ကျွန်တော်ရဲ့ blog လေးကို ကျွန်တော်သိသမျှ တတ်သမျှ ဖတ်မိ၊မှတ်မိသမျှ

ကိုအားလုံးကိုမျှဝေလိုတဲ့ ဆန္ဒလေးနဲ့လုပ်ဖြစ်တာပါ.
ကျွန်တော့်ရဲ့ post မှာ သုတ၊ရသ၊ ပညာနှင့် စာပဒေသာဆိုပြီး(၄)ပိုင်း ခွဲထားပါတယ်.
သုတမှာ သိမှတ်ဖွယ်ရာအဖြာဖြာကို ဖော်ပြထားပါတယ်.
ရသမှာတော့ ခံစားမှု တစုံတရာပေးစွမ်းနိုင်မဲ့ စာတွေကဗျာတွေဖော်ပြပေးထားပါတယ်.
ပညာမှာတော့ ဘာသာရပ်ဆိုင်ရာ တွေကိုဖော်ပြထားပြီး
စာပဒေသာမှာတော့ ဟာသ၊ဗေဒင် စတဲ့ ကဏ္ထ စုံကို ဖော်ပြထားမှာပါ.

ဆရာကြီး မင်းသုဝဏ်ရဲ့ 'စု၊တု၊ပြူ' မူအတိုင်း စု ဆောင်းထားသမျှ
တခြားသူများရဲ့စာများနှင့် သူတို့ရဲ့ စာတွေကို အတု ယူပြီး ကိုယ်တိုင်ပြု စုထားတဲ့စာတွေအစုံပါဝင်မှာပါ.
တခြားသူများရဲ့ စာတွေကိုဖော်ပြတဲ့အခါ မူရင်းရေးသူအမည်သိလျှင်
ဖော်ပြပြီး မသိခဲ့ရင်တော့ 'ဖတ်မိသမျှ၊မှတ်မိသမျှ'လို့ပဲရေးပေးထားပါမယ်.
မူရင်းရေးသူအမည်သိလျှင်လည်းပြောပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်

ဝင်ရောက်ဖတ်ရှုသောသူငယ်ချင်းများ စာပေရောင်းရင်းများ အားလုံးကို ကျေးဇူးတင်စွာဖြင့်
ဝင်းသုမွန်
(ကြိုက်တာတွေ့ရင် ကူးယူနိုင်ပါသည်။ဖတ်ဖြစ်ဖို့သာလိုရင်းပါ)

Thursday, July 29, 2010

ချစ်ခြင်းပုံပြင်(၃)

(၁)

နင့်ကို ငါပြောတယ် "ငါ ဒီနေ့လှေကားပေါ် တံမြက်စည်းလှဲတာ.. ပြုတ်ကျခါနီးလေးပဲ"



"အိုး.. သတိထားမှပေါ့ မိန်းမရယ်" လို့ နင့်ဆီကနှစ်သိမ့်တာကို ငါမျှော်လင့်ခဲ့ပေမယ့်



"နင် ဖြေးဖြေးမလှဲတတ်ဘူးလား" ဆိုတဲ့အဖြေကိုပဲ ငါရခဲ့တယ်။

ငါဝမ်းနည်းမိတယ်၊ နင် ငါ့ကိုမချစ်ဘူး။ ဂရုမစိုက်ဘူး။



နောက်တော့ လှေကားကခါတိုင်းထက် သန့်ရှင်းနေတာကို ငါသတိထားခဲ့မိတယ်။

ငါလှဲစရာမလိုအောင် သန့်ရှင်းလွန်းခဲ့တယ်။ နောက်မှသိရတာက အလုပ်မသွားခင်

ငါးမိနစ်အချိန်ပေးပြီး ငါ့ကိုယ်စားလှဲခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို

ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။



(၂)

နင့်ကို ငါပြောတယ် "လမ်းမှာကားပျက်သွားလို့ ကားမှတ်တိုင်ရောက်ဖို့

နာရီဝက်ကြာ ငါလမ်းလျှောက်လိုက်ရတယ်"



"တက္ကစီစီးပြီး ပြန်ခဲ့ရော့ပေါ့.. ပင်ပန်းနေပြီလား" ဆိုတဲ့ ဂရုစိုက်သံကို

နင့်ဆီက ကြားချင်ခဲ့ပေမယ့်



"သိပ်မှမဝေးတာ.. လျှောက်ပေါ့။ ဝိတ်လျှော့တာနဲ့ တူတူပဲ" လို့

နင်ပြောခဲ့တယ်။ နင့်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး

ငါစိတ်တိုမိခဲ့တယ်။



နောက်တစ်နေ့မနက် စားပွဲပေါ်မှာ နင့်ကားသော့ကို ငါတွေ့လိုက်တယ်။ ငါ့အတွက်

မနက်စာကို နင်စီစဉ်ခဲ့သေးတယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊

ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။



(၃)

နင့်ကို ငါပြောတယ် "ဟင်းကြော်တာ နည်းနည်းတူးသွားတယ်၊ နင်သည်းခံပြီး စားပေးနော်"



"အင်း.. ကိစ္စမရှိဘူး။ နင်ဘယ်လိုချက်ချက် ငါကြိုက်တယ်" ဆိုတဲ့ ကြင်နာသံကို

နင့်ဆီက ကြားချင်ခဲ့ပေမယ့်



"ကြည့်ရုံနဲ့ မစားချင်တော့ဘူး.. စားချင်စိတ်လဲ မရှိတော့ဘူး" လို့

နင်ပြောခဲ့တယ်။ နင့်ငါ့ကို နားမလည်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး

ငါဝမ်းနည်းခဲ့မိတယ်။



နောက်တော့ သွန်ပစ်မယ်လို့ စိတ်ကူးထားတဲ့ဟင်းတွေ ပျောက်ပျောက်နေတာကို

သတိထားလိုက်မိတယ်။ နောက်တော့ နင့်နှုတ်ခမ်းဘေးမှာ၊ နင့်အနံ့အသက်မှာ

ဟင်းနံ့တွေ ငါရခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊

နားလည်မှုပေးတယ် ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၄)

နင့်ကို ငါပြောတယ် "ငါ့ဆံပင်တွေ ကျွတ်လိုက်တာ.. ဆရာကတော့ စိတ်မပူနဲ့လို့

ပြောတာပဲ။ ဂတုံးဖြစ်သွားမှာတောင် စိုးတယ်"



"စိတ်မပူပါနဲ့.. နင့်ဆံပင်တွေများနေတာပဲ။ ဂတုံးဖြစ်လောက်တဲ့အထိ

မကျွတ်နိုင်ဘူး" ဆိုတဲ့ အားပေးသံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်



"ကိုယ့်ဆံပင်ကျွတ်တာကို ခုမှသိတာလား၊ ကြမ်းပြင်ပေါ်မှာ

နင့်ဆံပင်မွေးတွေချည်းပဲ၊ ညစ်ပတ်တယ်" လို့ နင်ပြောခဲ့တယ်။ နင်

ကိုယ်ချင်းမစာဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။



နောက်တော့ အိမ်ကကြမ်းပြင်ပေါ်မှာ ငါ့ဆံပင်မွေးတွေ အတွေ့နည်းသွားတယ်။

ဆံပင်မကျွတ်တော့ဘူးလို့ ငါဝမ်းသာနေတုန်း နင်ခရီးထွက်ရတယ်။ နင်မရှိမှ

ကြမ်းပြင်ပေါ်က ဆံပင်မွေးတွေများခဲ့တယ်။ နောက်မှ ငါမသိအောင်

ဆံပင်မွေးတွေကို နင်လှဲခဲ့တယ်ဆိုတာကို ငါသိလိုက်ရတယ်။ တကယ်တော့

နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ငါ့စိတ်ချောက်ချားမှာကို

နင်စိုးခဲ့တယ်၊ ဒါက တစ်ခြားလူတွေနဲ့ မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။





(၅)

နင့်ကို ငါပြောတယ် "သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ ဒီညအိမ်ပြန်နောက်ကျမယ်နော်"



"ဘယ်သူတွေပါလဲ? သတိထားနော်.. စောစောမပြန်နိုင်ရင်

ဖုန်းမကြာမကြာဆက်ခဲ့နော်" ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက

ကြားချင်ခဲ့ပေမယ့်



"နင့်သဘောပဲ.. စိတ်ချမ်းသာသလိုလုပ်" လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို

မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။



နောက်တော့ စိတ်တိုတိုနဲ့ နင့်ကိုရွဲပြီး မနက် ၃နာရီမှ ငါအိမ်ပြန်ခဲ့တယ်။

ဆိုဖာပေါ်မှာ ခွေခွေလေးအိပ်နေတဲ့ နင့်ကိုမြင်မှ တကယ်တော့ နင့်ငါ့ကို

ဂရုစိုက်တယ်၊ ချစ်တယ်ဆိုတာကို ငါသိလိုက်တယ်။ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့

နင်ရဲ့ချစ်နည်းပေါ့။

(၆)

နင့်ကို ငါပြောတယ် "ဒါနင့်အတွက် ငါရွေးဝယ်ထားတဲ့ အနွေးထည်၊ နွေရာသီမှာ

လျှော့ဈေးနဲ့ရောင်းလို့ ဝယ်ခဲ့တာ၊ ခုဆောင်းရောက်ပြီဆိုတော့

ဝတ်လိုက်ပါနော်၊ နင့်အတွက် ငါရဲ့ဆောင်းရာသီ လက်ဆောင်ပေါ့"



"ကျေးဇူးတင်ပါတယ်၊ နင့်အချစ်ကြောင့် ဒီဆောင်းမှာ ငါပိုနွေးထွေးတော့မယ်"

ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်



"ရာသီပြောင်းလျှော့ဈေးမှာ ဝယ်ခဲ့တဲ့ အပေါစားပဲ" လို့ နင်ပြောခဲ့တယ်။

နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။



နောက်တော့ ဆောင်းကုန်လို့ နွေရောက်တဲ့အထိ အဲဒီအင်္ကျီကို နင်မချွတ်ခဲ့ဘူး။

ရုံးတက်၊ ရုံးဆင်း နေ့တိုင်းနင်ဝတ်ခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို

ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၇)

နင့်ကို ငါပြောတယ် "လမ်းထိပ်က ခေါက်ဆွဲသုပ်က အရမ်းစားလို့ကောင်းတယ်"



"ဟုတ်လား.. မနက်ဖြန်ကျရင် ငါတို့အတူတူသွားစားမယ်လေ" ဆိုတဲ့ ဂရုစိုက်သံကို

နင့်ဆီက ကြားချင်ခဲ့ပေမယ့်



"တစ်ချိန်လုံး စားဖို့ချည်းတွေးနေတယ်၊ နင့်ကိုယ်လုံးကို

နင်ပြန်အားနာအုန်း" လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊

ဂရုမစိုက်ဘူးဆိုပြီး ငါစိတ်တိုခဲ့မိတယ်။



နောက်တော့ အဲဒီခေါက်ဆွဲသုပ်ကို မကြာခဏ နင်ဝယ်လာတတ်တာကို

ငါသတိထားခဲ့မိတယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက

တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၈)

နင့်ကို ငါပြောတယ် "နင်နဲ့ရခဲ့လို့ ငါဝမ်းသာတယ်။ နင်ဟာ ငါရဲ့

ခင်ပွန်းကောင်းတစ်ဦးပါ"



"အင်း.. ငါလည်း ဝမ်းသာတယ်။ နင်က ငါရဲ့ဇနီးကောင်းတစ်ဦးပါ" ဆိုတဲ့

ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်



"ယူတောင်ယူပြီးပြီပဲ မကောင်းတော့ ဘယ်လိုလုပ်မလဲ" လို့ နင်ပြောခဲ့တယ်။

နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါစိတ်တိုခဲ့မိတယ်။



နောက်တော့ ညညမအိပ်ခင် တစ်ရူးနဲ့ ၄ဝလက်မရှိတဲ့ မင်္ဂလာဓာတ်ပုံကို

နင်ပွတ်တိုက်တတ်တာကို ငါသတိထားခဲ့မိတယ်။ ဓာတ်ပုံကိုကြည့်ပြီး

နင်ပြုံးနေခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက

တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။



နောက်ဆုံး ငါသဘောပေါက် နားလည်ခဲ့ပါတယ်၊ အေးတိအေးစက် ဂရုမစိုက်တတ်တဲ့

နင့်ခန္ဓာအောက်မှာ စကားလုံးတွေနဲ့ မဖော်ပြတတ်တဲ့ နွေးထွေးတဲ့၊

ငါ့အတွက်အချစ်တွေပြည့်နေတဲ့ အသဲနှလုံးတစ်စုံ ရှိတယ်ဆိုတာကို

ငါနားလည်ခဲ့တယ်။ ငါ့ကိုနင်ချစ်တယ် ဒါပေမယ့် နင်ဖွင့်မပြောတတ်ခဲ့ဘူး၊

ဒါကလည်း လူများနဲ့မတူတဲ့ ငါ့ကိုချစ်တဲ့

နင်ရဲ့ချစ်နည်းတစ်မျိုးပေါ့နော်...




မှတ်ချက် - forward mail message ထဲမှ ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

ဘ၀အောင်မြင်တိုးတက်ဖို့အတွက်

ရိုးတော့ရိုးပါ.မ အ ပါနဲ့
ယုံသင့်တာယုံပါ. အကန်းယုံမဖြစ်စေနဲ့
သုံးတော့သုံးပါမဖြုန်းပါနဲ့
လှူတော့လှူပါ.ဥာဏ်အမြင်မကန်းပါနဲ့
ဆုတောင်းချင်ဆုတောင်းပါ .အလုပ်လုပ်ဖို့ မမေ့ပါနဲ့
သူများတွေကိုမကြည်ညိုရင်နေ.ကိုယ့်ကိုကိုယ် အကြည်ညိုမမဲ့လေနဲ့

ဒီစာသားလေးကဆရာမတယောက်ရဲ့လက်စွဲဆောင်ပုဒ်လေးပါ.မူရင်းရေးသားသူက ဆရာမကိုယ်တိုင်လား.တခြားရေးသားသူလားကျွန်တော်မသိပါဘူး
ဒါပေမဲ့တွေးလေမှန်လေပါပဲ..ဒါကြောင့်မျှဝေလိုက်တာပါ.

ရိုးတော့ရိုးပါ.မ အ ပါနဲ့
အမှန်ပါပဲ.လူတောင်တော်များများကရိုးတာနဲ့အတာကိုတတွဲထဲထင်နေတတ်ကြပါတယ်.မဟုတ်ပါဘူး. ရိုးတယ်ဆိုတာ ရိုးသားခြင်းကို ဆိုလိုတာပါ.ရိုးသားခြင်းရဲ့ အနှစ်သာရက သစ္စာရှိခြင်း၊ကံ(၅)ပါးလုံခြင်းလို့ နားလည်မိပါတယ်.
အတယ်ဆိုတာက အရိပ်အခြေမသိတာ.နားမလည်တာ.အကင်းမပါးတာကိုဆိုလိုတာပါ. လည်တယ်ဆိုတဲ့မြန်မာစကားကို လူတွေကြောက်ကြပါတယ်. ကိုယ့်ကိုလည်တယ်ပြောရင် စိတ်ဆိုးတတ်ကြပါတယ်. အမှန်လည်တယ်ဆိုတဲ့
အဓိပယ်က လူရည်လည်ခြင်းပါ.လူရည်လည်ခြင်းဆိုတာက အကင်းပါးခြင်း.နားလည်ခြင်း တတ်ကျွမ်းခြင်းလို့ ဆိုလိုတာပါ. လူလောကမှာနေမှတော့ လူရည်လည်ရပါမယ်.လူအကြောင်းအကောင်းအဆိုးသိရပါမယ်.ကိုယ်နဲ့ပေါင်းသင်း
နေတဲ့သူတွေဟာ လူကောင်းလားလူဆိုးလား.နားလည်ခြင်း တတ်ကျွမ်းခြင်း ခွဲခြားနိုင်တဲ့အရည်အချင်း ရှိရပါမယ်.လူကောင်းလူဆိုးကို ဘယ်လိုခွဲခြားမလဲ.အကြမ်းဖျင်းတော့ ကိုယ့်ပေါ်ကောင်းရင်လူကောင်း.ကိုယ့်ပေါ်ဆိုးရင်လူဆိုးလို့သတ်မှတ်ကြပါတယ်.
ဒီမှာတဆင့်တက်လို့ လူအဖွဲ့အစည်းပေါ်ကောင်းရင်လူကောင်း.လူအဖွဲ့အစည်းပေါ်ပေါ်ဆိုးရင်လူဆိုး.တခါတဆင့်တက်ပြန်တော့ ဘာသာတရားတိုင်းရဲ့ အဆုံးအမ ကျင့်ဝတ်တွေကို ဖောက်ဖျက်ရင် လူဆိုး လိုက်နာရင် လူကောင်းလို့သတ်မှတ်
ကြပါတယ်.ဒီတော့ လူလုပ်နေရတဲ့လူတယောက်အဖို့ လူကောင်းလူဆိုး.သတ်မှတ်မှုက ကိုယ်ပိုင်စံနဲ့ ပဲဆိုင်ပါတော့တယ်.ဘယ်လိုပဲသတ်မှတ်ပါစေ ကိုယ်စံနဲ့ ကိုယ် လူဆိုးတွေကို ရှောင်နိုင်ဖို့က ကိုယ်က လည်မှ.တနည်းအားဖြင့်လိမ်မာပါးနပ်ဖို့လိုပါတယ်.
လူ့ဘ၀မှာ ကြုံလာတဲ့ ရလာတဲ့ အခွင့်အရေးတိုင်းကို အသုံးချရပါမယ်. ဒီလို အသုံးချတဲ့အခါ သူတပါးကို နင်းပြီးကိုယ်ကတက်သွားတာ မဖြစ်ဖို့ ဂရုပြုရမှာဖြစ်သလို ကိုယ်က သူတပါးရဲ့လှေခါးမဖြစ်အောင်လဲ သတိထားရပါမယ်.
လူတိုင်းက ကိုယ့်ဘ၀ကိုယ်လျှောက်. ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာဖြစ်လို့ သူတပါးနဲ့ပြိုင်ဆိုင်နေစရာမလိုပါဘူး . ကံဆုံလို့တွေ့ပြီး ကံကုန်တော့လည်းခွဲရတာပါပဲ.ခဏတာကြုံတဲ့သူတွေကို ပြိုင်မနေပါနဲ့.ယှဉ်ပြိုင်မှုတိုင်းမှာ အနိုင်နဲ့အရှုံး (၂)ခုပဲရှိပါတယ်.
ကိုယ်နိုင်ရင် ပြုံးဖို့ ကျေနပ်ဖို့လိုသလို အရှုံးရှိလာရင်လည်း လက်ခံရဲတဲ့ သတ္တိရှိအောင် ကိုယ့်စိတ်ကိုကိုယ်လေ့ကျင့်ထားရပါမယ်.ဘယ်သူဖြစ်ဖြစ်ဘယ်လောက်တော်တော် လေ့ကျင့်ရေးသတ္တ၀ါတွေပါပဲ.
ကိုယ့်ကိုကိုယ်ပဲပြိုင်ပါ. မနေ့ကငါထက်ဒီနေ့ငါဟာ တိုးတက်သွားဖို့လိုအပ်ပါတယ်. ကိုယ်သွားမဲ့လမ်ူကိုသေချာသိဖို့ ပန်းတိုင်အရောက်လှမ်းဖို့က လူသားတွေရဲ့ သမိုင်းပေးတာဝန်ပါပဲ.အဲ..ကိုယ့်လမ်းကိုယ်လျှောက်နေတုန်းမှာတော့ သူများက ကိုယ်လမ်းကို ၀င်မနှောက်အောင် အမြဲသတိရှိဖို့လိုအပ်ပါတယ်.ဒါကြောင့် ရိုးသားမှုတော့ရှိပါစေ မအကြပါနဲ့.


ယုံသင့်တာယုံပါ. အကန်းယုံမဖြစ်စေနဲ့
လူတိုင်းရဲ့နေ့စဉ်ဘ၀တွေကို သူတပါးဆီက ရရှိတဲ့ အတင်းတွေသတင်းတွေနဲ့ ဖြတ်သန်းနေရတာပါ. အလုပ်အတွက် ဘ၀ရဲ့ ရှင်သန်နေထိုင်ဖို့အတွက် ဒီ အတင်းတွေသတင်းတွေက လိုကိုလိုအပ်ပါတယ်. ဒါပေမဲ့ ရလာတဲ့ သတင်းတွေကို
အကုန် အမှန်လို့မယုံလိုက်ပါနဲ့.တခါတလေ ပုဂ္ဂိုလ်ခင်လို့ တရားမင် ဆိုတဲ့အတိုင်း ကိုယ်ခင်တဲ့သူပြောသမျှ အမှန်လို့မှတ်တတ်ကြပါတယ်.ဒီအခါမှာ သတင်းအမှားကိုယုံမိတာနဲ့ ဆုံးဖြတ်ချက်အမှား.အလုပ်အမှားတွေဆက်တိုက်ဖြစ်လာပါတော့တယ်
နောက်ကြောဓားထိုးခံရတယ်ဆိုတာ ဒါကိုပြောတာပါ. ဒါကြောင့် ရလာတဲ့ သတင်းတိုင်းကို မှန်မမှန်ကိုယ်ပိုင်ဥာဏ်နဲ့ခွဲခြားစိပ်ဖြာပြီးမှ ယုံကြပါ.ယုံသင့်တာယုံပါ. အကန်းယုံမဖြစ်စေနဲ့

သုံးတော့သုံးပါမဖြုန်းပါနဲ့
အမှန်ပါပဲ.အသုံးနဲ့အဖြုန်းကိုခွဲခြားသိသူက ခုမချမ်းသာသေးလဲနောက်ချမ်းသာလာမဲ့သူဌေးလောင်းပါပဲ.လိုအပ်တာအတွက် ငွေကုန်ကြေးကျခံတာကို သုံးတယ်ခေါ်ပြီး မလိုအပ်တာအတွက် အကုန်ခံတာ. အပိုကုန်တာကို ဖြုန်းတယ် ဆိုကြတာပါပဲ
သုံးတာနဲ့ဖြုန်းတာလည်း ကိုယ်ပိုင်စံသတ်မှတ်မှုနဲ့ဆိုင်ကြပါတယ်.(ဥပမာ- မိန်းကလေးတွေဆံပင်ဖြောင့်တာကို ယောင်္ကျားလေးတွေကအဖြုန်းလို့မြင်တတ်ကြသလို ယောင်္ကျားလေးတွေဂိမ်းကစားတာကိုလည်း မိန်းကလေးတွေက ဖြုန်းတီးတာလို့မြင်တတ်ကြပါတယ်)
ဖြုန်းတီးမှုထဲမှာအဆိုးဆုံးက အချိန်ဖြုန်းတီးမှုပါ . ပိုင်ဆံဖြုန်းတီးမိတာက ပြန်ရှာရနိုင်ပေမဲ့ ကုန်လွန်သွားတဲ့အချိန်တွေကိုတော့ပြန်မရနိုင်ပါဘူး. လူတွေကကိုယ့်ကိုကိုယ် အချိန်တွေအများကြီး ပိုင်ဆိုင်တယ်ထင်တတ်ကြပါတယ်.အမှန်ကလူတိုင်းရဲ့ ရှင်သန်ရမဲ့အချိန်ကန့်သတ်ချက်ကို
ကိုယ်ကိုတိုင်တောင်မသိနိုင်ကြပါဘူး.ဒီကိုယ်မသိနိုင်တဲ့ကန့်သတ်ချိန်ထဲမှာ ကိုယ်လုပ်ချင်တာတွေ.ဖြစ်ချင်တာတွေကို ပြီးအောင်လုပ်နိုင်ဖို့က အချိန်ကိုမဖြုန်းပါနဲ့ .သုံးပါ.ကျွန်တော့်အမေပြောဖူးပါတယ် ."ကုသိုလ်.ပညာ.ဥစ္စာ ဒီ (၃)မျိုးထဲက တခုမှမရပဲ တနေ့တာမကုန်လွန်ပါစေနဲ့.
တခုမှမရပဲတ၇က်ကုန်ခဲ့ရင် ဒီတရက် အတွက်ကိုယ်ဟာ ဆန်ကုန်မြေလေးပဲ.ကိုယ်ရဲ့ တရက်တာအချိန်ကို ဘာတခုမှမရပဲကုန်တာဟာ ဒီတ၇က်အတွက်အချိန်ဖြုန်းတာပဲ". တဲ့ .ဒီတော့ ကိုယ်ပိုင်နေ့ရက်တိုင်းကို အကျိုးရှိစွားသုံးနိုင်ပါစေ.
(ပညာဆိုတာမှာလည်း လူတော်တော်များများက ပညာဆိုတာနဲ့ဘွဲ့.ဒီဂရီတွေကိုပြေးမြင်တတ်ကြပါတယ်.အမှန်ကလောကမှာ လူမှုရေးပညာ.စီးပွားရေးပညာ.အသက်မွေးဝမ်းကျောင်းပညာ.သိမှုတတ်မှုတခုခုတိုင်းကိုပညာခေါ်တာပါပဲ.)

လှူတော့လှူပါ.ဥာဏ်အမြင်မကန်းပါနဲ့
လူတိုင်းကလှူဒါန်းတာကို ကောင်းမှုလုပ်တာမှန်းသိကြပါတယ်.ဒါပေမဲ့ ကိုယ်လုပ်လိုက်တဲ့ အလှူက ထိရောက်မှုရှိမရှိကိုတော့ပြန်သုံးသပ်ဖို့လိုပါတယ်.နိဗာန်န ပစ္စယော ဟောတုဆိုတာ က ကိုယ်လှူဒါန်းမှုကို စိတ်ပြတ်အောင် ဟောတာပါ.လှူဒါန်းမှု အကျိုးသက်ရောက်ရှိမရှိ ပြန်မကြည့်ခိုင်းတာမဟုတ်ပါဘူး.မြန်မာတော်တော်များများကစိတ်ထားကောင်းလွန်းတော့ ကိုယ်လှူပြီး ပြီးပြီ အလှူခံတဲ့သူ ဘာလုပ်လုပ် မကြည့်တတ်ပါဘူး.ကိုယ်လုပ်တာကိုယ့်ကုသိုလ်.သူမဟုတ်တာလုပ် ရင် သူ့ အကုသိုလ် လို့တွေးပြီး နေတတ်ကြတာပါပဲ.
အမှန်ကကိုယ်မလှူခင်တည်းက ဘယ်မှာလှူရင်ကောင်းမလဲ ဆိုတာကို အရင်ေ၇ွးသင့်ပါတယ်.ဆိုလိုတာက ဘယ်မှာတကယ်လိုအပ်နေတာလဲ ဆိုတာကြည့်ရပါတယ်.တကယ်လိုနေတာကိုဖြည့်ပေးလိုက်မှ သူ့အတွက်လည်းအကျိုးရှိမှာပါ.လှူပြီးလို့ရှိရင်လည်း ကိုယ့်အလှူနဲ့
ပတ်သက်ပြီး ပြန်သုံးသပ်ပေးပါ. ကိုယ့်အတွက်ကော အလှူခံဖက်ပါ အကျိုးရှိဖို့လိုပါတယ်.ဒါကြောင့်လှူတော့လှူပါ.ဥာဏ်အမြင်မကန်းပါနဲ့

ဆုတောင်းချင်ဆုတောင်းပါ .အလုပ်လုပ်ဖို့ မမေ့ပါနဲ့
လုတိုင်းကကံ ကိုယုံကြည်တတ်ကြပါတယ်. တခုခုမကောင်းတာဖြစ်လာရင် ကံမကောင်းဘူးပြောတတ်ကြတယ် .အမှန်က ကံဆိုတာအလုပ်ပါ. ခုကြုံတွေ့နေရတဲ့ကောင်းခြင်းမကောင်းခြင်းဆိုတာက အတတ်ကကိုယ်ပြုခဲ့တဲ့ကံ.တနည်းအလုပ်တွေကြောင့်ပါ.ခုပြုလုပ်တဲ့အလုပ် (ကံ)ရဲ့
အကျိုးက အနာဂတ်မှာခံစားစံစားရမှာပါ. လူဆိုတာမျှော်လင့်ချက်နဲ့အသက်ရှင်တာပါ.လူတိုင်းမှာ မျှော်လင့်ချက် ဆန္ဒတစုံတခုတော့ရှိမြဲပါ. ဒီ ဆန္ဒတစုံအတွက် ဆုတောင်းမှုပြုတတ်ကြစမြဲပါ. ဆုတောင်းမှုပြုတာကလည်းလူတွေရဲ့ လူသားပီသတဲ့ အကျင့်တခုပါပဲ.တခါတလေလူတွေက
ဆုတောင်းပေမဲ့အလုပ်လုပ်ဖို့ကိုတော့မေ့နေတတ်ကြပါတယ်. ဥပမာ- ထီပေါက်ဖို့ ဆုတေင်းတတ်ပေမဲ့ ထီ မထိုးမိတာမျိုးပါ.ဒါကြောင့်ဆုတောင်းချင်ဆုတောင်းပါ .အလုပ်လုပ်ဖို့ မမေ့ပါနဲ့

သူများတွေကိုမကြည်ညိုရင်နေ.ကိုယ့်ကိုကိုယ် အကြည်ညိုမမဲ့လေနဲ့
မိမိကိုယ်သာကိုးကွယ်ရာတဲ့. မိမိကိုယ်ကို မိမိမှ မယုံကြည်ရင် ဘယ်သူက ကိုယ့်ကိုလာယုံတော့မှာလဲ.နောက်တခုကတော့ ကိုယ့်အကြောင်းကို ကိုယ်အသိဆုံးပါ.မိမိနဲ့အရင်းနှီးဆုံး မိမိအကြောင်းအသိဆုံးကတော့မိမိကိုယ်တိုင်ပါပဲ.ဆိုလိုတာက လူတိုင်းမှာ အခြေအနေတိုင်းအတွက် သတ်မှတ်မှုစံတွေရှိကြပါတယ်.(ဥပမာ- အရက်သောက်တာကို social drinkingလို့ စံသတ်မှတ်သူအတွက် ဒါဟာသူအပြစ်ကျူးလွန်တာမဟုတ်ပါဘူး.အရက်သောက်တာကို အပြစ်ကြီးလို့သတ်မှတ်သူအတွက်ကျပြန်တော့ အပြစ်ဖြစ်နေတတ်ပါတယ်) ဘယ်လိုပဲဖြစ်ပါစေ..ကိုယ်ရဲ့ သတ်မှတ်ချက်စံနဲ့ အညီအပြစ်တွေကို ကိုယ်လုပ်မိတာ.ကောင်းမှုတွေကိုကိုယ်လုပ်မိတာ ကိုယ် သာအသိဆုံးပါ. ဒီအခါ မိမိကိုယ်ကို ကြည်ညိုမိတာ အထင်သေးမိတာ တွေဖြစ်လာပါတော့တယ်. တချို့ ပြောတတ်ကြပါတယ် .ကိုယ့်ကိုယ့်ကိုမုန်းတယ်ဆိုတာမျိုး.အားမရဘူး.မကျေနပ်ဘူးဆိုတာမျိုး.ဒီလိုဖြစ်လာတာဟာ ကိုယ်သတ်မှတ်တဲ့ ကိုယ်စံနဲ့ ကိုယ်ဟာ ကြည်ညိုစရာမရှိလို့ပါ.တခါတလေလူတွေကစံတွေကိုအမြင့်ကြီးထားတတ်ကြပါတယ်.ဒီအခါ ကိုယ့်စံနဲ့ မကိုက်တာနဲ့ ကိုယ့်ကိုကိုယ် အကြည်ညိုမဲ့လာပါတယ်.ဒါကြောင့်ကိုယ်ကိုကိုယ် ကြည်ညိုအောင် ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာ(ကိုယ့်ကိုကိုယ်သိဖို့)လိုပါတယ်.နောက် ရောင့်ရဲတင်းတိမ်စိတ်ရှိဖို့နဲ့ ကိုယ်လုပ်နိုင်ခဲ့တဲ့ကောင်းမှုလေးတွေအတွက်.အောင်မြင်မှုလေးတွေအတွက် တခြားသူတွေကဘယ်လိုမြင်ပါစေ.ကိုယ်ကိုကိုယ် ပြန်ဂုဏ်ပြုဖို့မမေ့ပါနဲ့.သူများကကိုယ့်ကို မကြည်ညိုချင်နေပါစေ.ကိုယ်ကိုကိုယ် ကြည်ညိုနိုင်အောင် နေဖို့က ပိုအရေးကြီးပါတယ်.မိမိကိုယ်ကိုယုံကြည်မှုဆိုတာ ကိုယ်ကိုကိုယ် ကြည်ညိုမှုနဲ့ ဒွန်တွဲနေတာပါ.မိမိကိုယ်ကိုယုံကြည်မှုရှိမှလည်း ဘ၀ရဲ့ အချိုးအကွေ့တွေကိုရင်ဆိုင်နိုင်မှာပါ.ဒါကြောင့် ကိုယ်တကယ်မသိတဲ့ သူတပါးကို မကြည်ညိုချင်နေပါစေ မိမိကိုယ်ကို ကြည်ညိုအောင် တော့ကြိုးစားရပါမယ်.ဒါကြောင့် သူများတွေကိုမကြည်ညိုရင်နေ.ကိုယ့်ကိုကိုယ် အကြည်ညိုမမဲ့လေနဲ့

ဝင်းသု

Wednesday, July 28, 2010

အမေမသိသောအကြောင်းများ

ဘယ်သူရေးမှန်းကျွန်တော်မသိပေမဲ့ သူ့ခံစားချက်နဲ့ ကျွန်တော့်ခံစားချက်အတူတူလိုပါပဲလား..
ပျော်ရာမှာမနေ၇တော်ရာမှာနေရတဲ့ ဘ၀မှာ..ဒီနေရာကကျွန်တော်နဲ့တကယ်သင့်တော်တယ်လို့ စိတ်ထဲမှာထားနိုင်လို့လား...............
မွဲချင်တဲ့ခွေးပြာတောတိုးချင်တယ်ပြောပြော.နတ်ပြည်ရောက်နေတာကို ပြန်ခုန်ဆင်းချင်တယ်ဆိုဆို....
ဒီမှာ လိုတရတယ်... ယဉ်ကျေးမှုတွေမြင့်တယ် ဆိုကြပေမဲ့ လွတ်လပ်မှုမရှိပဲ စည်းဘောင်တခုထဲမှာချုပ်နှောင်မိနေသလိုခံစားရတယ်
(ဥပမာ-ညအိပ်ရင် နိုက်တိဝတ်ရမယ်.ပွဲသွားရင် ဘယ်လိုဝတ်ရမယ် .ဘယ်လိုစားသောက်ရမယ်နဲ့..ဆက်ဆံရေးမှာလည်းစိတ်ထဲကပါပါမပါပါ နှုတ်ခွန်းဆက်စကားတွေနဲ့ အေးစက်စက်အပြုံးတွေလှိုင်လှိုင်သုံးရင်း.....နွေးထွေးမှုမပါတဲ့ အပေါ်ယံဆက်ဆံရေးတွေ ကို မုန်းတယ် )

ကျွန်တော့်တို့နိုင်ငံကို မတိုးတက်ဘူးဆိုပေမဲ့ ဟန်ဆောင်မှုကင်းတဲ့ ပွင့်လင်းတဲ့ဆက်ဆံမှု ဖော်ရွေတဲ့အပြုံး နဲ့ နွေးထွေးတဲ့ ဆက်ဆံရေးတွေနဲ့ သူတို့ဆီမှာတွေ့ရခဲတဲ့အပျော်တွေကို ပိုင်ဆိုင်နေသေးတယ်.သူတို့ဆီမှာ မရှိတဲ့ ရောင့်ရဲတင်းတိမ်စိတ်ကို ပိုင်ဆိုင်ကြတယ်.သူတို့ဆီမှာ ဒီလောက်ရုပ်ဝတ္တုပြည့်စုံနေပေမဲ့ မရောင့်ရဲနိုင်ကြပါဘူး..သူတို့တွေသာ တနေ့ကို မီး(၄)နာရီလောက်ပဲရတာ ရေမရှိတာ တလစာဝင်ငွေ တွက်ချက်နေရတာ ဖုန်နဲ့ရတာ ခြင်ကိုက်တာတွေသာ ရင်ဆိုင်ရကြည့် လဲသေလောက်တယ်.

ကျွန်တော်ကတော့ ဘယ်သူတွေကဘာတွေကောင်းတယ်ဆိုဆို ခြင်ကိုက်ခံယပ်ခပ်ပြီး ဖယောင်းတိုင်မီးနဲ့ TV ကြည့်ဖို့ အမေ့အိမ်ကိုတနေ့တော့ပြန်လာမှာပဲ

နိုင်ငံခြားရောက်နေတဲ့ ဗမာတိုင်းကိုမေးကြည့်ပါ .ဘယ်သူများပျော်နေလဲလို့ .အဆင်ပြေလို့.ဘ၀တိုးတက်ဖို့ နေနေကြပေမဲ့ ဒီအဆင်ပြေမှုအတွက် သူတို့ရဲ့ ပျော်ရွင်မှုတွေကိုရင်းလိုက် ကြရတာ ဘယ်သူတွေနားလည်နိုင်ကြမှာလဲ.
မြန်မာပြည်သာ တရုတ်နိုင်ငံလို ကမ္ဘာစီးပွားရေးမှာ ပါဝင်လာနိုင်ပြီဆိုရင် ..တရုတ်နိုင်ငံကပြည်ပရောက်နေတဲ့ တရုတ်တွေ တရုတ်ပြည်ပြန်ကြသလိုပဲ .မြန်မာပြည်က ပြည်ပရောက်နေသူတွေ အကုန်ဘယ်သူမှ ပြန်လာဖို့ခေါ်နေစရာကိုမလိုပဲ ပြည်တော်ပြန်ကြမှာပဲ .စိတ်သာချ
ပြည်ပရောက်နေတဲ့ မြန်မာတိုင်းကိုမေးကြည့်လိုက်ပါ ၈၀% ကမပျော်တာ အသေအချာပဲ
===========


အမေမသိသောအကြောင်းများ

မဂ္ဂဇင်း ကာတွန်းတစ်ခုထဲမှာ ဒီလိုဖတ်ဖူးပါတယ်။ မိန်းမနှစ်ယောက် ဈေးက
အပြန်လမ်းမှာတွေ့တော့ တစ်ယောက်ကနောက်တစ်ယောက်ကို ပြောနေတာ။

‘ကျွန်မအမျိုးသားက နိုင်ငံခြားမှာ အလုပ်လုပ်နေတာလေ။ သားက လည်း နိုင်ငံခြားမှာပဲ။
သမီးကတော့


အဲဒီမှာ ပဲကျောင်းတက်နေလေရဲ့’

‘ဟင် ဒါဆိုရှင်က ဘာလို့ လိုက်မသွားတာလဲ’
‘အဟင်း ကျွန်မကကြွားခြင်လို့ နေခဲ့တာလေ’ တဲ့။

အဲဒီ ကာတွန်းလေးက အမေပြောပြတာပါ။ အမေကတော့ ဟုတ်မှာပေါ့လေ။ ဒါပေမယ့် အမေမသိသေးတာ
တွေ အများကြီးရှိပါသေးတယ်။


‘ဟုတ်တယ် နိုင်ငံခြားမှာ လမ်းတွေတအား ကောင်းတာတဲ့။ တစ်မြို့လုံးလည်း
သန့်ရှင်းနေတာပဲတဲ့။ လျှပ်စစ် မီးဆိုတာတော့ ပြောစရာကို မရှိဘူးတဲ့’


အမေကတော့ မိတ်ဆွေတွေနဲ့ တွေ့တိုင်း အဲလိုပြောလေရဲ့။ ဒါပေမယ့် အမေပြောပြောနေတဲ့
နိုင်ငံခြားမှာ တစ်အား ကောင်းနေတာတဲ့ ဆိုတာ


ကျွန်တော်ကတော့ လက်မခံဘူးအမေ။ တစ်ကယ်တော့ နိုင်ငံခြားက
တစ်အားကောင်းဒါမဟုတ်ဘူးဗျ။ ဒါတွေက ပုံမှန်ပဲ။ ကတ္တရာလမ်း ချိင့်ခွက်မရှိတာ
ကို တကားကောင်းတယ် လို့ ပြောလို့ရမလား။ လမ်းဘေးတွေမှာ အမှိုက်မရှိတာရော
တအားကောင်းနေတာလား။ လျှပ်စစ်မီး ခလုတ်ဖွင့် လိုက်တိုင်း ရှိနေတာကရော။ Bus


ကားတွေ မြို့ပတ်ရထားတွေ အချိန်မှန်နေတာကရော အထူး အဆန်းလားပဲလား။
ကျွန်တော်ကတော့ အဲဒါကို အရမ်းကောင်းနေတယ်လို့ မယူဆဘူး အမေ။ ဒါတွေက
ပုံမှန်လေ။ တစ်ကယ်တော့ ကျွန်တော်တို့ဆီက ပုံမမှန်ဖြစ်နေတာ။ အဲဒါကြောင့်
နိုင်ငံခြား တစ်အား ကောင်းနေတယ်လို့ ပြောရင် သိပ်ဘ၀င် မကျဘူး အမေ။


နိုင်ငံခြားက ပုံမှန် ကျွန်တော်တို့ဆီက ပုံမမှန်။


သူတို့ဆီမှာ ရုပ်ဝတ္ထုပစ္စည်းတိုးတက်မှု့ကတော့ ထိပ်ပဲလေ။ ဒါပေမယ့် ကျွန်တော်တော့
ဒီမှာ အရမ်းပျော်နေပြီ။ သူတို့ နဲ့ တစ်သားထဲကျနေပြီ။
အင်တာနေရှင်နယ် စတန်းဒက် ဖြစ်နေပြီလို့ အမေထင်ရင်တော့ အမေ မှားသွား ပြီ


အမေရေ။ ကျွန်တော်ဆိုတဲ့ ကောင်က အမေ့အိမ်ကို ပြန်လာဖို့ပဲ
အမြဲတွေးနေတဲ့သူလေ။ မလာနဲ့ ဒီမှာ နေပူ၊ ဖုန်ထူ၊ ခြင်ကိုက်၊ မီးပျက်
လို့တော့ ကျွန်တော့်ကို မပြောပါနဲ့ အမေ။ ကျွန်တော်က အဲယားကွန်းခန်း
ကိုမုန်းလို့ နေရောင်ခြည်လေး လိုချင်နေတဲ့သူ၊ လေအဝေ့မှာ


ဖုန်နံ့လေးရှူနေရတာကို air fresher နံ့ထက်ပို ကြိုက်တဲ့သူ၊ အမှောင်ထဲမှာ
ထိုင်ပြီး ယက်တောင်လေးနဲ့ ခြင်ရိုက်ပြီး စကားပြောရတာကို ပို သဘောကျနေတဲ့
သူဆိုတာ အမေမသိပါဘူးလေ။


တစ်ချို့ကတော့ ပြောကြတယ်။ နိုင်ငံခြားမှာက အရည်အချင်းရှိဖို့ပဲ အရည်အချင်းရှိရင်
အားလုံးတန်းတူပဲတဲ့။ အခုကမ္ဘာကြီးက Globalization


ဖြစ်နေပြီတဲ့။ နေရာဒေသလေးတစ်ခုကို စွဲလမ်းနေလို့ မဖြစ်ဘူးတဲ့။ ရေကြည်
ရာမြက်နုရာမှာ တိုးတက်အောင်နေရမှာပဲတဲ့။ တစ်ခုတော့ မေးပါရစေ။ ကမ္ဘာကြီးက
တစ်ကယ့်ကို ကမ္ဘာ့ရွာကြီး ဖြစ်နေပြီလား။ လူမျိုးရေး ခွဲခြားမှု့တွေ
မရှိတော့ဘူးလား။ ကျွန်တော့်မေးခွန်းကို သေချာဖြေကြည့်ပါ။ အမေရေ


ကျွန်တော်တော့ ကမ္ဘာကြီးက နည်းပညာတစ်ခုကလွဲလို့ ဘယ်နေရာမှ တကယ် Globalize
မဖြစ်သးဘူးလို့ ထင်တယ် အမေ။ ကျွန်တောတို့လို နိုင်ငံက လာတဲ့သူတွေကို
ရုပ်ဝတ္ထုပစ္စည်း တိုးတက်နေတဲ့ နိုင်ငံတွေက သူတွေက (လူများစုပါ။ လူအားလုံးကို
မဆိုလိုပါ) ဘယ်လိုမြင်တယ်ဆိုတာ့ အမေမသိသေးပါဘူးဗျာ။ ဒါတွေထားလိုက်ပါတော့။


အသေးစိတ်တွေ ပြောပြနေရင် အမေစိတ်မကောင်းဖြစ်နေမှာ။

တစ်ခါတစ်လေကြတော့
ကိုယ့်ကိုကိုယ် စက်ရုပ်တစ်ခုလိုထင်လာမိတယ်။ အလုပ်လုပ်နေတာ တစ်ကယ်ကို
ထမင်းစားဖို့အတွက်လိုဖြစ်နေလို့ အမေ။ အရင်တုန်းက
အမေ့အိမ်မှာ နေရင်းအလုပ်လုပ်ရတာကု အဓိပ္ပာယ် လေးတစ်ခုခု ရှိနေသလိုပဲ အမေ။


အခုတော့ ဘာမှ အဓိပ္ပယ် မရှိသလိုပဲ။ ကိုယ့်နိုင်ငံမှာ လုပ်တာကမှ
ကိုယ့်လူမျိုး ကိုယ့်မွေးရပ်မြေအတွက် ဟုတ်ဟုတ် မဟုတ်ဟုတ် တစ်ခုခုတော့
အကျိုးရှိဦးမယ် အမေ။ ကျွန်တော့် ကိုလူမျိုးရေး အမြင်ကျဉ်းတယ်လို့
ပြောရင်းလည်း ကျေကျေနပ်နပ်ကြီး ခံပါမယ်ဗျာ။ အဲလောက် နိုင်ငံနဲ့ လူမျိုးကို


ချစ်နေရင် ဘာလို့ထွက်လာသေးလဲကွာကို အပြစ်တင်မစောပါနဲ့။ လူ့ဘ၀မှာ လူတန်းစေ့
လေးတော့ နေချင်တယ်လေ။ အင်း ခက်တာက အခုလိုနေနိုင်စားနိုင်အောင် အမေ့အိမ်က
မှာ နေပြီး ကျွန်တော် မရှာနိုင်ဘူး အမေရေ။ ကျွန်တော်ကပဲ ညံ့လွန်းလို့ပဲလား။


ရေကြည်ရာ မြက်နုရာဆိုရင် ကျွန်တော်တို့ဆီမှာ ရေတွေနောက်နေလို့လား။
မြက်တွေကခြောက်နေလို့လား။ ကျွန်တော် မစဉ်းစား တတ်ဘူးအမေရေ။

အမေမသိသေးတာတွေ အများကြီးရှိပါသေးတယ်ဗျာ။

ဥပမာ ဒစ်ဂျစ်တယ် နိုးစက်သံက ဘယ်လောက်မုန်းစရာကောင်းတယ် ဆိုတာ အမေခံစားဖူးမှ
သိလိမ့်မယ် အမေ။


အမေတို့ဆီမှာ လူတွေ ဂုဏ်ယူဝင့်ကြွားစွာကိုင်နေတဲ့ ဟန်းဖုန်းဆိုတာ
ကျွန်တော့် အတွက်တော့ နွားခလောက် တစ်လုံးနဲ့ ဘာမှ မထူးဆိုတာ အမေ မသိပါဘူး
အမေ။ ဒီမှာ ရုပ်ဝတ္ထုပစ္စည်းအရ အများကြီးကောင်းတယ် ဆိုတာတော့ ကျွန်တော်
မငြင်းပါဘူးအမေ။ ဒါပေမယ့်ဗျာ စာရေးဆရာတစ်ယောက် ပြောဖူးသလိုပေါ့။


‘ငှက်လှောင်အိမ်ကြီးကိုပဲ ဆေးသုတ်ပြီး အထဲက ငှက်ကလေးကို အစာမကျွေးရင်
ဘာအဓိပ္ပာယ်ရှိမှလဲ’ တဲ့။

ဒီမှာတော့ ရွှေပိန်းချလှောင်အိမ်ကြီးတွေ ထဲက ပိန်လှီနေတဲ့ ငှက်ကလေးတွေ အများကြီး
တွေ့ခဲ့ရလို့ အဲလိုတော့
မဖြစ်ချင်ဘူးအမေရေ။


ကျွန်တော်ကတော့ အချိန်တန်ရင် အမေ့အိမ်ကို ပြန်လာနိုင်အောင် ကြိုးစားနေတာ။ အမေရေ။
ငါ့သားက နိုင်ငံခြားမှာ အရမ်းအဆင်ပြေနေတာလို့
မကြွားပါနဲ့တော့ ဗျာ။ ငါ့သားက အမေ့အိမ်ကို တအားခင်တွယ်တာ လို့ပဲ
ကြွားလိုက်စမ်းပါ။

Tuesday, July 27, 2010

ကဗျာ....*ထိပ်ဆုံးသို့*"ရုန်းရင်းကန်ရင်း"

*ထိပ်ဆုံးသို့*
တစ်တောင်ပေါ် တစ်တောင်ဆင့်၊ တောင်အမြင့် ပတ်ခြံရံ၊ တစ်တောင်ဆုံးပြန်တော့၊
တစ်လုံးကျန်ပြန်ပေသမို့၊ ဖန်ဖန်လေ အားအင်နှိုးလို့ရယ်၊ ကြိုး
လျှောက်ရပြန်၊ ခါတစ်လေ တကယ်ပန်းတာကြောင့်၊ တော်ပါပြီ ဆက်မလှမ်းချင်ဘု၊
ရပ်တန်းက ရပ်မယ်ကြံ၊ အမှန်တော့ ဖြစ်နိုင်ပါ့မလား၊ စခဲ့မိဟာပေါ့၊
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်၊ အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့၊
စိတ်နွမ်းအသာဖြေဦး၊ မာလာငွေ ကန်ရေအေးရယ်နှင့်၊ ငှက်တေးကို အာရုံဆင်လို့၊
မူတသွင် အားအင်သစ်လိုက်ပါ့၊ ချစ်ဖွယ့်လူသား ။ ။

==================================================
"ရုန်းရင်းကန်ရင်း"

လေထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာ ပန်းများကျန်မည်နည်း။

လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာ မြေကြီးကျန်မည်နည်း။

ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။

အမှောင်တ၀က် လင်းတ၀က်သည်
တရက်တခါ ကြုံမြဲသာတည့်။

အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ

မျက်လှည့်ပမာ တွေ့မြဲသာတည်း။

ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော
မုန်းသောချစ်သော သစ်သောဟောင်းသော
ကောင်းသောဆိုးသော ညှိုးသောလန်းသော
ကြမ်းသောနုသော ပူသောအေးသော
စောကြောစိတ်ဖြာ မနေသာပေ
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရကန်ရ မည်တကား။ ။



အေးငွေ
ငွေတာရီမဂ္ဂဇင်း
၁၉၇၀ပြည့်၊ ဧပြီလထုတ်

Monday, July 26, 2010

ဗေဒင်.......ဂဏန်းဗေဒင်နောက်တမျိုး

ဖတ်ပြီးတဲ့အချိန်မှာတော့..တချို့အချက်တွေက သွေးထွက်အောင်မှန်ကန်နေတာကို တွေ့တဲ့အတွက်..

ခင်ဗျာတို့ကိုလည်း.. အနည်းငယ် မျှဝေပေးလိုက်တာပါ..

နည်းနည်းရှည်ပေးမယ်.. ဖတ်လို့ကောင်းမယ်လို့ေ မျှာ်လင့်ပါတယ်..

လစ်လျှူမရှုလိုက်ပါနဲ့ဗျာ..ဒီမေးလ်လေးကို....

အဲဒီအတွက်..ခင်ဗျာ ခံစားရမှာ စိုးလို့ပါ..

ကျေးဇူးတင်ပါတယ်...

Do You Believe in Numerology?

Do You Believe in Numerology?


မွေးနေ့..မွေးရက်များနဲ့ သူရဲ့ ဂုဏ်သတ္တိများ.



တကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၁) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၂) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၃) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၅) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၆) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၇ သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၈ သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၉) သမား...



Do You Believe in Numerology?

နံပါတ် (၁)

မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်းပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်..

ခေါင်းမာတယ်. ရိုးသားတယ်.. တဖက်သားကို မနာလို ၀န်တိုတက်တယ်..ကြင်နာတက်တယ်..ဒေါသလွယ်တယ်..

ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..အမြဲတမ်းကျော်ကြားသူတယောက်ဖြစ်ချင်တယ်..

လူတွေအားလုံးရဲ့အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ လွတ်လပ်မှုကို မြတ်နိုးတယ်.. သူတပါးရဲ့အုပ်ချုပ်မှုကို မခံချင်ဘူး.

မိမိကိုယ်ကို ယုံကြည်တက်တဲ့ လူစားမျိုးဖြစ်တယ်..

ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်.. ရင့်ကျက်တဲ့အရွယ်ရောက်မှပဲ လက်ထက်ဖြစ်ကြတာများပါတယ်..

အမြင်မတူတဲ့သူတွေနဲ့ ပြဿနာတက်ရတာကို နှစ်သက်တယ်..

အငြိုးအတေးကြီးပြီး..လက်စားချေတက်ကြတယ်..အသုံးအဖြုန်းကြီးသူတယောက်ဖြစ်ပေမယ့်..

မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတက်ပါတယ်..

မင်းသာ အမျိုးသားဆိုရင်..အရမ်းနာမည်ကျော်မယ်.. ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာဖြစ်ပြီ..လူတိုင်းက မင်းကို လေးစားနေပါလိမ့်မယ်..မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူတယောက်ဖြစ်တယ်.. ရပ်ကွက်ထဲမှသည်.. ဟိုအပေါ် ပါလီမန်တွေထိကို

မင်းက နေရာစုံသွားနိုင်သူပါ..ဘာဖြစ်လို့လဲ ဆိုတော့..ကိစ္စတော်တော်များများကို မင်းက တဖတ်ကန်ခတ်အောင် သိနေတက်တယ်လေ..

ဒါပေမယ့်..မင့်ရဲ့ဘ၀မှာ..တချို့လူတွေက မင်းဘ၀နှိပ့်ကျသွားအောင်..နာမည်ပျက်သွားအောင် လုပ်တာမျိုး..ကြုံရတက်ပါတယ်...

ဒါကလည်း မဆန်းပါဘူး...လူတွေရဲ့မနာလိုမှုကြောင့်ပါပဲ..

မင့်ရဲ့မိသားစုဘ၀က အေးချမ်းလွန်ပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို ပိုင်ဆိုင်ပြီ..

ချစ်စဖွယ်သားသမီးတွေနဲ့ နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကို မြတ်နိုးသူ.. ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ..

မင်းရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8 ...သင့်တင်တဲ့သူတွေကတော့.. 3, 5, 7!!!


Do You Believe in Numerology?



နံပါတ်(၂)

မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်..

ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာလ နဲ့ တူလို့ပါ.. လကို လူတိုင်းက သဘောကျသလိုမျိုးပေါ့..

ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တက်သူ တစ်ဦးလည်းဖြစ်တယ်...

မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအလွန်နည်းတယ်..မင်းဘ၀မှာ ပြန်ပြီးသုံးသပ်သင့်စရာတွေချည်းပဲ...

မင်းဟာ ခန့်မှန်းရခက်တဲ့သူ တစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့အခြေအနေကို လိုက်ပြီး မင်းဟာ အမြဲတမ်းပြောင်းလဲနေတယ်..

တကိုယ်ကောင်းဆန်ပြီ.. အနုပညာဘက်မှာ အားအတော်သန်တဲ့သူဖြစ်တယ်.. အပြောအဆို

ညက်ညောပြေပြစ်တယ်.

မင်းရဲ့အပြုအမှုတွေဟာ လလို့ပဲ.. နေအလင်းရောင် ပျောက်မှ လထွက်လာသလိုမျိုး.... လူတွေ စိတ်ဓါတ်ကျနေတဲ့အချိန်ဆို

ရောက်လာပြီ.. သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘ၀ထဲက ပျောက်ကွယ်သွားတက်တယ်..

မင်းဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီ ဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်း ဖြစ်နိုင်ပါတယ်

(ကျနော်ဆိုလိုတာက မင်းရဲ့ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ).

တကယ့်လိုများ..ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင်...မင်းဟာ အောင်မြင်မယ့်သူတစ်ဦးပါ...

အများစုသော မင်းရဲ့စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..!

တခါတရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတက်သူတစ်ဦးပါ.

မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ်မှာ ကျင်လည်မှုသူတစ်ဦးပါ...

မင်းဟာ အချစ်ကို အရမ်းကြီးမယုံကြည်တက်သူတစ်ဦးပါ.. မင်းလက်ထက်ပြီးတဲ့အထိတောင် အဲဒီအတိုင်းပဲ

မင်းဟာ အချစ်အပေါ် သာမန်ပဲခံစားနေတက်သူတစ်ဦပါ..

မင်းဟာ မိန်းကလေးဆိုရင်တော့..မိသားစုမှာ တာဝန်သိအမျိုးသမီးတဦးဖြစ်နေပါလိမ့်မယ်..

မင်းဟာ ယောကျာ်းလေးသာဆိုရင်တော့ မိသားစုမှာ ခိုက်ရန်ဖြစ်တာတွေ..ငြင်းခုန်မှုတွေကို သယ်ဆောင်လာသူ ဖြစ်နေပါလိမ့်မယ်..ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတက်ပါတယ်..ဆိုလိုတာက.

မိသားစုကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင် စွန့်လွတ်ဖို့ ၀န်မလေးတဲ့သူတစ်ဦးပါ...

မင်းဟာ သိမ့်မွေ့တယ်..အမြင်ကျယ်တယ်..သူတပါးရဲ့စိတ်ကို ခံစားနားလည်ပေးနိုင်တယ်..

လူတွေနဲ့ လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ...

မင်းရဲ့အကောင်းဆုံး အဖော်မွန်ကတော့ 2, 5, 9 ..တခြားသူတွေနဲ့ဆိုရင်တော့..အဆင်ပြေဖို့ခဲ့ရင်းပါတယ်..!!!

Do You Believe in Numerology?


နံပါတ် (၃)

နှလုံးသားမာကျောပြီ.. တကိုယ်ကောင်းဆန်တက်တယ်.. ဒါပေမယ့် ဘာသာတရားကို ကိုင်းရှိုင်းတက်သူတစ်ဦးပါ..

တိုးတက်မှုကို မြတ်နိုးတဲ့သူတစ်ဦးပါ.. မင်းဟာ မိသားစုပြဿနာတွေကို လျှော့ကျဖို့လိုလားပေမယ့်..

ပြဿနာတိုင်းက မင်းဆီကနေပဲ မြစ်ဖျားခံတက်တာများပါတယ်..

မင်းဟာ သြဇာအာဏာကြီးမားပြီး.. နှစ်လိုဖွယ်မျက်နှာထားကို ပိုင်ဆိုင်သူ တစ်ဦးပါ..

ဒါကြောင့်.. ဘယ်နေရာကိုသွားသွား.. မင်းအလိုရှိတာတွေကို အဆင်သင့် ရနိုင်နေတာပေါ့..

မင်းဘ၀မှာ မွေးဖွားလာကတည်းက တခုခုကို ရဖို့အတွက် အမြဲတမ်း ပြင်းထန်စွာကြိုးစွာနေရတက်တယ်..

မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်....
အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ ကိုယ့်ထက်ငယ်ရွယ်သူတွေကို ဆိုဆုံးမတက်တယ်..

ဘာကြောင့်လဲဆိုတော့.. ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို မင်းဟာ နှစ်သက်လို့ပဲ.. အဲလိုလည်း

မင်းဟာ စံပြနေလေ့ရှိပါတယ်.. ဒါပေမယ့်..ယေဘုယျအားဖြင့်တော့.. မင်းဟာ အေးဆေးတည်ငြိမ်တဲ့သူတယောက်မဟုတ်ပါဘူး..

မင်းနဲ့ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့အလုပ်တခုပါ..မင်းဟာ စိတ်ဓါတ်မာတဲ့ ပြိုင်ဘက်တယောက်လိုပဲ...

ဒါပေမယ့်လည်း.. တစုံတယောက်ရဲ့အပြုအမှုကို မင်းသဘောကျသွားပြီဆိုလည်း..

မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတက်ပါတယ်...

မင်းဟာ အမြဲလိုလို..သူတပါးဆီက လေးစားမှုကို ရရှိနေတက်သူ တစ်ဦးပါ..

မင်းဘ၀မှာ ရန်သူတွေ.ပြဿနာတွေ အများကြီးရှိမယ်လို့ ထင်ရပေမယ့်.. အဲဒါတွေက ကြာရှည်မခံပါဘူး..

ဘာကြောင့်လည်းဆိုတော့.. မင်းက ပါရမီရှင်တယောက်လိုပါပဲ.. သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ်..

မင်းဟာ ပိုက်ဆံကို အနည်းငယ်ပို မက်မောတဲ့အတွက်.. သူရဲ့စေခိုင်းမှုအောက်မှာ..အဆုံးမရှိ ကြိုးစားခြင်းတွေ .ရုန်းကန်ခြင်းတွေနဲ့..

မင်းဟာ နပန်းလုံးနေရတက်တယ်...

မင်းဟာ အမျိုးသားတစ်ဦးဆိုရင်တော့..အားလုံးဟာ ပြီပြည့်စုံနေပါပြီ.. မိသားစုကို စောင့်ရှောက်တယ်..

သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..ကြင်နာတွေနဲ့ အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူမပါပါ). ပြီးတော့ မင်းဟာ စံပြတယောက်ဖြစ်နေပါလိမ့်မယ်..

တကယ်လို့..မင်းဟာ အမျိုးသမီးဆိုရင်လည်း.. အကျင့်စရိုက်ကောင်းတွေ.. ယဉ်ကျေးသိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေ

နဲ့ ပြည့်နေမှာပါ..

မင်းဟာ လွတ်လပ်မှုကို မြတ်နိုးသူ.. တီထွင်သူ.. ရည်မှန်းချက်ကြီးသူ..အာရုံစူးစိုက်လုပ်တက်သူ

ပြီးတော့. ကမ္ဘာကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူ တစ်ဦးပါပဲ...

မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့... 6, 9. သင့်တော်တဲ့အဖော်မွန်ကတော့..1, 3, 5!!!

Do You Believe in Numerology?



နံပါတ် (၄)

မင်းလည်းပဲ ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ..

အလုပ်ကို အရမ်းကြိုးစားတယ်..ဒါပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာတော့ ကံမကောင်းတက်ပါဘူး..

အေးဆေးနေတက်တယ်..ကူညီတက်သူဖြစ်ပေးမဲ့..စကားပြောတာက ပွင့်လင်းလွန်းပါတယ်..

အမျိုးသားဆိုရင်တော့ အဲဒီအတွက်နဲ့ပဲ.. တခြားလူတွေကို စိတ်အနှောက်ယှက်ပိုဖြစ်စေပြီ.. မင်းကိုထားပြီ

အဝေးကို ပြေးသွားတက်ကြပါတယ်..

မင်းဟာ တခါတရံမှာတော့.. တခြားလူတွေနဲ့ သူတို့ရဲ့ ပြဿနာတွေကို ကောင်းကောင်းကြီး နားလည်နေပြန်ေ၇ာ့.....

အချိန်တိုင်းလိုလို မင်းဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့ အချိန်ဖြုန်းနေတက်ပြီ..

အမျိုးသမီငယ်တွေနဲ့ ပျော်ရွှင်ရတာကို နှစ်သက်သူ တစ်ဦးပါ..

မင်းသူငယ်ချင်းတွေဟာ မင်းရဲ့အချိန်တွေ..ငွေတွေကို သုံးဖြုန်းပြီ.. အဝေးကို ပြေးသွားတက်ကြပါတယ်..

အဲဒီခါကြရင်တော့..မင်းဟာ ခိုးကိုယ်ရာမဲ့နေပြီဆိုတာ..အသေအချာပါပဲ..အဲဒီအတွက်..

လုံးဝသတိပြုပါ.. မင်းရဲ့စီတ်ထားကောင်းကတော့.. မိသားစုနဲ့သူငယ်ချင်းတွေကို ကူညီတက်တာပါပဲ..

မင်းဟာ ငယ်ရွှယ်စဉ်မှာပဲ.. အချစ်ကို တွေ့ရှိတက်ပါတယ်..

မင်းဘ၀မှာ တခါတရံ အဆင်မပြေမှုတွေနဲ့ ပြည့်နက်နေတက်တယ်.. ဥပမာ..

မင်းဟာ ဘွဲ့တခုခုရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့.. ဒါမှမဟုတ်.. အောက်ခြေအလုပ်ကို လုပ်နေရတာမျိုးပေါ့..

ဒါပေမယ့်..မင်းရဲ့မိသားစုကိုတော့..မင်းဟာ ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်..

အဓီက သတိထားရမယ်လူတွေကတော့.. မင်းရဲ့ကြင်နာတက်တဲ့ စိတ်ထားကို အခွင့်ကောင်းယူမယ့်သူတွေကိုပါပဲ..

ဒါကြောင့်..မင့်နဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ..

အမျိုးသမီးဆိုရင်တော့.. မင်းဟာ ပညာရပ်ပိုင်းနဲ့ အနုပညာပိုင်းမှာ

ထွန်းပေါက်နိုင်ပါတယ်..

မင်းဟာ..စိတ်ရှည်တယ်.. ခေါင်းမာတယ်.. ရှေးရိုနည်းနည်းဆန်ပြီ..

အစီအစဉ်တကျလုပ်ကိုင်တက်သူတယောက်ဖြစ်တယ်...

မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 8.သင့်တော်တဲ့သူတွေကတော့...5, 6, 7!!!

Do You Believe in Numerology?



နံပါတ် (၅)

မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ..

မင့်ရဲ့နှုတ်ထွက်စကားလေးနဲ့တင်..မင်းအလိုရှိရာကို ရနိုင်ပါတယ်..မင်းဟာ စီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ်..

ဒါပေမယ့်.. မင်းဟာ စနစ်ရှိတော့မဟုတ်ပါဘူး..ခေါင်းထဲပေါ်လာကို လုပ်တက်သူပါ.

တကယ်လို့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်မယ်ဆိုရင်လည်း..အောင်မြင်မယ်သူပါ..

ပြီးတော့ ဟာသဥာဏ်ရွှင်တဲ့သူလည်းဖြစ်နေပြန်ရော့..

မိသားစုနဲ့သူငယ်ချင်းတွေအတွက်တော့.. မင်းဟာ တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ..

တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ ကူညီတက်သူတစ်ဦးပါ... မင်းဟာ နည်းနည်းတော့ မြှာပွေတက်ပေမယ့်..

ဘ၀ကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ ရွှေးချယ်တက်သူပါ...

မင်းဟာ လက်ထက်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ်သူပါ..အဲဒီအတွက်.. သတိထားရမယ်အချက်ကတော့

မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့ ထိန်းချုပ်ရင်တော့..အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်...

မင်းဟာ လူတိုင်းနဲ့ ပုလဲနံသင့်ပါတယ်..ဘာကြောင့်လည်းဆိုတော့.. နံပါတ် ၅ ဟာ အလယ်ဂဏာန်း ဖြစ်နေလို့ပဲ..

ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ.. ဆွဲဆောင်မှုအပြည့်ရှိတဲ့ မျက်နှာပိုင်ရှင်ပေါ့...

အတွေ့အကြုံကနေ မင်းဘ၀ကို တည်ဆောက်ရတဲ့သူဖြစ်ပြီ..အဲဒီအတွေ့အကြုံတွေကပဲ..

မင်းရဲ့အကောင်းဆုံး ဆရာသမားတွေဖြစ်နေလေရဲ့...

မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့.... 1, 2, 9. သင့်တော်တဲ့သူကတော့. 6, 8!!!

Do You Believe in Numerology?



နံပါတ် (၆)

အိုး... မင်း ပျော်ရွှင်ဖို့အတွက်ပဲ မွေးဖွားလာတာပါလား..

မင်းဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တက်သူတစ်ဦးပေါ့..ဆိုလိုတာက မင်းဘ၀မှာ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့သူပါ..

မင်းဟာ ပညာရေး..အလုပ်..စီမံခန့်ခွဲမှုမှာပဲဖြစ်ဖြစ်.. အောင်မြင်မှုသူတစ်ဦးပါ..

မင်းဟာ ကြင်နာတက်ပါတယ်..(ဒါပေမယ့် မင့်စိတ်ထဲမှာ ကောင်းတယ်လို့ထင်တဲ့ လူတွေအပေါ်မှာသာ).....

ရုပ်ရည်အရမ်းချော်မောနေတက်ပြီ.. ဘ၀ဟာလည်း. ကံကောင်းခြင်းတွေ စုနေတက်ပါတယ်..

ကံကြမ္မာကောင်းတွေဟာ မင်းနဲ့အတူလာတယ်လို့ ပြောလို့ရနိုင်ပါတယ်..

မင်းရဲ့စိတ်ထားနဲ့ခန္ဓာဟာ အချစ်ကိစ္စတွေမှာ လှိုင်လှိုင်လှဲလှဲရှိလှပါတယ်..

တခြားနံပါတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခံရတက်ပါတယ်...ဒါပေမယ့်..

မင်းဟာ အမျိုးသားဆိုရင်တော့.. လက်ထက်တဲ့အချိန်အထိ မိန်းကလေးငယ်များနဲ့ ရင်းရင်းနှီးနှီးနေရတာကို

နှစ်သက်တဲ့သူတဦးပါ..

အမျိုးသမီးသာဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု..ဒါမှမဟုတ် လက်ထက်တာကို စောစောစီးစီး ရင်ဆိုင်ရတက်ပါတယ်..

ကြင်နာတက်သူတွေပဲ မင့်ဘ၀ထဲကို ၀င်လာပါလိမ့်မယ်..
ယေဘုယျအားဖြင့်တော့.. မင်းဟာ အိမ်ရဲ့ဆည်းလှည်းလေးပါပဲ... စာနာတက်သူ...နှစ်သိမ့်မှုပေးနိုင်သူ.မျှတသူ..

အိမ်ထောင်မှုနိုင်နင်းသူ..ဆုံးဖြတ်ချက်ကောင်းမွန်သူတစ်ဦးပါပဲ...ကုန်ကုန်ပြောရရင်.. မင့်ရဲ့အကြင်နာတွေနဲ့..ဒီကမ္ဘာလောကကြီးရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကိုကုစားပေးနိုင်သူတယောက်ပါပဲ...

မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 6, and 9. သင့်လျော်တဲ့သူတွေကတော့.. 4, 5!!!

Do You Believe in Numerology?


နံပါတ် (၇)

မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ..

မိမိကိုယ့်ကို ယုံကြည်တက်တယ်..ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ..ပညာရေးမှာ ထူးချွန်သူ တစ်ဦးပါ..

ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင်နယ်ပယ်တွေမှာလည်း.. ထူးချွန်နိုင်သူပါ..

မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါသစိတ်ပါပဲ..

အမျိုးသမီးဆိုရင်တော့. အထက်ကအချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်..

မင်းဟာ..မင့်မိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်..(ဆိုလိုတာက မိသားစုကို အရမ်းတန်းဖိုးထားတက်တာပါ)

အရွယ်ရလာတာနဲ့အမျှ မင်းရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ..

အမျိုးသားတစ်ဦးသားဆိုရင်တော့ အမျိုးသမီးထုကြားမှာ ရေပန်းစားမယ့်သူပါ..ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်နေပါတယ်..

နံပါတ် (၇) သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာ အဆင်မပြေကြတာများပါတယ်..

အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို တည်ဆောက်နိုင်ကြတာပါ.... မင်းရဲ့ဘ၀မှာ အရာအားလုံးရှိနေပေမယ့်..

အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတက်ပြန်ရော့.. ဒါကလည်း..ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင် ပေးထားတဲ့သဘောလို့ထင်ပါတယ်.. မင်းလို ထူးချွန်တဲ့သူ ၁၀၀လောက်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်

မင်းတယောက်လောက်ပဲ အိမ်ထောင်ရေးမသာယာတာမျိုးတွေ့ရတက်ပါတယ်.. ဒါကြောင့်.. ကြင်ဖော်ကို စောင့်စားနေတာထက်..

ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစောစီးစီး ရှာထားသင့်ပါတယ်...အဲလိုမှ မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကို အထီးကျန်စွာ ဖြတ်သန်းသွားရမှာ အသေအချာပါပဲ..ဒါကြောင့်..ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာဂရုစိုက်အလေးထားသင့်ပါတယ်..

မင်းဟာ အံဖွယ်ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေးသိမ့်မွေ့သော ပျော်ပျော်နေတက်တဲ့ လူတယောက်ပါ..မင်းဟာ

ဒီကမ္ဘာလောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ..

မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 2. သင့်တော်တဲ့အဖော်မွန်ကတော့.. 1,4 !!!

Do You Believe in Numerology?

နံပါတ် (၈)

မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းပါတယ်. ဘာကြောင့်ဆိုတာ. ဘယ်သူမှ မင်းကို နားလည်နိုင်မှာ မဟုတ်ပါဘူး..

သူတပါးကို အပြစ်ပြောရာမှာ မင်းဟာ တဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ်.. မင်းရဲ့ ငယ်စဉ်ဘ၀ဟာ ဆင်းရဲ့နုံချာနိုင်ပါတယ်..

အခြေအနေက မပေးဘူးဆိုရင်တော့.. မင့်ရဲ့မိဘတွေကိုတောင် စောစီးစွာ လက်လွှတ်ရနိုင်ပါတယ်.. ဒီလိုမျိုးအဖြစ်အပျက်တွေက

မင့်ဘ၀ထဲမှာ မကြာခဏဖြစ်နေမယ်အရာတွေပါ..

ဒီပြဿနာတွေကပဲ မင်းရဲ့ပညာရေးကို တားဆီးနေပါလိမ့်မယ်.. ဒါပေမယ့် မင်းဟာ ဘ၀ကို တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်.

မင်းဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ..ဒါပေမယ့် အဲဒီတိုက်ပွဲမှာပဲ ကျဆုံးနိုင်သူလည်း ဖြစ်နေပြန်ေ၇ာ့.

ပုံမှန်အားဖြင့်..မိတ်ဆွေတွေနဲ့ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ နေတက်ပြီ.. ဘ၀ကိုလည်း..အထီးကျန်စွာ

ဖြတ်သန်းနေရမယ့်သူပါ.. ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ..

မင်း အိမ်ထောင်ကျတဲ့အခါမှာတော့ (အဲဒါကလည်း.. အများအားဖြင့် အလယ်အလတ်အရွယ်မှာပဲ ဖြစ်ပွားတက်ပါတယ်)

မင့်ရဲ့ကံကြမ္မာဆိုးအနည်းငယ်ဟာ လွင့်ပျောက်သွားသလို ခံစားရပါလိမ့်မယ်..ပြီးတော့ မင်းဟာ လုံခြုံချမ်းမြေ့မှုကို ရရှိပါလိမ့်မယ်..

မင်းဟာ မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်.. ဥပမာ..( အမှုအခင်းများ..အဆိပ်ရှိသတ္တ၀ါများ..မတော်တဆထိခိုက်မှုများနဲံ ကြုံတွေနိုင်ပါတယ်)

သိုပေသိ.. မင်းဟာ စည်းကမ်းလိုက်နာတဲ့သူ..လုံ့လ၀ီရိယရှိသူ.ရဲရင့်သူ.. ခွန်းအားဗလနဲ့ပြည့်စုံသူ. တစ်ယောက်ပါ..

အဲဒါတွေကပဲ မင်းကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ..

မင်းဟာ မိသားစုရဲ့ အဓီက အစိတ်အပိုင်းတခုပါ.. အားကိုယ်ရဆုံးသူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ရော့...

မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့.. 1, 4, and 8. သင့်တော်တဲ့အဖော်မွန်ကတော့ 5!!!

Do You Believe in Numerology?

နံပါတ် (၉)

မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဖာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့..

မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ.. ရည်မှန်းချက်ကြီးမားသူတဦးလည်းဖြစ်ပြန်ရော့..

မင်းဟာ အလုပ်ကို အရမ်းကြိုးစားလုပ်ကိုင်ရမှာဖြစ်ပြီ.. အောင်မြင်မှုကိုလည်း ခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ..

သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြဿနာတွေနဲ့ လုံးပန်းနေရတက်ပါတယ်..ပြီးတော့ ဘ၀ဟာလည်း.

ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်.. ဒါပေမယ့် မင်းအလိုရှိတာကို ရရှိတဲ့အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်.. မင်းဟာ ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ်..

စိန်ခေါ်မှုတွေကို နှစ်သက်ပြီ.. ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူ တစ်ဦးပေါ့.. ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမဲ့ ကလေးတယောက်ပါ.. မိဘက မကြာခဏရိုက်နက်ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တက်သူတစ်ဦးပေါ့..

မင့်ဘ၀ဟာ ဒဏ်ရာအနာတ၇တွေနဲ့ ပြည့်နက်နေသလိုပါပဲ.. ဒါပေမယ့်..အရွယ်ရောက်လာတဲ့အခါမှာတော့..

မင်းဟာ အေးဆေးတည်ငြိမ်လာပြီ.. ယောကျာ်းပီသစွာ နေထိုင်ပြန်ရော့..

ချစ်ခြင်းမေတ္တာကတော့ မင်းအတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး.. မင်းဟာ ဆောက်လုပ်ရေးအလုပ်..ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ်.. ဘာကြောင့်လဲဆိုတော့ လူတွေကို မင့်ကို ယုံကြည့်ကြလို့ပါပဲ..

မင့်ရဲ့မိသားစုဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်. ဒါပေမယ့် မင့်ကလေးတွေအတွက်တော့ စိုးရိမ်ရပါလိမ့်မယ်..

မင်းဟာ လူလူချင်းစာနာတက်သူ..စိတ်ရှည်သူ..ပညာဥာဏ်ကြီးမားသူ..နားလည်းခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ...

မင်းဟာ ရည်မှန်းချက်တွေကို ရယူဖို့.. အဂတိတရားမထားပဲ လူတွေအပေါ် အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူတစ်ဦးပါ...

မင်းဟာ အံ့ဖွယ်စိတ်ကူးစိတ်သန်းတွေမှာ လူတိုင်းအတွက် စံပြတယောက်ပါ..

မင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့.. 3, 5, 6, and 9. သင့်တော်တဲ့ အဖော်မွန်ကတော့ 2!!!

Do You Believe in Numerology?

၆၃ နှစ်မြောက် ကျေးဇူးရှင်အာဇာနည်များနေ့



အာဇာနည်

ဆယ်စု
ရာစု
ထောင်စု လီလီ
ကျူးသီ ကမ္ပည်း
ကမ္ပည်း မှတ်တိုင်
မှတ်တိုင် သမိုင်း
သမိုင်း မော်ကွန်း
သက်သေညွှန်းသည်
ယွန်းဖြတ်မမီ အာဇာနည်။ ။



၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက်တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌
ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ခေါင်းဆောင် (၉) ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး
ကျဆုံးခဲ့ရသည်။ အဆိုပါနေ့ကို အာဇာနည်နေ့အဖြစ် သက်မှတ်ပြီး
အောက်မေ့ဘွယ်အခမ်းအနားများ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြသည်။
အာဇာနည်များ
ဗိုလ်ချုပ်အောင်ဆန်း (ခ) ဗိုလ်တေဇ (၃၂) နှစ်


မြန်မာ့အမျိုးသားရေးလှုပ်ရှားမှု၏ ခေါင်းဆောင်ကြီး၊ ဘုရင်ခံအမှုဆောင်ကောင်စီ၏ ဒု-ဥက္ကဋ္ဌ (သို့) တကယ့်လက်တွေ့အားဖြင့် လွတ်လပ်ရေးမရမီ ဝန်ကြီးအဖွဲ့၏
ဝန်ကြီးချုပ်၊
၎င်းအပြင် ထိုအစိုးရအဖွဲ့၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး၊ ကျည်ဆန်
(၁၃)
ချက်သင့်သော ဒဏ်ရာဖြင့် နေရာတွင်ပင်
ပွဲချင်းပြီးသေဆုံးခဲ့ရသည်။

ဒီးဒုတ်ဦးဘချို (၅၄) နှစ်


စာရေးဆရာ၊ သတင်းစာဆရာနှင့် ဒီးဒုတ်ဂျာနယ်၏ အယ်ဒီတာ၊ ပြန်ကြားရေးဝန်ကြီး၊
သူ့အသက်အရွယ်နှင့်
ဦးနှောက်ထဲ ဝင်သွားသော ကျည်ဆန်အပါအဝင် ကျည်ဆန် (၅) ချက်ရရှိသည့်တိုင်
နေ့လယ်ပိုင်းအထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အသက်ရှင်လျက်
ရှိနေသေးသည်။

သခင်မြ (၄၉) နှစ်


လူငယ်ခေါင်းဆောင်များကြားတွင် အသက်အရွယ်ကြီးရင့်သော နိုင်ငံခေါင်းဆောင်၊ ဘဏ္ဍာရေးဝန်ကြီး၊ အဆုတ်ကို
ထွင်းဖောက်သွားသော သေနတ်ဒဏ်ရာဖြင့် နေရာတွင်
ပွဲချင်းပြီးသေဆုံးသည်။

ဦးအဗ္ဗဒူရာဇတ် (၄၉) နှစ်


မန္တလေးမြို့ မူဆလင်ခေါင်းဆောင်၊ ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး၊ ဒဏ်ရာ (၆)
ချက်ရရှိပြီး
နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။

ဦးဘဝင်း (၄၆) နှစ်


ဦးအောင်ဆန်း၏အစ်ကို၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီး၊ ကျည်ဆန်ဒဏ်ရာ (၈) ချက်ရရှိပြီး နေရာတွင်ပင်
ပွဲချင်းပြီးသေဆုံးသည်။

မန်းဘခိုင် (၄၃) နှစ်


ဟင်္သာတမှ ကရင်လူမျိုးတဦးဖြစ်ပြီး ဂျပန်သိမ်းပိုက်ထားစဉ်က ပြန်လည်ခုခံတော်လှန်ရာ၌
ပါဝင်ခဲ့သည်။ စက်မှုလက်မှုဌာနနှင့် အလုပ်သမားဌာနဝန်ကြီး၊ ကျည်ဆန် (၁၅)
ချက်ထိမှန်ခဲ့သည်။ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။

စပ်စံထွန်း (၄ဝ) နှစ်



ရှမ်းပြည်နယ်မှ မိုင်းပွန်စော်ဘွားကြီး၊ နယ်ခြားဒေသဆိုင်ရာ အတိုင်ပင်ခံဝန်ကြီး၊ ဦးခေါင်းတွင် ဒဏ်ရာ (၂) ချက်ရရှိပြီး (၂ဝ) ရက်နေ့ မွန်းတည့်ချိန်တွင် ရန်ကုန်မြို့၊ ပြည်သူ့ဆေးရုံကြီး၌
သေဆုံးသွားသည်။

ဦးအုန်းမောင် (၃၄) နှစ်

သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန၊ ဒုတိယအတွင်းဝန် (I.C.S) အစီရင်ခံစာတခုကို
လာရောက်တင်သွင်းနေစဉ် လူသတ်သမားများ၏ ကျည်ဆန်များ ထိမှန်သွားခြင်းခံရသည်။
နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသည်။

ကိုထွေး (၁၈) နှစ်



ဦးရာဇတ်၏သက်တော်စောင့်၊ မန္တလေးအနီးရှိ တောင်ပြင်သိပ္ပံရပ်မှ မွတ်စလင်လူငယ်တဦးဖြစ်သည်။ အစည်းအဝေးခန်းမတွင်းမှ သေနတ်သံများကြားရသဖြင့် အနီးရှိရုံးခန်းမှ ပြေးထွက်လာစဉ် ဆုတ်ခွာပြေးသွားနေသော လူသတ်သမားများ၏
ပစ်ခတ်ခြင်းကို ခံရသည်။ ဒဏ်ရာ (၄) ချက်ရရှိပြီး ဆေးရုံတွင်
သေဆုံးသည်။

လူသတ်သမားများ
ဦးစော
၁၉ဝဝ ပြည့်နှစ်တွင် သာယာဝတီမြို့၌ မွေးဖွားသည်။ လူသတ်သမားများ၏ ခေါင်းဆောင်ဟု အစွပ်စွဲခံရသူ၊
သမ္ဘာရင့်
လက်ျာနိုင်ငံရေးသမားဖြစ်ပြီး ဦးအောင်ဆန်း၏ အဓိကပြိုင်ဘက်ဖြစ်သည်။
သူရိယသတင်းစာကို
စတင်ထူထောင်သူနှင့် မျိုးချစ်ပါတီခေါင်းဆောင်ဖြစ်သည်။ ၁၉၄ဝ ခုနှစ်၊ စက်တင်ဘာလမှ ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလအထိ နန်းရင်းဝန်၊ ၁၉၄၂ မှ ၁၉၄၆ အထိ ယူဂန္ဓာပြည်တွင်
အထိန်းသိမ်းခံခဲ့ရသည်။ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင်ချုပ်ဆိုသော
အောင်ဆန်း-အက်တလီ
စာချုပ်ကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သူဖြစ်၍ ဦးအောင်ဆန်းနှင့်
သူ့အမှုဆောင်ကောင်စီ လုပ်ဖော်ကိုင်ဖက်များအား သတ်ဖြတ်မှုဖြင့် ၁၉၄၇ ခုနှစ်၊
ဇူလိုင်လ
(၁၉) ရက်တွင် အဖမ်းခံရလျက်၊ စွဲဆိုထားသည့်အတိုင်း အပြစ်ပေးခံရပြီး၊ ၁၉၄၈
ခုနှစ်၊
မေလ (၈) ရက်နေ့တွင် အင်းစိန်ထောင်၌ ကြိုးပေးခံရသည်။




မောင်စိုး (သေနတ်သမား)
မင်းလှမြို့မှ ဂဠုန်တပ်ဖွဲ့ဝင်တဦးဖြစ်ပြီး ဦးစော၏ အနီးကပ်
နောက်လိုက်ဖြစ်၍ သူ့ခြံအတွင်း၌ စောစီးစွာကပင် နေထိုင်ခဲ့သူဖြစ်သည်။
သေဒဏ်ပေးခံရသည်။
၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင်ပင် အင်းစိန်ထောင်၌ သေဒဏ်အစီ
ရင်ခံရသည်။

သက်နှင်း (သေနတ်သမား)
ကျိုက်လတ်မြို့မှ ဂဠုန်တပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး ယင်းမြို့ မျိုးချစ်ပါတီ၏
အတွင်းရေးမှူးဖြစ်သည်။
ဦးစောကို အထူးကြည်ညိုပြီး လုံးဝဥဿုံယုံကြည်ကိုးစားသူဖြစ်
သည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ် မေလ (၈) ရက်နေ့တွင်ပင် အင်းစိန်ထောင်၌ သေဒဏ်အစီရင်ခံရသည်။

မောင်စိန် (သေနတ်သမား)

ကြို့ပင်ကောက်မြို့မှဖြစ်၍ စစ်အတွင်းက ဗိုလ်ချုပ်အောင်ဆန်း၏
ဗမာ့တပ်မတော်သားဖြစ်ခဲ့ပြီးနောက် ပြည်သူ့ရဲဘော်အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။
သူ့မိဘများမှာ မျိုးချစ်ပါတီကို လိုလားနှစ်သက်သူများဖြစ်၍ သူ့ကို ဦးစော၏
နောက်လိုက်ဖြစ်ရန် သိမ်းသွင်းဆွဲဆောင်ခဲ့ကြသည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈
ခုနှစ်၊ မေလ
(၈) ရက်နေ့တွင် ရန်ကုန်အကျဉ်းထောင်၌ သေဒဏ်အစီရင်ခံရသည်။

ရန်ကြီးအောင် (သေနတ်သမား)

အသက် (၁၈) နှစ်သာရှိ၏။ အသက်အငယ်ဆုံး သေနတ်သမားဖြစ်သည်။ ဦးစော
တဝမ်းကွဲညီ၏သားဖြစ်သည်။ စတုတ္ထမြောက်သေနတ်သမား။ လိုအပ်လာသည့်
နောက်ဆုံးအချိန်ကျမှ
သူ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူ၏ တဇောက်ကန်းအကျင့်ကြောင့်
သေနတ်သမားအဖြစ်
အံဝင်ခွင်ကျဖြစ်ခဲ့သည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင်
ရန်ကုန်အကျဉ်းထောင်၌ သေဒဏ်အစီရင်ခံရသည်။

သုခ
လူသတ်သမားများအား အတွင်းဝန်ရုံးသို့ ဂျစ်ကားဖြင့် မောင်းပို့ပေးခဲ့သူဖြစ်သည်။
ရန်ကုန်မြို့ရှိ
အစိုးရအထက်တန်းကျောင်းမှ (၉) တန်းအောင်မြင်ခဲ့သည်။ စစ်ပြီးနောက်
ကျိုက်လတ်မြို့
ဖဆပလအဖွဲ့၏ ငွေထိန်းဖြစ်ပြီး ကုန်သည်တဦးဖြစ်သည်။ သက်နှင်းက သူ့ကို
ဦးစောနှင့်
မိတ်ဆက်ပေးခဲ့သည့်အပြင် မျိုးချစ်ပါတီတွဲဖက်အတွင်းရေးမှူးအဖြစ် စာရင်းတင်ပေးခဲ့သည်။
ဦးစော၏ ခြံဝင်းသို့ လုပ်ကြံမှုမတိုင်မီ နောက်ဆုံးရောက်ရှိလာသူဖြစ်သည်။
သေဒဏ်ပေးခံရသော်လည်း ကြိုးပေးမည့်နေ့ မတိုင်မီနေ့ ညနေပိုင်းတွင်မှ
အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် (၂ဝ) သို့
လျှော့ချခြင်းခံရသည်။

ခင်မောင်ရင်
ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့စီးသော
ဖို့ဒ်ဆန်ထရပ်ကားကို မောင်းသူဖြစ်သည်။ ဦးစောဇနီးသည်၏ တူတော်သည်။
ဝန်ကြီးအဖွဲ့အစည်းအဝေးထိုင်နေကြောင်း လျှို့ဝှက်သင်္ကေတဖြင့် သတင်းပေးပြီး
လူသတ်သမားများ ထွက်ခွာလာရန် အချက်ပြခဲ့သည်။ သေဒဏ်အပေးခံရသော်လည်း
နောက်ပိုင်းတွင်
အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် (၂ဝ) သို့
လျှော့ချခြင်းခံရသည်။

မောင်နီ
ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့နှင့်
လိုက်ပါသွားခဲ့သည်။ လူသတ်သမားများ ထွက်အပြေးတွင် လွတ်မြောက်နိုင်ရန်
အကူအညီပေးရေးအတွက် ခြောက်လုံးပြူးသေနတ်တလက်ဖြင့် အတွင်းဝန်များရုံး
အထွက်ဂိတ်ပေါက်မှ စောင့်နေခဲ့ရသည်။ သေဒဏ်အပေးခံရသော်လည်း
အလုပ်ကြမ်းနှင့်ထောင်ဒဏ်
အနှစ် (၂ဝ) သို့ လျှော့ချခြင်းခံရပြီး ယင်းသတင်းကို သုခနှင့်တပြိုင်နက်တည်း

အသိပေးခံခဲ့ရသည်။

မှုန်ကြီး
ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့နှင့်
လိုက်ပါသွားခဲ့သည်။ အုတ်ဖိုမြို့အနီးမှ ကျေးရွာသားဖြစ်ပြီး
အလုပ်ကြမ်းသမားတဦးဖြစ်သည်။ ဦးစောက သူ့ကို အစေခံတဦးကဲ့သို့ ခိုင်းခဲ့သည်။

ဝန်ကြီးအဖွဲ့စည်းဝေးနေကြောင်း လူသတ်သမားများကို သူက အချက်ပြခဲ့ရသည်။
သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် အင်းစိန်ထောင်၌
သေဒဏ်အစီရင်ခံရသည်။

ဘညွန့်
ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့တွင် ပါဝင်သည်။
ဦးစော၏လူယုံတော် အဓိက နောက်လိုက်ခေါင်းဆောင်ဖြစ်ပြီး သူတဦးသာ
ဦးစော၏အိမ်အတွင်း
နေထိုင်ခွင့်ရသည်။ အသိဉာဏ်ရှိ၍ အိုးသည်ကုန်းတရားရုံးတွင် စာရေးဖြစ်ခဲ့သည်။
သခင်နုအားသတ်ရန် တာဝန်အပေးခံရသည်။ ဘုရင့်သက်သေ (ဖော်ကောင်) အဖြစ်
ဘက်ပြောင်းထွက်ဆိုရန် သဘောတူခဲ့သူဖြစ်သည်။ ထို့ကြောင့် အခြေအနေအရ သူ့အား
အပြစ်မှခွင့်လွှတ်မှု အပေးခံရလျက် အလုပ်ကြမ်းနှင့် ပြင်းထန်သောထောင်ဒဏ် (၁ဝ)
နှစ်နှင့် (၆) လ ချမှတ်ခံခဲ့ရသည်။

Wednesday, July 21, 2010

English Idioms

1.Apple-pie order = သယ်ယပ်စွာ ၊ နေသားတကျ။
The housewife keeps the kitchen in apple-pie order.

အိမ်ရှင်မသည် မီးဖိုချောင်ကို သပ်ရပ်စွာ ထားသိုသည်။

2.Bring to mind = သတိရစေသည်
That Story brings to mind a similar experience.

ထိုဖြစ်ရပ်က အလားတူ အတွေ့အကြုံကို စိတ်ထဲတွင် ပြန်သတိရစေသည်။


3. Call a spade a spade = ဘွင်းဘွင်းပြောသည်။ အရှိကို အရှိအတိုင်းဖော်ပြသည်။

Call a spade a spade if you want to be honest.

ရိုးဖြောင့်မှုလိုပါလျှင် အရှိကို အရှိအတိုင်းပြောဆိုပါ။


4.Die away = အသံပျောက်သွားသည်

The noise died away.

ဆူညံသံများ ပျောက်သွားသည်။


5. Earn one's salt= ထိုက်တန်သော လခရသည်

I earned my salt regularly.

ကျွန်တော် ထိုက်တန်သော လစာကို ပုံမှန်ရနေသည်။


6.Fool around = အချိန်ဖြုန်းသည်

Don't fool around . You have to finish it up in one hour.

အချိန်ဖြုန်းမနေပါနှင့်. သင်အလုပ်ကို တစ်နာရီနှင့် အပြီးလုပ်ရဦးမည်။


7. Lead on = ကျီစယ်သည်.

Don't take it seriously; he is just leading you on.

အလေးအနက်သဘောမထားပါနှင့်၊ သူက ခင်ဗျားကို ကျီစားတာပါ.


8. On the fritz = ဖရိုဖရဲဖြစ်သည်

The book are on the fritz after the student are gone.

ကျောင်းသားတွေပြန်ပြီးနောက် စာအုပ်များ ဖရိုဖရဲ ဖြစ်ကျန်ခဲ့သည်.


9. Next of kin = အနီးစပ်ဆုံး ဆွေမျိုး

He died without leaving any next of kin.

သူသည် အနီးစပ်ဆုံးဆွေမျိုးမကျန်ခဲ့ဘဲ သေဆုံးသွားသည်.


10. Queer fish = စိတ်မနှံ့သူ

Your brother is a queer fish.

မင်းအကို က စိတ်မမှန်တဲ့လူပဲ.


11. In a jiffy = တစ်ပြိုင်တည်း

The cried our in a jiffy.

သူတို့ တစ်ပြိုင်တည်း ဟစ်အော်သည်။


12. Needful =ငွေ

He wants to go to the cinema but he has not the needful.

သူ ရုပ်ရှင်သို့သွားချင်သည်. သို့သော် သူ့မှာ ငွေမရှိပါ.


13. Mean well= အကောင်းပြောခြင်းဖြစ်သည်.

Don't be angry: he means well.

စိတ်မဆိုးပါနှင့် သူ က အကောင်းပြောတာပါ.


14. Well off = ချမ်းသာသည်. တောင့်တသည် အပူအပင်မရှိနေသည်. .

The owner of this store is well off.

ဤကုန်တိုက်ပိုင်ရှင်မှာ ငွေကြေးတောင့်တင်းသည်။


15. Stay up = မအိပ်ပဲ နေသည်

The children want to stay up late.

ကလေးများသည် ညဥ့်နက်သည့်တိုင် မအိပ်ဘဲ နေချင်ကြသည်.

အိမ်ထောင်ရေးဖောက်ပြန်ခြင်း(တွေးစရာလေးပါ)

အမျိုးသား - ကျွန်တော်ကအိမ်ထောင်ရှိပါတယ်။ ဒါပေမဲ့ အခြားမိန်းကလေးတစ်ယောက်ကို
ရူးရူးမူးမူး ချစ်မိနေတယ်။ အဲဒါဘယ်လို လုပ်ရမလဲ။

အတိုင်ပင်ခံ - ဒီမိန်းကလေးဟာ သင့်ဘ၀အတွက် နောက်ဆုံး ချစ်နိုင်တဲ့
မိန်းကလေးဆိုတာ သင်သေချာလား။

အမျိုးသား - ဟုတ်ပါတယ်။

အတိုင်ပင်ခံ - ကွာရှင်းပြီး ခုမင်းချစ်နေတဲ့ တစ်ယောက်ကို ယူလိုက်။

အမျိုးသား - ဒါပေမဲ့ ခုလက်ရှိမိန်းမက နားလည်ပေးတယ် သည်းခံတယ် တော်တယ်။
ကျွန်တော်ဒီလို လုပ်ရင် သူ့အတွက် ရက်စက်ရာ ကျမလား။

အတိုင်ပင်ခံ - အိမ်ထောင်ရေးဆိုတာ တရားတယ် ရက်စက်တယ်လို့ ဆိုတာတွေ မရှိပါဘူး။ ခု
မင်းချစ်နေတာက တခြားမိန်းကလေးဖြစ်နေပြီ။

အမျိုးသား - ဒါပေမဲ့ ကျွန်တော့် မိန်းမက ကျွန်တော့်ကို အရမ်းချစ်တာ။

အတိုင်ပင်ခံ - ဒါဆို သူက ပေးဆပ်မှုနဲ့ ပျော်ရွှင်နေတယ်။

အမျိုးသား - ကွာရှင်းပြီး တခြားမိန်းကလေးကို လက်ထက်လိုက်ရင်
သူနာကျင်ခံစားရလိမ့်မယ်။

အတိုင်ပင်ခံ - အိမ်ထောင်အရပြောရရင် မင်းကို ချစ်နေတဲ့ အချစ်ကို သူမ
ပိုင်ဆိုင်နေမယ်။ ဒါပေမဲ့ ဒီအိမ်ထောင် မှာ မင်းက သူ့ကို ချစ်တဲ့ အချစ် မင်းမှာ
မရှိတော့ဘူး။ မင်းက တခြားတစ်ယောက်ကို မင်းရဲ့အချစ်တွေပေးလိုက်လို့။ မင်း သူ့ကို
မချစ်တော့တဲ့ အတွက် မင်းဆုံးရှုံးနေတာ နာကျင်မှာ မင်းပဲ။

အမျိုးသား - ကျွန်တော် နောက်တစ်ယောက်နဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်သစ်ကို
အစပြုတော့မှာ။ သူ့ ကျွန်တော့်ကို ဆုံးရှုံးတာ။

အတိုင်ပင်ခံ - မင်းမှားနေပြီ။ သူမ က ဒီအိမ်ထောင်မှာ ဒီအချစ်စစ် တစ်ခုနဲ့
သူလျှောက်လှမ်းနေတာ။ သူ့ရဲ့ အချစ်စစ်ကို သူပေးဆပ်တယ်။ သူ ပျော်တယ်။ မင်းသာ
မင်းကို အချစ်စစ်နဲ့ ချစ်နေတဲ့သူကို မင်းလက်လွတ်ဆုံးရှုံးရမှာ။


အမျိုးသား - သူမပြောဖူးတယ်။ သူမက ကျွန်တော်ကလွဲပြီး တခြားတစ်ယောက်ကို
မချစ်နိုင်တော့ဘူးတဲ့။

အတိုင်ပင်ခံ - ဒီလို စကား မင်းကော ပြောဖူးသလား။

အမျိုးသား - ကျွန်တော်………..

အတိုင်ပင်ခံ - မင်းရှေ့ကဖယောင်းတိုင် ၃ တိုင်ကို ကြည့်လိုက်။ ဘယ်ဟာ
အလင်းဆုံးလဲ။

အမျိုးသား - မသိပါဘူး။

အတိုင်ပင်ခံ - ဒီဖယောင်းတိုင် ၃ တိုင်သာ မိန်းကလေး ၃ ယောက်ကို
ကိုယ်စားပြုနေမယ်ဆိုရင် ဒီ လူ့လောကမှာ မရေမတွက်နိုင်တဲ့ မိန်းကလေးတွေရှိတယ်။
ဒီ ၃ တိုင်တောင် ဘယ်တိုင်က ပို လင်းပြီး တောက်ပ နေတယ်ဆိုတာ မင်းမပြောနိုင်ဘူး။
အခု မင်းချစ်နေတဲ့ တစ်ယောက်က မင်းရဲ့ နောက်ဆုံးချစ်နိုင်တဲ့ မိန်းကလေးဆိုတာကို
မင်း ပြောနိုင်လား။

အမျိုးသား - ကျွန်တော်…………

အတိုင်ပင်ခံ - မင်း အခု ဖယောင်းတိုင်တစ်တိုင်ကို မင်းယူလိုက်။ မင်းစိတ်နဲ့
ကြည့်လိုက် ဘယ်အတိုင် အလင်းဆုံးလဲ။

အမျိုးသား - ကျွန်တော် ကိုင်ထားတဲ့ အတိုင်ပေါ့ဗျာ။

အတိုင်ပင်ခံ - ကယ် နဂိုနေရာပြန်ထားလိုက်။ ဘယ်အတိုင် အလင်းဆုံးလဲ။

အမျိုးသား - မသိတော့ဘူး။

အတိုင်ပင်ခံ - မင်းခုနက ယူလိုက်တဲ့ ဖယောင်းတိုင်က မင်းလက်ရှိ မိန်းမကို
ကိုယ်စားပြုမယ်ဆိုရင် အချစ်ဆိုတာ ရင်ထဲက ဖြစ်လာတဲ့ အတွက် မင်း သူ့ကို ချစ်နေရင်
မင်းစိတ်ထဲမှာ သူဟာအလင်းဆုံး မင်းသာ သူ့ကို စိတ်ထဲမှာ မထားဘူး
နဂိုနေရာမှာဆိုရင် မင်းစိတ်ထဲကို မထည့်တဲ့ အတွက် အလင်းဆုံးကို မင်းတွေ့မှာ
မဟုတ်ဘူး။ ချစ်တယ် မချစ်တယ် ဆိုတာ မင်းရဲ့ စိတ်ပါပဲ။


အမျိုးသား - အော်။ ကျွန်တော်နားလည်ပါပြီ။ တကယ်ကွာရှင်းခိုင်းတာမဟုတ်ပါဘူးလား။
လမ်းမှန်ကို ရောက်အောင် လမ်းညွန်ပြနေတာပါလား။

အတိုင်ပင်ခံ - ကယ် နားလည်ပြီဆိုရင် မင်းရဲ့ စိတ်နဲ့ အလင်းဆုံး
ဖယောင်းတိုင်တစ်တိုင်ကို မင်းစိတ်နဲ့ သွားရှာတော့…..

အမျိုးသား - ကျွန်တော် ရင်ထဲမှာ ဘယ်သူအလင်းဆုံးလဲ ဆိုတာ ကျွန်တော်သိပြီ။
ကျွန်တော့် မိန်းမပါ။

ဒီ လူ့လောကကြီးမှာ အိမ်ထောင်ရေးဆိုတဲ့ တံတိုင်းကြီးပေါ့… တံတိုင်းထဲ နဲ့
တံတိုင်းပြင် ပေါ့။
အပြင်မှာ ရှိနေတဲ့ သူတွေက အထဲဝင်ချင် အထဲမှာရှိတဲ့ သူက အပြင်ထွက်ချင်။ အထဲမှာ
ရှိတဲ့ သူတွေကလဲ အပြင်ဘက်က ရူ့ခင်းတွေကို ကြည့်ချင်။ ရထား
ပိုင်ဆိုင်ထားတာတွေနဲ့ မကျေနပ်ကြဘူး။ မရောင့်ရဲကြဘူး။ မိုးပေါ်ကကြယ်လေးတွေ
လင်းလက်နေတာကို မက်မောကြတယ်။ ကိုယ့်ရဲ့ အိမ်မှာ နွေးထွေးတဲ့ ဟင်းနဲ့
စောင့်နေတာကို မမြင်ကြဘူး။ သာမာန်ရိုးကျ နေ့စဉ်လုပ်ရပ်တွေကို ငြီးငွေ့လာတယ်။
အချစ်သစ်ရဲ့ စိတ်လှုပ်ရှားမှုတွေကို မက်မောလာတယ်။ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကို
အဝေးမှာပဲ ထင်ပြီး နောက်တစ်ယောက် လာခေါ်ဆောင်မှုကို စောင့်စားနေတယ်။.
နောက်တစ်ယောက်ကြောင့် ဘ၀ဟာ စိုပြေလာတယ်လို့ ထင်လာတယ်…. ဒါကို သင်က
ကျေနပ်နေမိတယ်….
တစ်ချို့အရာတွေက မသိစိတ်ကနေ စိတ်ထဲမှာ ဖြစ်ပေါ်လာတယ်… စိတ်ထဲမှာ ဖြစ်လာတဲ့
အတိုင်း လုပ်ကြတယ်….. ဒီလိုနဲ့ ပဲ ဖေါက်ပြန်မှုတွေက များပြားလာတော့တာပေါ့…….

(တက္ကသိုလ် ဘုန်းနိုင်)

ကလေးတွေကို(စိတ်ဓာတ်) ပျိုးထောင်ခြင်း

လူတိုင်းမတူညီတဲ့ စိတ် နဲ့ ကွဲပြားတဲ့အတွေးအခေါ်ဆက်ဆံရေးတွေပိုင်ဆိုင်ကြပါတယ်.ဒီလိုမတူ တာဟာ ရှင်သန်ခဲ့ရတဲ့ငယ်ဘ၀တွေမတူကြလို့ပါ.စိတ်ပညာမှာတော့ လူတိုင်းဟာ အတိတ်ရဲ့ အရိပ်တွေရဲ့ အကျိုးသက်ရောက်မှုတွေအရ အခု လက်ရှိ ပုံစံတွေဖြစ်နေရတာပါတဲ့.ဆိုလိုတာကခက်ထန်ကြမ်းတမ်းတဲ့ လူဟာ ဒီလိုဖြစ်လာစရာအကြောင်းတွေနဲ့ ရင်ဆိုင်ခဲ့ရလို့ ဒီလိုဖြစ်လာရတာပါတဲ့..
ဗုဒ္ဒတရားမှာတော့ အကျိုးကြောင့်အကြောင်းဖြစ်တယ်ဆိုထားပါတယ်.အတိတ်ကပြုခဲ့တဲ့အကြောင်းကြောင့် ဒီအကျိုးဆက်ကိုခံစားရတာပါ..
ဒါကြောင့်နုနယ်တဲ့ကလေးတွေရဲ့ အနာဂတ်အတွက် ဘယ်လိုအပြုအမူတွေဟာ ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်တယ်ဆိုတာ ကို
ဆရာလူထုဦးစိန်ဝင်းရဲ့ စာလေးကိုတင်ပြလိုက်ပါတယ်
ဒီလိုလူ တယောက်ကိုတွေ့ခဲ့တာနဲ့ သူရှင်သန်ခဲ့ရတဲ့ အတိတ် ကိုမှန်းပြီး နားလည်ခွင့်လွတ်မှုပေးနိုင်ကြပါစေ


* ပြစ်တင် ရှုံ့ချခံရမှုတွေနဲ့ နေခဲ့ရတဲ့ကလေးဟာ

သူရဲဘောကြောင်လူတောမတိုးတဲ့စိတ်ဓာတ်တွေ ရလာစေတယ်။

* ဝေဖန်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ

ပုတ်ခတ်ပြောဆိုတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

* ယုံကြည်စိတ်ချမှု ကင်းမဲ့စွာနေခဲ့ရတဲ့ကလေးဟာ

လိမ်လည်လှည့်စားတဲ့ စိတ်ဓာတ်ကို ရလာစေတယ်။

* ရန်ဘက်ပဋိပက္ခတွေနဲ့ နေခဲ့ရတဲ့ကလေးဟာ

ရန်လိုမင်းထက်ပြုမူတတ်တဲ့စိတ်တွေရလာစေတယ်။

* ချစ်ခင်နှစ်သက်မှုနဲ့နေခဲ့ရတဲ့ကလေးဟာ

ချစ်တတ်ခင်တတ်တဲ့စိတ်ဓာတ်ကိုရလာစေတယ်။

* မှန်ကန်ဖြောင့်မတ်သူတွေနဲ့နေခဲ့ရတဲ့ကလေးဟာ

တရားမျှတမှုစိတ်ဓာတ်ကိုရလာစေတယ်။

* ချီးကျုးထောပနာပြုမှုတွေနဲ့နေခဲ့ရတဲ့ကလေးဟာ

တန်ဖိုးထားလေးစားတတ်တဲ့စိတ်ဓာတ်ကိုရလာစေတယ်။

* မျှဝေခံစားမှုတွေနဲ့ နေခဲ့ရတဲ့ကလေးဟာ

စာနာသက်ညှာတတ်တဲ့စိတ်ဓာတ်ကိုရလာစေတယ်။

* အသိဥာဏ်ဗဟုသုတတွေနဲ့နေခဲ့ရတဲ့ကလေးဟာ

သည်းခံတတ်တဲ့စိတ်ဓာတ်ကိုရလာစေတယ်။

* ပျော်ရွှင်မှုတွေနဲ့နေခဲ့ရတဲ့ကလေးဟာ

မေထ္ထာတရားနဲ့ အလှအပတို့ကိုရှာဖွေတွေ့ရှိလိမ့်မယ်။

<လူထုစိန်ဝင်း>

ချစ်ခြင်းပုံပြင်(၂)

တစ်ခါက ရွာတစ်ရွာမှာ ဆင်းရဲသား လင်မယားနှစ်ဦးရှိတယ်။ တစ်နေ့တော့ သူတို့ဟာ
ပိုင်ဆိုင်သမျှထဲက တန်ဖိုးအရှိဆုံးဖြစ်တဲ့ မြင်းကိုရောင်းပြီး
လိုအပ်တာတွေဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ အဘိုးအိုက ဈေးထဲမှာ
မြင်းကို နွားတစ်ကောင်နဲ့ လဲလိုက်တယ်။ ခဏနေတော့ အဘိုးအိုက နွားကို
ဆိတ်နဲ့ လဲလိုက်ပြန်တယ်။ ဆိတ်ကို ငန်းနဲ့ ငန်းကိုကြက်နဲ့ ကြက်ကို
ပန်းသီးတွေနဲ့ လဲလိုက်ပြန်တယ်။ အဘိုးအိုက ပစ္စည်းတစ်ခုကနေ တစ်ခုလဲနေရခြင်း
အကြောင်းရင်းက အဘွားအိုကို အံသြမှုတွေ ပေးချင်လို့ပဲဖြစ်တယ်။

အဘိုးအိုဟာ လဲလို့ရတဲ့ ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းက
အရက်ဆိုင်တစ်ဆိုင်မှာ နားနေတုန်း အင်္ဂလိပ်နှစ်ယောက်နဲ့ ဆုံခဲ့တယ်။ အလာပ
သလာပတွေ ပြောရင်း သူလဲခဲ့တဲ့ ပစ္စည်းတွေအကြောင်း ပြောပြတော့ အင်္ဂလိပ်တွေက
အဘိုးအိုကို တုံးအတယ်ဆိုပြီး ရီကြတယ်။ အိမ်ပြန်ရောက်ရင် အဘွားအိုရဲ့
အဆူခံရမယ်ဆိုတဲ့အကြောင်းကို ပြောတော့ အဘိုးအိုက အဆူခံရမှာ မဟုတ်ကြောင်း
ငြင်းပါတယ်။ ဒါကို အင်္ဂလိပ်နှစ်ယောက်က တကယ်လို့ အဘွားအိုရဲ့ အဆူကို
မခံရရင် သူတို့မှာပါတဲ့ ငွေတွေပေးခဲ့မယ် ဆိုတဲ့အကြောင်း လောင်းကြတော့တယ်။
ဒီလိုနဲ့ ၃ယောက်သား အဘိုးအို အိမ်ကိုရောက်လာခဲ့ကြတယ်။

အဘွားအိုက အဘိုးအိုပြန်လာတာတွေ့တော့ ၀မ်းသာအားရ ထွက်ကြိုပြီး အဘိုးအို
ချွေးသုတ်ဖို့ ပုဝါကမ်းပေး၊ ရေကမ်းပေးနဲ့ အဘိုးအိုကို အမောဖြေစေတယ်။
ပြီးမှ အဘိုးအို ပြောပြတဲ့ အဖြစ်တွေကို စိတ်ဝင်တစား နားထောင်တယ်။
ပစ္စည်းတစ်ခုကနေ နောက်တစ်ခု လဲပြောင်းပုံကို အဘိုးအို ပြောပြတဲ့အချိန်မှာ
အဘွားအိုက ၀မ်းသာအားရနဲ့ ...
"ဟာ... ကျုပ်တို့ နွားနို့သောက်ရပြီပေါ့"
"အင်း... ဆိတ်နို့လည်း မဆိုးပါဘူး"
"အော်... ငန်းမွေးတွေက သိပ်လှတာ"
"အင်း... ကျုပ်တို့ ကြက်ဥစားရပြီပေါ့"
စတာတွေ ပြောတယ်။ နောက်ဆုံး အဘိုးအိုက သူလဲလာတဲ့ ပန်းသီးကိုပြတော့
အဘွားအိုက စိတ်ပျက်သွားပုံ မပြဘဲ " အင်း.. ဒီည ကျုပ်တို့ ပန်းသီးကိတ်
လုပ်စားကြတာပေါ့" လို့ ပြောပြီး အဘိုးအိုကို အားရပါးရ နမ်းလိုက်တော့တယ်။

ပုံပြင်ရဲ့ နောက်ဆုံးက ပြောစရာမလိုတော့ပါဘူး။ အင်္ဂလိပ်နှစ်ယောက်
ပါသမျှငွေတွေ ပေးခဲ့ရတယ်။

ပုံပြင်က ရိုးရိုးလေးပါ။ ပုံပြင်ကို ဖတ်စက သူ့ရဲ့ဆိုလိုရင်းကို
နားမလည်ခဲ့ဘူး။ စာရေးဆရာက တုံးအတဲ့ ဆင်းရဲသား လင်မယားကို
ကဲ့ရဲ့ဝေဖန်ထားတာလား? ဒါမှမဟုတ် လောင်းကြေးငွေတွေ အနိုင်ရအောင်
ဇာတ်တိုက်ထားတာလားလို့ တွေးခဲ့မိတယ်။ တကယ်တော့ ပုံပြင်က
အိမ်ထောင်တစ်ခုမှာ အခြေခံဖြစ်တဲ့ လင်မယားနှစ်ယောက်ရဲ့
ခွင့်လွတ်သည်းခံခြင်း၊ လေးစားယုံကြည်ခြင်းကို ပြချင်တာပဲဖြစ်တယ်။

အချစ်ဆိုတာ အနုပညာတစ်မျိုး
ခွင့်လွတ်ခြင်းက အချစ်ရဲ့ ကျောရိုးတဲ့

ပြင်ပလောကမှာ အဘိုးအိုလို တုံးအတဲ့ အပြုအမှုမျိုးက တကယ်မရှိနိုင်ပါဘူး။
လင်မယားနှစ်ယောက်ရဲ့ ချစ်ခင်မှု၊ နားလည်ခွင့်လွတ်မှုတွေက
အိမ်ထောင်တည်မြဲဖို့အတွက် အကောင်းဆုံးနည်းတွေဖြစ်တယ် ။ တစ်ယောက်ရဲ့
အမှားကို တစ်ယောက်က နားလည်ပေးမယ်၊ အပြစ်မမြင်ဘူး
ခွင့်လွတ်သည်းခံမယ်ဆိုရင် အိမ်ထောင်ရေးဟာ ပုံပြင်ထဲကအတိုင်း
လှပနိုင်ပါတယ်။
ဖတ်မိသမျှ မှတ်မိသမျှ

အသည်းကွဲသူ

တစ်နေ့မှာ အသည်းကွဲသူတစ်ဦးဟာ ပန်းခြံမှာထိုင်ပြီး ငိုနေခဲ့တယ်။ ဒါကို
"ဆိုကရေးတီး"ကတွေ့တော့ "ဘာဖြစ်လို့ ဒီလောက် ၀မ်းနည်းပက်လက်
ငိုကြွေးနေသလဲ" လို့ မေးလိုက်တယ်။

အသည်းကွဲသူက "ကျွန်တော့်ချစ်သူ ကျွန်တော့်ကိုထားသွားလို့
အရမ်းခံစားရနေတယ်" လို့ ပြန်ဖြေတယ်။ သူ့အဖြေကို ကြားတာနဲ့ ဆိုကရေးတီးက
တဟားဟား အော်ရယ်ပြီး "မင်း တော်တော်တုံးတယ်" လို့ ပြန်ပြောလိုက်တယ်။

အသည်းကွဲသူက ကိုယ့်အဖြစ်ကို လှောင်ရယ်နေတဲ့ ဆိုကရေးတီးကို ဒေါသဖြစ်ပြီး
"ခင်ဗျား ဘာရီတာလဲ.. ကျွန်တော်ဒီလောက်ခံစားနေရတာကို မနှစ်သိမ့်တဲ့အပြင်
ရီနေရသလား" လို့ ပြောတော့ "မင်းတော်တော်တုံးတယ်။ ဒါကို မင်းဝမ်းနည်းနေစရာ
မလိုဘူး။ ၀မ်းနည်းရမှာက မင်းကို ထားသွားခဲ့တဲ့လူကွ.. မင်းကို မချစ်တဲ့
လူတစ်ယောက်ကိုပဲ မင်းဆုံးရှုံးသွားတာ.. သူက သူ့ကိုချစ်တဲ့ လူတစ်ယောက်ကို
ဆုံးရှုံးတဲ့အပြင် လူတစ်ယောက်ကိုချစ်တဲ့ စွမ်းရည်တွေပါ ကျသွားတာ" လို့
ဆိုကရေးတီးက ပြန်ဖြေခဲ့တယ်။

ကိုယ့်ကိုကိုယ် အရင်ပြင်♥♥♣♥

တစ်ခါတုံးက အမျိုးသမီးတစ်ယောက်က သူ့သားလေးကို လက်ဆွဲပြီး ဂန္ဒီကြီး ဆီကို လာတယ်။
"ဂန္ဒီကြီး… ကျွန်မသားလေး က အချိုတွေ သိပ်စားတယ်။ ကျွန်မလဲပြောတာပဲ…
မရဘူး။ ကလေးက စားမြဲ စားတာပဲ။ အဲဒါ ဂန္ဒီကြီး ဆုံးမပေးပါအုံးရှင့်"
ဆိုပြီး လာပြောတယ်။
ဂန္ဒီကြီးက ပြုံးပြုံးရွှင်ရွှင်နဲ့ "နောက် တစ်လလောက် နေမှ ပြန်လာခဲ့"
လို့ပြောလိုက်တယ်။
ဒီလိုနဲ့ တစ်လလောက်ကြာတော့ အဲဒီအမျိုးသမီး နဲ့ သူ ကလေး ပြန်ရောက်လာပြန်တယ်။
အဲဒီတော့မှ ဂန္ဒီကြီးက ကလေးကို ကြင်နာစွာနဲ့ကြည့်လိုက်ပြီး "သားလေး…
အချိုတွေ သိပ်မစားနဲ့" လို့ ရိုးရိုးလေးပဲပြောလိုက်တယ် ။
အဲဒီတော့ ကလေးလေး က ရွှန်းရွှန်းစားစား ပြန်ကြည့်ပြီး "ဟုတ်ကဲ့" လို့ပြောလိုက်တယ်။
အဲလိုနဲ့ ကလေး အမေက "ဂန္ဒီကြီးရယ် ဒါလေးပြောတာများ အရင်လတည်းက
ပြောလိုက်ရောပေါ့" လို့ပြန်ပြောလိုက်မိတယ်။
အဲဒီတော့မှ ဂန္ဒီကြီးက "ငါလည်း အရင်တုံးက အချိုတွေသိပ်စားတယ်… ဒါပေမယ့်
အရင်တလက စပြီး ငါအချိုတွေ မစားတော့ဘူး… ရှောင်လိုက်ပြီ… ဒီကလေးကို
အချိုမစားနဲ့ လို့ ဆုံးမဖို့ ဆိုတာက ငါက အရင်ဦးဆုံး အချိုမစားတဲ့သူ
ဖြစ်ရမယ်။"

ကဲ ... ဘယ်လိုလဲ သူငယ်ချင်းတို့ ရေ ... ပုံပြင်လေးကပြောထားတာတော့
ရှင်းရှင်းလေးပါပဲ ... သူများကို ဆုံးမပြုပြင်ပေးချင်ရင်
အရင်ဆုံးကိုကိုတိုင်လည်းပြန်ဆုံးမပြူပြင်ထားပို့ လိုအပ်တယ်ဆိုတဲ့
အကြောင်းလေးပေါ့ရှင်...
တစ်ခါတုံးက အမျိုးသမီးတစ်ယောက်က သူ့သားလေးကို လက်ဆွဲပြီး ဂန္ဒီကြီး ဆီကို လာတယ်။
"ဂန္ဒီကြီး… ကျွန်မသားလေး က အချိုတွေ သိပ်စားတယ်။ ကျွန်မလဲပြောတာပဲ…
မရဘူး။ ကလေးက စားမြဲ စားတာပဲ။ အဲဒါ ဂန္ဒီကြီး ဆုံးမပေးပါအုံးရှင့်"
ဆိုပြီး လာပြောတယ်။
ဂန္ဒီကြီးက ပြုံးပြုံးရွှင်ရွှင်နဲ့ "နောက် တစ်လလောက် နေမှ ပြန်လာခဲ့"
လို့ပြောလိုက်တယ်။
ဒီလိုနဲ့ တစ်လလောက်ကြာတော့ အဲဒီအမျိုးသမီး နဲ့ သူ ကလေး ပြန်ရောက်လာပြန်တယ်။
အဲဒီတော့မှ ဂန္ဒီကြီးက ကလေးကို ကြင်နာစွာနဲ့ကြည့်လိုက်ပြီး "သားလေး…
အချိုတွေ သိပ်မစားနဲ့" လို့ ရိုးရိုးလေးပဲပြောလိုက်တယ် ။
အဲဒီတော့ ကလေးလေး က ရွှန်းရွှန်းစားစား ပြန်ကြည့်ပြီး "ဟုတ်ကဲ့" လို့ပြောလိုက်တယ်။
အဲလိုနဲ့ ကလေး အမေက "ဂန္ဒီကြီးရယ် ဒါလေးပြောတာများ အရင်လတည်းက
ပြောလိုက်ရောပေါ့" လို့ပြန်ပြောလိုက်မိတယ်။
အဲဒီတော့မှ ဂန္ဒီကြီးက "ငါလည်း အရင်တုံးက အချိုတွေသိပ်စားတယ်… ဒါပေမယ့်
အရင်တလက စပြီး ငါအချိုတွေ မစားတော့ဘူး… ရှောင်လိုက်ပြီ… ဒီကလေးကို
အချိုမစားနဲ့ လို့ ဆုံးမဖို့ ဆိုတာက ငါက အရင်ဦးဆုံး အချိုမစားတဲ့သူ
ဖြစ်ရမယ်။"

ကဲ ... ဘယ်လိုလဲ သူငယ်ချင်းတို့ ရေ ... ပုံပြင်လေးကပြောထားတာတော့
ရှင်းရှင်းလေးပါပဲ ... သူများကို ဆုံးမပြုပြင်ပေးချင်ရင်
အရင်ဆုံးကိုကိုတိုင်လည်းပြန်ဆုံးမပြူပြင်ထားပို့ လိုအပ်တယ်ဆိုတဲ့
အကြောင်းလေးပေါ့ရှင်...

အေးချမ်းစွာရှင်သန်ခြင်း♥♥

တစ်ခါက ဥရောပတိုက်ဘက်မှာ ဘုရင်တစ်ပါးရှိတယ်။ အဲဒီဘုရင်ဟာ
သူ့ဥယျာဉ်ထဲမှာရှိတဲ့ ပန်းပင်တွေ၊

သစ်ပင်တွေနဲ့ စကားပြောလေ့ရှိတယ်။ သူဟာ ဥယျာဉ်ထဲရောက်တဲ့ အခါတိုင်း
အပင်တွေကို အရမ်းပွင့်၊

အရမ်းသီးခိုင်းလေ့ ရှိတယ်။ တစ်နေ့မှာ သူဟာ ဥယျာဉ်ကြီးထဲကို ရောက်သွားတယ်၊
ဝက်သစ်ချပင်ကြီးဟာ ညှိုးပြီး

ခြောက်သွေ့ နေတယ်၊ အဲဒီတော့ "ဘာဖြစ်တာလဲ" လို့ သူက မေးလိုက်တယ်၊ ၀က်သစ်ချပင်ကြီးက

"ဘယ်လိုဖြစ်ရမှာတုံး၊ ကျုပ်က ထင်းရှူးပင်ကိုတုပြီး အပေါ်ကို တက်တော့
ထင်းရှူးပင် မဟုတ်လေတော့

အမြစ်အားက မခံနိုင်တော့ သေရတာပေါ့"။ အဲဒါနဲ့ ထင်းရှူးပင်ဆီကို
သွားပြန်တော့ ထင်းရှူးပင်ကြီးက

ကိုင်းပြီးကွေးကျနေတယ်။ အဲဒီတော့ ထင်းရှူးပင်ကြီးကို "ဘယ်လိုဖြစ်တာလဲ"
လို့ဘုရင်ကြီးက မေးလိုက်ပြန်တယ်။

အဲဒီတော့ ထင်းရှူးပင်ကြီးက "ကျုပ်ကလည်း စပျစ်ပင်ကြီးကို အားကျပြီး
အသီးတွေ အရမ်းသီးလိုက်တယ်၊ စပျစ်ပင်
မဟုတ်လေတော့ မခံနိုင်တော့ဘဲ အခုလို အရမ်း ကွေးသွားတာပေါ့" လို့ပြောတယ်။
စပျစ်ပင်ကြီးကလည်း

သေမလိုဖြစ်နေတယ်၊ "ဘယ်လိုဖြစ်တာလဲ" လို့မေးတော့ "ကျုပ်က နှင်းဆီပင် ကို
အားကျပြီး သူလို လိုက်ပွင့်တာဗျို့၊

အဲဒီတော့ စပျစ်သီးလည်း မသီးတော့ဘူး၊ နှင်းဆီပန်းလဲ မပွင့်တော့ပဲ အခုလို
သေလုမျောပါး ဖြစ်သွားရတာပဲ"

လို့ပြောပြန်တယ်။ အဲဒီမှာ ဘုရင်ကြီးက ဆက်ပြီးလျှောက်သွားတဲ့ အခါမှာ
အပင်လေးတစ်ပင်ကို တွေ့တယ်။ အပင်က
သိပ်မကြီးပါဘူး။ အရွက်လေးတွေ အကိုင်းအခက်လေးတွေလည်း စိုစိုပြေပြေနဲ့၊
အပွင့်က ရနံ့လေးတွေကလည်း

သင်းပျံ့လို့၊ အဲဒီအပင်ရဲ့ နာမည်က Heart's Ease (နှလုံးအေးချမ်း ပန်း)
လို့ခေါ်လေ့ ရှိတဲ့ အပင်လေးပါပဲ။

ဘုရင်ကြီးက အဲဒီအပင်လေးကို ကြည့်ပြီး "ငါ့ရဲ့ ဥယျာဉ်တစ်ခုလုံး မှာရှိတဲ့
အပင်တွေ သေတာတွေ သေကုန်ပြီ၊

တချို့လည်း သေလုမျောပါ ဖြစ်နေပြီ။ နှလုံးအေးချမ်းရယ်… မင်းကတော့
ရှင်သန်စိုပြေလို့ ပါလား… ဘာကြောင့်လဲ"

လို့မေးလိုက်တယ်။ အဲဒီမှာ အပင်ကလေးက ဘာပြန်ပြောသလဲ ဆိုတော့ "အသင်မင်းကြီး
ကျွန်ုပ်ကို ဒီဥယျာဉ်မှာ

စိုက်ကတည်းက နှလုံးအေးချမ်းကို နှလုံးအေးချမ်းလိုပဲ ဖြစ်စေချင်ပုံရပါတယ်…
ဝက်သစ်ချပင်လို မဖြစ်စေချင်ဘူး…

ဒါကြောင့် ၀က်သစ်ချပင်ကိုလည်း အားမကျခဲ့ဘူး… အဲဒီလိုပဲ
ထင်းရှူးပင်မြင့်မြင့်ကြီးတွေကို လည်း အားမကျခဲ့ဘူး…

အသီးတွေပြွတ်နေအောင်သီးတဲ့ စပျစ်ပင်ကိုလည်း အားမကျခဲ့ဘူး… အပွင့်ကြီးတွေ ဝေဆာနေတဲ့

နှင်းဆီပင်ကိုလည်း အာမကျခဲ့ဘူး… နှလုံးအေးချမ်းဟာ နှလုံးအေးချမ်းလိုပဲ
နေခဲ့တယ်… နှလုံးအေးချမ်းလိုပဲ

ရှင်သန်ခဲ့တယ်… အားကျပြီး ဘာကိုမှမလုပ်ခဲ့ဘူး… ဒါကြောင့် နှလုံးအေးချမ်း အဖြစ်နဲ့ပဲ

ရှင်သန်ရပ်တည်နေနိုင်တာပေါ့ … တခြားဘာမှမဟုတ်ဘူး" လို့ပြန်ပြီးပြောလိုက်တယ်… .


ကဲဒီပုံပြင်လေးရဲ့ ဆိုလိုရင်းကလည်းရှင်းလှပါတယ်နော် .... သူတဖက်သားကို
အတုယူပြီးအားကြပြီး လိုက်တုတာ မကောင်းသောအကြင့်လို့ မဆိုလိုနိုင်ပေမဲ့
.... မတုရင် တုလို့ မရတာတွေ အများကြိီးပါရှင် .. ဒါကြောင့်
ကိုပိုင်ဆိုင်တဲ့ အရည်ချင်း ကိုရထားတဲ့ ဘ၀ကိုသာ ပိုမိုကောင်းမွန်အောင်
ကြိုးစားမယ်ဆိုရင် ... ဒီပုံပြင်လေးထဲက နှလုံးအေးချမ်း အပင်လေးလို့ပဲ
နှလုံးအေးချမ်းစွာ ရှင်သန်ရပ်တည်နေနိုင်မှာပါ ရှင် ...

ဒီပုံပြင်လေးကတော့ ဟာသလေးနဲ့ ဆုံးမထားတဲ့ ရိုးရိုးရှင်းရှင်းပုံပြင်လေးပါ
ပဲရှင် .. လွယ်ကူလွန်းတဲ့ အတွက်သဘောပေါက်လဲ လွယ်ကူလှပါတယ်
ဖတ်ကြည့်ကြအုံးနော် ...

ဖတ်မိသမျှ မှတ်မိသမျှ

ကျွန်တော် တန်ဖိုးထားချင်ခဲ့တဲ့ အချစ်မျိုးပါ….

ဆေးရုံတစ်ခုလုံး အလုပ်များလွန်းနေတဲ့တစ်နေ့ မနက်ခင်း ၈နာရီခွဲ အချိန်လောက်မှာ
>> အသက် ၈၀ အရွယ် အဘိုးအိုတစ်ယောက် ဆေးရုံကို ရောက်လာတယ်.. အရင်တစ်ပတ်က
>> ခွဲစိတ်ထားတဲ့ သူ့လက်ပေါ်က ချုပ်ရိုးကို ပြန်ဖြေဖို့ ရောက်လာတာပါ.. သူက ဆေးရုံ
>> ရောက်ရောက် ချင်းဘဲ ကျွန်တော့ကို ပြောတယ်….
>>
>> “ကိုးနာရီလောက်မှာ အဖိုး ချိန်းထားတာလေးတစ်ခု ရှိလို့ အရင်လိုနေတယ်..
>> အဖိုးကို အမြန်လုပ်ပေးပါ လူလေးရယ် …”
>>
>> ကျွန်တော်က သူ့နံမည် အသက် စတာတွေကို စာအုပ်ထဲရေးသွင်းလိုက်ရင်း “ အဖိုး
>> ခနလောက်ထိုင်ပါဦးခင်ဗျာ” လို့ လှမ်းပြောလိုက်တယ်….. သူ့ဒဏ်ရာက ချုပ်ရိုးကို
>> ဖြေဖို့ဆိုရင် ဆရာဝန် တစ်ယောက်ယောက် အားဖို့ အနည်းဆုံးတစ်နာရီကျော်လောက်တော့
>> စောင့်ရလိမ့်မယ်ဆိုတာ ကျွန်တော် သိတယ်… ကျွန်တော် က သူ့ရဲ့အလျှင်စလို
>> ဖြစ်နေတဲ့
>> အမူအရာကြောင့် ဒီဆေးရုံမှာ လောလောဆည် အလုပ်သိပ်မများတဲ့ ကျွန်တော် ကဘဲ
>> ကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်…
>>
>> အနာကို စစ်ဆေးကြည့်တော့ အားလုံးအခြေအနေကောင်းတယ်.. အနာလဲကျက်နေပြီ … ဒါနဲ့
>> ကျွန်တော်က ဆရာဝန်တစ်ယောက်ကို အနာ ချုပ်ရိုး ဖြေဖို့ လိုအပ်တဲ့ ကိရိယာ
>> တန်ဆာပလာတွေ ယူလာဖို့ လှမ်းပြော လိုက်တယ်… ချုပ်ရိုးဖြေနေရင်းနဲ့ ကျွန်တော်က
>> သူ့ကို စကား စပြောလိုက်တယ်…
>>
>> “အဖိုး ဘာတွေများ အရေးတကြီး ချိန်းထားတာရှိလို့လဲ ဒီလောက်အရင်လိုနေတာ…”
>>
>> “ မဟုတ်ပါဘူးလူလေးရယ်… အဖိုး မိန်းမနဲ့ မနက်စာ အတူစားဖို့အတွက်
>> လူနာစောင့်ရှောက်ရေးဂေဟာကို သွားမလို့ပါ… အဖိုးက မနက်တိုင်းကို သူနဲ့အတူတူ
>> မနက်စာ စားနေကြလေ…..”
>>
>> “အော်.. အဖိုးမိန်းမက လူနာစောင့်ရှောက်ရေးဂေဟာမှာလား …
>> နေမကောင်းလို့လားခင်ဗျာ…”
>>
>> “အင်း.. သူက အယ်လ်ဇိုင်းမားရောဂါကြောင့် ကုသ စောင့်ရှောက်မှုခံယူဖို့ အဲဒီမှာ
>> ရောက်နေတာပါကွယ်..”
>>
>> ကျွန်တော်က အဖိုးကို ကျီစယ်ချင်တာနဲ့
>>
>> “တကယ်လို့ နံနက်စာစားဖို့ အဖိုး နည်းနည်း နောက်ကျရင် အဖွားက အဖိုးကို
>> စိတ်ဆိုးမှာလား”..
>>
>> *“သူ က အဖိုးဘယ်သူဆိုတာကိုတောင် မသိတော့ပါဘူးကွယ်…. အဖိုးကို မမှတ်မိတော့တာ
>> ခုဆို ၅နှစ်လောက်တောင် ရှိပါပြီ..”*
>>
>> ကျွန်တော် အတော်လေးအံ့သြသွားတယ်.. “အိုး.. ဒါနဲ့တောင် အဖိုးက မနက်တိုင်း
>> မနက်တိုင်း မနက်စာအတူ စားဖို့သွားနေသေးတယ်နော်..အဖိုး ဘယ်သူ ဘယ်ဝါ
>> ဆိုတာကိုတောင် သူက မမှတ်မိတော့ဘဲနဲ့များ…”
>>
>>
>> အဖိုးအိုက ပြုံးလိုက်တယ်…. ပြီးတော့ ကျွန်တော့လက်ကို အသာအယာ
>> ဆုပ်ကိုင်လိုက်ပြီးတော့ ပြောတယ်..
>>
>> *” သူအဖိုးကို မသိတော့တာ မှန်ပါတယ်…. ဒါပေမဲ့ အဖိုးက သူဘယ်သူဆိုတာ
>> သိနေတယ်လေ တဲ့
ဖတ်မိသမျှ မှတ်မိသမျှ

ဂရုမစိုက်နဲ့

လူတွေကကိုယ်ကိုဘယ်လိုမြင်တယ်ဆိုတာထက် ကိုယ်ကဘာဆိုတာ ကိုယ်တိုင်သိဖို့အရေးကြီးပါတယ်
ဒါကြောင့် သူများတွေကိုယ့်ကိုဘယ်လိုမြင်တယ် ဆိုတာ ဂရုမစိုက်ပါနဲ့ ..ကိုယ့်ပန်းတိုင်သာအရောက်လှမ်းပါ
တနေ့ကိုယ်ဘာဆိုတာ အလုပ်နဲ့သက်သေပြတာအကောင်းဆုံးသက်သေပြမှုပါ....


တစ်ခါတုန်းက ရွာလေးတစ်ရွာမှာ ကဋ္ဌရူပါလို့ ခေါ်တဲ့ သစ်ရုပ်လူသားလေူတွေ နေထိုင်ကြတယ်။ အဲဒီ ကဋ္ဌရူပါလေးတွေအားလုံးကို ပန်းပုပညာရှင်ကြီး ဦးဉာဏ်ကြွယ်က ထုထားသတဲ့။ အဲဒီ အဖိုးဦးဉာဏ်ကြွယ်ဟာ တစ်ရွာလုံးကို အပေါ်စီးကနေမြင်ရတဲ့ သူအလုပ်လုပ်တဲ့ အလုပ်ရုံလေးမှာ နေတယ်။ အဲဒီ ကဋ္ဌရူပါလေးတွေဟာ တချို့က နှာခေင်းကြီးပြီး၊ တချို့က မျက်လုံးပြူးပြူး၊ တချို့ကတော့ အရပ်ပုပုနဲ့ တချို့ကတော့ ဦးထုပ်တွေ ဘာတွေဆောင်းထားပြီး၊ တချို့များဆို ကုတ်အင်္ကျီတွေတောင် ၀တ်ထားကြတယ်။ တစ်ယောက်နဲ့တစ်ယောက်မတူဘဲ ပုံစံတစ်မျိုးစီ ရှိကြတာပေါ့။ ဒါပေမဲ့ သူတို့အားလုံးကို ပန်းပုဆရာ တစ်ယောက်ထဲက ထုလုပ်ထားတာဖြစ်သလို သူတို့အားလုံးဟာ တစ်ရွာထဲမှာပဲ နေထိုင်ကြတယ်။
အဲဒီ ကဋ္ဌရူပါလေး တစ်ယောက်စီတိုင်းမှာ သေတ္တာလေးတစ်လုံးစီ ရှိကြတယ်။ အဲဒီ သေတ္တာလေးတွေထဲမှာတော့ ကြယ်ပုံလေးတွေနဲ့ အမဲဝိုင်းပုံလေးတွေပါသတဲ့၊ ဒီ့ပြင် သူတို့ဟာ တစ်မြို့လုံးအနှံ့ လမ်းတကာ လမ်းလျှောက်သွားပြီး ကြယ်ပုံလေး ဒါမှမဟုတ် အမဲဝိုင်းလေးတွေကို တစ်ယောက်နဲ့တစ်ယောက် အမှတ်အသားလုပ်ပြီး ကိုယ်ပေါါ်မှာ ကပ်ပေးတတ်ကြတယ်။
သူတို့တွေ အားလုံးဟာ အဲဒီအလုပ်ကိုပဲ နေ့တိုင်း၊ နေတိုင်း တစ်နေကုန်၊ တစ်နေခန်း လုပ်ကြသတဲ့။ များသောအားဖြင့် ရုပ်လှလှလေး၊ မျက်နှာပြင် ချောချောမွတ်မွတ်လေး၊ ဆေးရောင်တောက်တောက်လေးတွေနဲ့ ကဋ္ဌရူပါလေးတွေဆိုရင် ကြယ်ပုံအမှတ်အသားလေးတွေကို ကပ်ပေးတတ်ကြတယ်။
အဲဒီလိုမှမဟုတ် မျက်နှာကြမ်းကြမ်းနဲ့ ဆေးရောင်ပြယ်နေတဲ့ ကဋ္ဌရူပါလေးတွေကိုတွေ့ရင် အမဲဝိုင်းလေးတွေ ကပ်ပေးတတ်ကြတယ်။
ဒီ့ပြင် တစ်ခုခုမှာ ထူးချွန်တဲ့သူတွေကိုလည်း၊ ကြယ်ပုံလေးတွေ ကပ်ပေးတတ်ကြတယ်။
ဥပမာအားဖြင့် သစ်ချောင်းကြီးကြီးတွေကို ခေါင်းပေါ်အထိ မ နိုင်တဲ့သူ၊ သေတ္တာတွေဆင့်ပြီး အမြင့်ကြီးအထိ ခုန်နိုင်တဲ့သူ၊ ဒါမှမဟုတ် စကားလုံးခက်ခက်ကြီးတွေရဲ့ အဓိပ္ပာယ်ကို သိတဲ့သူမျိုးတွေနဲ့ သီချင်းအဆိုကောင်းတဲ့ သူတွေလိုမျိုးပေါ့၊ တချို့များဆို တစ်ကိုယ်လုံးမှာ ကြယ်တွေနဲ့ အပြည့်ပဲ။ ကြယ်ပုံရတဲ့ သူတိုင်းဟာ သူတို့ကိုယ်သူတို့ ၀မ်းသာဂုဏ်ယူတတ်ကြသတဲ့။
ဒါကြောင့် ကဋ္ဌရူပါလေးတွေဟာ နောက်ထပ်၊ နောက်ထပ် ကြယ်ပုံတွေရဖို့ တစ်မျိုးပြီးတစ်မျိုး ကြိုးစားလုပ်ဆောင်ကြသတဲ့၊ အဲဒီလို ကြိုးစားလုပ်ဆောင်ပေမယ့် တချို့မလုပ်နိုင်သူတွေမှာတော့ အမဲဝိုင်းအမှတ်အသားတွေပဲ အပေးခံရတယ်။
ဖိုးမောင်လို့အမည်ရှိတဲ့ ကဋ္ဌရူပါလေးဟာလည်း အဲဒီလိုသူမျိုးထဲမှာ တစ်ယောက်အပါအ၀င်ပေါ့။ သူများတွေလို အမြင့်ကြီးရောက်အောင် ကြိုးစားခုန်ကြည့်ပေမယ့် အမြဲတမ်း ပြန်ပြန်ပြုတ်ကျလာတတ်တယ်။ အဲဒီလိုပြုတ်ကျတဲ့ အချိန်မှာ အခြားသူတွေက ၀ိုင်းလာကြပြီး သူကို အမဲဝိုင်းလေးတွေ ကပ်ပေးကြတော့တာဘဲ။
အဲဒီလို ခုန်ရင်းပြုတ်ကျလို့ တစ်ခါတလေကိုယ်ပေါ်မှာ အစင်းရာထင်ကျန်ရင် အမဲဝိုင်းတွေ ထပ်ကပ်ပေးကြပြန်ရော။ ဒါကြောင့် သူစိတ်ပျက်လာပြီး သူဘာကြောင့် ပြုတ်ကျရတယ် ဆိုတဲ့ အကြောင်းကို ကြမ်းကြမ်းတမ်း ပြောမိလို့ဆိုပြီး အမဲဝိုင်းတွေ ပိုပြီးတော့ တောင်မှ ကပ်ပေးသေးတယ်။
အဲဒါကြောင့်လည်း အချိန်တခဏလေးအတွင်းမှာဘဲ သူကိုယ်ပေါ်မှာ အမဲဝိုင်းတွေအများကြီး အကပ်ခံလိုက်ရတာကြောင့် အပြင်ကိုတောင် မထွက်ချင်တော့ဘူး၊ အကယ်၍ ဦးထုတ် မေးကျန်ခဲ့တာမျိုး၊ ရေထဲ ချော်ကျသွားတာမျိုးတို့လို အမှားတစ်ခုခု ထပ်မှာမိပြီး နောက်ထပ် အမဲဝိုင်းတွေ အကပ်ခံရမှာကိုလည်း ကြောက်နေရတယ်။ ဒါတောင် ဘာအမှားမှ မလုပ်ဘဲနဲ့ ကိုယ်ပေါ်မှာ အမဲဝိုင်းတွေ အများကြီး အကပ်ခံထားရလို့ ဆိုပြီး နောက်ထပ် အမဲဝိုင်းတစ်ခု အကြောင်းမရှိ အသားလွတ် လာကပ်သွားတာမျိုးက ရှိသေးတယ်။
" သူဟာ သစ်ရုပ်လူသားကောင် မဟုတ်လို့ အမဲဝိုင်းပုံတွေနဲ့ပဲတန်တယ် " လို့ အားလုံးက တညီတညွတ်တည်း ယူဆထားကြတယ်။ နောက်ပိုင်းတော့ ဖိုးမောင်လည်း သူတို့ပြောတာ ဟုတ်မှာပါလေလို့ ယုံလာပြီး " ငါကိုယ်တိုင်ကိုယ်က အသုံးမကျတာပါ " လို့ သူ့ကိုယ်သူ ယူဆလာတယ်။
ရက်တော်တော်ကြာမှ တစ်ခေါက်လောက် အပြင်ထွက်ရင်လည်း သူ့လိုပဲ အမဲဝိုင်းအများကြီး အကပ်ခံထားရတဲ့ သူတွေရှိတဲ့ နေရာမျိုးတွေကိုပဲ သူသွားတယ်။
အဲဒါမှ သူ့အတွက် စိတ်အေးလက်အေး နေသာထိုင်သာရှိသေးတယ်။
တစ်နေ့တော့ သူတစ်ခါမှ မတွေ့ဘူးတဲ့ သိပ်ထူးဆန်းတဲ့ ကဋ္ဌရူပါလေး တစ်ဥိးနဲ့ ဆုံမိတယ်။ သူ့နာမည်က မပွင့်လို့ခေါ်တယ်။ သူက သစ်သားနဲ့ လုပ်ထားတာပါပဲ။ ဒါပေမဲ့ သူ့မှာက ဘာအမှတ်အသားမှ မရှိဘူး။ အဲဒီ ကဋ္ဌရူပါလေးကို ကြည့်ပြီး သူစဉ်းစားမိတယ်။ ဘယ်သူကမှ သူ့ကို ဘာအမှတ်အသားမှ ကပ်မပေးဘူး ဆိုတာတော့ မဖြစ်နိုင်ဘူး၊ ကပ်လို့မရတာနေမှာ။ အကယ်၍ တချို့သူတွေက သူ့ကိုယ်ပေါ်မှာ ဘာအမဲဝိုင်း အမှတ်အသား တစ်ခုမှမရှိလို့ဆိုပြီး ကြယ်ပုံတွေကပ်ပေးမှာပဲ။ ဒါမှမဟုတ် တချို့ကလဲ ဘာကြယ်ပုံတစ်ခုမှ ရအောင် မလုပ်နိုင်လို့ဆိုပြီး အမဲဝိုင်းပုံတွေ လာကပ်ပေးမှာဘဲ။ ကပ်လို့မရတာ၊ ဒါမှမဟုတ် ပြန်ပြုတ်ကျကုန်တာပဲနေမှာ " ငါလဲသူ့လိုမျိုး ဖြစ်ချင်လိုက်တာ၊ ငါ့ကိုဘာအမှတ်အသားမှ ပေးတာ ငါမကြိုက်ဘူး " ဆိုပြီး သူအားကျလာမိတယ်။
ဒါကြောင့် အမှတ်အသားတစ်ခုမှမရှိတဲ့ ကဋ္ဌရူပါလေးကို ဘယ်လိုလုပ်ယူသလဲလို့ မေးလိုက်တယ်။
"ဒါကလွယ်ပါတယ်၊ နေတိုင်း အဖိုးဉာဏ်ကြွယ်နဲ့ သွားတွေ့လို့ပေါ့"လို့ မပွင့်လေးကပြန်ဖြေတယ်။
"အဖိုး ဦးဉာဏ်ကြယ်ဟုတ်လား"
"ဟုတ်တယ်။ ပန်းပုဆရာကြီး ဦးဉာဏ်ကြွယ်ပေါ့။ သူအလုပ်လုပ်တဲ့နေရာသွားပြီး သူနဲ့စကားသွားပြောတာလေ"
"ဘာဖြစ်လို့ သွားစကားပြောရတာလဲ"
"ဒါကတော့ နင်ကိုယ်တိုင် လက်တွေ့ စမ်းသပ်ကြည့်ပေါ့။ တောင်ကုန်းပေါ်တက်သွားပါလား၊ အဖိုးရှိတယ်" လို့ပြောပြီး မပွင့်ကလေးဟာ လှစ်ခနဲ လှည့်ပေးသွားတော့တယ်။
"ဒါပေမယ့် သူကငါ့ကို တွေ့ချင်မလား"လို့ ဖိုးမောင် မကျေမနပ် အော်မိတယ်။
ဒါမေမယ့် မပွင့်ကလေးကတော့ အဝေးကြီးရောက်နေပြီမို့ မကြားတော့ဘူး၊ ဒါနဲ့ပဲ အိမ်ကိုပြန်လာခဲ့တေယ်။
ပြူတင်းပေါက်နားမှာ နေပြီတော့ ကဋ္ဌရူပါလေးတွေအားလုံး ကြယ်ပုံတွေနဲ့ အမဲဝိုင်းလေးတွေကို တစ်ယောက်နဲ့ တစ်ယောက် အပြေးအလွှား လိုက်ကပ်ပေးနေတာကိုထိုင်ကြည့်ပြီး သူစိတ်ကုန်လာတယ်။
"'ဒါတွေကမှားတယ်"လို့ သူယူဆလာတယ်။ ဒါကြောင့် အဖိုးဦးဉာဏ်ကြွယ်ဆီသွားဖို့ သူဆုံးဖြတ်လိုက်တယ်။
သူဟာ လျှောက်လှမ်းကျဥ်းကျဉ်းလေးအတိုင်း လျှောက်ကာ တောင်ပေါ်တက်လာပြီး အိမ်ထဲကိုလှမ်းဝင်လိုက်တာနဲ့ အဲဒီအခန်းထဲက ပစ္စည်းတွေကို ကြည့်ပြီး မျက်လုံးပြူးသွားတယ်။ ထိုင်ခုံ တစ်လုံးဟာဆိုရင် သူ့အရပ်လောက်ရှည်တယ်။ အလုပ်လုပ်တဲ့ထိုင်ခုံအပေါ်ကို မြင်နိုင်ဖို့ဆိုရင် သူခြေဖျားတောင်ထောက်ရသေးတယ်။ တူတစ်ချောင်း၊ တစ်ချောင်းဆိုရင်လည်း သူ့လက်မောင်းလောက်ရှည်တယ်။ အဲဒါတွေကိုကြည့်ပြီး "တော်ပြီ၊ ဒီနေရာမှာမနေဘူး" ဆိုပြီး လှည့်ထွက်မယ်လုပ်တုံး အသံတစ်သံကြားရတယ်။
"ဖိုးမောင်လား" ဆိုပြီး မေးလိုက်တဲ့ အသံဟာ လေးလေးနက်နက်နဲ့ သြဇာမာန်အပြည့် ပါနေတာကြောင့် သူရပ်လိုက်မိတယ်။ "အေး-ဖိုးမောင်ရာ ငါမင်းကို တွေ့ရတာအရမ်းဝမ်းသာပါတယ်။ လာပါအုံး မင်းကိုငါကြည့်ပါရစေအုံး" ဖိုးမောင်ဟာ တုံ့ခနဲရပ်လိုက်ပြီး တဖြည်းဖြည်းချင်းလှည်ကာ မုတ်ဆိတ်မွှေးအရှည်ကြီးနဲ့ ပန်းပုဆရာကြိးကို ကြည့်ပြိးတော့ "အဖိုးက ကျွန်တော့နာမည်ကို သိတယ်ဟုတ်လား" "သိတာပေါ့၊ မင်းကို ငါကိုယ်တိုင် ထုလုပ်ထားတာပဲ" လို့ ပြန်ဖြေလိုက်တယ်။
အဲဒီနောက် ဆရာကြီးဟာ ဖိုးမောင်ကလေးကို မ ပြီး သူအလုပ်လုပ်တဲ့ စားပွဲပေါ်တင်ပေးလိုက်တယ်။ ပြီးတော့ "အင်း-သူများတွေက မင်းကို ၀ိုင်းပေးထားတဲ့ မှတ်ချက်တွေကလည်း မကောင်းပါလား"လို့ သူ့ကိုယ်က အမဲဝိုင်းလေးတွေကို သေချာကြည့်ပြီး ပြောလိုက်တယ်။ "ကျွန်တော်လည်း ဒါမျိုးတွေမရချင်လို့ ကြိုးစားခဲ့ပါတယ်" "ကလေးရယ် ငါ့အရှေ့မှာ မင်းကိုမင်းကာကွယ်ဖို့ ဆင်ခြင်တွေပေးစရာမလိုသလို အခြားသူတွေ မင်းကို ဘယ်လိုထင်တယ်ဆိုတာလည်း ငါဂရုမစိုက်ဘူး"
"တကယ်လား"
"တကယ်ပေါ့ မင်းလည်းသိပ်ဂရုမစိုက်နဲ့၊ မင်းစဉ်းစားကြည့်၊ မင်းကို အမှတ်အသားတွေ ၀ိုင်းပေးကြတဲ့သူတွေက ဘယ်သူတွေလဲ၊ မင်းလို သစ်သားရုပ်လူသားတွေပဲမဟုတ်လား၊ သူတို့မင်းကို ဘယ်လိုထင်လဲဆိုတာ အရေးမကြီးပါဘူး၊ ငါကမင်းကို ဘယ်လိုမြင်သလဲဆိုတာက ပိုအရေးကြီးတယ်။ ငါ့အတွက်တော့ မင်းဟာ အတော့်ကိုထူးခြားတယ်။"
ဖိုးမောင်ဟာ မဲ့ပြုံးပြုံးလိုက်င်္ပြး "ကျွန်တော်က ထူးခြားတယ်။ မဖြစ်နိုင်တာ ကျွန်တော်က လမ်းလည်းမြန်မြန်မလျှောက်နိုင်၊ ကျွန်တော်ရဲ့ကိုယ်ပေါ်က ဆေးရောတွေကလည်း အရောင်ပြယ်နေပါပြီ။ ဒါနဲ့များ ကျွန်တော်က အဖိုးအတွက် အရေးပါတဲ့သူ ဖြစ်နိုင်မှာလား" လို့ပြန်ပြောလိုက်တယ်။
ပန်းပုဆရာကြီးဟာ ဖိုးမောင်ကို စိုက်ကြည့်လိုက်ပြီး သူ့လက်နှစ်ဖက်နဲ့ ဖိုးမောင်ရဲ့ ပခုံးသေးသေးလေးတွေကို ဖက်လိုက်ကာ "မင်းကို ငါပိုင်တယ်။ ဒါကြောင့် မင်းဟာငါ့အတွက် အရေးပါတယ်" လို့ တစ်လုံးချင်းစီ ဖြည်းဖြည်းလေးပြောလိုက်တယ်။
ဖိုးမောင်ဟာ ဆရာကြီးကြည့်တဲ့ အကြည့်မျိုးနဲ့ တစ်ယောက်မှ သူ့ကို တစ်ခါလေးတောင်မှ မကြည့်ဖူးဘူး။ ဒါကြောင့် သူကြက်သေသေသွားပြီး ဘာပြန်ပြောရမလဲတောင်မသိတော့ဘူးပေါ့။
"မင်းဘယ်တော့လာမလဲဆိုပြီး ငါနေ့တိုင်းမျှော်နေတာ"ဆိုပြီး ဆရာကြီးက ဆက်ပြောတော့ "ဘာအမှတ်အသားမှ မရှိတဲ့ ကဋ္ဌရူပါလေး တစ်ယောက်ကပြောလို့လာတာ" လို့ပြန်ပြောလိုက်တယ်။ "ငါသိပါပြီ၊ သူကမင်းရဲ့အကြောင်းတွေငါ့ကိုပြောပြထားတယ်လေ" "သူကတော့ဘာဖြစ်လို့ အမှတ်အသားတစ်ခုမှ မရှိတာလဲ"လို့ ဖိုးမောင်က မေးလိုက်တယ်။
ဒီတော့ ဆရာကြီးက "ဘာကြောင့်လည်းဆိုတော့ အခြားသူတွေက သူ့ကို ဘယ်လိုထင်သလဲဆိုတာထက် ငါက သူ့အပေါ်ဘယ်လိုမြင်တယ်ဆိုတာကသာ အရေးကြီးတယ်လို့ သူယုံကြည်တယ်လေ။ အဲဒီ ဘာအမှတ်အသား ညာအမှတ်အသားဆိုတာတွေကလဲ ကိုယ်တိုင်လက်ခံမှ ကပ်လို့လို့ရတာပါ" လို့ သူ့ကို အေးအေးဆေးဆေးရှင်းပြတယ်။
"ဘာဖြစ်လို့လဲ"လို့ ဖိုးမောင်က ဆက်မေးတော့ "မင်းက အဲဒီအမှတ်အသားတွေကို အရေးတယူလုပ်ပြီး ဂရုစိုက်မှ မင်းကိုယ်ပေါ်မှာ ကပ်နေနိုင်တာပါ။ ဒါပေမယ့် အဲဒိအမှတ်အသားတွေကြောင့် စိတ်ဓာတ်ကျ စိတ်ပျက်ရတာတွေဟာလည်း၊ ငါမင်းကို ဘယ်လောက်အထိ ချစ်သလဲဆိုတာ နားလည်လာတာနဲ့အမျှ လျော့နည်းလာလိမ့်မယ်။" လို့ ဆရာကြီးကပြန်ဖြေတယ်။
"အဖိုးက ဘာကိုဆိုလိုတာလဲလို့ ကျွန်တော်မရှင်းဘူး"လို့ ဖိုးမောင်က ပြန်ပြောတော့ ဆရာကြီးက ပြုံးနေပြီး "မင်းနောက်တာ့ နားလည်လာမှာပါ"
"မင်းကိုယ်ပေါ်မှာ အမှတ်အသားတွေက များလွန်းတော့ အချိန်နည်းနည်းယူရမှာပေါ့။"
"လောလောဆယ် မှာလိုက်မယ်၊ မင်းငါ့ဆီကို နေ့တိုင်းလာပါ။" "မင်းကိုငါ ဘယ်လောက်ဂရုစိုက်သလဲဆိုတာ နားလည်လာလိမ့်မယ်" ထို့နောက် ပန်းပုဆရာကြီးဟာ သူ့ကိုစားပွဲပေါ်ကနေ မြေကြီးပေါ်ကိချပေးလိုက်တယ်။
ဖိုးမောင်ကလေးဟာ တံခါးဝဆီကို လမ်းလျှောက်လာတုန်း အဖိုးက လှမ်းပြီး ထပ်သတိပေးလိုက်တာကတော့ "မမေ့နဲ့နော်။ မင်းကိုငါကိုယ်တိုင် ထုလုပ်ထားတဲ့အတွက် ငါသိတယ်။ မင်းမှာသူမတူတဲ့ ထူးခြားချက်တွေရှိတယ်ဆိုတာ ယုံထားလိုက်။ ဘာဖြစ်လို့လဲဆိုတော့ ငါဘယ်တော့မှ မှားပြီးမလုပ်ဘူး" လို့ လှမ်းပြောလိုက်တဲ့ အသံကိုကြားပေမယ့် ရှေ့ဆက်လျှောက်သွားလိုက်တယ်။
သူစိတ်ထဲမှာတော့ ဆရာကြီးပြောတဲ့ စကားတွေဟာ အမှန်တွေပဲလို့ ခံစားလိုက်ရတယ်။ အဲဒိလို ဆရာကြီးရဲ့ စကားတွေကို ပြန်စဉ်းစားကြားယောင်နေတဲ့ အချိန်မှာဘဲ အမှတ်မထင် သူ့ကိုယ်ပေါ်က အမဲဝိုင်းလေးတစ်ခု ပြုတ်ကျသွားတာကိုတောင် သူသတိမထားမိတော့ဘူး။

ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်

တစ်ခါက လူကြီးတစ်ယောက်ဟာ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေဖို့အတွက် သူ့ရဲ့သားကို ပညာရှိတစ်ဦးထံ စေလွှတ် လိုက်ပါတယ်.. လူငယ်လေးဟာလည်း စူးစမ်းလိုစိတ်ရဲ့ ဦးဆောင်မှုနဲ့ ပညာရှိကြီး ရှိတဲ့အရပ်ကို ခရီးထွက်ပါတယ်.. ပညာရှိထံ ရောက်ဖို့ လမ်းခရီးမှာ ကန္တာရကြီး တစ်ခုကို ရက်ပေါင်း ၄၀ကြာအောင် ကျော်ဖြတ်ရပါတယ်.. နောက်ဆုံးတော့ တောင်ထိပ်ကြီး တစ်ခုမှာ လှပ ခန့်ညားစွာ တည်ရှိနေတဲ့ ရဲတိုက်ကြီး တစ်ခုဆီကို ရောက်လို့ သွားပါတော့တယ်.. အဲဒီ ရဲတိုက်ကြီးဟာ ပညာရှိကြီး နေထိုင်ရာ နေရာဖြစ်ပါတယ်.


ပညာရှိကြီးကို ရှာဖွေရင်း လူငယ်လေးဟာ ခန်းမကျယ်ကြီး တစ်ခုထဲကို ရောက်ရှိသွားခဲ့ပါတယ်.. အဲဒီအခန်းထဲမှာ လူတွေဟာ ပျားပန်းခတ်မျှ လှုပ်ရှား သွားလာနေကြပြီး လူတစ်ချို့ဟာ ခန်းမကြီးရဲ့ ထောင့်မှာ စကားဝိုင်းဖွဲ့ပြောနေကြသလို ၊တီးဝိုင်းငယ် တစ်ခုကလည်း သာယာ ငြိမ့်ညောင်းတဲ့ တေးသွားလေးများကို တီးခတ်ဖျော်ဖြေ နေပါတယ်.. စားသောက်စရာတွေ တည်ခင်းထားတဲ့ စားပွဲကြီးမှာတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး၊အရသာအရှိဆုံးလို့ ထင်ရလောက်တဲ့ စားသောက်ဖွယ်ရာ မျိုးစုံကို ပန်းကန်ပြားများပေါ်မှာ လှပစွာ တည်ခင်းထားပါတယ်.. ပညာရှိကြီးဟာလည်း လူတစ်ဦးချင်းဆီသို့ လိုက်လံနှုတ်ဆက် နေပါတယ်.. လူငယ်လေးဟာ ပညာရှိကြီး သူ့ဆီ ရောက်လာဖို့ကို ၂နာရီလောက် ကြာအောင် စောင့်လိုက်ရပါတယ်..


ပညာရှိကြီးက လူငယ်လေး ရှင်းပြနေတဲ့ ဒီရဲတိုက်ကြီးကို လာရောက်ရခြင်း အကြောင်းရင်းကို သေချာ အာရုံစိုက်ပြီး နားထောင် နေပါတယ်… ပြီးတော့ လူငယ်လေးကိုလည်း အခု လောလောဆည်တော့ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ကို ရှင်းပြဖို့ အချိန် မရှိသေး ကြောင်းနဲ့ ဒီရဲတိုက်ကြီးကို လှည့်လှည်ကြည့်ရှုပြီး ၂နာရီအကြာမှာ ပြန်လာဖို့ ပြောပါတယ်… “အဲဒီလို လျှောက်ကြည့်နေစဉ် အတွင်းမှာ မင်းကို လုပ်စေချင်တာ တစ်ခုရှိတယ်..” လို့ပြောပြီး ပညာရှိက လ္ဘက်ရည်ဇွန်း တစ်ဇွန်းထဲကို ဆီ အနည်းငယ် ထည့်ပြီး လူငယ်လေးကို ပေးလိုက်ပါတယ်… ပြီးတော့

“မင်း ဘေးပတ်ဝန်းကျင်ကို လျှောက်ကြည့်နေတုန်း ဒီဇွန်းလေးကိုပါ ယူသွားပါ.. ဇွန်းထဲက ဆီကို လုံးဝ မဖိတ်စင် အောင်လဲ ဂရုစိုက်ပါ..” လို့ ပြောပါတယ်..


ကောင်လေးဟာ ရဲတိုက်ကြီးအတွင်း အပြင်ကို ဆင်းလိုက် တက်လိုက် နဲ့ လှေကားထစ်ပေါင်း များစွာကို ကျော်ဖြတ်ရင်း သူ့ရဲ့ အကြည့်ကိုလည်း ဆီထည့်ထားတဲ့ဇွန်းပေါ်မှာမှ တစ်ပါး အခြားဘယ်ကိုမှ အာရုံမစူးစိုက်မိ၊ မလေ့လာမိဘဲ လျှောက်သွား နေခဲ့ပါတယ်.. ပညာရှိပြောတဲ့ ၂နာရီ ပြည့်တဲ့ အချိန်မှာ သူ ရှိနေတဲ့ အခန်းထဲကို ပြန်လာခဲ့ပါတယ်..


“ကဲ ကောင်းပြီ.. မင်း အခုလိုလျှောက်ပြီး လှည့်လည် ကြည့်ရှုခဲ့ပြီဆိုတော့ ဘာတွေများ မြင်တွေ့ခဲ့လဲ.. ငါ့ထမင်းစားခန်းထဲမှာ ပြင်ဆင် ထားတဲ့ ပြင်သစ်လက်ရာ ပန်းထိုးပန်းချီရဲ့ ကြီးကျယ် ခမ်းနားမှုတွေကို တွေ့ခဲ့လား၊ ပန်းဥယျာဉ်ကြီးထဲမှာ ငါ့ရဲ့ အကောင်းဆုံး ဥယျာဉ်မှူးကြီး ၁၀နှစ် ကြာအောင် လက်စွမ်းပြထားတဲ့ အလှအပကို တွေ့ခဲ့ရဲ့လား၊ ငါ့ရဲ့ စာကြည့်ခန်းထဲက ရှေးဟောင်း ပုရပိုဒ်စာတွေ တွေ့ခဲ့ရဲ့လား” လို့မေးပါတယ်..


လူငယ်လေးဟာ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး သူဘာကိုမှ မကြည့်ခဲ့မိကြောင်းကို ၀န်ခံလိုက်ပါတယ်.. သူ့အာရုံ တစ်ခုလုံးနဲ့ အကြည့်ကို ပညာရှိကြီးက မဖိတ်စင်စေနဲ့လို့ မှာလိုက်တဲ့ ဆီဇွန်းပေါ်မှာသာ စူးစူးစိုက်စိုက် ထားရှိခဲ့မိပါတယ်..


“ ဒါဆို ပြန်သွားပြီးတော့ ငါ့ရဲတိုက်ကြီးရဲ့ ခမ်းနားလှပမှုကို သေချာ ပြန်သွားကြည့်ခဲ့. မင်းမသိတဲ့ နေရာတစ်ခုက၊ လူတစ်ယောက်ကို မင်း ယုံကြည်ဖို့ ခက်လိမ့်မယ်.. ဒီတော့ သေချာ သိအောင် လေ့လာခဲ့ပါ ” လို့ပြောလိုက်ပါတယ်..

ဒါနဲ့ဘဲ ကောင်လေးဟာ ဆီဇွန်းလေးကို ကိုင်ပြီး ပတ်ဝန်းကျင်ကို ကြည့်ဖို့ ပညာရှိထံက ပြန်ထွက်လာခဲ့ပါတယ်.. ဒီတစ်ခေါက် မှာတော့ လူငယ်လေးဟာ နံရံနဲ့ မျက်နှာကြက်ပေါ်က အနုပညာ လက်ရာ၊ ကျယ်ဝန်း ခမ်းနားလှတဲ့ ဥယျာဉ်ကြီးရဲ့ မွေးမြ သင်းထုံနေတဲ့ပန်းပေါင်းစုံရဲ့ ရနံ့၊ ရဲတိုက်ကြီး တည်ရှိနေတဲ့ တောင်တန်းကြီးရဲ့ အလှအပ၊ ဖူးပွင့်ဝေစီနေတဲ့ ပန်းပွင့်ကလေးများရဲ့လှပမှု စသဖြင့် အရာရာအားလုံးကို သေချာ လေ့လာခံစားရင်း ပညာရှိထံ ပြန်လာခဲ့ပါတယ်… ပညာရှိနဲ့ တွေ့တော့ သူတွေ့ခဲ့သမျှ၊ မြင်ခဲ့ရသမျှ အရာ အားလုံးကို ပညာရှိကြီးအား ပြန်ပြောပြ ပါတယ်..

“ကဲ .. ကြည့်ခဲ့တာတွေတော့ ဟုတ်ပါပြီ.. ဒါပေမဲ့ ဘယ်မှာလဲ မင်းကို ငါထည့်ပေးလိုက်တဲ့ ဆီတွေ ဘယ်ရောက်ကုန်ပြီလဲ..”

ဒီတော့မှ လူငယ်လေးဟာ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဇွန်းထဲက ဆီတွေကို သတိရမိပါတော့တယ်.. ဇွန်းထဲမှာ ဆီတွေဟာ တစ်စက် မှကို မကျန်ရစ် တော့ပါဘူး…


“အဲဒါဟာ ငါ မင်းကို ပေးနိုင်တဲ့ အကြံပါဘဲ… ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ဆိုတာ ကမ္ဘာလောကကြီးရဲ့ အံ့မခန်း လှပ ဆန်းကျယ်မှုတွေကို လေ့လာကြည့်ရှုရင်း လက်ထဲက ဆီဇွန်းကိုလဲ ဘယ်တော့မှ မမေ့ပါနဲ့” ဆိုတာပါဘဲ…………….

ပညာရှိကြီး ပြောသွားတဲ့ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ဟာ အခြားတော့ မဟုတ်ပါဘူး… လူတိုင်းဟာ ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ရောက်အောင် သွားနေတဲ့အချိန်မှာ မိမိရဲ့ အလုပ်၊ မိမိစီးပွားရေး၊ မိမိ ကိုယ်ရေးကိုယ်တာ ကိုသာ ဦးစားပေးပြီး ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်မိ၊ စိတ်ချမ်းသာ ပျော်ရွှင်မှုအတွက် အချိန်မပေးနိုင် ဖြစ်နေတတ်ကြပါတယ်.. မိမိဘ၀ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း အတွက် ကြိုးစား နေရင်းနဲ့ဘဲ စိတ်အပန်း ဖြေစရာ အချိန်လေးများ၊ ပျော်စရာ အကြောင်းအရာ လေးများကိုလည်း မိမိ ပတ်ဝန်းကျင်မှာ ရှာဖွေ ကြည့်တတ်ဖို့ဘဲ ဖြစ်ပါတယ်..

အချို့လူများ ကျတော့ ဘ၀ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို ဘာတစ်ခုမှ မလုပ်ဆောင်ဘဲ အပျော်အပါး ကိစ္စတွေမှာဘဲ အချိန်ကုန်ဆုံးလို့ နေတတ်ကြပါတယ်… ထိုကဲ့သို့ အပျော်အပါးမှာ နှစ်မြုပ် နေသူများသည် လက်ထဲက ဆီဇွန်းကို ဂရုမထား လိုက်မိတဲ့ အဖြစ်မျိုးလိုပါဘဲ.. ဘ၀တိုးတက်ရာ တိုးတက်ကြောင်းကို မရှာဖွေမိခဲ့တဲ့ အတွက် နောက်ဆုံးမှာ ကိုယ့်လက်ထဲမှာ ဘာဆို ဘာမှ မကျန်တော့မဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့ ရတတ်ကြောင်းကို သတိပေးလိုက်ခြင်းဘဲ ဖြစ်ပါတယ်..
=============================================================================

ဖတ်ရန်မှတ်ရန်လိုက်နာရန် (ကျန်းမာရေးအကြံပေးချက်များ)

မှတ်ဥာဏ်ထက်သန်စေမည့် နည်းငါးသွယ်
စကားလုံးအသုံးအနှုန်းတစ်ခုခုကို ပြောခါနီးမှ ပါးစပ်ဖျားလေးတင် မေ့နေတာမျိုး၊ ဖုန်းနံပါတ်ကို မေ့နေ တတ်တာမျိုးဖြစ်တတ်ပါလား။ ဦးနှောက်တစ်သျှူးတွေဟာ အသက်အရွယ်ရလာတာနဲ့အမျှ
ပျက်စီးဆုံး ရူံးတတ်ပါတယ်။ စီးကရက်နဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်း
ဦးနှောက်ပျက်စီးလွယ်ပါတယ်။ ဒါပေမဲ့ မပူပါနဲ့။ မှတ်ဥာဏ်တွေ အခုထက်ပိုပြီး
ထက်မြက်စေဖို့ ဦးနှောက်လေ့ကျင့်ပေးမယ့် နည်းတွေရှိပါတယ်။

၁။ စိတ်အေးအေးထားပါ
စိုးရိမ်ပူပန်စိတ်၊ စိတ်ဖိစီးမှုဖြစ်ပေါ်တဲ့အခါ ထွက်ရှိလာတဲ့ ဟော်မုန်းတွေဟာ ဦးနှောက်လုပ်ငန်းဆောင် တာတွေကို ပျက်စီးပြီး မှတ်ဥာဏ်အသစ်ဖြစ်ပေါ်ဖို့လည်း
တားဆီးပေးပါတယ်။ ဒါကြောင့် စိတ်အေးအေး ထားပါ။ တရားမှတ်ခြင်း၊
ယောဂကျင့်ခြင်းတို့ ပြုလုပ်ပေးပါ။

၂။ လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သွေးလည်ပတ်မှုအားကောင်းစေပြိး သီးနှောက်ထက်မြက်စေပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ဦးနှောက်ဆဲလ်(neuron) တွေ
ကျုံ့ဝင်ပြီး ဆလ်ြတစ်ခုနဲ့တစ်ခုအကြား ဆက်သွယ်ပေးတဲ့ neurotransmitter
တွေကိုလည်း ဟန့်တားတဲ့အတွက် သော့ဘယ်မှာ ထားသလဲဆို တာကို မေ့မေ့နေတတ်တယ်။
ဒါပေမဲ့ နှလုံးသွေးခုန်နှုန်းမြန်ခြင်းဖြင့် မှတ်ဥာဏ်နဲ့ ဦးနှောက် လုပ်ငန်း
ဆောင်တာကို ကောင်းမွန်စေပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊
သစ်ပင်စိုက်ခြင်းစတဲ့ ဘယ်ကိုယ်လက် လှုပ်ရှားမှု အကျိုးရှိမှာပါ။

၃။ ဈေးဝယ်ထွက်ပါ
လေ့လာချက်တွေအရ သက်ကြီးရွယ်အို အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ယှဉ်တဲ့အခါမှာ မှတ်ဥာဏ်သာလွန်တာ တွေ့ရပါတယ်။
ဘာကြောင့်လဲဆိုတော့ ဈေးဝယ်ထွက်ခြင်းကြောင့်ပါ။ ဈေးဝယ်ထွက်ခြင်းဖြင့်
ကိုယ်ရော၊ စိတ်ပါလှုပ်ရှားကာ လေ့ကျင့်ခန်းလုပ်နေသလိုပါပဲ။ ဘာဝယ်မယ်ဆို တာ
တွက်ချက်ခြင် ဘယ်လောက်ကျသလဲဆိုတာ တွက်ချက်ခြင်းဖြင့် ဦးနှောက်ကို
သွက်လက်ထက် မြက်နိုင်ပါတယ်။

၎။အနုပညာလေ့လာပါ
ရူပ်ထွေးတဲ့ ရုပ်ပုံအသစ်တွေဟာ ဦးနှောက်ပျက်စီးမှုကို နှေးစေပါတယ်။ ဦးနှောက်ဟာ ပထမဆုံးပန်ချီ ကား၊ ရုပ်ပုံရဲ့ ထင်သာ မြင်သာတဲ့ အပိုင်းတွေကို
သတိထားမိပြီးနောက် ဆန်းသစ်ကွဲပြားတဲ့ အပိုင်းတွေ ကို လေ့လာမိမှာပါ။
ဒါကြောင့် မြင်နေကျပုံတွေကိုကြည့်မယ့်အစား ဦးနှောက်အတွက်
ကောင်းမွန်စေနိုင် တဲ့ ဆန်းပြားတဲ့ ပုံတွေ၊ ပန်းချီကားတွေကို ကြည့်ပါ။
စိတ္တဇပန်ချီကားတွေကိုကြည့်တဲ့အခါ ဦးနှောက်ကို
လေ့ကျင့်ခန်းလုပ်ပေးသလိုပါပဲ။

၅။ ဦးနှောက်လေ့ကျင့်ခန်း
နောက်တစ်ခါ သင်ရဲ့ဆရာ သင့်ကို ခက်ခဲတဲ့ အလုပ်တွေလုပ်ခိုင်းပါက ကျေးဇူးတင်လိုက်ပါ။ အသက် ၃၀ မှ ၅၀ ကြားအရွယ်မှာ ဦးနှောက်သုံးရတဲ့
အလုပ်တွေလုပ်ပါက အသက်ကြီးတဲ့အခါ ဖြစ်တတ်တဲ့ အယ်လ်ဇိုင်းမားရောဂါကို
ကာကွယ်ပေးနိုင်ပါတယ်။ နေ့စဉ် ဦးနှောက်သုံးခြင်းဖြင့် ဦးနှောက်လုပ်ငန်း
ဆောင်တာကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါကြောင့် သင့်အလုပ်မှာ
ဦးနှောက်သုံးစရာမလိုပါက ဘာသာစကားအသစ်သင်ခြင်း၊ ပဟေဠိဖြေခြင်း၊
ဦးနှောက်အသုံးပြုတဲ့ ကစားနည်းကစားခြင်းကို ပြုလုပ် ခြင်းဖြင့်
သီးနှောက်ကို လေ့ကျင့်ခန်းလုပ်ပေးပါ။
============================================================
မျက်နှာမှာအစက်အပြောက်တွေနဲ့ ရုပ်မဆိုးရလေအောင်
မျက်နှာနဲ့ လည်ပင်း အရေပြား၊ လက်အရေပြားတို့မှာ ဘာ့ကြောင့် အစွန်းအထင်း အစက်အပြောက်မည်းမည်းနှင့် အရောင်ရင့်ရင့်တွေ ဖြစ်လာရတာလဲ” ဆိုတဲ့ မေးခွန်းကို
အတော်များများမေးလေ့ရှိပါတယ်။ ဟုတ်တာပေါ့။ နဂိုလှပနေတဲ့
မျက်နှာအနေအထားလေးဟာ အမည်း အစက်အပြောက်တွေ ဖုံးလွှမ်းသွားရင် ကြည့်ရတာ
မချင့်မရဲဖြစ်စေ၊ ရုပ်ဆိုးစေပါတယ်။ ဒီအမည်းအစွန်း အစက်ပြောက်တွေဟာ
အရေပြားမှာရှိတဲ့ မယ်လနင်းခေါ် ရောင်ခြယ်ပစ္စည်းတွေ အလွန်အမင်းထွက်
လာခြင်းကြောင့် ဖြစ်ပါတယ်။ စိတ်ပျက်စရာကောင်းလောက်အောင် ဆိုးဝါးလှတဲ့
အရေပြားအရောင်ကို ထုတ်လုပ်ပေးတဲ့ အညိုရောင်ရောင်ခြယ်ပစ္စည်းမယ်လနင်းကို
မယ်လနိုဆိုက်လို့ခေါ်တဲ့ အရေပြား ကလာပ်စည်းတွေက ထုတ်လုပ်ပေးတာ ဖြစ်တယ်။

* ဘာကြောင့် ရောင်ခြယ်ပစ္စည်းတွေ အစုလိုက်အပြုံလိုက် ထွက်ရပါလဲ
လူတွေနေထိုင်မကောင်းတဲ့အခါ သောက်တဲ့ဆေးဝါးတွေ ဥပမာ-
ငှက်ဖျားပျောက်ဆေးများဖြစ်တဲ့ ဆာလ်ဖာပါတဲ့ ဆေးဝါးများ၊ ပဋိဇီဝဆေးဝါးများ၊
ဝဲနှင်းခူ၊ အရေပြားရောင်ရမ်းခြင်း၊ အရေပြားထိခိုက်ဒဏ်ရာရခြင်းအပါအ၀င်
ခွဲစိတ်ကုသမှုနဲ့ အနာ၇ွတ်များ၊ မီးလောင်ကျွမ်းခြင်း များကြောင့် အမည်းစက်တွေ
ပေါ်တတ်ပါတယ်။ ဒါ့အပြင် အက်ဒီဆင်ရောဂါနှင့် ပိုလီစစ် စတစ်သားဏ
အိမ်ရောဂါစုကြောင့်လည်း ဒီလိုဖြစ်တတ်ပါတယ်။
နောက်တစ်ချက်ဖြစ်နိုင်တာကတော့ အမျိုးသမီးတွေမှာ
ဟော်မုန်းအလွန်အမင်းထွက်ခြင်း ကြောင့်ဖြစ်ပါတယ်။ အဲဒီဟော်မုန်းတွေကတော့
ပရိုဂျက်စတီရုန်းဟော်မုန်းနဲ့ အီထရိုဂျင် ဟော်မုန်းတွေဖြစ်ပြီး ၄င်းတို့
အခွန်အမင်း ထွက်လာခြင်းမျိုးကို အမျိုးသမီးများ ကိုယ်ဝန်ဆောင်နေစဉ်ကာလ
တစ်လျှောက်လုံးနဲ့ ပဋိသန္ဓေတားဆေးများ စားနေစဉ်ကာလ တစ်လျှောက်မှာ
တွေ့ကြုံနိုင်ပါတယ်။ ထိုကဲ့သို့သော အမျိုးသမီးဟော်ုမန်းများ အလွန်
အမင်းထွက်တဲ့ အခြေအနေကို Cloasma ကလိုအေးစ်မားလို့ခေါ်ပါတယ်။
ဒီအခြေအနေမျိုးဟာ အမျိုး သမီးတွေမှာ အဖြစ်များလေ့ရှိပါတယ်။
နေရောင်ခြည်နဲ့ အလွန်အမင်းထိတွေ့မှု များတဲ့သူတွေမှာလည်း သူတို့ရဲ့
အရေပြားမှာ အစက် အပြောက်တွေ စုပြုံများတတ်ပါသေးတယ်။ နေရာင်ခြည်ကြောင့်
အရေပြားမှာ ရောင်ခြယ်ကလာပ်စည်းများ Melanocytes တွေပွားများလာခြင်းကြောင့်
အမည်းကွက်တွေ ပေါ်လာရခြင်းဖြစ်ပါတယ်။ နေရောင်ခြည်ကြောင့် အရေပြားမှာ
ရောင်ခြယ်ကလာပ်စည်းတွေ ပွားများလာတဲ့အခါ အရေပြားပေါ်မှာ
အကွက်လိုက်အကွက်လိုက် မညီညာသော ရောင်ခြယ်အစုအပုံများ ဖြစ်ပေါ်စေပါတယ်။

* အမည်းအစက်အပြောက်တွေ မထွက်အောင် ဘယ်လိုကာကွယ်မလဲ
ဖြစ်ရတဲ့ အကြောင်းရင်းတွေကို သိရရင် အဲဒီအကြောင်းအရာတွေ ဖြစ်မလာအောင်
ကာကွယ်လို့ရတာတွေရှိသလို ရှောင်ကွင်းလို့ရတာလည်းရှိပါတယ်။ ရှောင်လို့မရတဲ့
ပြဿနာရှိရင် တောင်ထိပ်တိုက်မတိုးအောင်တော့ သတိထားရမှာဖြစ်ပါတယ်။
ရောဂါတွေကြောင့် ဆေးဝါးတွေ သောက်ရရင် သောက်ရတဲ့ ဆေးဝါးတွေရဲ့
ဘေးထွက်ဆိုးကျိုး ဘာတွေရှိနိုင်မလဲဆိုတာ ဆရာဝန်အား သေချာစွာ မေးမြန်းထားပါ။
ကိုယ်ဝန်ဆောင်နေစဉ်ကာလတစ်လျှောက် သို့မဟုတ် ပဋိသန္ဓေတားဆေးစားနေစဉ်
ကာလတစ်လျှောက်မှာ ဘယ်လိုရှောင်ရှားနိုင်သလဲဆိုတာ တတ်ကျွမ်းနားလည်တဲ့
အိုဂျီနဲ့မေးမြန်းထားပါ။ ဘာရှောင်ရမယ်။ ဘာဆောင်ရမယ်ကို နားလည်အောင်
မေးထားပါ။
နေရောင်ခြည်ထဲသွားမယ်ဆိုရင် ထီး၊ ဦးထုပ်ဆောင်းထွက်ပါ။ လိုအပ်ရင်
နေလောင်ဒဏ်ခံ လိမ်းဆေးလူးပြီးမှ ထီးဆောင်းထွက်ပါ။ အင်္ကျီ လက်ရှည်ဝတ်ပါ။
=======================================================

အိပ်ရေးဝရဲ့လား?

၁။ မနက် နိုးနိုးချင်း ပင်ပန်းနေပါသလား။
၂။ မနက် အိပ်ရာကထဖို့ နှိုးစက်အကူအညီ ယူရလား။
၃။ နေ့လည်ဘက်တွေရော ပင်ပန်းပြီး အိပ်ငိုက်တတ်လား။
၎။ တစ်နေ့လုံး အာရုံစူးစိုက်ရာမှာ အခက်အခဲ တွေ့နေလား။
၅။ မနက်ဘက်မှာ လိုတာထက်ပိုပြီး သုန်မှုန်နေတတ်လား။ စိတ်တိုနေတတ်လား။

ဒီမေးခွန်းတွေကို ဖတ်ကြည့်ပြီး ဟုတ်တယ်၊ မဟုတ်ဘူး ဖြေကြည့်ပါ။ အဖြေမှာ “မဟုတ်ဘူး” ဆိုတာ များနေရင်တော့ သင်ဟာ အိပ်ကောင်းခြင်းနဲ့ အိပ်ပျော်ပြီး အိပ်ရေး၀၀ ရနေသူပါ။
တစ်နေကုန် လန်းဆန်းတက်ကြွနေတတ်ပြီး အာရုံစူးစိုက်မှုလည်း အားကောင်းပါတယ်။
ဒီလို အမြဲ အိပ်ရေး ၀နေအောင် ကြိုးပမ်းပါ။

အဖြေမှာ “ဟုတ်တယ်” ဆိုတာများနေရင်တော့ အခုထက်ပိုပြီး အနားယူဖို့၊ အိပ်ရေးဝဖို့ လိုအပ်နေပါပြီ။ ဘယ်လိုလုပ်ရမလဲဆိုတော့-
၁။ လူငယ်တစ်ယောက်ဟာ အနည်းဆုံးအိပ်ချိန် ရှစ်နာရီလောက် လိုအပ်ပါတယ်။ မနက်ဘက်
စောစောထစရာရှိရင် ညဘက် စောစောအိပ်ပါ။
၂။ ညဘက် အိပ်မပျော်တဲ့အခါ ဆပ်ပြာမွှေးမွှေးနဲ့ ရေနွေးနွေးလေး
စိမ်ချိုးလိုက်ပါ။ ဒါမှမဟုတ် စာအုပ်တစ်အုပ် ကောက်ဖတ်လိုက်ပါ။
၃။ ညဘက် အိပ်ရေးမ၀ရင် နေ့လယ်နေ့ခင်း တစ်ရေးတစ်မောအိပ်ပြီး အနားယူလိုက်ပါ။
======================================================

သစ်သီးရည်သောက်သင့်သည်
စပျစ်သီး၊ ပန်းသီးနှင့် ယင်းတို့၏ အရည်များသည် သွေးကြောများတွင် အဆီခဲပိတ်ဆို့မှုကို ကာကွယ်နိုင်စွမ်းရှိကြောင်း ပြင်သစ်သုတေသနပညာရှင်များက
ထုတ်ဖော်တင်ပြနိုင်ခဲ့ကြသည်။

အစားအစာတွင် အဆီဓာတ်လွန်ကဲစွာပါခြင်းနှင့် ကိုလက်စထရောများခြင်းတို့သည် သွေးလွှတ်ကြော များ၌ အဆီခဲပိတ်ဆို့ပြီး ကျန်းမာရေးကို ထိခိုက်ယိုယွင်းစေနိုင်သည်။ သစ်သီးရည်များသည် သစ်သီး
များထက်ပင်ပို၍ သွေးကြောများ၌ အဆီခဲပိတ်ဆို့မှုကို ကာကွယ်နိုင်မှု
အာနိသင်ပိုမိုကောင်းမွန်ကြောင်း တွေ့ရသည်။ University Montpellier မှ Dr.
Kolly Decorde နှင့် အဖွဲ့က လေ့လာတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။
သစ်သိးရည်များတွင် ဖီနောလစ်ဓာတ်ပစ္စည်းများ ပါဝင်ကြောင်းနှင့်
ယင်းဖီနောလစ်ဓာတ်ပစ္စည်းများသည် ဓာတ်တိုးဆန့်ကျင်သည် အာနိသင်ရှိသည်ဟု
ဆိုပါသည်။ အသီးအနှံများ၏အရည်သည် သွေးကြောများ၌ အဆီခဲပိတ်ဆို့မှုကို
ထိရောက်စွာ ကာကွယ်မှုရှိသည်။ ပန်းသီးသုံးလုံး (သို့မဟုတ်)
စပျစ်ခိုင်သုံးခိုင်၏ အရည်ကို နေ့စဉ်သောက်သုံးပါက နှလုံးရောဂါနှင့်
လေသင်တုန်းဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်သော သွေးလွှတ်ကြောအတွင်း
အဆီခဲပိတ်ဆို့မှုကို ကာကွယ် ပေးနိုင်မည်ဖြစ်ပါသည်။

သစ်သီးများကို လတ်လတ်ဆတ်ဆတ်စားသုံးခြင်း (သို့မဟုတ်) သစ်သီးရည်များ မှီဝဲခြင်းဖြင့် ကျန်းမာရေးကို များစွာ အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။
================================================================================
ကော်ဖီသောက်ခြင်း၏ ကောင်းကျိုးဆိုးကျိုးများ (Advantages & Disadvantages Of Coffee)
အေဒီ ၉ ရာစုတွင် အီသီယိုးပီးယား နိုင်ငံမှ စတင် တွေ့ရှိ သုံးစွဲခဲ့တဲ့ ကော်ဖီဟာ ကမ္ဘာ တစ်ဝှမ်း သောက်သုံးမှု များသော သုံးဆောင် စရာများထဲ အနက် တစ်ခု အပါ အဝင် ဖြစ် ပါတယ်.. ကော်ဖီဟာ အာရုံ နိုးကြားစေသော သောက်သုံးစရာ တစ်မျိုးဖြစ်ပြီး အဓိက ပါဝင်တဲ့ ဓါတ်ပစ္စည်းကတော့ ထရိုင်မီသိုင်းဇန်သင်း (Trimethylxanthine) ခေါ် ကဖင်း (caffeine) ဓါတ်ပဲ ဖြစ်ပါတယ်.. ကဖင်းဓါတ်ဟာ ကော်ဖီစေ့ထဲမှာ ၁% မှ ၂ % ထိ ပါဝင် ပါတယ်.. အခြား ပါဝင်တဲ့ ဓါတ်ပစ္စည်း များဖြစ်တဲ့ ဟိုက်ဒ ရောက်ဆီ ဆစ်ထရစ် အက်စစ် (Hydroxycitric acid)၊ ခရိုမီယမ် (Chromium)၊ လိမ္မော်ခါး (Bitter Orange) တို့ဟာ ခန္ဓာကိုယ် ဖီဝကမ္မ ဖြစ်ပျက် မှုနှုန်း (metabolic rate) ကို ၃၀%ထိ ပိုမို မြန်စေ ပါတယ်.. ကော်ဖီ သောက်သုံးခြင်းဖြင့် အယ်လ်ဇိုင်းမား ရောဂါ (Alzheimer's disease)၊ ပါကင်ဆန် ရောဂါ (Parkinson's disease)၊ လူကြီး သူငယ်ပြန် ရောဂါ (Demantia)၊ နှလုံးရောဂါ (heart disease)၊ အမျိုးအစား-၂ ဆီးချို သွေးချို ရောဂါ (diabetes mellitus type 2)၊ အသည်းခြောက် ရောဂါ (cirrhosis of the liver)၊ ဂေါက်ရောဂါ (Gout) ဖြစ်ပွားနှုန်း တို့ကို လျော့ကျ စေပါတယ်.. အစားအသောက် ပျက်သူများ အနေဖြင့် ကော်ဖီနံ့ ရရှိပါက အစာ စားချင်စိတ် ပြန်လည် ဖြစ်ပေါ် စေပါတယ်.. အရက်မူး လွန်ပြီး လေးလံထိုင်း မှိုင်းသူများ အဖို့ ကော်ဖီ သောက်လိုက်ပါက လန်းဆန်းမှုကို ရရှိစေ ပါတယ်.. ကော်ဖီသည် ဆီးရွှင် စေသော (Diuretic effect) သတ္တိ ရှိပါတယ်..

ကော်ဖီဟာ စွဲစေတတ်သော သတ္တိ ရှိတဲ့အတွက် နေ့စဉ် ကော်ဖီ ၃ ခွက်မှ ၅ ခွက် သောက်သုံး နေသူများထဲမှ ၁၀% ခန့်ဟာ ကော်ဖီ ဖြတ်လိုက်တဲ့ အချိန်မှာ စိတ်ဓါတ်ကျဆင်းခြင်း (Depression)၊ စိတ်ပူပန်မှု များလာခြင်း (Anxiety) တို့ ဖြစ်ပေါ် လာတတ်ကြောင်း တွေ့ရှိရ ပါတယ်.. အူမှ သံဓါတ် စုပ်ယူမှုကို အဟန့်အတား ဖြစ်စေ နိုင်သဖြင့် နို့တိုက် မိခင်နှင့် ကလေးငယ် တို့တွင် သံဓါတ် ချို့တဲ့သော သွေးအားနည်း ရောဂါ (Iron deficiency anaemia) ဖြစ်စေ နိုင်ပါတယ်.. ကော်ဖီ သောက်သုံး ခြင်းကြောင့် သွေးလွှတ် ကြော နံရံ များ တင်းမာမှု ဖြစ်ပေါ်စေပြီး ကော်ဖီကြောင့် နှလုံး သွေးကြောဆိုင်ရာ ရောဂါ ဖြစ်ပွားကြောင်း မတွေ့ ရှိရသေးပေ.. ကော်ဖီ သည် နှလုံးခုန်နှုန်း မြန်စေသဖြင့် သွေးတိုး အနည်းငယ် မြင့်မား စေပါတယ်.. အစာအိမ် အက်စစ် ပြန်ကန်မှု (acid reflux) ဖြစ်ပေါ် စေတတ် သဖြင့် လေတက် ရင်ပူ တတ်သူများ (Heart burn) အဖို့ သတိထား သုံးစွဲ သင့်ပါတယ်..

မည်သို့ပင် ဆိုစေကာမူ တန်ဆေး လွန်ဘေး ဆိုသည့် စကားအတိုင်း သင့်တင့်သော သောက်သုံးမှု ဖြင့် ကျန်းမာရေး အတွက် ဂရုစိုက် ရန် လိုအပ်ပါတယ်.. သင့်တင့်သော သုံးစွဲမှု သည် ဆိုးကျိုးထက် ကောင်းကျိုး များကြောင်း ပညာရှင် များမှ ဆိုထားပါတယ်.. ကော်ဖီနှင့် ကျန်းမာရေး ဆက်စပ်သော ကောင်းကျိုး ဆိုးကျိုး များကိုလည်း ဆက်လက် လေ့လာ သုတေသန ပြုနေဆဲ ပင် ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါတယ်..
============================================================
ကျန်းမာရေး သော့ချက်များ
သော့(၁) WATER
မနက်ရေတစ်ခွက်သောက်ခြင်းသည် ခန္ဓာကိုယ်နှင့်ရေ ညီမျှစေ၏။

သော့(၂) SLEEP
အိပ်ချိန် ညာစောင်း၍ လေးကိုင်းသဏ္ဍာန်အိပ်ခြင်းသည် အိပ်ရေးဝစေ၏။

သော့(၃) APPETITE
အစာကို ၇ပုံမျှသာအဝစားခြင်းသည် ခန္ဓာကိုယ်အား ကျန်းမာစေ၏။

သော့(၄) EXERCISE
အားကစားလုပ်ခြင်းသည် စိတ်ခန္ဓာအား တက်ကြွစေ၏။

သော့(၅) MUSIC/LITERATURE
ဂီတသည် နှလုံးကိုရွှင်စေ၏။ စာဖတ်ခြင်းသည် အသိဥာဏ်ကို တိုးစေ၏။

သော့(၆) BEANS
ပဲအမြဲစားခြင်းဖြင့် အသက်ကိုစေရှည်သည်။

သော့(၇) VICES
ဆေးလိပ်၊ အရက်ကို လက်ပြနှုတ်ဆက်ပါ။

သော့(၈) LOVE/SEX
လိင်နှင့်အချစ်ကို ညီမျှပါစေ။

သော့(၉) LONELINESS
အထီးကျန်ခြင်းက ရုန်းထွက်နိုင်လျှင် သင်ကျန်းမာပြီ။

သော့(၁ဝ) MIND
ဦးနှောက်ကို မပြတ်သုံးပေးခြင်းဖြင့် အိုမင်းခြင်းကို ကာကွယ်နိုင်သည်။

သော့(၁၁) TEA
ရေနွေးကြမ်း အမြဲသောက်သုံးခြင်းသည် ဝိတ်ကျစေ၏၊ ကင်ဆာကို ကာကွယ်ပေး၏၊ အရွယ်တင် နုပျိုစေ၏။

သော့(၁၂) SMILE
ဘဝကို အပြုံးနဲ့ရင်ဆိုင်ပါ။

ပျင်းကြောဆန့်ခြင်း

ပင်ပန်းနွမ်းလျချိန် ပျင်းကြောဆန့်ခြင်းဖြင့် နေသာထိုင်သာရှိစေသည်။ အလုပ်နှင့်လက် မပြတ်သူများအတွက် ပျင်းကြောဆန့်ခြင်းသည် ခန္ဓာကိုယ်အတွက် အကောင်းဆုံး လှုပ်ရှားနည်းတစ်မျိုးဖြစ်သည်။ လူခန္ဓာကျန်းမာဖို့အတွက် အဓိကအရေးပါသောအချက်မှာ ပုံမှန်သွေးလည်ပတ်မှုဖြစ်သည်။ အကြောင်းမှာ ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ အာဟာရပေးဝေခြင်း၊ မလိုအပ်သည့်အရာများကို ဖယ်ရှားပေးခြင်း စသည့်အလုပ်ကို လည်ပတ်နေသည့်သွေးက လုပ်ဆောင်ပေးနေသောကြောင့်ဖြစ်သည်။ ပျင်းကြောဆန့်ခြင်းသည် ခန္ဓာကိုယ်ရှိကြွက်သားများကို ကျုံ့ဆန့်ပေးသည်။

စက္ကန့်ပိုင်းမျှ ပျင်းကြောအခါခါဆန့်ပေးခြင်းဖြင့် အနယ်ထိုင်နေသောသွေးများက နှလုံးဆီသို့ပြန်စီးပြီး သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေသည်။ တစ်ချိန်တည်းမှာပင် ကြွက်သားများကျုံ့ဆန့်ခြင်းဖြင့် ကြွက်သားအတွင်းရှိ သွေးများကိုလည်း လည်ပတ်အားကောင်းစေသည်။ ကြွက်သားအတွင်းရှိ မလိုအပ်သည့်အရာများကို သယ်ဆောင်ဖယ်ရှားပေးသဖြင့် ပင်ပန်းညောင်းညာမှုကို ပျောက်စေပြီး ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွစေသည်။ ထို့အပြင် ပျင်းကြောဆန့်ချိန် လူအများက လက်နှစ်ဖက်ကို နောက်သို့ ဆန့်တန်းတတ်သည့်အတွက် ရင်ဘတ်လှုပ်ရှားမှုကိုလည်းဖြစ်စေပါသည်။
====================================================================

သောက်သုံးရန်မသင့်သော ရေ(၅)မျိုး

(၁) မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားသည့် ရေနွေး
(၂) ဓာတ်ဗူးထဲတွင် ရက်ကြာမြင့်စွာထားသည့် မလတ်ဆတ်သောရေနွေး
(၃) အကြိမ်ကြိမ်ဆူဗွက်အောင် ကြိုခဲ့သောရေနွေး
(၄) တစ်ညလွန်သောရေနွေးကို ထပ်ကြိုထားသောရေနွေး (သို့) ထပ်မကြိုထားသောရေနွေး
(၅) ထမင်း၊ ဟင်းပေါင်းခံရည်

၎င်းရေများ သောက်သုံးရန်မသင့်ခြင်းမှာ အကြိမ်ကြိမ် ဆူဗွက်ပြီးသောရေတွင် ကယ်လစီယံ၊ မက်ဂနီစီယံ၊ ဂရိုရင်းနှင့် အခြားသတ္တုများ ပိုမိုတိုးလာပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။
================================================

သစ်သီးများ အလွန်အကျွံမစားသင့်ပေ

ဂျပန်နိုင်ငံ Kyoto University ဆေးပညာဘာသာရပ် ပရော်ဖက်ဆာ Teng Tian Ichiro၏ ပြောကြားချက်အရ သစ်သီးအလွန်ကျွံစားသုံးပါက ခန္ဓာကိုယ်တွင်း ဗီတာမင်C များပြားစေပြီး oxalic acidကို အလွယ်တကူဖြစ်ပေါ်စေသည်။ oxalic acid နှင့် လူခန္ဓာကိုယ်ရှိချွေးများ ပေါင်းစပ်ပြီး အရေပြားကြမ်းခြင်း၊ ထိခိုက်ခြင်းများ ဖြစ်စေတတ်သည်။ ပြင်းထန်ပါက ဆေးနှင့်မတည့်သော အရေပြားရောဂါများ ဖြစ်စေတတ်သည်။

အမေရိကန်ပညာရှင်များ၏ ဆန်းစစ်ချက်မှာလည်း ထိုနည်းအတူဖြစ်သည်။ မတူသောရာသီ၊ မတူသောရောဂါများတွင် သစ်သီးများကိုရွေးချယ် စားသုံးသင့်သည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။



ဥပမာ- ဆောင်းဦးနှင့်ဆောင်းရာသီများတွင် စိုထိုင်းမှုနည်းသောကြောင်း သစ်တော်သီးနှင့် အစာကြေလွယ်သော ငှက်ပျောသီး၊ ပန်းသီးများကို စားသုံးသင့်သည်။ နှစ်ရှည်ချောင်းဆိုးသူများ သစ်တော်သီးကို စားပေးနိုင်သလို နှလုံးအားနည်းသူ၊ သွေးတိုးရှိသူ၊ အစာမကြေလွယ်သူများ Crataegusကို အမြဲစားသင့်သည်။
=================================

ကြက်ဥများ အလွန်အကျွံ မစားသင့်ပေ

အာဟာရဓာတ်များ အများအပြားပါဝင်သော ကြက်ဥသည် လူတိုင်းအတွက် အားတိုးဆေးဖြစ်သည်။ ကြက်ဥစားနည်း များစွာရှိသော်လည်း အောက်ပါစားနည်းနှစ်မျိုးမှာ အကောင်းဆုံးစားနည်းဖြစ်သည်။

(၁) ကြက်ဥအနှစ်ကို ဟင်းရည်ချက်ခြင်း (သို့) ရေနွေးဆူထဲ ဖောက်ထည့်ပြီး စားသုံးခြင်း
(၂)ကြက်ဥဟတ်ဘွိုင်ကြော်ရာတွင် သကြားအနည်းငယ်ထည့်ခြင်းဖြင့် ပိုအကျိုးရှိသော အာဟာရကိုရစေသည်။

လူတချို့က အာဟာရဓာတ်များသော ကြက်ဥကို များများစားသုံးပေးခြင်းဖြင့် အာဟာရများစွာ ရနိုင်သည်ဟု ထင်မှတ်မှားတတ်ကြသည်။ လူတစ်ဦးမှာ နေ့စဉ်ကြက်ဥတစ်လုံးမှနှစ်လုံးထိ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်လိုအပ်သော ပရိုတင်းဓာတ်ကို အလုံအလောက်ရနိုင်သည်။

ထမင်းမစားမီ ဟင်းရည်တစ်ခွက်သောက်ဖို့ မမေ့ပါနှင့်

ထမင်းမစားမီ ဟင်းရည်ပူပူ အရင်သောက်ခြင်းဖြင့် ခန္ဓာကိုယ်ဝိတ်အား ထိန်းသိမ်းပေးသည်။ အမေရိကန်ပညာရှင်များက ခန္ဓာကိုယ် ဝဖြိုးသူအယောက်(၁ဝဝဝ)ဖြင့် လေ့လာဆန်းစစ်ရာတွင် ထမင်းမစားမီ ဟင်းရည်ပူသောက်သူသည် စားသောထမင်းနပ်တိုင်းတွင် ကယ်လိုရီ ၅၅ကတ် လျှော့နည်းရရှိစေသည်။ သာမန်အားဖြင့် ထမင်းစားမြန်သူသည် အဝလွယ်သည်။ အကြောင်းမှာ ဦးနှောက်အတွင်းရှိ (အာသာ) ချင်ခြင်းအကန့်မှ "စားဝပြီ" ဆိုသည့်သတင်းရဖို့ အချိန်အနည်းငယ်ယူရသည်။ ထိုအချိန်ယူနေစဉ်အတွင်းတွင် အစားမြန်သောသူက ပိုလွန်သောအစားများ စားသုံးပြီးဖြစ်သည်။ အကယ်၍ ထမင်းမစားမီ ဟင်းရည်တစ်ခွက်သောက်ခြင်းဖြင့် ထမင်းအစားနည်းစေပြီး ဝခြင်းမှကာကွယ်ပေးနိုင်သည်။
===================================================================

အကောင်းဆုံး ရေသောက်ချိန်

ယေဘုယျအားဖြင့် လူတစ်ဦးသည် တစ်နေ့လျှင် အနည်းဆုံး ရေ(၁၅ဝဝcc) သောက်သင့်သည်။ နှလုံးနှင့် ကျောက်ကပ်ဆောင်ရွက်အားနည်းသူမျှလွဲ၍ ရေကိုလုံလောက်စွာ သောက်သင့်သည်။ အထူးသဖြင့် ပူသော(သို့) လေအေးစက်ဖွင့်ထားသော နေအိမ်နှင့်ရုံးခန်းတွင် လေထုခြောက်ကပ်သောနေရာတွင် ပိုမိုသောက်သင့်သည်။ နေ့စဉ်ထမင်းသုံးနပ်ကြားနှင့် ထမင်းစားချိန်တွင် ရေမကြာခဏသောက်ပေးသင့်သည်။ သို့သော် တစ်ကြိမ်တည်းတွင် အလွန်အမင်း မသောက်သင့်ပေ။

မနက်စာ အစားဝရုံမက အကောင်းစားသင့်သည်


"မနက်စာ ဝဝစား၊ နေ့လယ်စာ ကောင်းကောင်းစား၊ ညစာ နည်းနည်းစား" ဆိုသည့်အတိုင်း "မနက်စာ ဝဝရင်ရပြီ" ဟု လူအများက ဆိုကြသည်။ ထိုထက်သာမက မနက်စာသည် တစ်နေ့တာအတွက် အရေးပါသော နပ်တစ်နပ်ဖြစ်သည်။ အာဟာရပြည့်သော၊ ပရိုတင်းဓာတ်ပါသော မနက်စာသည် ဂလုကို့ကို ခန္ဓာထဲတွင် ကြာရှည်ထိန်းထားပေးနိုင်သည်။ မနက်စာတွင် hot drinkဖြစ်သော ကော်ဖီ၊ လက်ဖက်ရည်အပြင် ကောက်ပဲသီးနှံစာများ (ဂျုံဖြင့်စီမံထားသော အစားအစာ)၊ တိရစ္ဆာန်မှရသော ပရိုတင်း(နွားနို့၊ ဒိန်ချဉ်၊ ကြက်ဥ)၊ သစ်သီး (သို့) သစ်သီးဖျော်ရည်နှင့် အချိုဓာတ်၊ အဆီဓာတ်နည်းသော အစားအစာများကို စားသုံးသင့်သည်။ မနက်စာကို အဝစားရုံမက အကောင်းစားသင့်သည်။

အမေရိကန် ချီကာဂိုတက္ကသိုလ်မှ လေ့လာချက်အရ ပရိုတင်းဓာတ်များသောမနက်စာကို စားသုံးခြင်းဖြင့် ဂလုကို့မှာ (၁၅)မိနစ်အတွင်း မစားသုံးမီ ၇ဝ~ ၈ဝ Mg ထက် ၁၄ဝ~၁၅ဝMg ထိမြင့်တက်သွားသည်ကို တွေ့ရသည်။ (သာမန် ကလုကို့အဆင့်မှာ ၈ဝ~၁၂ဝMg ကြားတွင်ရှိသည်)။ လူ့ခန္ဓာအတွက် အားအင်ကို သာမန်ထက် (သို့) သာမန်ထက်မြင့်သော သွေးဖိအားမှ ရရှိခြင်းဖြစ်သည်။
=====================================================================================
စပျစ်ဝိုင်၏ အသုံးဝင်ပုံ

(၁) သင့်တင့်သော စပျစ်ဝိုင်ကို သောက်သုံးပေးခြင်းဖြင့် နှလုံးရောဂါဖြစ်ပွါးမှုကို ကာကွယ်ပေးနိုင်သည့်အပြင် နှလုံးသွေးကြောများကိုလည်း ပြုပြင်ထိန်းသိမ်းပေးနိုင်သည်။ တစ်ကြိမ်တွင် ၂၅~၅ဝဂရမ်ဖြင့် တစ်ရက်တွင် တစ်ကြိမ် (သို့) နှစ်ကြိမ်သောက်သုံးနိုင်သည်။

(၂) စပျစ်ဝိုင်ဖြူသည် ချိုမြပြီး ချဉ်စုတ်စုတ်အရသာရှိသည်။ ထမင်းစားပြီး သောက်သုံးခြင်းဖြင့် အစာချေရည်ကို နှိုးဆွခြင်း၊ သည်းခြေရည်ဖြစ်ပေါ်ခြင်း၊ အဆီကိုချေပေးခြင်းများ ပြုလုပ်ပေးသည်။

(၃) စပျစ်ဝိုင်တွင် သကြားဓာတ်၊ Amino acidများပါဝင်သည့်အပြင် ပြည့်ဝသော ဗီတာမင် B12, B1、B2 နှင့် ဗီတာမင်C များပါဝင်သောကြောင့် သွေးအားနည်းရောဂါအတွက် အကောင်းဆုံးဖြစ်သည်။

(၄)စပျစ်ဝိုင်ဖြင့် တုပ်ကွေးရောဂါကို ကုသနိုင်သည်။ ကုသနည်းမှာ စပျစ်ဝိုင် ၃ဝ~ ၉ဝgအား အနွေးဓာတ်ပေးပြီး တစ်နေ့ ၂ကြိမ်မှ ၃ကြိမ်အထိ သောက်ပေးခြင်းဖြစ်သည်။
=================================================================

လက်ဖက်ခြောက်

လက်ဖက်ခြောက်သည် သွေးတိုးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးသည်။ လက်ဖက်ခြောက်တွင်ပါဝင်သော catechins၊ ဗီတာမင်Cနှင့်ဗီတာမင်Pများသည် သွေးကြောပျော့ပျောင်းခြင်း၊ သွေးထဲတွင်ပါဝင်သော ကိုလက်စထရောအား လျော့ချပေးခြင်း၊ အသဲတွင်စုနေတတ်သော အဆီဓာတ်များကို ချေဖျက်ပေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် သွေးတိုးရောဂါ၊ နှလုံးလုပ်ဆောင်အားနည်းခြင်းနှင့် အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးသည်။ အသုံးပြုနည်းမှာ တစ်ကြိမ်တွင် Green Tea (မလှော်ရသေးသည် လက်ဖက်ခြောက်အစိမ်း) ၁~၂gနှင့် Crataegusအခြောက်၅gကို နေ့စဉ်အတူထည့်ခတ်သောက်ပါ။ အမြဲသောက်သုံးပေးရန် လိုပါသည်။
==================================================================
်forwarded mail မှရရှိပါသည်။