရဲ့ ကျရှုံးခြင်းလမ်းစ သူတစ်ပါးကိုယုံကြည်ပြီး ကိုယ့်ကိုယ်လက်လွတ်ခြင်းဖြစ်တယ်။

(၇)အောင်မြင်ခြင်းရဲ့အချက်က သော့အိမ်ကိုသော့တံနဲ့ ဖွင့်တာနဲ့အတူတူပါပဲ။ တိတိကျကျ မထည့်သွင်းရင်နိုင်ခဲ့ရင် အောင်မြင်ခြင်းတံခါးကို သင်ဖွင့်နိုင်မှာမဟုတ်ဘူး။

(၈) လေလုံးထွားကြွားဝါခြင်းကို ကိုယ့်လုပ်နိုင်စွမ်းနဲ့ သက်သေပြအနိုင်ယူပါ။

(၉) လက်လွတ်ခြင်းကို နားမလည်တာက ခေါင်းမာတာပဲ။
ဇွဲလုံ့လမရှိတာက ရည်မှန်းချက်ပန်းတိုင်ကို ဆုံးရှုံးတာပဲ။
ဒါပေမယ့် အသိဥာဏ်ရှိတဲ့လုပ်နည်းက လုံ့လထုတ်စရာမလိုတဲ့ အချို့အရာတွေကို လက်လွတ်တတ်ရမယ်။

(၁ဝ)ဘယ်လိုလမ်းမျိုးမဆို ကိုယ်တိုင်လျှောက်လှမ်းပြီးမှ ဖြစ်လာတာပါ။ စိတ်ကူးအိပ်မက်ကို စောင့်ပြီးဖြစ်လာတာမျိုး မဟုတ်ဘူး။ အဲဒီလမ်းတွေအတွက် မှန်ကန်တိကျတဲ့ ပထမခြေတစ်လှမ်းက အရေးပါဆုံးပါပဲ။

(၁၁)ဘယ်လိုအောင်မြင်မှုမျိုးကမှ အလွယ်တကူ ဖြစ်လာတာမဟုတ်ဘူး။ သင်ရွေးတဲ့တောင်ထိပ်ကို သင်ရောက်အောင် တက်ရဲလေလေ အောင်မြင်မှုက သင်နဲ့နီးလေလေဖြစ်တယ်။

(၁၂)လေထဲဝဲပျံတဲ့ လင်းယုန်ငှက်တွေက လူတွေကို ရဲစွမ်းသတ္တိ၊ အမြင်နဲ့ဖျတ်လပ်လှုပ်ရှားမှုက အောင်မြင်ခြင်းရဲ့ အဓိကလိုအပ်ချက်လို့ ဖော်ပြနေခဲ့ပါတယ်။

(၁၃)မိမိအားနည်းချက်ကို မပြတ်စဉ်းစားဆင်ခြင်ခြင်းက ကိုယ့်ကိုအောင်မြင်စေတဲ့ အကျင့်ကောင်းတွေ ရယူနိုင်ဖို့ပဲဖြစ်တယ်။ ဒါပေမယ့် ဒီအချက်ကို လူအများက မလုပ်ဆောင်နိုင်ခဲ့လို့ နောက်ဆုံးမှာ ပျော့ညံ့သူတွေဖြစ်ခဲ့ရတယ်။

(၁၄) ရှေ့သို့နောက်တစ်လှမ်း ဆက်လှမ်းခြင်းက ကိုယ့်အတွက်ပိုတိုးတက် အောင်မြင်ဖို့ဖြစ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ် လက်ရှိအောင်မြင်တဲ့ကုတင်ပေါ်မှာ လဲလျောင်းအိပ်ပျော်မသွားပါစေနဲ့။

(၁၅)ငွေကြေးတွေကို မိတ်ဆွေလို၊ သူစိမ်းလိုဆက်ဆံတတ်ပါစေ။ တကယ်လို့ ငွေကြေးကြောင့် ကိုယ့်ကိုစိတ်ထိခိုက်စေတာဟာ လူ့ဘဝကို ကျဉ်းမြောင်းစေတာနဲ့ အတူတူပါပဲ။ တကယ်လို့ ငြိမ်သက်အေးချမ်းတဲ့စိတ်နဲ့ ဆက်ဆံခဲ့ရင် သင့်ဘဝဟာ နဂိုကတည်းက ငွေကြေးပိုင်ဆိုင်ထားတာနဲ့ မခြားတော့ပါဘူး။

အမေရိကန်က အောင်မြင်သူတို့ရဲ့ဆောင်ပုဒ်လို့ ဖတ်ရပါတယ်။ အောင်မြင်မှုပန်းတိုင်ဆီ ခြေစလှမ်းနေကြသူတွေ၊ လှမ်းဖို့ ပြင်ဆင်နေကြသူတွေအတွက် ခွန်အားတစ်ရပ်ပါ။ ဘာသာပြန် မျှဝေလိုက်ပါတယ်။
===========================================================================

လူတိုင်းတော့သိတယ်...ဒါပေမယ့်.....
ဟိုးရှေးရှေတုံးက
တရုတ်ပြည်မှာ သစ်ပင် အမြင့်မှာ ထိုင်ပြီး တရားကျင့်တဲ့ ဘုန်းကြီး တစ်ပါး ရှိတယ်။
လေကြမ်းလို့ မိုးပြင်းပါစေ ဘယ်ညာ ယိမ်းထိုးနေတဲ့ သစ်ပင်မြင့်မှာ
ဘုန်းကြီးကတော့ သက်တောင့် သက်သာပဲ နေရာယူပြီး တရား ကျင့်လေ့ ရှိတယ်။
ဒါကြောင့် အနီးအနား ၀န်းကျင်ရွာက လူတွေက ငှက်သိုက်ကိုယ်တော် ရယ်လို့
ခေါ်ဝေါ်သမုတ် ကြတယ်။

ပတ်ဝန်းကျင်က ရွာသူရွာသားတွေ ဟာ ဘုန်းကြီး တရားထိုင်တဲ့ သစ်ပင် အောက်ကနေ
မကြာမကြာ ဆိုသလိုပဲ သူ တို့ နေ့စဉ်ဓူဝ စားရေးသောက်ရေး အတွက် အမဲလိုက်၊
ထင်းခွေရင်း ဖြတ်သွား ဖြတ်လာ လုပ်လေ့ ရှိတာပေါ့။ တွေ့ဖန် များလာတာနဲ့အမျှ
လူအများဟာ ငှက်သိုက်ကိုယ်တော်နဲ့ ရင်းနှီး ကျွမ်းဝင် ရှိလာကြတယ်။ အချို့
သူတွေဆို အလုပ် ခဏထားပြီး သူတို့ သိလိုတာကို မေးမြန်း လျှောက်ထား လာကြတယ်။

ဘုန်းကြီးရဲ့ ဉာဏ်ပညာ အမြော်အမြင် နဲ့ မေတာတရား ရှေ့ထား ဖြေရှင်းချက်
တွေကြောင့် လူအများရဲ့ ယုံကြည် ကိုးစား သဘောကျ နှစ်ကြိုက်မှု နဲ့အတူ
ငှက်သိုက်ကိုယ်တော် ရဲ့ သတင်းဟာ ကျော်ကြား လာတယ်။

အချိန် ကြာလာတာနဲ့ အမျှ ကျော်ကြားမှုဟာ အနီး ပတ်ဝန်းကျင် မက ပြည်နယ်
တစ်ခုလုံး အထိ ပျံ့နှံ့ တယ်။
အမြို့မြို့ အနယ်နယ်က လူတွေဟာ ခရီးဝေးကို ခြေလျင် လျှောက်ပြီး ငှက်သိုက်ကိုယ်တော်ရဲ့ အဆုံးအမ နဲ့ နည်းပေးလမ်းပြမှု
ကို ခံယူ နာကြားဖို့ လာကြတယ်။ ပြည်နယ်ရဲ့ အကြီးအကဲ နယ်ပိုင်ကြီး ကတောင်
လောကရဲ့ အရေးအကြီးဆုံးသော သူ့မေးခွန်း အတွက် ဘုန်းကြီးကို ချဉ်းကပ်
မေးမြန်းဖို့ ဆုံးဖြတ်တယ်။

နွေဦးကာလရဲ့ တစ်ခုသော နံနက်ခင်းမှာ ငှက်သိုက်ကိုယ်တော် ရှိရာကို ရှာဖွေ
ဖူးတွေ့ဖို့ နယ်ပိုင်ကြီး ခရီး စတယ်။
ရက် အတော်ကြာ ခရီးနှင် ပြီးမှပဲ ဘုန်းကြီးရှိရာ တောနက်ထဲက သစ်ပင်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်တော့တယ်။
ဘုန်းကြီးကတော့ သစ်ပင်ရဲ့ အမြင့်ဆုံးသော အကိုင်းမှာ တည်ငြိမ်စွာနဲ့
ရှိနေတယ်၊ ပူနွေးပြီး သာယာ ကြည်လင်လှတဲ့ ဂိမာန်ဦးမှာ ကျေးငှက်တို့ရဲ့
တေးသီသံနဲ့ အတူပေါ့။

သစ်ပင်ပေါ်ကို မော့ကြည့်ပြီး နယ်ပိုင်ကြီးက လှမ်းအော်လိုက်တယ်

“ငှက်သိုက်ကိုယ်တော်ဘုရား ကျွန်ုပ်ဟာ ဒီပြည်နယ်ရဲ့ အကြီးအကဲပါ၊
ခရီးဝေးကနေ ကိုယ်တော့်ဆီ မေးမြန်းလျှောက်ထားဖို့ ရောက်လာခဲ့ပါတယ်။
ကျွန်ုပ်မှာ အရေးအကြီးဆုံး သော မေးခွန်းရှိပါတယ်။”

ခွန်တုံ့ပြန်ဆိုသံကို စောင့်ပေမယ့် လေပြည် လေညင်းတို့ အသုတ်မှာ မြည်လာတဲ့
သစ်ရွက်တို့ရဲ့ ထိခပ်သံ ငြိမ့်ငြိမ့်ကိုသာ နယ်ပိုင်ကြီး ကြားရတယ်။ ဒီတော့
နယ်ပိုင်ကြီးက ဆက်တယ်

“ကျွန်ုပ်ရဲ့ မေးခွန်းကတော့ ပညာရှိ အားလုံးရဲ့ သင်ပြဆုံးမ ထားသမျှမှ
အကောင်းတကာ့ အကောင်းဆုံး အမြင့်မြတ်ဆုံး အခမ်းနားဆုံးသော၊
ဗုဒ္ဓရဲ့ ဆုံးမစကားများထဲမှ အရေးအကြီးဆုံးကို သိလိုပါတယ်။”

စကားပြန် မကြားရပဲ အတော်ကြာ သစ်ရွက်သံ ငြိမ့်ငြိမ့်လေးသာ ပတ်ဝန်းကျင်ကို လွှမ်းမိုးထားတယ်။

နောက်ဆုံး ဘုန်းကြီးဆီက သစ်ပင်အောက်ကို စကားပြန်တယ်

“ နယ်ပိုင်ကြီး မေးခွန်းရဲ့ အဖြေကတော့ မကောင်းမှု မှန်သမျှ ပယ်ပါ၊
ကောင်းမှု မှန်သမျှ တွယ်ပါ လို့ ဗုဒ္ဓက မိန့်မြွက်ဆုံးမခဲ့ပါတယ်။”

ရိုးစင်းလွန်းတဲ့ အဖြေကို ကြားရင်ပဲ နယ်ပိုင်ကြီးဟာ ပင်ပင်ပမ်းပမ်းနဲ့
နှစ်ရက်ကြာ လာခဲ့ရတဲ့ ခရီးနဲ့ မတန်လိုက်တာ ငါ့ အချိန်တွေ အလကား
ကုန်တယ်ဆိုပြီး စိတ်လဲဆိုး တော်တော်လည်း ကသိကအောက် ဖြစ်သွားတာပေါ့။ ဒီတော့
စိတ်ပေါက်ပေါက်နဲ့

“မကောင်းမှုပယ်၊ ကောင်းမှုတွယ် ဒါတော့ ကျွန်ုပ် သုံးနှစ်သားကတည်းက သိတာပေါ့၊
ကိုယ်တော်ပြောမှလား”

လို့ ဆောင့်ဆောင့် အောင့်အောင့်နဲ့ဆိုလိုက်တယ်။

ဒီတော့ သစ်ပင် အမြင့်ကနေ့ ငှက်သိုက်ကိုယ်တော်က ငုံကြည့်ပြီး ညင်ညင်သာသာ ပြုံးရင်း မိန့်ကြားလိုက်တယ်

“သိပ်မှန်ပါတယ် သုံးနှစ်သား ကလေးငယ်တောင် သိပါတယ်၊ ဒါပေမယ့်
အသက် ရှစ်ဆယ်ကျော်တွေတောင်မှ ဒီအဆုံးအမ အတိုင်း ကျင့်ကြံဖို့ သိပ်ကိုခက်ခဲ
နေကြပါတယ်” တဲ့။ ။
============================================================

ကြီးပွားချမ်းသာချင်ရင် ဒီနည်းလေးအတိုင်းကျင့်ကြမယ်

၁။ ကြီးပွားတိုးတတ်ရန် အားသည် ၊၀ီရိယ ။ နှင့် ။ ချွေတာခြင်း ၊ ဖြစ်သည်။

၂။ ။ဝီရိယကို ထုပ်၍လုပ်။ရသမျှလေးစု။မကြာမီအထုပ်ဖြစ်မည်။

အထုပ်မဖြစ်မီ။ထုပ်၍။မပြစ်ရ။

၃။ ကြီးပွားတိုးတတ်လိုလျှင်။ပညာဥာဏ်။လွန်စွာကြီးဖို့မလို။စေ့စပ်သေချာဖို့။

လိုသည်။

၎။ ပေါ့ပေါ့စား။ပေါ့ပေါ့နေ။ပေါ့ပေါ့လုပ်နေသမျှ။မတိုးတတ်နိုင်။လူမှန်လျှင်

အစွမ်းရှိ၏။

၅။ သူဌေးမြန်မြန်ဖြစ်လိုလျှင်။မြန်မြန်ဆင်းရဲတတ်၏။

၆။ ငါသည်။ ငါ၏အဖော်။ ငါ၏ လမ်းစဖြစ်၏ ။ ငါ၏ ခိုကိုးရာဖြစ်၏ ။

ငါ၏ အဖော်ကောင်းဖြစ်၏ ။ ငါ့မှတစ်ပါး ဘယ်သူမှ ငါ့ကိုမကယ်နိုင်။

၇။ အခက်ခဲသည်။စိတ်သဘောထား။ကြီးမားရင့်သန်ခြင်းအတွက်။

အကောင်းသော ။ သင်ခန်းစာဖြစ်၏ ။

၈။ အပြစ်ကင်းသောစိတ်သည်။ စွပ်စွဲခြင်းကို မကြောက်။
.......................................

(၁) နှင်းဆီအပွင့်ပွင့်ဖို့ ဆူးပင်ကိုရေလောင်းပေးရတယ်။

(၂) သူငယ်ချင်းအတွက် အနစ်နာခံတဲ့အလုပ်က ခက်တဲ့အလုပ်တော့ မဟုတ်ဘူး။
ခက်တာက အနစ်နာခံရလောက်တဲ့ သူငယ်ချင်းမျိုး ရှိဖို့ပဲလိုတယ်။

(၃) အထီးကျန်တယ်ဆိုတာ လောကကြီးက ကိုယ့်ကိုမေ့သွားလို့မဟုတ်ဘူး။
ကိုယ့်က လောကကြီးကို မေ့သွားလို့ဖြစ်တယ်။

(၄) တကယ်လို့ အကောင်းဆုံးငှက်ကိုပဲ သီချင်းဆိုခွင့်ပေးခဲ့မယ်ဆိုရင် တောအုပ်ကြီးက တိတ်ဆိတ် ခြောက်ကပ်နေတော့မယ်။

(၅) ရှေ့တိုးဖို့ ဆင်ခြင်တစ်ခုပဲ လိုအပ်တယ်။ နောက်ဆုတ်ဖို့ ဆင်ခြင်အခုတစ်ရာ လိုအပ်တယ်။ ဒါပေမယ့် လူအများက ဆင်ခြင်တစ်ရာပေးပြီး ပျော့ညံ့သူမဟုတ်ကြောင်း သက်သေပြကြတယ်။ ဆင်ခြင်တစ်ခုတည်းကိုသုံးပြီး သတ္တိရှိသူဖြစ်ကြောင်းကိုတော့ သက်သေပြဖို့ မေ့နေကြတယ်။

(၆) စိတ်နေသဘောထား ပြည့်ဝတဲ့အမျိုးသမီးက ဘယ်တော့မှ သူပိုင်ဆိုင်တာကို မကြွားဝါဘူး။ ပညာဘယ်လောက်တတ်သလဲ ထုတ်မပြောဘူး။ ဘယ်ကိုသွားခဲ့တယ်၊ အဝတ်အထည် ဘယ်လောက်ပိုင်ဆိုင်ကြောင်း၊ လက်ဝတ်ရတနာ ဘယ်လောက်ရှိကြောင်း မကြွားဝါတတ်ဘူး။ အကြောင်းက သူ့မှာ သိမ်ငယ်နိမ့်ကျတဲ့စိတ် မရှိလို့ပါပဲ။

(၇) ထက်မြက်တဲ့ မိန်းကလေးတွေ တစ်ခါတလေမှာ ဘာမှမသိသလို တုံးတိတုံးအ ဟန်ဆောင်သင့်တယ်။

(၈) လောဘမကြီးနဲ့၊ ပစ္စည်းကောင်းတွေက ဘယ်တော့မှ တာရှည်မခံဘူး။

(၉) လူတွေသိနိုင်တဲ့ မှားယွင်းမှုမျိုးက တကယ့်အမှားမဟုတ်သေးဘူး။
တစ်ခြားလူ လုသွားနိုင်တဲ့ ချစ်သူမျိုးက တကယ့်ချစ်သူမဟုတ်သေးဘူး။

(၁ဝ) သူတစ်ပါး အောင်မြင်၊ ပျော်ရွှင်နေတာကို ကြည့်ပြီး မနာလိုမဖြစ်နဲ့။ အောင်မြင် ပျော်ရွှင်ဖို့ သူတို့လည်း လက်နှစ်ဖက်နဲ့ရင်းပြီး ကြိုးပမ်းခဲ့ရတယ်။


..............................................................................

valuable words(ဦးဇောတိက)


• လူကောင်းတစ်ယောက်ရဲ့ဘ၀မှာ အကောင်းဆုံး အစိတ်အပိုင်းဆိုတာ မကြီးကျယ်တဲ့၊ အမည်မဖေါ်တဲ့၊ အမှတ်တရပြုမနေတဲ့ အကြင်နာ၊ မေတ္တာ အပြုအမူလေးများပါ။
• ရယူခြင်းအရသာထက်၊ ပေးရခြင်းကြောင့်ဖြစ်သော ပီတိက ပို၍ နှစ်သက်ဖွယ် ချိုမြိန်လှ၏။
• သင် တတ်နိုင်မည် ထင်သလား၊ မတတ်နိုင်ဘူး ထင်သလား၊ မည်သို့ထင်သည်ဖြစ်စေ သင့်အထင် မှန်ပါလိမ့်မည်။
• ဒေါသဖြင့်လည်း နောက်ကြောင်းပြန်မကြည့်နှင့်၊ ကြောက်စိတ်ဖြင့်လည်း ရှေ့ရေးမတွေးတောနှင့်၊ ပညာသတိဖြင့်သာ ၀န်းကျင်ကို ရှုမြင်ပါ။
မည်သို့ပင်ဖြစ်စေ ( ANYWAY )
Posted by SLIP in အောင်မြင်ရေး

• လူတွေသည်၊ အကြောင်းအကျိုးမသိ၊ ကျိုးကြောင်းဆင်ခြင်ခြင်းလည်းမရှိ၊ အတ္တစိတ်လည်း များလှ၏....။ မည်သို့ဖြစ်စေ၊ မေတ္တာထားလိုက်ပါ။
Peoples are unreasonable, illogical and self-centered. Love Them Anyway.

• လူတွေသည် ကောင်းသောအမှု သင်မည်မျှပြုသော်လည်း မရိုးမသား ကိုယ့် အကျိုးစီးပွား အတွက်ပါဟု စွပ်စွဲကြလိမ့်ဦးမည်.....။ မည်သို့ပင်ဖြစ်စေ ကောင်းသောအမှုကို ပြုမြဲပြုပါ။
If you do good, people will accuse you of selfish ulterior motives. Do Good Anyway.

• သင် အောင်မြင်လာပြီဆိုလျှင် သင့်၌ မိတ်ဆွေ အတုအယောင် များရော၊ ရန်သူစစ်စစ်များပါ ရရှိလာလိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ အောင်မြင်ရန်သာ အားထုတ်ပါ။
If you are successful, you will win false friends and true enemies. Succeed Anyway.

• ရိုးဖြောင့်ခြင်း၊ ပွင့်လင်းစွာပြောဆိုခြင်းတို့ကြောင့် သင့်မှာ ထိခိုက်စရာတွေ ကြုံချင်ကြုံရလိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ ရိုးဖြောင့်ပွင့်လင်းစွာ ပြောဆိုဆက်ဆံပါ။
Honesty and frankness make you vulnerable. Be Honest And Frank Anyway.

• သင် ယနေ့ပြုသည့် ကောင်းမှုကုသိုလ်ကို မနက်ဖြန် သူတို့ မေ့လျှော့ကောင်း မေ့လျှော့ကြလိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ ကောင်းသောအမှုကို ပြုမြဲပြုပါ။
The good you do today will be forgotten tomorrow. Do Good Anyway.

• အကြီးအကျယ်ဆုံး စိတ်ကူးဥာဏ်ရှိသည့် အမြင့်မားဆုံး ပုဂ္ဂိုလ်သည်လည်း အနုံချာဆုံးစိတ်ထားရှိသည့် အသေးအမွှားဆုံး ပုဂ္ဂိုလ်ထံ ဝေဖန်ခြင်း၊ ကဲ့ရဲ့ အပုပ်ချခြင်း ခံချင်ခံရနိုင်သည်.....။ မည်သို့ပင်ဖြစ်စေ ကြီးကြီးကျယ်ကျယ် မြင့်မြင့်မားမားသာ စဉ်းစားကြံစည်ပါ။
The biggest people with the biggest ideas can be shot down by the smallest people with the smallest minds. Think Big Anyway.

• လူတွေသည် နိမ့်ပါးသူကို စေတနာပိုတတ်သည် ဆိုသော်လည်း အပေါ်စီးရသူ၊ ထိပ်ဆုံးလူများ နောက်သို့သာ လိုက်ပါတတ်ကြသည်.....။ မည်သို့ပင်ဖြစ်စေ အချို့သော နိမ့်ပါးသူ အောက်လူတို့အတွက် ရပ်တည်ပေးပါ။
People favor underdogs but follow only top dogs. Fight For Some Underdogs Anyway.

• နှစ်ပေါင်းများစွာ သင်တည်ဆောက်ခဲ့သည့်အရာ နေ့ချင်းညချင်း ဖြိုလဲဖျက်ဆီးခြင်း ခံချင်ခံရလိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ တည်ဆောက်စရာရှိတာသာ ဆက်၍တည်ဆောက်ပါ။
What you spent years building maybe destroyed overnight. Build Anyway.

• ကမ္ဘာလောကအတွက် အကောင်းဆုံးကို သင်ပေးသော်လည်း၊ သင့်အား ခါးသီးနာကျည်းဖွယ် တုံ့ပြန်ကောင်း တုံ့ပြန်လိမ့်မည်.....။ မည်သို့ပင်ဖြစ်စေ သင့်မှာရှိသည့် အကောင်းဆုံးကိုသာ ပေးမြဲ သင်ပေးပါ။
Give The World the best you have and you'll get kicked in the teeth. Give The World The Best You're Got Anyway.
PEOPLE WHO ACHIEVE THEIR DREAMS
Posted by SLIP in အောင်မြင်ရေး

ခေါင်းဆောင် ဆိုတဲ့သူတွေဟာ စဉ်းစားကြတယ် ...
ဘာကြောင့်စဉ်းစားလဲဆိုတော့ သူတို့တွေဟာ ခေါင်းဆောင်ဖြစ်နေလို့ပဲ၊
ဘာကြောင့် ခေါင်းဆောင်ဖြစ်နေကြတာလဲဆိုတော့ သူတို့တွေဟာ စဉ်းစားခဲ့ကြလို့ပဲ။

• သူတို့မှာ သူတို့ကိုယ်သူတို့ စိတ်ချယုံကြည်မှုရှိကြတယ်။
• သူတို့မှာ အင်မတန်ခိုင်မာတဲ့ ဘ၀ရည်မှန်းချက် ရှိတယ်။
• သူတို့က အကောင်းဆုံးဖြစ်အောင် အမြဲတန်း အစွမ်းကုန်ကြိုးစားတယ်။
• သူတို့က ပန်းတိုင်ရောက်ဖို့ အပင်ပန်းခံ အားထုတ် အလုပ်လုပ်တယ်။
• သူတို့ကိုယ်သူတို့ သိကြတယ်။
• သူတို့ရဲ့ အားနည်းချက်တွေကို သိတယ်။
• သူတို့ရဲ့ အားကောင်းချက်တွေကို သိတယ်။
• သူတို့က ဝေဖန်မှုကိုခံယူပြီး အကျိုးရှိအောင် ပြုပြင်ကြတယ်။
• သူတို့က တီထွင်ဆန်းသစ်တတ်တယ်။

ထက်သန်ပြင်းပြသောဆန္ဒရှိပါစေ အောင်မြင်ပါလိမ့်မည်။
• တိကျသောရည်မှန်းချက်ပန်းတိုင်ရှိရမည်၊
• ပန်းတိုင်သို့ မည်သည့်အချိန်တွင် ရောက်ရမည်ဟု သက်မှတ်ချက်ရှိရမည်၊
• ရည်မှန်းချက်ဘာလဲဆိုတာ စာဖြင့်ရေးချထားရမည်၊
• မည်သို့သွားရမည်ဟူသော လုပ်ငန်းစီမံချက် ချမှတ်ရမည်၊
• ပန်းတိုင်သို့ရောက်ရေးကို နေ့စဉ်တွေးရမည်။
အောင်မြင်ကြီးပွားရေးလမ်းစဉ်
• ပြင်းထန်သော ဆန္ဒဖြင့် တိတိကျကျ သက်မှတ်ထားသော ရည်မှန်းချက်တစ်ခုရှိခြင်း၊
• ထိုရည်မှန်းချက်အတိုင်း ပြည့်စိမ့်သောငှာ လုပ်ငန်းအစီအစဉ်တစ်ခု ရေးဆွဲ၍ ထိုအတိုင်း မနေမနား ကြိုးစားဆောင်ရွက်ခြင်း၊
• အခြားသူတို့၏ အားလျှော့စေတတ်သော အကြံပေးချက်များကို လက်မခံပဲ နားပိတ်ထားခြင်း၊
• မိမိအစီအစဉ်အတိုင်း ဆုံးခန်းတိုင်အောင် ဆောင်ရွက်နိုင်ရန် အားပေးအားမြှောက်ပြုမည့် မိတ်ဆွေများနှင့် ပူးပေါင်းခြင်း။

• You will receive a body. You may like it or hate it but it will be yours for the entire period this time around.
• သင်ဟာ ခန္ဓာကိုယ် တစ်ခု ရမယ်။ အဲဒီ ခန္ဓာ ကို သင် ကြိုက်ချင်လည်း ကြိုက်မယ်၊ မုန်းချင်လည်း မုန်းမယ်၊ ဒါပေမယ့် ဒီဘ၀အတွက်တော့ ဒီခန္ဓာကိုယ်ဟာ သင့်ခန္ဓာကိုယ်ပဲ။
• You well learn lessons. You are enrolled in a full time informal school call "life". Each day in this school you will have the opportunity to learn lesson. You may like the lessons or think them irrelevant or stupid.
• ရောက်သွားတဲ့ ဘ၀မှာ သင်ခန်းစာတွေ အများကြီး ဆည်းပူးရလိမ့်မယ်။ ဘ၀ လို့ခေါ်တဲ့ သင်ရိုး သက်မှတ်ချက် မရှိတဲ့ အချိန်ပြည့် ကျောင်းကြီးမှာ စာရင်းသွင်းထားပြီ။ ဒီကျောင်းမှာ နေ့စဉ်ပဲ သင့်ဘ၀အတွက် သင်ခန်းစာတွေ ဆည်းပူးခွင့် ရလိမ့်မယ်။ ဒီသင်ခန်းစာတွေကို သင် သဘော ကျချင်လည်း ကျမယ်။ အရေးမပါဘူးလို့ ထင်ချင်လည်း ထင်မယ်။ အဓိပ္ပါယ် မရှိဘူးလို့ ထင်ချင်လည်း ထင်မယ်။
• There are no mistakes, only lessons; growth is a process of trial and error expration. The failed experiments are as mach a part of the process as the experiments this ultimately works.
• အမှားမရှိပါဘူး၊ သင်ခန်းစာတွေချည်းပါပဲ။ လုပ်ရင်း၊ မှားမှန်းသိရင်း၊ ပြင်ရင်းနဲ့ပဲ ဥာဏ်ပညာ ကြီးတဲ့သူ ဖြစ်လာတာပဲ။ မအောင်မြင်တဲ့ စမ်းသပ်မှုဟာ အောင်မြင်တဲ့ စမ်းသပ်မှုလိုပဲ အသိဥာဏ် ကြီးပွားမှုကို အထောက်အကူ ပြုပါတယ်။
• A lesson is repeated until learned. A lesson will be resend to you in various forms until you have learned it. When you have learned it you can then go on to the next lesson.
• သင်ခန်းစာ တစ်ခုကို မကျေညက်ရင် အဲဒီသင်ခန်းစာပဲ ထပ်တွေ့ရမယ်။ သင်ခန်းစာ မရမချင်း ဒီသင်ခန်းစာ ရမယ့် အခြေအနေကိုပဲ ပုံစံအမျိုးမျိုးနဲ့ ထပ်တွေ့ရမယ်။ သင်ခန်းစာ တစ်ခုကို သေသေချာချာ နားလည်သွားပြီ သဘောပေါက်သွားပြီ ဆိုလျှင်တော့ နောက် သင်ခန်းစာတစ်ခုကို တက်ရပြီ။
• Learning lessons does not end. There is no part of life that does not contain it lessons. I you are alive there are lessons. If you are alive there are lessons to be learned.
• ပညာသင်တာ အဆုံးမရှိပါဘူး။ ဘ၀မှာ သင်ခန်းစာ ယူစရာမရှိတဲ့ အချိန်အခါ၊ အသက်အရွယ် အပိုင်းအခြားဆိုတာ မရှိပါဘူး။ အသက် ရှင်နေသရွေ့ သင်ခန်းစာ ယူစရာတွေ ရှိနေသေးတာပဲ။
(ဦးဇောတိက)

3 comments:

  1. ကူးယူဖော်ပြခွင့်ပေးနိုင်မလား သိချင်ပါတယ်။ အရမ်းနှစ်သက်လို့ပါရှင်။

    ReplyDelete
  2. Thanks for reposting my quotes on your blog. It's not a problem by reposting .
    However, you have to follow the instruction that is written at the bottom of the posts to refer to the original link.

    It costs you nothing.
    Hope you will cooperate.

    Slip
    http://www.meepyatite.info/2007/12/rules-for-being.html

    ReplyDelete
  3. စာတွေဖတ်လို့ အရမ်းအကျိုးရှိပါတယ်..များများလေးရေးပေးပါ...
    များများမဟုတ်လဲ ဒီလိုကောင်းကောင်းလေးတွေရေးပေးပါခင်ဗျာ

    ReplyDelete